သမ္မတ အိုဘားမား၏ ရိုဟင်ဂျာ အသုံးအနှုန်း မြန်မာအစိုးရ လက်မခံဟု တုံ့ပြန် | ဧရာဝတီ
သမ္မတ အိုဘားမား၏ ရိုဟင်ဂျာ အသုံးအနှုန်း မြန်မာအစိုးရ လက်မခံဟု တုံ့ပြန်
Hits:1
  | |
ရခိုင်အကြမ်းဖက်မှု ကြိုးကိုင်သည့် အဖွဲ့အစည်းများ နှစ်ဖက်စလုံးတွင် ရှိနေသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ဆိုသည် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
အမေရိကန်သမ္မတ အိုဘားမားက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို နိုင်ငံသားတဦးကဲ့သို့ အခြေခံ လူ့အခွင့်အရေးများ ပေးအပ်သင့်သည် ဆိုသော ပြောဆိုမှုနှင့် ဆက်စပ်ပြီး ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံကြောင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောဆိုလိုက်သည်။
ယနေ့ ညနေ ၅ နာရီ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ကျင်းပပြုလုပ်သော ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့၏ ရခိုင်အရေး တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးတွင် ၎င်းက ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်များကို ဖြေကြားစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောကြားသော မိန့်ခွန်းထဲတွင် “ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေ ဆက်လက်ဖြစ်နိုင်မယ့် အန္တရာယ်ကို မြင်နေရပါတယ်။ ရခိုင် တိုင်းရင်းသားများ အပါအ၀င် ဒီပြည်နယ်လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန် ညှင်းပန်းနှိပ်စက်မှု ဒဏ်ကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။ ရိုဟင်ဂျာတွေလည်း ခင်ဗျားတို့လို၊ ကျနော့်လို သူတို့မှာလည်း သူတို့ဂုဏ်သိက္ခာနဲ့ သူတို့ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေးအတွက် အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်တို့ အားလုံးရဲ့ လူသားဖြစ်တည်မှုအတွက်  ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ရည်မှန်းပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ” ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက အင်မတန်မှ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းဖြစ်ပါတယ်။ သို့သော် ပြည်ထောင်စု အစိုးရအနေနဲ့ရော၊ ရှေ့က အစိုးရ အဆက်ဆက်အနေနဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကိုသော် လည်းကောင်း၊ တိုင်းရင်းသားဆိုတဲ့ အချက်ကိုသော် လည်းကောင်း လက်ခံထားခြင်း မရှိပါဘူး။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာပါ” ဟု ရှင်းပြသည်။
ဧရာဝတီသတင်းဌာနက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးကာရင်း အမည်မသိ လက်နက်ကိုင်များ၏ ဖမ်းဆီးခေါ်ခြင်း ခံသွားရသော မြန်မာစစ်သားများကိစ္စနှင့် ပတ်သက်ပြီး အစိုးရက မည်သို့မည်ပုံ ဆောင်ရွက်လျက် ရှိပါသနည်းဟု မေးမြန်းရာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်အတွက် မိမိမဖြေကြားနိုင်ကြောင်း ပြောသည်။
“ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပဲ သက်ဆိုင်တဲ့အတွက် ကျနော် မဖြေနိုင်ပါဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် အဖွဲ့အစည်းများ ရှိနေသည်ဆိုပြီး အစိုးရက မကြာခဏဆိုသကဲ့သို့ သတင်းထုတ်ပြန်လေ့ ရှိသည့်အတွက် မည်သည့်အဖွဲ့အစည်းများ ရှိနေပါသနည်း၊ မည်သူများကို အရေးယူထားပါသနည်း ဆိုသော ဧရာဝတီ၏ မေးခွန်းနှင့် ပတ်သက်ပြီးလည်း တိကျစွာ ဖြေကြားခြင်းမပြုခဲ့ပေ။
“အကြမ်းဖက်မှုတွေဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခြင်း၊ လှုံ့ဆော်ခြင်း ပြုလုပ်တဲ့သူတွေက နှစ်ဖက်စလုံးမှာ ရှိတယ်ဆိုတာ ကျနော်တို့ ပြောခဲ့တာရှိတယ်။ ဒါတွေကလည်း ကျနော်တို့မှာ ခိုင်လုံသော အထောက်အထားတွေ တွေ့ရှိပြီး ဖြစ်ပါတယ်။ ဆက်လက် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အရေးယူမှု မပြုခင် ထုတ်ဖော်ပြောဖို့ မသင့်ဘူးလို့ ယူဆပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်မှုများ လုပ်ဆောင်လျက်ရှိပြီး ယင်းသို့လုပ်ဆောင်ရာတွင် လူမျိုးစုနှစ်ခုစလုံးမှ ခေါင်းဆောင်များ၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ စိစစ်ရာတွင်လည်း ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်မျှ နိုင်ငံသားဖြစ်ခွင့်ရှိမည်ကို ဖြေကြားခြင်းနိုင်ခြင်း မရှိသေးကြောင်း၊ လတ်တလော အနေအထားတွင် စိစစ်နေဆဲဖြစ်ပြီး အထောက်အထား မပြနိုင်သူများကို တရားမ၀င် ၀င်ရောက်လာသူများအဖြစ် သတ်မှတ်မည်ဟု သိရှိရသည်။
