အာဏာပိုင်များက ငါးမွေးမြူရေး တခုတည်းကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းကြောင့် အင်းအတွင်း ရေကျချိန် လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံများလည်း နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်သည့် အနေအထားများလည်း ပျက်စီးခဲ့ရသည်