ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို | ဧရာဝတီ

ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို

Hits:20,578
  | |

ရှေ့တန်းတနေရာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သည်များ (ဓာတ်ပုံ – Lachid Kachin / Facebook)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့က ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာ စိုင်းဂျာဘုံကျေးရွာ၏ အရှေ့ဘက်ရှိ ဝေအောင်ကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအနီးတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းနှင့် KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှတဆင့် ယမ်းဂိုဒေါင်ပေါက်ကွဲကာ ကုမ္ပဏီအဆောက်အအုံကို အကာကွယ်ယူ တိုက်ခိုက်နေသော အစိုးရတပ်များ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“သူတို့တပ်တွေနဲ့ ကျနော်တို့ တပ်တွေက မျက်နှာချင်းဆိုင် သတိအနေအထားနဲ့ တိုက်နေတဲ့အချိန် ကုမ္ပဏီကို အကာကွယ်ယူပြီး သူတို့က တိုက်တယ်။ ကျနော်တို့ ပစ်လိုက်တဲ့ ပစ်မှတ်က ကုမ္ပဏီဘက်ကျပြီး ယမ်းစိမ်းတွေ လှောင်ထားတဲ့ ဂိုဒေါင်ပေါက်ကွဲသွားတော့ အုပ်စုလိုက် ကျကုန်တာ” ဟု KIA တပ်မဟာ ၂ လက်အောက်ခံ ရှေ့တန်း စစ်မြေပြင်မှ ဗိုလ်ကြီး လဒွဲက ဧရာဝတီသို့ ပြောသည်။

ပေါက်ကွဲမှုကြောင့် ကုမ္ပဏီအဆောက်အအုံများ အားလုံးနှင့် ကျောက်စိမ်းတူး စက်ကိရိယာများ ပျက်စီးကုန်ကြောင်း၊ ထို့အတူ KIA တပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယမ်းများမှာ ၃ တန်အထက်တွင် ရှိကြောင်း KIA ရှေ့တန်းတပ်ဖွဲ့များက ခန့်မှန်းပြောဆိုသည်။

သိုလှောင်ထားသော အဆိုပါယမ်းများသည် ကျောက်စိမ်းတူးဖော်ရာတွင် စက်များဖြင့် ဖြိုခွဲ၍ မရသော ကျောက်တုံး ကျောက်ဆောင်များကို ဖောက်ခွဲရန် အတွက် အသုံးပြုသည့် ယမ်းများဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ နောက်တနေ့တွင် KIA တပ်ရင်းတပ်ဖွဲ့များ သွားရောက် စစ်ဆေးရာတွင် အစိုးရတပ်ရင်းမှ ကျဆုံးသွားသော တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၂၀ ကျော်နှင့် ရုရှားနိုင်ငံထုတ် ၇၃ မမ ဒုံးကျည်အခွံများ၊ ပျက်စီးနေသော လက်နက်များတွေ့ရှိခဲ့ရကြောင်း ရုပ်အလောင်းအများစုမှ ပေါက်ကွဲမှုကြောင့် မြေဖုံးလွှမ်းသွားကြောင်း ဗိုလ်ကြီး လဒွဲက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကုမ္ပဏီအနီးရှိ စိုင်းဂျာဘုံ၊ ဗလခ၊ မြောက်ဖြူ၊ ရှရှော်ခ စသည့် ကျေးရွာများရှိသော်လည်း ထိုကျေးရွာခံများကို ယခုလ ၂၄ ရက်နေ့ မတိုင်ခင်ကတည်းက နှစ်ဖက်တပ်များက သတိပေးထားသဖြင့် ဖားကန့်မြို့ပေါ်သို့ ရွှေ့ပြောင်း ခိုလှုံနေကြသဖြင့် ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုအရှိန်ကြောင့် အနီးရှိကျေးရွာများမှ အိမ်တချို့ ပြိုကျပျက်စီးကုန်ကြောင်း လုံးခင်းကျေးရွာသူတဦးက ပြောသည်။ ထို့အတူ ပြင်ထန်သည့် ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် ဖားကန့်မြို့ပေါ်ရှိ အဆောက်အအုံတချို့မှ မှန်ပြတင်းတခါးများလည်း ပျက်စီးကုန်ကြောင်း မြို့ခံများက ပြောသည်။

