ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ၌ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကြောင့် နစ်နာမှုများအတွက် ဆန္ဒပြသည့် ဒေသခံ ဦးဆောင်သူများကို အာဏာပိုင်များက ရုံးတင် စစ်ဆေးနေကြောင်း သတင်းရသည်။

ဂျပန်ကုမ္ပဏီ မစ်ဆူအီက မြန်မာနိုင်ငံမှ အရည်အသွေး ကောင်းမွန်သည့် ဆန်(ဂရိတ်-၅) တန်ချိန် ၅၀၀၀ ၀ယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်၏ ပြောကြားချက်ကို ကိုးကား၍ ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ နှင့် ပတ်သက်၍ ယမန်နေ့က သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြား သည်။

မန္တလေးတိုင်း မိတ္ထီလာမြို့၌ မတ်လ ၂၀ ရက်က စတင်ခဲ့သော ဆူပူအကြမ်းဖက်မှုတွင် ဗုဒ္ဓဘာသာ ဘုန်ကြီး တပါး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မွတ်စလင် ၇ ဦးကို ယမန်နေ့က စွဲချက် တင်လိုက်ကြောင်း သတင်းရသည်။

တရုတ်နယ်စပ် လွန်ဆွဲမှုများကြား ဝ ပါဝင်လာခြင်း

ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာ ရခြင်းသည် အစိုးရဖက်က နယ်မြေကို အပြည့်အ၀ ထိန်းချုပ်လိုပြီး အနာဂတ် ကာလတွင် ၀ တပ်ဖွဲ့များကို တိုက်ခိုက်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင် နေခြင်းလော။

အိပ်မက်ဆုံရာ season 5 grand final ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ မေလ ၅ ရက်နေ့ညက ကျင်းပခဲ့ပါတယ်။ ဧရာဝတီက ရုပ်သံ ရိုက်ကူး တင်ဆက် ထားပါတယ်။

ရန်ကုန်ရှိ တော်ဝင် စင်တာTab Book စာအုပ်ဆိုင်၊ ပန်းဆိုးတန်းလမ်းရှိ အင်းဝ စာပေတိုက်၊ စာပေလောက ၅ တို့တွင်လည်းကောင်း၊ မန္တလေးရှိ ညိုစာပေ၊ ရာပြည့် စာပေ၊ အင်းဝ စာပေတိုက်တို့တွင်လည်းကောင်း ၀ယ်ယူနိုင်ပြီ

ဒုတိယ အကြိမ်မြောက် အမျိုးသား သတင်းဆုပေးပွဲ အခမ်းအနားကို မေလ ၃ ရက်နေ့က အမျိုးသား ပြဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဧရာဝတီက ရုပ်သံ တင်ဆက် ထားပါတယ်။

မြန်မာလူငယ်တွေရဲ့ စာရေးခြင်း စာဖတ်ခြင်း စွမ်းရည်မြှင့်တင်ရန်ရည်ရွယ်ပြီး လုပ်တဲ့ စာပေမြှင့်တင်လူ့စွမ်းအင် စကာတင် အဆင့်ရွေးချယ်ပွဲကို ရန်ကုန်မြို့ တော်ဝင်စင်မှာ မေလ(၃)ရက်နေ့က ကျင်းပခဲ့ပါတယ် ဧရာဝတီက ရုပ်သံ ရိုက်ကူး တင်ဆက်ထားပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) တို့က မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး အစရှိသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံ အားပေးလိုက်ကြောင်း

သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး ဥက္ကံမြို့နယ်မှာ ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှု ပဋိက္ခတွေကြောင့် အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်တွေနဲ့ ဗလီတွေ မီးရှို့ခံရမှုတွေနဲ့ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟရဲ့ မိန့်ကြားမှုတွေကို ဧရာဝတီက ရိုက်ကူး တင်ဆက်ထားပါတယ်။

တပတ်အတွင်း ဖြစ်ပွားခဲ့သော သတင်းအဖြစ်အပျက်များကို ဧရာဝတီ သတင်းဓာတ်ပုံဆရာများက မှတ်တမ်းတင်ခဲ့သမျှထဲမှ အကောင်းဆုံးဟု ယူဆသည့် သတင်းဓာတ်ပုံကို ရွေးထုတ်ပြီး ဖော်ပြပါသည်။

အာဏာရှင် အုပ်ချုပ်ရေးမှ ပြောင်းလဲလာမှုကို အသိအမှတ်ပြုသည့် အားဖြင့် ယခင် စစ်အစိုးရ ခေါင်းဆောင်များ အပေါ်တွင် ဗီဇာ ကန့်သတ်ထားခြင်းများ ထဲမှ အချို့ကို ဖြေလျှော့ပေးလိုက်သည်။

သမ္မတ ဦးသိန်းစိန်သည် လာမည့် မေ ၂၀ နှင့် ၂၁ ရက်များတွင် အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့သို့ သွားရောက်ရန် ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့ ပါရှိသည်။

