သဘာဝ ဘေးအန္တရာယ်များအတွက် ဘာတွေ ပြင်ထားသင့်သလဲ

Hits:1
Print This Post

ငလျင်၊ မုန်တိုင်း၊ ရေကြီးမှု အစရှိတဲ့ သဘာဝဘေးအန္တရာယ်များကို မြန်မာပြည်မှာ ကြုံတွေ့နေရပါတယ်။

- ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း
- ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်း
- ၂၀၁၁ ခုနှစ် ရှမ်းပြည်နယ်၊ တာလေငလျင်
- တနင်္ဂနွေနေ့က ရွှေဘိုမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားတဲ့ငလျင်
စတဲ့ ဖြစ်ရပ်တွေက ဒီနှစ်ပိုင်းတွေအတွင်း ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ကြီးများ ဖြစ်ပါတယ်။ ရေကြီးမှုတွေလည်း မြို့အတော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေ အပြီးမှာ  အစိုးရ၊ နိုင်ငံတကာနဲ့ ပြည်တွင်း ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေက ဘေးအန္တရာယ်သင့်တဲ့ဒေသအတွက် အကူအညီတွေ ပေးပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။

ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်မှာ  ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လိုအပ်သလို မဖြစ်ခင် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့လည်း လိုအပ်ပါတယ်။

သဘာဝဘေးအန္တရာယ် မကျရောက်ခင် ဘယ်သူတွေက ဘာတွေ ပြင်ဆင် လုပ်ကိုင်ထားသင့်သလဲ ဆိုတဲ့ အကြောင်းအရာကို ဧရာဝတီဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

5 Responses to “သဘာဝ ဘေးအန္တရာယ်များအတွက် ဘာတွေ ပြင်ထားသင့်သလဲ”

    November 14, 2012 at 5:07 pm

    ကျွန်တော်တခုစဉ်းစားမိတာကတော့ သဘာဝ ဘေးအန္တရာယ်နဲ့ ပက်သက်တဲ့ပညာပေး ဆောင်ရွက်ချက်တွေ လူထုကြားထဲပြန့်နှံ့ရောက်ရှိဖို့၊ (ကျွန်တော်ကိုယ်တိုင်ဒီသဘာဝဘေးအန္တရာယ်တွေကျရောက်လာရင်ဘယ်လိုပြင်ဆင်ကာကွယ်နေထိုင်ရမလဲဆိုတာ ဂဃနဏမသိသေးပါ)
    သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများမှ သဘာဝ ဘေးအန္တရာယ်နဲ့ ပက်သက်တဲ့သတင်းတွေကိုကြိုတင်၍သော်၎င်း၊အချိန်နှင့်တပြေးညီသော်၎င်း၊ ကြိုးစား၍ထုတ်ပြန်ကြေငြာသင့်ပါသည်။
    သဘာဝ ဘေးအန္တရာယ်ကျရောက်ပြီး ပျက်စီးဆုံးရှုံးမှူများကိုကိုင်တွယ်ဖြေရှင်းရာ၌လည်း
    ၁။ဆရာဝန်၊ဆေးဝါးကြိုတင်ပြင်ဆင်ထားသောဆေးရုံဆေးခန်းများသို့ထိခိုက်ဒဏ်ရာရလူနာများအချိန်မီရောက်ရှိရေး
    ၂၊အိုးအိမ်ပျက်စီးဆုံးရှုံးသူများကိုအချိန်မီပြန်လည်နေရာချထားပေးရေး
    ၃၊နောက်ဆက်တွဲကူးစက်ရောဂါများမဖြစ်ပွါးရအောင်ကြိုတင်ကာကွယ်ရေး နဲ့ သဘာဝ ဘေးအန္တရာယ် ခံခဲ့ရသူများအတွက် စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာပြုစုပျိုးထောင်ပေးခြင်း
    စတဲ့အချက်များ ကိုလျင်မြန်ထိရောက်အောင်ဆောင်ရွက်ဖို့လိုတယ်လို့ယူဆမိပါတယ်။
    (ပြည်သူကလိုက်နာသက်ဆိုင်ရာကပံ့ပိုးခြင်းဖြင့်အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးခြင်းနည်းနိုင်သမျနည်းအောင်ဆောင်ရွက်နိုင်ကြပါစေ)

    phoe thae
    November 14, 2012 at 11:01 pm

    မူလကျောင်းမှတတ္ကသိုလ်ထိ အရင်ပျံနှံ အောင် လူမူရေးအဖွဲ့အစည်းတွေနဲ့ အစိုးရ ၀န်ကြီးဌာန တွေပေါင်းပြီးဆောင်ရွက်သင့်တယ်၊၊