“လူအဖွဲ့အစည်း နှစ်ခုကြားမှာ သံသယတွေ ရှိနေကြတယ်။ ဘင်္ဂါလီတွေ မှတ်ပုံတင်တွေ ရသွား၊ မှတ်ပုံတင်နှစ်ခုလောက် ကိုင်နေတာတွေမြင်တော့ ရခိုင်တွေဘက်ကလည်း ခိုးဝင်လာတဲ့သူတွေဆိုပြီး ခံစားချက်တွေရှိတယ်။ တဘက်ကလည်း ဘိုးဘွားဘီဘင် လက်ထက်ကတည်းက နေထိုင်လာတာ ခိုးဝင်တာမဟုတ်ဘူးဆိုတဲ့ ခံစားချက်ရှိတယ်။ နှစ်ဘက်စလုံးက စစ်ဆေးပေးစေလိုတဲ့ အတွက်ကြောင့် စစ်ဆေးတာဖြစ်တယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ဆိုသည်။
နိုင်ငံသား စိစစ်ရေးလုပ်ငန်းများအပြီး မည်သို့ နိုင်ငံသားမှတ်ပုံတင်ကတ် ထုတ်ပေးမည်၊ တရားမ၀င် ၀င်ရောက်လာသူအဖြစ် သတ်မှတ်ပြီးသူများကို  မည်သို့မည်ပုံ အရေးယူမည်ကိုမူ နယ်စပ်လုံခြုံရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသွားသည်။
နိုင်ငံသားစိစစ်ရာတွင်လည်း ရိုဟင်ဂျာအဖြစ် မှတ်ပုံတင်ခွင့်ပေးရန် တောင်းဆိုမှုများရှိနေကြောင်း သိရှိရသည်။
“ရိုဟင်ဂျာအဖြစ် စာရင်းသွင်းဖို့ တောင်းဆိုတာက တထောင်မှာ တရာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လ၀ကက စစ်လိုက်တော့ အဖေကလည်း ဘင်္ဂါလီ၊ အမေကလည်း ဘင်္ဂါလီ၊ သားသမီးကျမှ ရိုဟင်ဂျာဖြစ်ချင်တာက ဆန္ဒစွဲတွေဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ဆိုသည်။
လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ်၌ ဒုက္ခသည် ခြောက်သိန်းရှိနေပြီး ယင်းဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် အမေရိကန်ဒေါ်လာ ၆၈ သန်း လိုအပ်နေကြောင်း သိရှိရသည်။
“အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် အရေအတွက် ၁၁၁၀၀၀၊ ဟိုတလောက တောင်ပြို၊ ရေကြီးတာကြောင့် ဒုက္ခသည်အရေအတွက် ၁၉၀၀၀၊ ဂီရိမုန်တိုင်းဒဏ်ကြောင့် ဒုက္ခသည် ၂၆၀၀၀၀၊ စိုက်ပျိုးရခက်ခဲ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ၂၀၀၀၀၀ လောက် စားနပ်ရိက္ခာ အခက်အခဲ ရင်ဆိုင်နေရတယ်။ စုစုပေါင်း ဒုက္ခသည်ခြောက်သိန်း အကျပ်အတည်း ဆိုက်ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး မြန်မာအစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေပြီး နေအိမ်များနှင့် အဆောက်အအုံများ မီးရှို့ခံရခြင်း အပါအ၀င် အပျက်အစီးများစွာ ကြုံတွေ့ရလျက်ရှိသည်။
44 Responses
Leave a Reply
  1. ဖိုးလုံး
    “ရိုဟင်ဂျာအဖြစ် စာရင်းသွင်းဖို့ တောင်းဆိုတာက တထောင်မှာ တရာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လ၀ကက စစ်လိုက်တော့ အဖေကလည်း ဘင်္ဂါလီ၊ အမေကလည်း ဘင်္ဂါလီ၊ သားသမီးကျမှ ရိုဟင်ဂျာဖြစ်ချင်တာက ဆန္ဒစွဲတွေဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ဆိုသည်။”
    • မြန်မာ တိုင်းရင်းသူ
      အဖေ ဘင်္ဂါလီ၊ အမေ ဘင်္ဂါလီ ကနေ ရခိုင်ပြည်နယ်မှာ မွေးလို့ ရခိုင် ဖြစ်ချင်တာက ကြားကောင်းသေးတယ်။ ဒါပေမယ့် အဲသလို အတင်း ဖြစ်ချင်တာ ဖြစ်လို့ ဘယ်ရပါ့မလဲ။
      နောက်ပြီး တချို့ကိစ္စတွေက မပြီးခင် မပြောသင့်လို့ မပြောဘူး ဆိုတာ လက်ခံပေးရမှာပါ။ ဒါပေမယ့် စစ်ဆေးနေသူတွေကလဲ မြန်မြန်လေး စစ်ဆေးပြီး သတင်း ထုတ်သင့်သလောက် ထုတ်ပေးပေါ့။
  2. That’s right! I liked and welcome Obama’s visit to Myanmar but he is a visitor to us regardless of the president of a powerful country, so he should not use such a word to show off his supports for human rights. This is very sensitive issue and he didn’t seem to understand the long history of invasion of Bangalis and current conflict in Rakhine state. Our government has the right to protest such an indiscriminate usage of word even he is Obama. Cheers!
