ပညာရေး ပြုပြင်ပြောင်းလဲမှု ရန်ကုန်တက္ကသိုလ်မှ စတင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော | ဧရာဝတီ

ပညာရေး ပြုပြင်ပြောင်းလဲမှု ရန်ကုန်တက္ကသိုလ်မှ စတင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Hits:8,033
  | |

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကမ္ဘာ့အလယ်တွင် မြန်မာ့ပညာရေးစနစ်ပြန်လည် အောင်မြင်ကျော်ကြား လေးစားခံရရေးအတွက် ရန်ကုန်တက္ကသိုလ်မှ စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။

ယနေ့ ပြည်သူ့ရင်ပြင်တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အလွတ်ကျက် ပညာရေးစနစ်ကို နှစ်ပေါင်း ၅၀ အသုံးပြုခဲ့ပြီး ယင်းစနစ်ကြောင့် တိုင်းပြည် အကျိုးမရှိ ဖြစ်ခဲ့ရကြောင်း၊ တိုင်းပြည်သည် စနစ်ကြောင့် ဆင်းရဲခဲ့ရခြင်းဖြစ်ပြီး နိုင်ငံပြန်လည် ထူထောင်ရေးအတွက် ပြည်သူများ ပညာတတ်ရန် အရေးကြီးကြောင်း၊ မှန်ကန်သော ပညာရေးစနစ် ရှိမှသာလျှင် တိုင်းပြည် အနာဂတ် စိတ်ချရမည်ဖြစ်ကြောင်း၊
ရန်ကုန် တက္ကသိုလ်သည် တချိန်က အာရှတွင်သာမက ကမ္ဘာတွင်ပါ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော်လည်း လက်ရှိတွင် နာမည်မရသော တက္ကသိုလ်ဖြစ်နေသောကြောင့် မြန်မာ့ပညာရေး မြင့်မားရေးအတွက် ရန်ကုန်တက္ကသိုလ်မှ စတင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ရန်ကုန်တက္ကသိုလ်ဆိုတာ အာရှမှာသာမက တကမ္ဘာလုံးမှာ လျှမ်းလျှမ်းတောက် တက္ကသိုလ်တခုဖြစ်ခဲ့ပါတယ်။ အဲဒီလို အခြေအနေကနေပြီးတော့ လျှောဆင်းသွားတာကတော့ အခုအာရှမှာတောင် နေရာမရတဲ့ တက္ကသိုလ်တခုဖြစ်နေပါပြီ။
ဒီတက္ကသိုလ်ကနေ ကျမတို့နိုင်ငံရဲ့ ပညာရေးကို တကမ္ဘာလုံးကနေ လေးစားအောင် ရန်ကုန်တက္ကသိုလ်ကနေ စချင်ပါတယ်။ အဲဒီလို စချင်တယ်ဆိုတာက ရန်ကုန်ကို အသားပေးချင်လို့ မဟုတ်ပါဘူး။ အခြေအနေအရ အလွယ်ဆုံး၊ အထိရောက်ဆုံး လုပ်နိုင်တဲ့ လုပ်ငန်းတခုဖြစ်လို့ ကျမတို့ ဒါကို ရွေးချယ်ရတာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ကျမတို့ရဲ့
ပညာရေးထွန်းပေါက်မှု သင်္ကေတဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အားလုံးကနေ ၀ိုင်းပြီးတော့ ကူညီပေးကြပါ။ အထူးသဖြင့် အလှူရှင်လိုပါတယ်၊ ပညာရှင်များလိုပါတယ်၊ စေတနာရှင်များ လိုပါတယ်။ ကျမတို့ကို လိုလိုလားလားနဲ့ ပညာရေး သစ်ဆန်းစေရေး အတွက် အကြံဉာဏ်ကောင်းတွေပေးမယ့် လူကြီးလူငယ် လူလတ် မျိုးစုံလိုကြပါတယ်” ဟု သူက ပြောသည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် အချိန်စောင့်ဆိုင်းရန်မလိုဘဲ ချက်ချင်းယခုပင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပြည်သူများပညာတတ်လျှင် နိုင်ငံအတွက် ပူပန်စရာမလိုကြောင်း ၎င်းက ဆိုသည်။

