အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် နံနက်တွင် ပခုက္ကူမြို့သို့ နေ့ချင်းပြန် သွားရောက်မည်ဖြစ်ကြောင်း သတင်းရသည်။ ခရီးစဉ်အတွင်း အဆိုပါဒေသ၌ ဗြိတိသျှနိုင်ငံ၏ အကူအညီဖြင့် ပြုလုပ်နေသည့် လူမှုရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှု မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေမည့် ရေရှည်တည်တံ့သော

KNU က အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်များ၌ အမျိုးသမီးများ၏ ပိုမို ပူးပေါင်း ပါဝင်မှုကို ဆောင်ရွက်သွားမည် ဖြစ်  ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးရေး ထိရောက် အဆင်ပြေချောမွေ့စေရန် ကျွမ်းကျင်သောပညာရှင်များ၏ အကြံပြုချက် များကိုလည်း ရယူသွားမည်ဟု ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဇန်န၀ါရီ၂၃ မှ၂၅ ရက်အထိ ကျင်းပသော KNUဗဟို ကော် မတီ အရေးပေါ် အစည်းအဝေး၏ အချက် ၅ ချက်ပါ ကြေညာချက်၌ ဖော်ပြ ထားသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်တို့သည် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တက္ကသိုလ် ရိပ်သာလမ်းနေအိမ်၌ ယနေ့ ညနေပိုင်းတွင် သွားရောက်တွေ့ဆုံကြမည်ဟု သတင်းရရှိသည်။ အကျဉ်းထောင် က ပြန်လွတ်လာပြီးနောက် ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး မည်သည့်ကိစ္စများဆွေးနွေးမည်ကို မသိရသေးပေ။ ပထမအကြိမ်တွေ့ ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၉ ဦးတို့သည် မိသားစု မိတ်ဆုံ ညစာအတူစား၍ အတွေ့အကြုံများကို လွတ်လပ်ပေါ့ပါးစွာ ပြောဆိုကြကြောင်း၊ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးခဲ့ကြပြီး ရင်းနှီးနွေးထွေး သည့် ဆက်ဆံ ရေး ဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု၊ ယင်းပိတ်ဆို့မှုများ လျှော့ချ၊ ရုပ်သိမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍတို့နှင့်

မြန်မာနိုင်ငံ၌ ကြီးမားသည့် အပြောင်းအလဲများ ဖြစ်လာနိုင်ခြေကို တွေ့နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။ ထို့အပြင် ရွေးကောက်ပွဲနှင့် တရားရေး လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာ အင်အားစုများ ပါဝင်လာနိုင်သော စစ်မှန် သည့် အပြောင်းအလဲ တရပ်ဖြစ်လာရန် နီးကပ်လာပြီ ဖြစ်သည်ဟုလည်း ဆိုသည်။ ဗုဒ္ဓဟူး နေ့က စတင်ပြီး ၅ ရက်ကြာကျင်းပ မည့် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် ကမ္ဘာ့ စီးပွားရေး ညီလာခံသို့ ပေးပို့သော ဗီဒီယို ရုပ်သံ သ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်၌ သီတင်းသုံးနေသော ဦးဂမ္ဘီရ အပါအ၀င် သံဃာ ၅ ပါးကို နိုင်ငံတော် သံဃ မဟာနာယက(မဟန) အဖွဲ့က ဇန်န၀ါရီ ၂၅ ရက်တွင် ဆင့်ခေါ်စာပေးပို့ကြောင်း သိရသည်။ ထိုသံဃာ ၅ ပါးသည် ခွင့်ပြုချက် မရ ဘဲ သီတင်းသုံးနေသောကြောင့် ပြစ်မှုကျွန်းလွန်သူများဖြစ်၍ ဆင့်ခေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။ မဂ္ဂင်ကျောင်းကို ၂ဝဝ၇ ရွှေဝါ ရောင်တော်လှန်ရေး နောက်ပိုင်းတွင် အာဏာပိုင်များက ချိတ်ပိတ်ထားသည်။ ကျောင်းထိုင် ဆရာတော်ကိုလည်း ပုဒ်မမျိုးစုံဖြင့် ထောင်ဒဏ် အနှစ်၂ဝ နှင့် ၆ လ ချမှတ်ခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် သံဃာတပါးဖြစ်သည့် ဦးဂမ္ဘီရသည် ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၃ နှစ် ချခံထားရာမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာသေးခင်က [...]