ဗလခ ရွာသူတဦးကလည်း “ကျမတို့ ဈေးဆိုင်ပေါ်ကိုလည်း ခဲလုံးတွေကျလို့ ပျက်စီးကုန်တယ်လို့ အစောင့်ကျန်ခဲ့တဲ့ လူတွေက တဆင့်သိရတယ်။ ပြန်တော့ မကြည့်ဖြစ်ဘူး။ ရွာကလူတွေက မြို့ပေါ်ကို အကုန်လုံးလိုလို ထွက်ပြေးလာတော့ လူတွေတော့ ထိခိုက်မှု မရှိပါဘူး” ဟု ပြောသည်။

ပေါက်ကွဲမှု၊ သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက်အတည်ပြုနိုင်ရန် အနီးစပ်ဆုံးဖြစ်သော ဖားကန့်မြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ပေါက်ကွဲမှုကို အတည်ပြုသော်လည်း မြို့တွင်းလုံခြုံရေးကို ဂရုစိုက်နေရသဖြင့် အစိုးရတပ်များ ကျဆုံးမှုကို သိရှိခြင်း မရှိကြောင်း ဖြေကြားသည်။

သို့သော် ပြည်တွင်း အခြေစိုက် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာတွင် အဆိုပါ ပေါက်ကွဲမှုသည် KIA အဖွဲ့များ ထောင်ထားသည့် အတွဲလိုက်ပေါက်ကွဲသော မိုင်းပဒေသာ ပေါက်ကွဲမှုဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုတွင် အစိုးရတပ် ခလရ ၂၆၉ မှ အရာရှိ ၆ ဦးအပါအဝင် စုစုပေါင်း ၄၈ ဦး ကျဆုံးသွားကြောင်း ဗန်းမော်အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) (၂၁) ကို ကိုးကား၍ ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ ဖားကန့်မြို့နယ် အတွင်းရှိ စိုင်းတောင်၊ လုံးခင်းနှင့် စမား စသည်နေရာများတွင် အခြေချထားသည့် အစိုးရတပ်စခန်းများကို လက်နက်ခဲယမ်းနှင့် တပ်အင်အားများ တိုးချဲ့နေကြောင်း ယခုအခါ နှစ်ဖက် အသင့်အနေအထားတွင် ရှိနေကြောင်း KIA က ပြောသည်။

ယခင်က ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များအနေဖြင့် KIA အပေါ် ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မရှိခဲ့သော်လည်း ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသတွင်းရှိ ဗလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၈ ထောင်ကျော်သည် အိုးအိမ်များကို စွန့်ကာ ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည်။


29 Responses

Leave a Reply

  1. ရုရှားပြန်အပတ်စဉ်(၄၉)ကသူတွေပါလားသိချင်တယ်။နာမည်နဲ့
    လိပ်စာအပြည့်စုံဖေါ်ပြပေးစေချင်တယ်….
    ကိုယ့်မြန်မာအချင်းချင်းသတ်ဖြတ်နေကြတာ
    ၂ဖက်စလုံးကိုရှုတ်ချတယ်။။
    တကယ်ဆိုအကြမ်းဖက်တွေကိုဝိုင်းဝန်းတိုက်ကြတယ်ဆိုရင်ဂုဏ်
    ရှိသေးတယ်။

    •ိရုရှားပြန် က မန်းလေးကဆိုရင်တော့ ၆၂ လမ်းမှာနေတဲ့ ဗိုလ် တစ်ယောက်တော့ကျတဲ့ထဲပါတယ်လို့ကြားတယ့်

  2. good news!!! free kachinland

    • ဒီနေရာတွေ က အရင်က အေးချမ်းတဲ့နေရာလို့ ထင်ပါတယ်
      ခုမှ ကချင်သူပုန်တွေ ၀င်လာလို့ တိုက်ပွဲ ဖြစ်ရတာလို့ ရှင်းလင်းစွာ သိထားပါတယ်
      ဒါကြောင့် ကချင်သူပုန်တွေကို ရှုတ်ချပါတယ်
      ကချင်သူပုန်တွေသာ သမိုင်း တရားခံပါ