    November 15, 2012 at 12:17 am

    စာသင်ကျောင်းတွေမှာလဲ တာဝန်ရှိပါတယ်
    ငလျင်လှုပ်တဲ့အခါ စားပွဲအောက်ဝင်ပုန်းဖို့  သင်တဲ့ နိုင်ငံတွေ ရှိပါတယ်

    သိပ်ပြီး အားပြင်းတဲ့ငလျင်လှုပ်၇င် အဆောက်အအုံတစ်ခုခုထဲေ၇ာက်နေတယ် ဆိုပါစို့  – ပိုမြင့်တဲ့အထပ်ကို တက်ဖို့ ဘဲ ကြိုးစားသင့်တယ်
    အောက်ထပ်ဆင်းပြေး၇င် မကောင်းဖူး
    ဘာကြောင်းလဲဆို အဆောက်အအုံပြိုကျ၇င် အောက်ဆုံးထပ်ကလူတွေ ပိုခံ၇လို့ ပါ
    အပေါ်ထပ်မှာနေ၇င် ပိုခံသာမယ်
    အနည်းဆုံး ကိုယ်က ကယ်ဆယ်ေ၇းသမားတွေ ကယ်တာ အ၇င်ခံရမယ်

    သို့ သော်လဲ လှုပ်တဲ့ ငလျင်က ပြင်းသလား မပြင်းသလား ကြိုမသိနိုင်ဘူး
    ဒါ့အပြင် လက်တွေ့ ကြုံ၇တဲ့အခါ ဆုံးဖြတ်ချက်ချ၇တာ ပို ခက်မယ်

    မီးလောင်၇င်တော့ အပေါ်တက်မပြေးတာ ကောင်းမယ်နော်
    မီးဆိုတာမျိုးက အပေါ်ကိုပဲ လောင်တာ များတယ်မဟုတ်လား
    အောက်ထပ်ကို ကူးဖို့  ဖြစ်နိုင်ချေ ပိုနည်းတယ်လေ
    ဒါကြောင့် မီးလောင်၇င် အောက်ဆင်းပြေးသင့်ပါတယ်။

      November 15, 2012 at 1:33 pm

      မှတ်သားစရာအချို့ပါ။ကျေးဇူးတင်ပါတယ် ။

    December 19, 2012 at 8:17 pm

    သဘာဝဆိုတာဘာလဲဘေးအန္တရယ်ဆိုဘာလဲဆိုတာခွဲခြားပြီးမြင်တတ်ဖို့အရေးကြီးပါတယ်ဒါပေမယ့်ယနေ့ဖြစ်ပေါ်နေသောကိစ္စတော်တော်များများသည်လူသားများ၏လောဘကြီးမူ့ကြောင့်ဖြစ်ပေါ်လာသော်ဘေးအန္တရာယ်များဖြစ်ပါသည်ထို့ကြောင့်အောက်ခြေလူတန်းစားမှဟိုးအပေါ်ဆုံးထိလိုက်နာဆောင်ရမည့်ကိစ္စများကိုအသိတရားရှိစွာဖြင့်လိုက်နာကျင့်သုံးရပေမည်ဥပမာသစ်ပင်တပင်သည်လူအများကိုအေးမျှမူ့ကိုပေးစေတယ်ရေဆိုတာကိုဘယ်လိုအကျိုးရှိတယ်အဲဒီအရာတွေမရှိဘူးဆိုရင်လူသားတွေဘယ်လိုဒုက္ခနဲ့ကြုံတွေ့နှိင်တယ်စသဖြင့်မိမိတို့၏သားသမီးများကိုငယ်စဉ်ထဲကအသိပညာများကိုမိဘများကိုယ်တိုင်ကသွန်သင်ဆုံးမပြုပြင်ထားရပါမည်သို့မဟုတ်ပါကစာသင်ကျောင်းဉ်သင်လို့ကတော့စာအုပ်ထဲကစာကိုစာအုပ်ထဲမှာထားပြီးအသိတရားထဲဉ်ဘာမှရှိမည်မဟုတ်ပါဘယ်သူတွေကဘယ်လိုကယ်ကယ်ကယ်တင်ခြင်းခံရသူဉ်အသိတရားမရှိလျင်

အပြန်အလှန် ဆွေးနွေးရန်