“ပညာကို လေးစားမှ တန်ဖိုးထားမှ ပညာတတ်မှာ။ ပညာဆိုတာ စာအုပ်ထဲက ဖတ်တာကို ပညာလို့ပြောတာ မဟုတ်ဘူး။ ပညာဆိုတာက ပြဿနာကို အဖြေရှာတာ၊ တယောက်တည်း ထိုင်လို့ရတဲ့ ထိုင်ခုံကို နှစ်ယောက် ထိုင်လို့ရအောင် လုပ်တာလည်း ပညာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ ကျင်းပသော အခမ်းအနားသို့ သမ္မတ ဦးသိန်းစိန်ကိုယ်စား သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက် မိန့်ခွန်း ပြောဆိုခဲ့သည်။

အခမ်းအနားတွင် ပညာရေးကွန်ရက် အတွက် အလှူငွေများ အနေဖြင့် အခမ်းအနား ကုန်ကျစရိတ်အတွက် Sky Net ရုပ်သံလိုင်းက ကျပ်သိန်း ၁၃၀၀၊ ထူး ကုမ္ပဏီက သိန်း ၅၀၀ နှင့် စင်မြင့် ပြင်ဆင်မှု ကုန်ကျစရိတ် ကျပ်သိန်း ၂၀၀၊ MDG
ကုမ္ပဏီက ကျပ်သိန်း ၁၀၀ အပါအ၀င် အလှူရှင် ၁၀ ဦးခန့်က အလှူငွေများ ပေးအပ်ကြသည်။

NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို ဒီဇင်ဘာလ ၂၇၊ ၂၈
ရက် နေ့များတွင် ရန်ကုန်ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး နာမည်ကျော် Iron Cross တေးဂီတအဖွဲ့အပါအ၀င် အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်များစွာနှင့် အနုပညာရှင်များစွာ ပါဝင် ဖြေဖျော်ကြမည်ဖြစ်သည်။


8 Responses

Leave a Reply

  1. တားတား

    ဟင်.. အမေခြုအရင်တုန်းက ကြောတာကြားဖူးတာက ကြင်ညာရေးကြုကြင်ကြောင်းနဲမှုတို မူနတန်းက ချရမယ်နို့ကြာဖူးတနိုပဲ။

  2. It is a good news for change. But, we should not for get to start to change the education system from the elementary level. We must start from the kids if we want to change our future better education. Because, kids in the elementary schools can be taught easily and formed better than at the university level. Burma needs more good qualified teachers for the elementary schools. Hope that one day more educated leaders will see it. Give more scholarship for students to study abroad and serve our country educational needs. Anyway, it is good to change our university education systems. Hope that, it will bring more hope for young generations and produce more qualified teachers and professors.

  3. ပဿိခ်ဆာန်

    ကျွန်ပ်တို့ ဝမ်းနည်းစရာကောင်းသော အဖြစ်အပျက်များ
    ကချင်တွေ အသက်လုပြီးပြေးနေတာတွေ သေနေတာတွေဟာ ဒါပေမဲ့ ရန်ကုန်မှာ ဂီတဖျော်ဖြေပွဲလုပ်နေတာ ပျော်ရွှင်မူတွေနှင့် တကယ့် လူလူသားချင်းစာနာ နေပါလာဗျား။ ဒါလား သင့်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ

  4. I wish this will happen soon .

  5. Would you please pass below messge to Daw Su,

    I agree that Art and science is very important for a country for long term.
    But for immediate development of a country,Engineering ,Medical and Economics subjects are more important.
    Even in the developed country like Singapore, government emphasize more on Engineering ,Medical and Economics subjects.
    At least she should pay same attention on all above subjects.

  6. Engineering,medical and economic subjects are more important for immediate development of country.

  7. Art an Science is very important for a country.
    But,engineering,medical and economic subjects are more important for immediate development of a country.