    • That’s right. I admire Mr Obama but we must protect our country. Let’s cheer our president. Our country is the first.
    • မြန်မာ တိုင်းရင်းသူ
      ကိုသက် ပြောတာ မှန်ပါတယ်။ ဦးဦး အိုဘားမားကို မေးချင်တာက ဦးတို့ အမေရိကန် နိုင်ငံမှာလဲ ဟိုးရှေး နှစ် ရာပေါင်းမျာစွာက အကြွေးနဲ့ သိမ်းထား၊ နယ်မြေချဲ့ထွင် စစ်တိုက် သိမ်းယူထားခဲ့တဲ့ ကာလီဖိုးနီးယားတို့၊ တက်ဆက်နဲ့ နယူးမက္ကဆီကို နယ်မြေတွေကို အရင် ပိုင်ရှင်ဟောင်းတွေရဲ့ အဆက်အနွယ်တွေက စာရွက်စာတမ်းမရှိပဲ ၀င်လာတော့ တရားဝင် နေခွင့် (ဂရင်းကပ်) ထုတ်ပေးလို့လား။ ကားမောင်းဘို့ ဒရိုင်ဘာလိုင်စင်တောင် မပေးရဲဘူး မဟုတ်လား။ ဖမ်းပြီး ပြန်ပို့နေတာပဲ မဟုတ်လား။ သူတို့လဲ သူတို့နိုင်ငံမှာ စားဝတ်နေရေး ကျပ်တည်းလွန်းလို့ ဒုက္ခခံ ၀င်လာပြီး အောက်ခြေသိမ်း အခြေခံ အလုပ်တွေ လာလုပ်သူတွေပဲ။
      ကိုယ်တောင် အသလွတ် လက်မခံတဲ့ ကိစ္စကို လာ ဆရာ မလုပ်ပါနဲ့။ အကြံပေးချင်ရင်လဲ အတွင်းကျကျ အမှန်ကို လေ့လာပြီးမှ အကြံပေးပါ။ ရေနံ လိုချင်တာနဲ့ အာရပ်ကမ္ဘာ က မူဆလင်ကြီးတွေ အကြိုက် လိုက်မပြောပါနဲ့။
      • Hi sister I very very like ur post.Right sure!
      • အမေရိကန် ထဲဝင်လာသူ ဘယ်လိုလူကိုမှ ဖမ်းပြီးပြန်ပို့တဲထုံးစံ မရှိပါ
        ပြောလည်းပြော ဖောလည်းဖော တာပေမဲ့ ဗဟုသုတလေးလည်း ရှိမှပေါ့
        LOL
  3. NO IMMIGRATION LAW, NO HOME
  4. VERY GOOD U THEIN HTAY.THANK YOU FOR YOUR PATRIOT.
  5. ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက အင်မတန်မှ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းဖြစ်ပါတယ်။ သို့သော် ပြည်ထောင်စု အစိုးရအနေနဲ့ရော၊ ရှေ့က အစိုးရ အဆက်ဆက်အနေနဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကိုသော် လည်းကောင်း၊ တိုင်းရင်းသားဆိုတဲ့ အချက်ကိုသော် လည်းကောင်း လက်ခံထားခြင်း မရှိပါဘူး။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာပါ” ဟု ရှင်းပြသည်။ ကျနော်မေးချင်ပါတယ်ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို…စာမတတ်ဘူးလားလို့။ ဦးနုခေတ် ပါလီမန်ဒီမိုကရေစီတုန်းက ရိုဟင်ဂျာ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုခဲ့တဲ့ပြီး မြန်မာအသံ တိုင်းရင်းသားအစိစဉ်မှအသံလွင့်ခဲ့တဲ့ အထောက်အထားမှတ်တမ်းတွေရှိခဲ့ပါတယ်။