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး (Campaign manager) အဖြစ် ဦးဉာဏ်ဝင်း အား တာဝန်ပေးအပ်လိုက်ကြောင်း ယမန်နေ့က ထုတ်ပြန် သည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက် သော  အခက်အခဲ ပြဿနာ များကို ဦးဉာဏ်ဝင်း နှင့် တွေ့ဆုံ၍ မေးမြန်းစုံစမ်းခြင်း၊ အကြံဉာဏ် တောင်းခြင်းများ ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။

ဒီတပါတ် Dateline Irrawaddy အစီအစဉ်မှာ ဥရောပနဲ့ အမေရိကန်တို့ရဲ့မြန်မာပြည်ဖြစ်ပေါ်ပြောင်းလဲမှုအပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နဲ့ ဧရာဝတီ သတင်းထောက် ကိုခက်ထန်တို့ ဆွေးနွေးတင်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေပြီး ၎င်း၏ အထူးအကြံပေး မစ္စတာ ဗီဂျေ

စာပေစိစစ်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြည်တွင်းသတင်း ဂျာနယ်များမှ အယ်ဒီတာချုပ်များနှင့် တာဝန်ရှိသူများကို ခေါ်ယူ၍

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ကူးတို့လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၅ ဦး သေဆုံးကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တဘက်ကမ်းရှိ စေတီတောင်ကျေးရွာ၌ ကျောင်းတက်ရန်  လှေဖြင့်သွားကြရာ လမ်းတ၀က်တွင် လှေဝမ်းဗိုက် ပေါက်သွားသောကြောင့် ရေနစ်ခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာသတင်း၌ ဖော်ပြထားသည်။ သေဆုံးသွားသည့် ကျောင်းသား၊ ကျောင်းသူများမှာ မောင်ဇော်ဇော်ဦး (၇ တန်း)၊ မဖြူဖြူခင် (၇ တန်း)၊ မအေးစံ (၆ တန်း)၊ မသန်းသန်းနု (၇ တန်း)နှင့် မအင်္ဂလိပ်မ (၈ တန်း) တို့ဖြစ်ကြောင်း သိရသည်။

စင်ကာပူသမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်း၏ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန်နှင့် ဇနီးသည် စင်ကာပူသို့ မကြာမီ ချစ်ကြည်ရေးခရီး သွားရောက်မည်ဟု သိရသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr. Jonas Gahr Store သည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်၌ ယမန်နေ့က လာရောက်တွေ့ဆုံသည်။ နော်ဝေနိုင်ငံခြားရေးဝန်ကြီးသည် သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့သေးသည်။

အိမ်ခြေ ၂၂၀ ကျော်ပျက်စီး၊ လူ ၁၇ ဦးသေဆုံးပြီး ၁ ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေသည့် မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုကို အကြောင်းရင်း ဖော်ထုတ်နိုင်ပြီဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ဂိုဒေါင်အမှတ် ၈၀ တွင် လျှပ်စစ်ပစ္စည်းများကို ခလုတ်မပိတ်မိဘဲ ထားရာမှာ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းကြောင်း၊ ထိုမှ ဓာတုပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်အမှတ် ၇၉ သို့ကူးကာ အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည်ဟု သိရှိရသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအပါအဝင် မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုများကြောင့် ကျေနပ်အားရမိကြောင်း ဘန်ကီမွန်းက ပြောသည်။

စစ်အစိုးရလက်ထက် ကာလရှည်ကြာစွာ ထိုးကျနေသော မြန်မာ့စီးပွားရေးသည် ယခု ဘဏ္ဍာရေးနှစ်တွင် ၅.၅ ရာခိုင်နှုန်း တိုးတက်လာလိမ့်မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းလိုက်သည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်သော IMF ၏ မြန်မာ့စီးပွားရေး သုံးသပ်ချက်တွင် ယင်းသို့ ခန့်မှန်းထားခြင်း ဖြစ်ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြင်ဆင်သတ်မှတ်ရေးသည် ဦးစားပေးလုပ်ငန်းဖြစ်သည်ဟုလည်း ထောက်ပြထားသည်။

နိုင်ငံခြားကို တင်ပို့မယ့် ပုစွန်တွေထဲမှာ အပ်တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာအလုပ်သမား ၂၅၀ကျော်ကို အလုပ်က ထုတ်ပယ်လိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကစီအရေး၊ တရားမျှတမှု၊ တန်းတူညီမျှတမှုများ အတွက် ဘ၀ တသက်တာလှုပ်ရှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း အမတ်နေရာ အများစု

မကြာသေးမီက ဒီမိုကရေစီအပြောင်းအလဲများနှင့် ပတ်သက်၍ “မြန်မာပြည် ခရီးသစ်အစတွင် မျှော်လင့်ချက် ရောင်ခြည်သစ်များ ရှိနေကြောင်း” အမေရိကန်သမ္မတ

မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများ ရပ်ဆိုင်းပါက အမေရိကန်နိုင်ငံ၏ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရေးအတွက် ထောက်ခံပေးနိုင်ကြောင်း အမေရိကန် အထက်အလွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်လ် က ပြောဆို လိုက်သည်။ မက်ကော်နယ်လ်သည် ယခုလလယ်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားအရေး ပြေလည် လျှင် ပိတ်ဆို့ အရေးယူမှုရုပ်သိမ်းရေး စဉ်းစားမည်ဟုလည်း ပြောဆိုခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ဒု ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြားဖြတ်ရွေးကောက်ပွဲ၌ တခြားသောနိုင်ငံရေး ပါတီများက အနိုင်ရလျှင်လည်း ၎င်းတို့ပါတီ အနေဖြင့် ဂုဏ်ပြုပေးရန် ၀န်မလေးဟု ပြောဆိုကြောင်း သိရသည်။ နေပြည်တော်၌ ပြီး ခဲ့သည့် ရက်ပိုင်းအတွင်းက  ပြုလုပ်ခဲ့သည့် ကြံ့ဖွံ့ပါတီ၏ အစည်းအဝေးတခုတွင် ဦးရွှေမန်းက ထိုသို့ ပြောခဲ့ခြင်းဖြစ်ပြီး၊ အနိုင်ရသူ များကို လွှတ်တော်က ကြိုဆိုနေမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ လည်း ဖြစ်သူ ဦးရွှေမန်းက ပြောဆိုထားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပါကစ္စတန် သမ္မတ Asif Ali Zardari သည် ယနေ့ နေ့လယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ ပါကစ္စတန် သမ္မတနှင့် အဖွဲ့သည် ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံသည်။ ဦးသိန်းစိန်က ပါကစ္စတန်သမ္မတနှင့် အဖွဲ့ကို ညစာဖြင့် ဧည့်ခံသည်။ ပါကစ္စတန် သမ္မတ သည် ၎င်း၏၂ ရက်ကြာ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ကူးသန်း ရောင်းဝယ်ရေးနှင့် အပြန်အလှန် ဆက်ဆံရေးများ ဆွေးနွေးရန်ရှိသည်။

ပဲခူးမြို့အတွင်းရှိ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက ပဲခူးမြို့တွင် ကျင်း ပ သည်။ ယင်းအခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ တို့အပြင် ကို ကျော်ကိုကို၊ ကိုစည်သူမောင်တို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး မိန့်ခွန်းပြောကြောင်း သိရသည်။

မြန်မာအစိုးရ ခေါင်းဆောင်များနှင့် ဆက်နွယ်သူများအား EU က ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ထားမှုကို ယမန်နေ့ကစတင် ၍ ပြန်လည်ရုပ်သိမ်းလိုက်သည်။ မကြာသေးခင် လများ အတွင်း မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု များကြောင့် EU က ဒဏ်ခတ် ပိတ်ဆို့အရေး ယူမှုများထဲမှ ပထမအဆင့် အနေနှင့် ဗီဇာ ပိတ်ပင်ထားမှု ရုပ်သိမ်းရန် EU နိုင်ငံခြားရေး ၀န်ကြီးများက သဘောတူခဲ့ခြင်း ဖြစ်ကြောင်း AFP သတင်း တွင် ရေးထားသည်။ ပိတ်ဆို့အရေးယူမှုများတွင် စစ် လက်နက်ပစ္စည်း ၀ယ်ယူခွင့်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင် ရာ ၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုနှင့် EU နိုင်ငံများ အတွင်း ခရီးသွားလာရေး၊ မြန်မာ စစ် အာဏာပိုင်များနှင့် ၄င်းတို့နှင့် [...]

ရန်ကုန် မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ်၌ ဖြစ်ပွားသည့် ဒီဇင်ဘာ လကုန်ပိုင်းက မီးလောင်ပေါက်ကွဲမှုတွင် သေဆုံးခဲ့သော မီးသတ် ရဲဘော်များအား ဂုဏ်ပြုသည့်အနေဖြင့် “မီးလျှံကြားက သွေးသစ္စာ” ဗီဒီယို ဇာတ်ကား ရိုက်ကူးနေသည်။ ယင်းဇာတ်ကားကို ဖြစ် ရပ်မှန်အပေါ်အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်ပြီး ရုပ်ရှင် သရုပ်ဆောင် မင်းဦး၊ အောင်ခိုင်တို့နှင့် အတူ ရုပ်ရှင်ဗီဒီယို လောကသားများ ပါဝင် သရုပ်ဆောင်ထားကြောင်း၊ ၆၆ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြု ထုတ်လွှင့် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန် နိုင်ငံ သမ္မတ Asif Ali Zardari သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့ စတင်ရောက်ရှိမည် ဖြစ်သည်။ ၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ် ကူးသန်းရောင်းဝယ်ရေး နှင့် အပြန်အလှန် ဆက်ဆံရေးများ တိုးမြှင့်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံရန်ရှိကြောင်း ပါကစ္စတန် သတင်းများက ဖော်ပြသည်။

ကျောင်းသားခေါင်းဆောင်မှ နိုင်ငံ့ခေါင်းဆောင်သို့

တိုင်းပြည်နှင့် ပြည်သူလူထု အတွက် နှစ်ပေါင်းများစွာ ပေးဆပ် အနစ်နာခံခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ နှစ်ဦးတွင် လွတ်မြောက် လာခြင်းက

အမေရိကန် အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ တွေ့ဆုံဆွေးနွေးပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သံတင်ဆက်ထားပါတယ်