မြန်မာ နိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်တွေက အလုပ်သမားတွေဟာ အလုပ်သမားနေ့ဖြစ်တဲ့ မေဒေး နေ့မှာတောင် ပိတ်ရက်မရရှိဘဲ အလုပ်ဆင်းနေရတဲ့ အကြောင်းကို ရုပ်သံနဲ့ တင်ဆက်ထားပါတယ်။

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် လီမီတက်သည် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနနှင့် သက်ဆိုင်ခြင်း မရှိတော့ဘဲ အများပိုင် ဘဏ်အဖြစ် အမည်သစ်ဖြင့် သီးသန့် ရပ်တည်ရန် စီစဉ်လျက် ရှိကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြ ထားသည်။

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ မြန်မာ သံရုံးကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံသူ ၂ ဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း ဂျကာတာ ဂလုပ် သတင်းတရပ်၌ ဖော်ပြထားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စဥ့်ငူရွာတွင် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သော ကုန်မာဆိုင် သုံးဆိုင်ကို ရိုက်နှက်ဖျက်ဆီးမှု ယနေ့ ဖြစ်ပွားသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ဥက္ကဌ တာဝန်ပေးအပ်လိုက်ကြောင်း နေပြည်တော်တွင် ကျင်းပနေ သည့် ကြံ့ခိုင်ရေး ပါတီ လူငယ်ညီလာခံတွင် ကြေညာသည်ဟု သိရသည်။

အစိုးရက ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၀ စောင် ထပ်မံ ထုတ်ဝေခွင့် ပြုလိုက်သည်။ National Time Daily ၊ Daily Eleven News ၊ Myanmar Freedom Daily ၊ The Nagani Daily ၊ Newswatch Daily ၊ The Pyi Myanmar Daily ၊ Myanmar Post Daily ၊ International Herald Tribune

ဒုတိယ ကမ္ဘာစစ်အတွင်း စစ်သုံ့ပန်းများနှင့် ပျောက်ဆုံး စစ်သားများ ပြန်လည် စုံစမ်း ရှာဖွေရေး အဖွဲ့(JPAC) သည် ဒုတိယအကြိမ် စုံစမ်းမှုများ ပြုလုပ်ရန် ယခု ရက်သတ္တပတ် အတွင်း ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း

မေလ ၁ ရက်နေ့ မေဒေးနေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေ အတွက် စိတ်ဓာတ် မြှင့်တင်ရေး အခမ်းနား ပြုလုပ်ခဲ့ပါတယ်။ ရုပ်/သံနဲ့ တင်ဆက်ထားပါတယ်။

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို ယနေ့ နေ့လယ်ပိုင်းက ပန်းတနော် မြို့နယ် တရားရုံးက ပုဒ်မ ၅၀၀ နှင့် တရား စွဲဆိုထားမှုအပေါ် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဧပြီလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ဥက္ကမြို့မှာ အစ္စလာမ် ဘာသာဝင်နေအိမ်များ အကြမ်းဖက် ခံရမှုမြင်ကွင်းများကို ဧရာဝတီက ရုပ်/သံ ရိုက်ကူး တင်ဆက် ထားပါတယ်။

ရန်ကုန်မြို့ မြောက်ဖက် မိုင် ၅၀ ကျော်အကွာရှိ ဥကံ္ကမြို့တွင် ယနေ့ မနက်က လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ အခြေအနေကို ထိန်းချုပ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောသော်လည်း ဒဏ်ရာရသူများ ကောက်ယူရနေပြီး အခြေအနေမှာ တင်းမာနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ ရုပ်သံနဲ့ တင်ဆက်ထားပါတယ်။

နိုင်ငံတကာ အနုပညာ နယ်ပယ်မှာ ပေါက်မြောက်ပေမဲ့ မြန်မာ ပရိသတ်တွေကြားမှာ ကြည့်ရှု့သူ နည်းပါးပြီး ဗလာပွဲ အဖြစ်သာ လက်ခံထားရဆဲ ဖြစ်တဲ့ မြန်မာ့ ရုပ်သေးသဘင်ကို ရိုက်ကူးတင်ဆက် ထားပါတယ်။

ယနေ့ နေပြည်တော်တွင်ကျင်းပသော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်ရေးဗဟိုအဖွဲ့အစည်းအဝေးက ပုဂ္ဂလိကသတင်းစာ ၁၀ စောင်ထပ်မံခွင့်ပြုခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေမည့် သတင်းစာ ၂ စောင်ပါဝင်ကြောင်း

“ဘယ်ကမှလည်း ကျန်းမာရေးအတွက် ရေသန့်အောင် ဆေးထည့်တာ မလုပ်သလို၊ ကျနော်တို့ ဒေသခံတွေကလည်း ဒါမျိုး လုပ်လေ့မရှိပါဘူး။ ကျနော်တို့အတွက်ကတော့ ဒီရေက ယဉ်ပါးနေတာပဲလေ။ ရေမသန့်လို့ ၀မ်းလျှောတာမျိုးလည်း မဖြစ်ပါဘူး”