    “အကြမ်းဖက်မှုတွေဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခြင်း၊ လှုံ့ဆော်ခြင်း ပြုလုပ်တဲ့သူတွေက နှစ်ဖက်စလုံးမှာ ရှိတယ်ဆိုတာ ကျနော်တို့ ပြောခဲ့တာရှိတယ်။ ဒါတွေကလည်း ကျနော်တို့မှာ ခိုင်လုံသော အထောက်အထားတွေ တွေ့ရှိပြီး ဖြစ်ပါတယ်။ ဆက်လက် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အရေးယူမှု မပြုခင် ထုတ်ဖော်ပြောဖို့ မသင့်ဘူးလို့ ယူဆပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ရှင်းပြသည်။ ဒါဆို အကြမ်းဖက်ခေါင်းဆောင်တွေကို ဘာသဘောနဲ့လွတ်ထားတာလဲ။ ခဗျာင်္တို့ကလည်း ကျူးလွန်ခဲ့တဲ့သူများနှင့်အပေါင်းပါဖြစ်နေ လို့မလား။ အခုက တရားခံအုပ်စုတွေက တရားလိုအဖြစ်ဟန်ဆောင်လိုက်၊ တရားသူကြီးလုပ်လိုက် လုပ်နေကြတော့ နိုင်ငံတကာခုံရုံးမှ မကြာခင် ဖမ်းဝရမ်းထုတ်ပြီး စစ်ဆေးမှာသာ အဓီကကြိုးဆွဲကိုင်ထားတဲ့ အကြမ်းဖက်ခေါင်းဆောင်တရားခံဖေါ်ထွက်လာပါလိမ့်မည်။
    ရခိုင်ပြည်နယ်က မွတ်စလင်တွေ အထောက်အထားမဖေါ်ပြနိုင်လျှင် တရားမဝင်ခိုးဝင်လာတဲ့လူဟုမှတ်ရမည်။ ဒါနဲ့ပါတ်သက်ပြီးမေးချင်ပါတယ်။ President ဦးသိန်းစိန်မှအစ ဆိုက်ကားသမားအထိမြန်မာပြည်မှာ ၁၈၂၃ မထိုင်မှိရှိနေကြောင်း ဘယ်သူက အထောက်အထားပြနိုင်မလဲ။ အထောက်အထားကြည့်မယ်ဆိုရင်ရာဇာဝင်သမိုင်းကိုသွားရှာရမယ်။ အဲသလိုရှာတဲ့အခါမှာ လည်း ပြည်တွင်းပြည်ပမှသမိုင်းပညာရှင်များပါဝင်ပြီးရှာဖွေရပေမည်။ မြန်မာပြည်ကမျက်ကန့်စာမတတ်ပေမတတ်စစ်ဗိုလ်တွေကရှာလျှင်အဖြေဘယ်ရမလဲ။ နောက်ပြီး မြန်မာပြည်သူတွေကို ၁၉၅၀ နောက်ပိုင်းမှစပြီးတဖြည့်ဖြည့်အစိုးရကအထောက်အထားထုတ်ပေးခဲ့တာမှာလဲ ပြည်သူအယောက်တိုင်းကိုတုတ်ပေးခဲ့တာမရှိခဲ့ဘူး။ ဒါဘယ်သူအပြစ်လဲ။ ထုတ်မပေးတဲ့သူရဲ့အပြစ်လား၊ ဒါမှမဟုတ် မရရှိခဲ့တဲ့သူရဲ့အပြစ်လား။ အစိုးရဆိုပြီးတာဝန်ယူပြီးတော့မှ တာဝန်မကျေပွန်နိုင်တော့ အစကတည်းကဆင်းပေးပါလား။ တော်တဲ့လူတွေအပြင်မှာထိုအချိန်ကအများကြီးရှိခဲ့တယ်။
    ဒီအချိန်ရောက်ပြီးမှ ပြခိုင်းတော့ထုတ်မပေးခဲ့တဲ့ လဝက ကိုပဲသွားဖမ်းရမှာ။ ခင်္ဗျားတို့ကလိမ့်နေတာများနေပြီး။ နိုင်ငံတကာကိုပြောနေတာတမျိုး၊ ပြည်တွင်းမှာပြောနေတာကတမျိုးဖြစ်နေပါပြီး။
    • @ tayote gyi, i doubt you are chinese , not a rohingya. You are not clever enough to understand the gov’s decision bcos u dont consider what is the recent situation and what should b the solution. What just happening in arakan? Can you say to public at this moment like rohingya is your ethnic brother? You will never understand the gov’s approach bcos you are zero in politics. They are gov so they must act politically. U Nu didnt make any legal about rohingya but for his politics only. You can find in myn census records. And moreover, U Nu was just one gov who used it for political gain although other former succeeded goverments didnt support that politic about rohingya. Pls make cautious criticism if u can.