  3. ဧရာဝတီ အဖွဲ့သားများကို ကျေးဇူးတင်ပါတယ်။ ကျန်းမာပါစေ။

  4. မြန်မာ တိုင်းရင်းသူ

    ဘယ်ဘက်ကပဲ ဖြစ်ဖြစ်၊ အရပ်သားပဲ ဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ်၊ အခုတော့ လူ့အသက်တွေ အများကြီး သေ၊ ပစ္စည်းတွေလဲ ပျက်ဆီး၊ အိမ်တွေလဲ ပျက်ဆီး။ ပစ်မိန့်ပေး တိုက်ခိုင်းသူတွေ နည်းနည်းလောက် ခေါင်းအေးအေးထား ပြန်စဉ်းစားကြပါဦး။ ဘာအတွက်တိုက်နေကြတာလဲ။ ဘာလို့ ပစ်ခတ်နေကြတာလဲ ဆိုတာ။ ပျက်ဆီး ဆုံးရှုံးမှုတွေနဲ့ ကာမိရဲ့လား။ ပစ္စည်းပျက်တာ ပြန်ဆောက်လို့ ရတယ်။ သေသွားကြတဲ့ အသက်ဆုံးသွားသူတွေ ပြန်မရနိုင်ဘူး။ မိသားစုတွေကိုယ်စား ကိုယ်ချင်းစာကြပါဦး။ လုံခြုံရာ အဝေးရပ်ကနေ ကိုယ့်မာနကြောင့် သူများအသက်ကို စတေးမနေပါနဲ့။
    အဲသည် ခေါင်းဆောင် ဆိုသူတွေ သတ္တိရှိရင်၊ သိပ် တင်းမာပြီး အလျော့ မပေးချင်ရင် ရှေးဘုရင်တွေလို စီးချင်း ထိုးကြလေ။ နိုင်ယူ အသာယူကြေး။ ကဲ ထွက်ကြလေ။

    • ဟုတ်ပတော်မြန်မာတိုင်းရင်းသူပြောတာကိုလုံးဝထောက်ခံပါတယ်။သတ္တိရှိရင်စီးချင်းထိုး
      ကြပါ။gun round ဆွဲကြပါ။

    • I agree to you. We blame the leaders of both sides. Do you ever think about the families of decead?You,both sides leader.are nothing. You only take care of yourselves not your citizens.

  5. KIA ရေနိုင်ငံတစ်ကာစစ်စည်းကမ်းတွေဘာတွေသိပ်ထိန်းသိမ်းမနေနဲ့တော့ချသာချတော့။
    ကိုယ်ကဘဲထိန်းပြီးတစ်ခြားဖက်မစောင့်စည်းမှတော့လုပ်သာလုပ်တော့။စီးပွားရေးလော
    ဘသားတွေကနိုင်မယ်ထင်တဲ့ဘက်ကိုဝင်ပူးကြမှာဘဲသူတို့မှာသစ္စာဆိုတာမရှိဘူး။
    စစ်တပ်ကနိုင်မယ်ထင်ရင်အလုံးအရင်းနဲ့စစ်တပ်ကိုပံ့ပိုးကြမှာဘဲ။KIAကနိုင်မယ်ထင်ရင်
    KIAကိုဝိုင်းပံ့ပိုးကြမှာဘဲ။ သူတို့ကိုဘာမှအားနာစရာမရှိဘူး။ ဆင်းရဲသားပြည်သူတွေကို
    ဘဲကာကွယ်ပေးပါ။မတရားလုပ်ခံနေ၇တာသူတွေကိုကာကွယ်ပေးပါ။မြန်မာစစ်သွေးကြွ
    စစ်တပ်နဲ့ထူးမခြားနားတော့မလုပ်နဲ့နော်။ပြည်သူဒဏ်ခတ်တာကိုတစ်နေ့ခံရမှာ။

  6. မင်းခေါင်

    တပြည်ထဲနေသူချင်းသတ်ကြတာကောင်းတဲ့အလုပ်တော့မဟုတ်
    ပိုမကောင်းတာက တပါးသူထိခိုက်တာကိုဝမ်းသာတတ်ခြင်းပဲ
    စစ်သားတွေမရှိရင်တောင် အဲဒီလိုလူမျိုးတွေရှိလို့ကတော့ ငြိမ်းချမ်းရေးတော့ဝေးဝေးပေါ့

  7. it is bed new both are nation and brother they have father mother and san.Nown their family is tear full.I am very sorry.I went to hope safe fire and stop the fight.

