လူထု အသက်မွေး ဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေ ပေါ်မှာ ချမှတ်ထားတဲ့ ဒီဥပဒေကို အခုလို စိုက်ပျိုးကာလ ရောက်နေချိန်မှာ ချက်ချင်း ရုတ်သိမ်းပေးရမယ်လေ။ ကျုပ်တို့က ဘာလျှော်ကြေးမှ ယူထားတာ မဟုတ်ဘူး
ဟက်ကာတွေက အကောင့်ကို ဟက်ပြီးနောက် ဦးနေမျိုးဇင်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဦးနေမျိုးဇင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို သိက္ခာကျစေမယ့် အကြောင်းအရာတွေ တင်ခဲ့ပါတယ်။
မီးစတင် လောင်ကျွမ်းခဲ့သည့်နေရာ သည် ဒေသခံကျေးရွာ များထံမှ ပြည်သူ့ လွှတ်တော် အမတ် ဦးဌေးမြင့် ပိုင်ဆိုင်သော ယုဇန ကုမ္ပဏီက ပီလောပီနံများ စိုက်ရန် သိမ်းယူထားသည့် နေရာများဖြစ်ပြီး သိမ်းဆည်းမြေများ ပြန်လည်ရရှိရန် တောင်းဆိုသည့်အထဲတွင် ဧက ၄၀၀ ကျော် အသိမ်းခံထားရသည့် ဝါရာဇွပ်ရွာလည်း ပါဝင်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ဒေသ အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်များကို ထိုးစစ်ဆင်ရာတွင် အစိုးရ စစ်တပ်က ဒေသခံ ပလောင် လူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း ပလောင်အဖွဲ့များက ထုတ်ပြန် လိုက်သည်။
ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ ကျော်ထံ ၎င်းတို့၏ နစ်နာမှုများ၊ လိုအပ်ချက်များကို အကြံပြုနိုင်ရန် အတွက် မေးခွန်းစာရွက်များ ပေးပို့ တောင်းခံနေပြီ ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က ပြောသည်။
“လနဲ့ချီပြီး ဒေသခံတွေနဲ့ လိုက်တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး ခုလို ထုတ်ပြန် လိုက်တာ၊ ဒီတောင်းဆိုချက်တွေ အကောင်အထည် ဖော်မပေးရင်တော့ ဒီစီမံကိန်းတွေကို ဆိုင်းငံ့ဖို့ ကျနော်တို့အနေနဲ့ ဆက်ပြီး တောင်းဆိုမှုတွေ လုပ်ရပါလိမ့်မယ်”
ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA)နှင့် နယ်ခြားစောင့်တပ် (BGF) တို့အကြား ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ယနေ့ မွန်းတည့်ချိန်မှ စ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း DKBA ဘက်က ပြောဆို လိုက်သည်။
တနေ့မှာ SSA ရဲ့ ခေါင်းဆောင်တယောက် ဖြစ်ဖို့ မပြောနဲ့ သာမန် စစ်သားတယောက် ဖြစ်ဖို့တောင် စိတ်ကူး မယဉ်ခဲ့ဖူးဘူးလို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း ရဲအရာရှိထံမှ ပျောက်ဆုံးသွားခဲ့သော ခြောက်လုံးပြူး သေနတ်တလက်လည်း ပြန်လည်ရရှိ သကဲ့သို့ ဒဏ်ရာရရှိသူ ရဲဝန်ထမ်းမှာလည်း သက်သာ ကောင်းမွန်လာပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဧရာဝတီသို့ ပြောဆိုသည်။
သူတို့က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဲဒီပုဒ်မနဲ့ ကျနော်တို့ မူရင်း ယာပိုင်ရှင်တွေကို လုပ်ချင်သလို လုပ်တယ်၊ ကုမ္ပဏီကလူတွေကျ လုပ်ချင်သလိုလုပ်၊ သွားချင်သလို သွားလို့ရတယ်။ ဒီပုဒ်မ တလဆိုရင် ကျနော်တို့ မြေတွေ ဘယ်လောက် ဆုံးရှုံးမလဲ စဉ်းစားကြည့်လေ။
ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို အစိုးရက ပြုလုပ်ပေးနေသော်လည်း လက်တွေ့ လုပ်ငန်းခွင် အတွက် အလုပ်အကိုင် ဖန်တီးပေးမှု လိုအပ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ပြောဆိုလိုက်သည်။
“အခုဟာက စီမံကိန်းဖြစ်မြောက်ရေး အတွက် ဖြစ်နိုင်မဖြစ်နိုင် ကြိုတင်လေ့လာနိုင်ဖို့ ဒီကုမ္ပဏီတွေနဲ့ သဘောတူညီမှု လုပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်၊ သူတို့အနေနဲ့ စာချုပ်အရတော့ တနှစ် လေ့လာခွင့် ရှိမှာပေါ့၊ ပြီးမှ စီမံကိန်း တည်ဆောက်ဖို့ ဖြစ်နိုင်မယ် ဆိုရင် ဆက်လုပ်မှာပေါ့”
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) နဲ့ အစိုးရစစ်တပ်တို့အကြား တန့်ယန်းမြို့နယ်ထဲမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ဆက် တိုက်ဖြစ်နေပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သတင်းရသည်။
“သင်္ကြန်နဲ့ မဆိုင်တဲ့ဟာတွေ ထည့်မရေးထားဘူးပေါ့။ သင်္ကြန်မှာလည်လို့ သွားရင်းလာရင်းနဲ့ ဖြစ်တဲ့ဟာတွေကိုပဲ ထည့်ထားတာပါ” ဟု ဒုတိယ ရဲမှူးကြီး မင်းအောင်က ဧရာဝတီသို့ ပြောသည်။
သင်္ကြန်မှာ အရက်သေစာ သောက်စားတာ၊ မူးယစ်ရမ်းကာတာတွေ၊ ဒါတွေကို ဆင်ခြင်ဖို့ အရေးကြီးပါတယ်။ ရာသီဥတုကလည်း အတော်ပူပြင်းနေတယ်၊ သရုပ်ပျက် ယဉ်ကျေးမှုနဲ့ အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ ဒါတွေကို ဆင်ခြင်ကြဖို့ ဒါတွေကိုပဲ တိုက်တွန်းချင်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာကိစ္စမှာရော၊ မြန်မာမွတ်စလင် ကိစ္စမှာရော နှုတ်ဆိတ်နေတဲ့ အတွက်ကြောင့်မို့လို့ မီးရှို့လိုက်တာပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံ ပါသွားတဲ့အတွက်ကြောင့်တော့ စိတ်မကောင်းပါဘူး။
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်းလဲ နိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။
“သူတို့ကတော့ Project တွေတင်ခိုင်းတယ်ဗျာ၊ ကြီးရင်ကြီးတဲ့အလိုက်၊ ငယ်ရင်ငယ်တဲ့အလိုက် သူတို့ စိစစ်ဦးမှာပေါ့၊ ကူညီမယ် လို့တော့ အတိအကျ မပြောဘူး၊ ဖြစ်နိုင်မယ်လို့တော့ ပြောတယ်၊ ကူညီနိုင်မယ်ဆိုရင်တော့ သူတို့ အကြောင်းကြားမှာပေါ့၊အခုထက်ထိ တော့ ဘာမှ အကြောင်းကြားလာတာ မရှိသေးဘူး”
“မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖြစ်သောကြောင့် ရွှေ့ပြောင်းခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်း ပေးအပ်ခြင်းများ၊ လုံးဝ ပြုလုပ်မည် မဟုတ်ပါ” စာတန်း ဆိုင်းဘုတ်များ စိုက်ထူ၍ ဆန္ဒဖော်ထုတ်ပွဲများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။
တကယ်တမ်း အဓိက တရားခံခေါ်မှာပေါ့ဗျာ၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူတွေကို ဖော်ထုတ်ဆဲပဲ ရှိပါသေးတယ်၊ လက်ရှိမှာ သူတို့က လာအကြမ်းဖက်မယ်၊ မီးရှို့မယ်၊ ဖျက်ဆီးမယ်၊ ဒါမျိုးလူတွေလောက်ပဲ လက်ရှိမှာ ဖမ်းမိပါသေးတယ်။