    • You are really !!!!!, you should not live in Burma
  6. အင်းဒီလူသားတွေကိုအကြမ်းမဖက်အောင်
    မည်သည့်အဖွဲ့အစည်းကတားမြစ်ပေးနိုင်သလဲ
    မေးချင်တယ်..အကြမ်းဖက်မှုကြောင့်
    ဖြစ်ပေါ်လာသောဒုက္ခကိုကူညီခြင်းထက်
    အကြမ်းဖက်မှုကိုတားဆီးထိမ်းသိမ်းပေးကာ
    ထိထိရောက်ရောက်ဝိုင်းဝန်းတားမြစ်ခြင်းက
    အကောင်းဆုံးလက်နက်ပါ။။ကမ္ဘာကြီးကသေချာ
    တားဆီးအရေးယူပေးပါ…
  7. ကြုံလို့ပြောလိုက်ပါအုံးမယ် မိုးပွင့်စီမံချက်လာဘာလာလုပ်ပြီးတော့တောထဲကလူတွေကို
    မှတ်ပုံတင်လိုက်လုပ်ပေးပြီးတော့ အမှန်တကယ်မြို့ပေါ်မှာငြိမ်းချမ်းစွာနေထိုင်နေကြတဲ့
    လူတွေကိုတော့ တရုတ်လို့တွေ့တာနဲ့ အဖေ အမေ အဖိုး အဖွားမှတ်ပုံတင်ပြတာတောင်
    မှတ်ပုံတင်လုပ်ပေးဖို့ကိုရစ်နေကြတာတွေ့ရပါတယ်။ မွတ်စလင်တွေတောင် မှတ်ပုံတင် ရကြ
ဲပြီးတော့ တိုင်းရင်းသားထဲမှာတရုတ်တယောက်ပါသွားတာနဲ့ မှတ်ပုံတင်ကို ပိုက်ဆံမရဘဲမလုပ်ပေးချင်ကြတော့ဘူး။
    ပိုက်ဆံရရင်တော့ရိုဟင်ဂျာမကလို့ဘယ်သူဘဲလာလာမှတ်ပုံတင်လုပ်
    ပေးကြမှာ လ၀က ရဲ့ အရိုးစွဲမူဝါဒပါပဲ။
    အခုလဲဒင်း(လ၀က)တို့ရဲ့ပေါ့ပေါ့တန်တန်လာဘ်စားမှုကြောင့်အခုလို့ရခိုင်ပြည်နယ် အရေး
    ပေါ်ပေါက်လာတာ ဘယ်သူ့ကိုအပြစ်တင်အုံးမှာလဲ။
  8. ဦးနန္ဒောဘာသ
    ဘင်္ဂလီဆိုရင် လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး တောင်းဆိုလို့ မရဘူးလား။ အခုတောင်းဆိုနေတာက လူ့အခွင့်အရေးခြုံထားသော နိုင်ငံသစ်၊ လူမျိုးသစ် ထူထောင်ရန် ပဏာမပဲ ဖြစ်ပါတယ်ဗျို့။
  9. ကိုမြန်မာ
    မင်းတို့ ဘာမှရှည်ရှည်ဝေးဝေးတွေ့ လျောက်ပြောမနေနဲ့ အစကတည်းက သူများပြောတာမခံချင်ရင် မျိုးချစ်စိတ်ဓါတ်တကယ်ရှိခဲ့ရင် မြန်မာဆိုပြီးတော့ ရင်ကော့ပြီးနေနိုင်အောင် အစကတည်းက လုပ်ခဲ့ရင် ဒီပြသာနာတွေဖြစ်လာစရာ အကြောင်းမရှိဖူး ဒီလိုဖြစ်လာအောင် မဆလ တခတ် န၀တတခတ် အဆက်ဆက် စစ်ခေါင်းရှောင်တွေ ကျင်သုံးခဲ့တဲ့ ဗျူဟာတွေပဲ အခုလည်း ရခိုင်အရေးကို အဓိကဖန်တီးခဲ့တာ လက်ရှိအစိုးရကိုယ်တိုင်ပါပဲဆိုတာ လူအနည်းအငယ်ပဲသိထားပါတယ် အလွန်တရာကို ကောက်ကျစ်စဉ်းလဲတဲ့ ဗျူဟာတွေကို ဆက်လက်ကျင့်သုံးနေတုန်းပါ
    • right brother
      • I am agree with U Thein Htay.We need more good and strong leaders in myanmar.97% of all myanmar people are with you(3% are Bingalain generations).Our contry.Our law and Our people.No democracy in Myanmar no problem,prefer NO BingaLain in myanmar.