  8. ကချင်ပြည်ကို KIA တွေအုပ်ချုပ်ခိုင်းလိုက်ရင်တော့ ကျွန်တော်တို့ဗမာတွေလိုင်ဇာမှာအလုပ်လုပ်တုန်းကပုံစံမျိုးဖြစ်နေမှာ….. အလကားနေရင်း ရန်ရှာပြီးမိုက်ကြေးခွဲ….. လူကိုလည်း ရိုက်နှက်သေးတယ်။

  9. နင်တို့တွေစစ်မတိုက်ရတော့ပြောအားရှိတာပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာမှာတစ်ရက်လောက်
    သွားနေကြည့်ကြပါလား။

  10. kIA က ရော ဆင်းရဲသားပြည်သူကိုပြန်ကြည့်မှာသေချာရဲ့လား အခုတောင်ကွမ်းယာဆိုင်ကအစဆက်ကြေးပေးနေရတာ

  11. Burma was never been rule of law, there only rule by law, so the battles were going on until today.

  12. ကေအိုင်အေကို မမုန်းချင်ပါ

    • အောင်ဇေယျ

      KIA အကြမ်းဖက်သောင်းကျန်းသူ(သူပုန်)တွေအနေနဲ့တိုင်းရင်သားလူမျိုးတွေဘာအကျိုးမှ
      မရှိတဲ့တော်လှန်ပုန်ကန်…အကြမ်းဖက်သောင်းကျန်းမှုတွေကိုအမြန်ဆုံးနောင်တရသိမြင်လာ
      ပြီးဒေသစွဲ၊၀ါဒစွဲလူမျိုးရေးအမြင်ကျဉ်းမြောင်းမှူတွေကိုခ၀ါချ…လက်နက်ချပြီးပြည်သူ့ရင်ခွင်ထဲမှာအေးချမ်းစွာနားခိုသင့်ပါပြီ။

  13. This is great victory for KIA.
    Actually, Army is the main responsible organization for production of Jade and construction of Hydro power in Kachin State.

    Wish kachin people can protect their natural resources and their environmental problems.

    Myat Maw
    The great grandson of Lin Kae U Htoon Myint , signer of Pinlon Agreement. and Bo Htoon Ohm, the brother in Law of Sao Shwe Theik, who successfully pushed Sao Shwe Theik to Sign Pin lon Agreement.
    Kachin people shoud fight back U Saw style Burmese Army from their land

  14. စစ်ပွဲဆိုတာမကောင်းဘူး။ မြန်မာပြည်မှာစစ်ပွဲတွေမရှိသင့်တော့ပါဘူး။ KIA အဖွဲ့အနေနဲ့ အစိုးရ နဲ့ ငြိမ်းချမ်းရေးရအောင်လုပ်ပါ။ ဘယ်သူပဲသေသေ အားလုံးဟာ မြန်မာပြည်သားတွေ ချည်းပါပဲ။

  15. ကချင်လေး

    အမှန်တရားအတွက်သာ အသက်ကိုစတေးပါ။ပြည်သူ့မျက်နှာ ကြည့်ပေးပါ။ထမင်းငတ်နေပြီ။

  16.ုkyaw soe

    တရေထဲနေ တရေထဲသောက် ညီအကိုမောင်နှစ်မ အချင်းချင်း တိုက်မနေဘဲ ပြည်သူတွေမျက်နှာ ကြည့်ပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်သင့်ပါပြီ…………

  17. ကိုလင်း

    မြန့်မာ့တပ်မတော်ဟာ ကချင်ဒေကိုစစ်မြေပြင်လို့မြင်ဟန်မရှိပါဘူး .. တပ်တွေရဲ့တိုက်စွမ်းရည်နဲ့ လက်နက်သစ်တွေစမ်းသပ်တဲ့နယ်မြေလို့ယူဆဟန်တူပါတယ် .. နောက်ပိုင်းဖြစ်ပေါ်လာမဲ့အနာဂတ်တပ်မတော်အတွက် နည်းလမ်းကောင်းတွေထွက်လာမယ်လို့ ဦးစီးချုပ်သစ်ကယူဆဟန်တူပါတယ်..

  18. my brother is died.

  19. ….
    အချင်းချင်းတွေဇာတ်သူသားမစားကြပါနဲ့……မဟောင်ကြပါနဲ့ပြည်သူတွေနားညီး
    ……..လွန်းလို့….ခွေးဟောင်ထကြည့်အိပ်ရေးပျက်တယ်…….ဒီအရိုးကိုဝေမျှကိုက်ဆွဲကြပါ………………

  20. I invite all to come Phakant, for to get a few consideration.

  21. ကချင် တွေ က လ ည်း သူ တော် ကောင်း တွှေ မ ဟုတ်ြ က ပါ ဘူး ။ တို က် မယ့် တို က်

  22. အဓိကတရားခံကအာဏာရူးနေ၀င်း။ပြီးတော့သန်းရွှေ။အခုသန်းရွှေလက်ကိုင်တုတ်မင်းအောင်လှိုင်