ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက် သွားရန် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြသည်။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
တယ်လီဖုန်း စက်ကိရိယာနှင့် ဆက်စပ် ပစ္စည်းများ ရောင်းဝယ်ခွင့် လိုင်စင်နှင့် ဆက်သွယ်ရေး စက်ပစ္စည်း တင်သွင်းခွင့် ထောက်ခံ ချက် ရယူခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်ပြီး
ကုသလသမဂ္ဂ အေဂျင်စီတခုဖြစ်သည့် International Fund For Agriculture Development(IFAD) မှ အာရှနှင့် ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Dr. Ms. Hoomae Kim နှင့် Prf.Dr. Wang, Ms. Rosal Riza, Mr.Yoolando Arbun
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် သူ့နေအိမ်မှာ ပန်းချီပြခန်း ဖွင့်လှစ်တာကို ဧရာဝတီက တွေ့ဆုံးမေးမြန်းပြီး ရုပ်သံ ရိုက်ကူးတင်ဆက် ထားပါတယ်။
မဟာဆင် လေမုန်တိုင်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ
ဘာဆိုင်လို့ လူထုနဲ့ ထိတွေ့ရမှာလဲ၊ တိုက်ရိုက်မေးလိုက်၊ ဘဘ နိုင်ငံရေး လုပ်မလား မလုပ်ဘူးလား ဆိုတာ မေးလိုက်။ နိုင်ငံရေး လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး။ ၃ ကြိမ်တိတိ ဖြေတယ်နော်
သမ္မတ ဦးသိန်းစိန်က အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနှင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်သည်။
ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (Yangon City Public Transport Authority) ကို ဖွဲ့စည်းတာဝန်ပေးအပ် လိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် ကိုရီးယား Asiana Airlines လေကြောင်းလိုင်းတို့သည် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး Code Share သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထား သည်။
ငြိမ်းချမ်းရေးဟု ဆိုသော်လည်း မြေယာ လုယက် သိမ်းယူခံရခြင်း၊ သစ်တောများ ပျက်စီးဆုံးခြင်းနှင့် မြစ်ချောင်းများကို ရေကာတာများ နှင့် ပိတ်ဆို့ခံရခြင်း အဖြစ်များဆီသို့ ရောက်ရှိသွားမှာကို စိုးရိမ်ထိတ်လန့် နေကြသည်။
မော်လမြိုင်မြို့ရဲ့ အတိတ်သမိုင်းနှင့် လက်ရှိ အခြေအနေအထိ နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး အခြေအနေတွေကို မော်လမြိုင် တက္ကသိုလ်၊ သမိုင်းဌာနမှ အငြိမ်းစား တွဲဖက်ပါမောက္ခ ဦးအံ့ကျော်အား ဧရာဝတီ သတင်းဌာန၊ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုးမှ တွေ့ဆုံမေးမြန်း ထားပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖားရ်မြို့မှ မြန်မာနိုင်ငံ မန္တလေးမြို့အထိ ခရီးသည်တင် ယာဉ်လိုင်းခရီးစဉ်ကို မကြာမီ ပြေးဆွဲနိုင် ရန် စီစဉ်လျက် ရှိကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ကိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ရေရှားပါမှုနဲ့ ကြုံလာတဲ့ ပဲခူးတိုင်း၊ က၀မြို့နယ်၊ အုန်းနှဲကျေးရွာမှာ ရေခပ်ဖို့ အတွက် ရွာနဲ့ ၂ ဖါလုံလောက်ဝေးတဲ့ တောင်ပိုင်း ဘုရားရေကန်မှာ ရွာသူရွာသားတွေ ပင်ပန်းစွာ ရေခပ်ဆင်းနေရတဲ့ အကြောင့် ဧရာဝတီက ရုပ်သံ တင်ဆက် ထားပါတယ်။
ချမ်းသာအောင် ပရဟိတ ပညာရေး ကျောင်းကို One More က အလှူငွေ သွားရောက်ပေးအပ် ခဲ့ပါတယ်။ ရုပ်သံနဲ့ တင်ဆက်ထားပါတယ်။
ကမ္ဘာ့တတိယ အကြီးဆုံး ဘီယာကုမ္ပဏီကြီးက ရန်ကုန်မြို့အနီး စက်ရုံတည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံပြီး မြန်မာဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချရန်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဥပဒေဆိုင်ရာ အစည်းအဝေး တရပ်ကို ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစည်းအဝေး တက်ရောက်ခဲ့ကြောင်း အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေ ၁၆ ရက်နေ့၌ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ခန့်မှန်းထားသည်။
သမ္မတဦးသိန်းစိန်က ၂၀၁၁-၂၀၁၂ မှ ၂၀၁၂-၂၀၁၃ အထိ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၅ ဆ တိုးတက်ခဲ့သည်ဟု ထုတ်ပြန်ပြော ဆိုသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့ အထူးဒေသ ၄ အဖွဲ့နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ စနေနေ့က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံကြောင်း သိရသည်။