  10. မောင်မှန်
  11. အမေရိကန်သမ္မတ အိုဘားမားပြောသလို ” ရိုဟင်ဂျာတွေ ကိုယ်တိုင်ကလည်း ခင်ဗျားတို့မှာရှိသလို ကျွန်တော်တို့မှာရှိသလို တူညီတဲ့ လူဂုဏ်သရေဆိုတာ ရှိပါတယ်”
    ဆိုတော. အိုစမာဘင်လာဒင် ကကော ခင်ဗျားတို့မှာရှိသလို ကျွန်တော်တို့မှာရှိသလို တူညီတဲ့ လူ မဟုတ်ဖူးလား ? လို.မေးပါရစေ ၊ တကယ်တန်းပြောမယ်ဆိုရင် နိုင်ငံတိုင်းမှာ နိုင်ငံသားဖြစ်နိုင်တဲ. အချက်အလက် စည်းမျဉ်းဥပဒေတွေ ရှိပြီးသားပါ ၊ ဘာမှ အချေအတင် အငြင်းပွှားနေစရာမလိုပါဘူး ၊ ဒီ ရိုဟင်ဂျာတွေ ဟာ ကျွှန်တော်တို.နိုင်ငံ ပျက်စီး ရာပျက်စီးကြောင်းကို ပြည်တွင်း ပြည်ပ အကြမ်းဖက် အစွန်းရောက် တချို. နဲ. ပူးပေါင်းကြံစည်နေတာပါ ။ လူသားဖြစ်တည်မူတို. လူဂုဏ်သရေ တို.နဲ.ဘာမှမဆိုင်ပါဘူး ၊ အမေရီကန်နိင်ငံေ၇းသမားတို.ရဲ. ထုံးစံအတိုင်း နိင်ငံေ၇းအမြတ် ထုတ် ခုတုံး လုပ်ပြောသွားတာ လို. ယူဆပါတယ်။
  12. လ၀က၊ န၀တ/နအဖ နဲ့ နစဖ/ရေတပ် ဘက်ကလူတွေ၊ ဗိုလ်မြင့်ဦး ဓနုဖြူအကြောင်း ဖွင့်ပြောသလို သူတို့ လုပ်ခဲ့တာတွေကို (သို့မဟုတ်) မလုပ်ခဲ့တာတွေ အတွက် ထွက်ရှင်းပြမှ အကြောင်းအရာက ပိုပြီးပြည့်စုံ လာမှာပါ။
    ပြောချင်တဲ့သူတွေက ရှိနေမှာပါ၊ သူတို့ကို တွေ့အောင်ရှာပြီး တင်ပြပေးရမှာက သတင်းသမားတွေရဲ့တာဝန်ပါ။ မီဒီယာသမားအများစုက ကန်တော့ပါရဲ့ ခဲနောက်ကိုပဲ မလိုက်ပဲ ခဲဘယ်က ဘာ့ကြောင့်လာသလဲဆိုတာ ကြိုးစားပြီး ပြောပြပေးမှ ကျွန်တော်တို့ သာမန်ပြည်သူတွေ သိခွင့်ရမှာပါ။
  13. နိုင်ငံသားဖြစ်ရေးမဖြစ်ရေးထက်ကို နိုင်ငံတိုးတက်ဖို့သာ အဓိကဖြစ်ပါတယ်… ရိုဟင်ဂျာပဲခေါ်ခေါ် ဘင်္ဂလီပဲခေါ်ခေါ် ကျွန်တော်တို့နိုင်ငံထဲမှာနေထိုင်ခဲ့တာကာလတစ်ခုအထိကိုကြာနေခဲ့ပါပြီ… ဒါကြောင့် Pass တစ်ခုခုပေးပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့အတူတကွနေနိုင်အောင်ပြုစုပျိုးထောင်ပေးသင့်ပါတယ်…
    သူတို့တတွေဟာလည်းနိုင်ငံတော်အတွက်တထောင့်တနေရာကနေ အကျိုးဖြစ်ထွန်းနိုင်ပါတယ်… ဖြစ်ထွန်းအောင်လည်းစာတတ်ပေတတ်ရခိုင်ညီအစ်ကိုတွေကပြုပြင်ပေးသင့်ပါတယ်… ဒါမှသာနိုင်ငံတော်ကအမြန်ဆုံးတိုးတက်မှာဖြစ်ပါတယ်… အဲ့လိုမှမဟုတ်ရင်တော့ နောင်၁၀နှစ် အနှစ်၂၀လောက်ထက်စောင့်နေရဦးမှာပါ… ဒီအတိုင်းသာဆက်သွားနေရင်တော့ရခိုင်ပြည်နယ်ဟာ တခြားပြည်နယ်တိုင်းတွေနဲ့ယှဉ်ရင် ဟိုးးးးအနောက်မှာပြတ်ပြီးကျန်နေခဲ့တော့မှာပါ… ကိုရခိုင်တို့အမိနိုင်ငံတော်အတွက်နိုးထသင့်ပြီ…
  14. အိုဘားမားပြောတာနဲ့ပတ်သက်လို့လည်း သူတို့နိုင်ငံရဲ့အတွေ့အကြုံကိုအရင်းခံပြီးတင်ပြသွားတယ်လို့မြင်ပါတယ်… ဒါကိုကျွန်တော်တို့နိုင်ငံရဲ့အတွေ့အကြုံအဖြစ်အသုံးချပြီး ပြုပြင်သွားနိုင်ရပါမယ်… ဒါမှကျွန်တော်တို့သူများအသုံးချခံမဖြစ်မှာ… နောက်မို့ဆို သူများကနဲနဲလေးသွေးထိုးလိုက် ကိုယ်တွေကရန်တွေဆက်ဖြစ်လိုက်ဆိုရင် ဒုံရင်းကဒုံရင်းပါပဲ… စစ်အုပ်ချုပ်ရေးနဲ့ပဲထိုက်တန်တဲ့တိုင်းပြည်ဖြစ်နေဦးမယ်… ဒါမျိုးတော့လုံးဝအဖြစ်မခံနိုင်တော့ဘူး… အပြင်မှာရောက်နေတဲ့မြန်မာတွေကိုလည်းကိုယ်ချင်းစာကြပါဦး… သူများနိုင်ငံမှာမျက်နှာငယ်တွေနဲ့နေနေကြရတယ်… မင်းတို့နိုင်ငံကအမြဲတမ်းစစ်ဖြစ်နေတယ်… လူသားအခွင့်အရေးတွေချိုးဖောက်နေကြတယ်ဆိုပြီးအပြောခံရတာတွေကနေလွတ်ချင်ပြီဗျာ…