သင်္ကြန်ပွဲက အားလုံးရဲ့ပွဲ ဖြစ်တဲ့အတွက် ဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ပဲ ယူဆပါတယ်။ သင်္ကြန်ကာလ အတွက်တော့ လုံခြုံရေးကို နှစ်စဉ် လုပ်နေကြအတိုင်းတော့ စီမံထားပါတယ်။ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေအလိုက် သင်္ကြန်တွင်း လုံခြုံရေး စီမံချက်ဆိုတာ ရှိပါတယ်။
ဘုရားသမိုင်းရှင်းတဲ့ အခါမှာ ရှင်းပြသူက သတ်သတ်၊ ကင်းစောင့်သူက သတ်သတ် သူတို့ခွဲထားပါတယ်။ ကင်းစောင့်သူက “ဟိုမှာလာပြီ” ဆိုတဲ့ အသံကြားတာနဲ့ သူတို့အုပ်စုလိုက် မျက်ကွယ်ရာကို ပြေးပုန်းကြပါတယ်။
ဒုက္ခသည်တွေ နေရာချထားရေး၊ စားဝတ်နေရေး ကိစ္စရပ်တွေကို မြို့ခံ အာဏာပိုင်တွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေတဲ့ အပြင် မိတ္ထီလာ၊ မန္တလေး၊ ပျော်ဘွယ်၊ ပြင်ဦးလွင်၊ ရေနံချောင်းတို့က NLD ပါတီ ဝင်တွေကလည်း လာရောက် ပူးပေါင်းကူညီတယ်လို့ ဆိုပါတယ်။
ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် အစိုးရ စစ်တပ်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ ထိန်းချုပ် နယ်မြေ၌ ယနေ့မနက်ပိုင်းတွင် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရသည်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်အနီးက ရွှေမှော်များတွင် တရားမဝင် ဝင်ရောက်၍ ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆၀ ကျော်ကို ဒေသခံ အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း အစိုးရအဖွဲ့များ ကပြောသည်။
မဟာဗောဓိပင် ရွှေပလ္လင်တော်၊ အနိမိသ စေတီတော်၊ ရတနာ စင်္ကြတော်၊ ရတနာဃရ ရွှေအိမ်၊ အဇပါလညောင်ပင်၊ မုဉ္စလိန္ဒာရေကန်နှင့် ရာဇာယတန လင်းလွန်းပင်တို့ကိုလည်း အန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ အတိုင်းပင် တည်ထားကြောင်း ဦးကံချွန်က ပြောသည်။
တချို့က လုပ်ငန်းခွင် ဝင်ကုန်ကြတယ်။ တချို့က ကျနော်တို့ အမျိုးသား ကောလိပ် ဖွင့်တဲ့အထိ စောင့်နေကြတယ်။ ကျနော်တို့အနေနဲ့လည်း နိုင်ငံတကာ အသိအမှတ်ပြု ခံရအောင်တော့ ကြိုးစားရမှာပေါ့
“ဒီဆွေးနွေးချက်တွေကို ကျနော်တို့က အစည်းအဝေးပြန်လုပ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ မြန်မာအစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး၊ လူမှုရေး အသင်း၊ အဖွဲ့အစည်းတွေကို ကျနော်တို့ တင်ပြမှာဖြစ်တယ်”
“သူတို့ကို ပေါင်းရှင်း လုပ်အားပေး ခိုင်းနေရာကနေ ထွက်ပြေးသွား တာလို့ပြောတာပဲ၊ ၃ ယောက်တော့ပြန်မိတယ်၊ ကျန်တဲ့ လူတွေက တော့ရှာလို့မရဘူး၊ ကျနော်တို့လည်း ဝိုင်းလိုက်ပေးသေးတယ်၊ မိုးချုပ်သွားတာနဲ့ ရှာလို့မတွေ့တော့ ပြန်လာတာ”
စစ်ဆေးဆဲ အချိန်မှာပဲ ရှိသေးတဲ့အတွက် ကျနော်တို့အနေနဲ့ ဘာမှ ပြောလို့မရသေးပါဘူး။ စစ်ဆေးချက်တွေအပြီး ဗုဒ္ဓဟူးနေ့ကျရင်တော့ အမိန့်ချမှာပါ။ ကျနော်တို့ ဌာနကလည်း ဝန်ထမ်း စည်းမျဉ်းအရ အရေးယူ ဆောင်ရွက်သွားမှာပါ