တပတ်အတွင်း ဖြစ်ပွားခဲ့သော သတင်းအဖြစ်အပျက်များကို ဧရာဝတီ သတင်းဓာတ်ပုံဆရာများက မှတ်တမ်းတင်ခဲ့သမျှထဲမှ အကောင်းဆုံးဟု ယူဆသည့် သတင်းဓာတ်ပုံ ကို ရွေးထုတ်ပြီး ဖော်ပြပါသည်။ ယခုဓာတ်ပုံမှာ ရန်ကုန်တိုင်း ဒလမြို့နယ်တွင် သောက်သုံးရေ အခက်အခဲကြုံနေရသည်ကို ဧရာဝတီသို့ ဓာတ်ပုံများ ရိုက်ကူးပေးပို့နေသူ ရွှေအင်းသား ခင်မောင်ဝင်းက သွားရောက် မှတ်တမ်းတင် ရိုက်ယူထားသည့် သတင်းဓာတ်ပုံဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဂျပန် ဖွံ့ဖြိုးရေး အင်စတီကျုမှ ဒေါက်တာ ရှိုအိချိ ကိုဘာယာရှီ (Dr. Shoichi Kobayashi) ရေးဆွဲ တင်ပြထားသော အထူးစီးပွားရေးဇုန် မာစတာ Plan မူကြမ်းအား ဆွေးနွေးရန် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ဦးဆောင်ပြီး မေလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၊ အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာနတွင် ကျင်းပမည်ဟု သိရှိရသည်။
ရန်ကုန်မြို့တော်ကို ၂၀၄၀ ခုနှစ် တွင် အခြေချနေထိုင်သူ ၁၀ သန်းကျော်ရှိမည့် “မဟာမြို့ကြီး” အဖြစ် ဖွံဖြိုးလာစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း “၂၀၁၃ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့်” တွင် ပြောကြားလိုက်သည်။
မေလ ၁၀နေ့ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် အနော်ရထား လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ Ice Berry ဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ရုပ်သံနဲ့ တက်ဆက် ထားပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ရုပ်သံနဲ့ တင်ဆက် ထားပါတယ်။
မြန်မာနိုင်ငံ၏ ဂက်စ်တင်ပို့မှုသည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း အမြင့်ဆုံးစံချိန်သစ် တင်နိုင်ခဲ့ပြီး ၀င်ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ ရှိသည်ဟု Natural Gas Asia သတင်းတရပ်တွင် ဖော်ပြထားသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းကမူ ဂက်စ်များ နိုင်ငံခြား တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံသာ ရှိခဲ့သည်။ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ ရှိသည့် မြန်မာနိုင်ငံတွင် ဂက်စ်တင်ပို့မှုမှ ၀င်ငွေ အမြင့်မားဆုံး ရရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခု အခါ မြန်မာနိုင်ငံသည် ဂက်စ် တင်ပို့မှု ထိပ်တန်း ၁၀ နိုင်ငံတွင် [...]
အဆိုတော် Rဇာနည်ရဲ့ တတိယမြောက် တကိုယ်တော် Album ဖြစ်တဲ့ အဆိပ်တက်အိပ်မက် သီချင်းခွေကို MTV ရိုက်ကူးပြီး VCD နဲ့ DVD ကာရာအိုကေပါ ထပ်မံထွက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ သတင်းအပြည့်အစုံကို ရုပ်သံနဲ့ တင်ဆက်ထားပါတယ်။
၂၀၁၃ ခုစ် မိုးရာသီ မြန်မာပြည်မှာ မုတ်သုံအ၀င်နောက်ကျပြီး မိုးနည်းနိုင်တယ်လို့ ဦးထွန်းလွင်က ဧရာဝတီကိုပြောဆိုထားပါတယ်။
မြန်မာပြည်တွင် Iron Man 3 ရုပ်ရှင်ဇာတ်ကား ပြသပြီး ပထမ တပတ် အတွင်းမှာပင် ဒေါ်လာ ၁၀၉၀၀၀ (မြန်ကျပ်ငွေ ၉၇ ဒသမ ၉ သန်း) ၀င်ငွေ ရရှိခဲ့ကြောင်း Disney ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ဇာတ်ကားကို မြန်မာနိုင်ငံတွင် ၆ နေရာ၌ ပြသလျက်ရှိကြောင်း၊ ယင်း အနက်မှ ၃ ခုမှာ နယ်ရုပ်ရှင်ရုံများတွင် လည်းကောင်း၊ ၂ ခုမှာ ရန်ကုန် ရုပ်ရှင်ရုံများတွင် လည်းကောင်း၊ ၁ ခုမှာ Junction Cineplex တွင် လည်းကောင်း ပြသလျက် ရှိကြောင်း The Hollywood Reporter သတင်းတွင် ဖော်ပြထားသည်။ အရှေ့တောင် အာရှဆိုင်ရာ Disney Studio [...]
စစ်အစိုးရလက်အောက်တွင် ပျက်စီးခဲ့သော မြန်မာနိုင်ငံမှ တက္ကသိုလ်များ ပြန်လည် ထူထောင်ရေးအတွက် အကူအညီပေးရန် ယူနိုင်တက် ကင်းဒမ်းသို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။ ယခုအခါ မြန်မာနိုင်ငံမှ တက္ကသိုလ် ပညာရေး အဆင့်အတန်းသည် အလွန်ကျဆင်းနေကြောင်း၊ ဘွဲ့ရပြီး ဘွဲ့ယူဓာတ်ပုံ ချိတ်ရန်လောက်သာ မျှော်လင့်နိုင်ကြောင်း၊ ရာစုနှစ်တဝက်ခန့် စစ်အုပ်ချုပ်ရေးလက်အောက် ကျရောက်ပြီးနောက် မြန်မာ့ တက္ကသိုလ် ပညာရေးစနစ်သည် ပျက်သုဉ်းလုနီးပါး ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်ရှိ တက္ကသိုလ် အမှုဆောင်လူကြီးများ အစည်းအဝေးသို့ ပေးပို့သော ရုပ်သံမိန့်ခွန်းတွင် ပြောကြားထားသည်။