  15. General Thain Htay is right.Because h
  16. ဒိလိုပြောလို့ ခင်ဗျာတို့စစ်အုပ်စု
    ကိုဘယ်သူမှအထင်မကြီးဘူး
  17. စစ်အုပ်စုကို ကယ်တင်ရှင်လိုလို
    သူရဲးကောင်းလိုလိုမြင်ချင်လို့လား
    ဘာပဲးလုပ်ပြလုပ်ပြငတေတွေဟာငတေတွေပဲး
  18. ကိုကိုဗိုလ်ချုပ်ကြီးများ
    ရိုဟင်ဂျာကိတ်စတော့ဟုတ်ပြီး
    မန်းဒလေးကတရုတ်တွေကို ဘာလုပ်မှာလည်း
    ၂ ခုစလုံးကိုမျှမျှတတကိုင်ပါ
  19. တရုတ်နဂါးကြီးစိတ် ဆိုးနေပြီး
    ပြန်ချော့လိုက်ပါဦး
  20. တရုတ်ကိုမှီ
    ဗမာပြည်
    အိုဘားမားရောက်
    ငတေများမှေက်
  21. အိုဘားမား ဗမာပြည်ရောက်ရေား
    မူဆယ်ဂျေဂေါင် နယ်စပ်မှာတရုတ်တွေ
    တအားစစ်ဆေးတာတွေလုပ်တာပဲး
  22. မောင်းတောမှာ ဖမ်းမိ့တဲ့လက်နက်ကိုင်တွေက
    မြန်မာစစ်သားလား. ရခိုင်သူပုန်အဖွဲ့လား
    ရှင်းရှင်းလင်းလင်းသိ့ချင်တယ်
  23. အစိုးရအသစ်ကိုသတိ့ပေးချင်တယ်
    ဒိအစိမ်းရောင် အင်းကျီလဲးပစ်လိုက်ပါ
    ဒိအရောင်မြင်နေရင် စိပ်တအားတိုလို့ပါ
  24. nobody can help us..
    we must work it together…
  25. ‘အမေရိကန်သမ္မတ အိုဘားမားက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို နိုင်ငံသားတဦးကဲ့သို့ အခြေခံ လူ့အခွင့် အရေးများ ပေးအပ်သင့်သည်ဆိုသော ပြောဆိုမှုနှင့် ဆက်စပ်ပြီး ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မြန်မာအ စိုးရက လက်မခံကြောင်း’ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောဆိုလိုက် ကြောင်း ဧရာဝတီသတင်းအရ သိရှိခဲ့ရပါသည်။
    အထက်တွင်ဖော်ပြခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၏ ပြတ်ပြတ်သားသားရပ်တည်ပြောဆိုမှုများမှာ မြန်မာ နိုင်ငံအနာဂါတ်အတွက် အလွန်အရေးပါလှကြောင်း ကျွန်တော်တို့ လက်ခံယုံကြည်ပါသည်။ မည်သည့်နိုင်ငံက ပင် ဖိအားပေးပေး၊ မည်သည့်အဖွဲ့အစည်းကပင်ပြောပြော ရခိုင်ပြည်သို့ အရှေ့ဘင်္ဂလားနယ်မှ ၀င်ရောက်လာ ကြသူဘင်္ဂလီများအား ရိုဟင်ဂျာဟု ပြောင်းလဲခေါ်ဝေါ်သုံးစွဲနေစရာ အကြောင်းမရှိလှပါ။ ဘင်္ဂလီမှာ ဘင်္ဂလီ သာ ဖြစ်ပါသည်။ ရိုဟင်ဂျာအမည်သို့ ပြောင်းလဲခေါ်ဝေါ်လိုကြသူဘင်္ဂလီများ၏ နောက်ကွယ်ရည်မှန်းချက်မှာ သူတို့အားလုံး ရိုဟင်ဂျာအမည်ဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်ရေးပင်ဖြစ်ပါသည်။ ဤကဲ့သို့ ကောက်ကျစ်လှ သော ၄င်းတို့၏ ညာဏ်နီညာဏ်နက်များကို ကျွန်တော်တို့ အထူးသတိထားရန်လိုအပ်ပါသည်။
    ပြီးလျှင် “ရိုဟင်ဂျာအဖြစ် စာရင်းသွင်းဖို့ တောင်းဆိုတာက တထောင်မှာ တရာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လ၀ကက စစ်လိုက်တော့ အဖေကလည်း ဘင်္ဂါလီ၊ အမေကလည်း ဘင်္ဂါလီ၊ သားသမီးကျမှ ရိုဟင်ဂျာဖြစ်ချင် တာက ဆန္ဒစွဲတွေဖြစ်ပါတယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကဆိုကြောင်းလည်း သိရှိခဲ့ရပါသည်။
    တယောက်တည်းပဲတောင်းဆိုတောင်းဆို ယခုကဲ့သို့တောင်းဆိုဝန့်လာသည်မှာ ဦးနု၏ မိမိအာဏာတည်မြဲရေး တခုတည်းကိုသာကြည့်ပြီးကစားခဲ့သည့် နိုင်ငံရေးကစားကွက်အမှားကြောင့်ပင်ဖြစ်ပါသည်။ ယခုအခါ သမတ ကြီးဦးသိန်းစိန်အစိုးရအား ကျွန်တော်တို့တိုက်တွန်းလိုသည်မှာ ရိုဟင်ဂျာအဖြစ်စာရင်းသွင်းရန် တယောက်ပဲ တောင်းဆိုတောင်းဆို လုံးဝမလိုက်လျောရန်ပင်ဖြစ်ပါသည်။ ဦးနု၏အမှားမျိုးကို ယခုလက်ရှိမြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ ထပ်မံကျူးလွန်လိမ့်မည်မဟုတ်ဟု ကျွန်တော်ယုံကြည်ပါသည်။
  26. မင်းကြီးညို
    ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမျိုးနွယ်မဟုတ်ပါ။ အနောက်ဖက်မှ ခိုးဝင်လာသူတွေသာဖြစ်ပါ
    တယ်။ ဒုဗိုလ်ချုပ်ကြီး သိန်းဌေးရဲ့ အဆိုကို ထောက်ခံပါတယ်။ ခိုင်လုံသော အထောက်အထား
    မပြနှိုင်သူများကို အနောက်ဖက်ကို ပြန်ပို့ပါ။ မည်သည့်အဖွဲ့အစည်းကိုမျှ စိုးရိမ်ထိန့်လန့်ရန်မလို
    ပါ။ ကိုယ့်ဘက်က မှန်နေရင် သမ္မတ အိုဘားမား။ ဘန်ကီမွန်းတို့ကိုလည်း အားနာရန်မလိုပါ။
  27. Burmese immigration and authorities forced to write them as Bengali from Ne Win to Thein Sein. Everybody knows that. Thein Htay trrs to lie the same to former dictators.
    • I am tamil. I am myanmar citizen eventhough my forefathers came from another country before ww2.I am very thankful for myanmar pepople. Rohinja are not myanmar people. They have no right to ask. They should respect myanmar people. Myanmar people are merciful people. myamar people can consider case by case if they want. They cannot consider rohinja as myanmar. They can consider individualy if they want. Dont take adventage. Please respect myanmar people.
      • ဖိုးလုံး
        You are right Babalay. Thanks. We Myanmar people cleary know that who is good and who is bad. Our country has many Indians, Chinese who are living peacefully and getting along with our culture. We respect each other as well. Thanks again.
  28. ပြည်ချစ်သား
    ရိုဟင်ဂျာဆိုတာကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး ..
    ရခိုင်တွေက အခုကို တောင်ဘက်ကို တဖြည်းဖြည်း ဆင်းဆင် လာကြရပြီ ..ဒါ တို့တိုင်းရင်းသား
    တွေ အတွက် ရင်နာဖိုကောင်းတယ် …(မော်နီကာ)မင်းက အမေရိကန်ကို ဘာကြောင့် ဆတ်ဆတ်ထိမခံဖြစ်နေရတာလဲ ။။
  29. မင်းကြီးညို
    အိုဘားမားကို အကြံပြုလိုက်ပါတယ်။ ယခုအမေရိကန်ဗီဇာ(ပြည်တွင်းနေထိုင်ခွင့်)နှစ်စဉ်ခေါ်နေ
    ရာမှာ ဒီနှစ်မှာတခြားနိုင်ငံတွေကို(လုံးဝ)မခေါ်ဘဲ အဲဒီအိုဘားမားပြောနေတဲ့ မြန်မာနိုင်ငံထဲက
    ရိုဟင်ဂျာ(ဘင်္ဂါလီ)တွေကိုဘဲခေါ်ပါ။ အဲဒါဆိုရင် မြန်မာနိုင်ငံထဲက ရိုဟင်ဂျာပြဿနာကိစ္စလဲ
    ပြေလည်သွားမယ်။ ရိုဟင်ဂျာတွေကလဲ သမ္မတအိုဘားမားကို အထူးကျေးဇူးတင်ကြမယ်။ မွတ်
    စလင်နိုင်ငံတွေကလဲ အမေရိကန်တွေရဲ့ သဘောထားကြီးမှုကို အသိအမှတ်ပြုပြီး အကြမ်းဖက်
    လုပ်ရပ်တွေတောင်လျော့နည်းပပျောက်သွားနှိုင်တယ်။ မွတ်စလင်အစွန်းရောက် အယ်လ်ကေ
    ဒါ၊ တာလီဘန်စတဲ့ အကြမ်းဖက်အုပ်စုတွေလဲ သဘောပေါက်နားလည်ပြီး ငြိမ်းချမ်းလာမယ်။