ချမ်းအေးသာဇံ မြို့နယ် အမှတ် (၈) ရဲစခန်းမှ စခန်းမှူးက ကိုထွန်းအောင်ကျော် အသတ်ခံရမှုနှင့် ပတ်သက်၍ အမှုဖွင့် ထားခြင်းမှာ မှန်ကန်သော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသွားသည်။
နိုင်ငံရေး လေ့လာ သူများက အရပ်ဖက် လူအဖွဲ့စည်းတွင် အားကောင်းသည့် ၈၈ မျိုးဆက် ကျောင်းသားများနှင့် သမ္မတ ဦးသိန်းစိန်တို့ အကြား တွေ့ဆုံ ဆွေးနွေးသင့်သည်ဟု ယူဆနေကြကြောင်း သိရသည်။
“ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ SSA တောင်ပိုင်းတပ်တို့ KIA တပ်တို့ကို နယ်မြေအခိုင်အမာ မပေးဘဲ ရှင်းလင်းရေးကိစ္စတွေ ဆွေးနွေးဖို့များတယ်” ဟု စစ်ဘက်နှင့် နီးစပ်သူက ဆိုသည်။
ဦးဝင်းတင်က “ကျနော်တို့လို မင်းကိုနိုင်တို့လို အစိုးရနဲ့ သဘောမတူတဲ့ နိုင်ငံရေး ကိစ္စတွေမှာ ပြောဆိုဝေဖန်နေသူတွေ ပြစ်မှု တခုပေါ်လာရင် ထောင်ထပ်ကျရ မယ်ဆိုတာကို သွယ်ဝိုက်ပြ လိုက်တာ၊ နိုင်ငံရေး မလုပ်ဝံ့အောင် ခြိမ်းခြောက်လိုက်တာ” ဟု ယူဆကြောင်း ပြောသည်။
ဘဏ်လုပ်ငန်းရှင် တဦးက “တခြားနိုင်ငံတွေက စိုက်ပျိုးရေး ဘဏ်တွေ ဖွင့်သလို ဆောက်လုပ်ရေးနဲ့ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေအတွက် ဘဏ်ဖွင့်ခွင့်ပေးတဲ့ ပုံစံပါ” ဟု ပြောသည်။
“အဓိကရုဏ်း ဖြစ်တဲ့နေရာမှာ ကျနော်မရှိပါဘူး။ သိုးခြံကွက်သစ်မှာ ရောက်နေတာ။ မနေ့ညက ၁ နာရီလောက် တိုင်းရဲတပ်ဖွဲ့မှူးက အကူအညီ ပေးပါဆိုပြီးလာ ခေါ်ပါတယ်။ ပြီးတော့ စစ်မေးပြီး အခု တရားရုံးရောက်တာပါ”
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့အနောက်ဘက် ၁၆ မိုင်ခန့် အကွာရှိ ရွှေမင်းဖုန်း ရွှေတူးဖော်ရေး လုပ်ငန်းမှ ဈေးဆိုင်များ ရေထဲမျောပါပြီး လူ ၁၀ ဦးခန့် အသေအပျောက် ရှိနိုင်ကြောင်း ဒေသခံများထံမှ သတင်း ရသည်။
မန္တလေးတိုင်း အမရပူရမြို့ တောင်သမန် အင်းစောင်းရှိ ထိုင်းဘုရင်ဟောင်း ကျောက်ဘွားဒေါက် မဒူးဝါး၏ အုတ်ဂူ ပြုပြင်ထိန်းသိမ်း ရေးနှင့် အယုဒ္ဓယ ခေတ် ထိုင်းယဉ်ကျေးမှု ကျေးရွာ တည်ဆောက်ရေးအတွက် ထိုင်း-မြန်မာ ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သိရသည်။
“စစ်ဆေးမေးမြန်း အပြစ်တင်တဲ့ ပုံစံတော့ မဟုတ်ပါဘူး၊ အပြန်အလှန် ဆွေးနွေးတဲ့ သဘောပါ။ ကျနော်တို့က သူတို့ လုပ်ရပ်တွေကို ဝေဖန်သလို၊ ကျနော် တို့ကိုလည်း အပြန်အလှန် ထောက်ပြဆွေးနွေးတဲ့ သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာတိုင်းမ် ဂျာနယ် ရှယ်ယာဝင်ဟောင်း ဦးဆန်နီဆွေ သည် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းခွင့် အမိန့်ဖြင့် ရှမ်းပြည်နယ် တောင်ကြီး အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်ကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်း ထံမှ သတင်းရသည်။
တရုတ်ကွန်မြူနစ် ပါတီ ၏ ဖိတ်ကြားမှုဖြင့် မနက်ဖြန် တရုတ်နိုင်ငံသို့ သွားရောက်မည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) အနေဖြင့် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ရခိုင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြောဆိုဆွေး နွေးသွားမည်ဟု သိရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်က သင်္ကြန်အကြတ်နေ့ မြန်မာပြည်ကို ရောက်လာခဲ့ပြီး တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဖော်ပြထားပါတယ်။
ကျနော် မြန်မာ လူမျိုး၊ ဗုဒ္ဓဘာသာ စစ်စစ်ပါ၊ ကျနော့် တိုင်းပြည် ကျနော်ချစ်တယ်၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်တာပါ၊ ဘောလုံးက ဘာမှ ရစရာမရှိပါဘူး၊ ပေးဖို့ပဲရှိပါတယ်။
“ထောင်ဝတ်စုံကို အပ်ပါ၊ မအပ်နိုင်ဘူး၊ ဒါဆို ငွေ နှစ်ထောင် လျော်ပါ၊ မလျော်နိုင်ဘူး၊ နောက်ဆုံး သူတို့ စိုက်လျော်ပါမယ် လက်မှတ် ထိုးပေးပါ ဆိုတယ် ကျနော် ထိုးမပေးနိုင်ဘူး ငြင်းလိုက်တယ်”
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားစေရေးအတွက် “ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ကော်မ တီ” ကို ယမန်နေ့က မန္တလေးမြို့တွင် ဖွဲ့စည်းလိုက်သည်။
“နိုင်ငံခြားသားတွေ အခု အရမ်းလာကြတော့ လုပ်ငန်းရှင်တွေက ဟိုတယ်တို့ စား သောက် ဆိုင်လုပ်ဖို့ ၀ယ်ကြတယ်၊ တချို့လည်း ရန်ကုန်က ခြံမြေတွေကို ရောင်းပြီးတော့ ဒီမှာလာ ရင်းနှီးမြှုပ်နှံတာမျိုးတွေ ရှိတယ်”
ရိုးရိုးသားသား အပ်တာလား၊ ဖြန့်ချိတာလားဆိုတာ ကွဲပြားဖို့လိုတယ်။ ကျနော့် အတွေ့အကြုံအရ ဖြန့်တဲလူက ဘယ်တော့မှ ဘဏ်မအပ်ဘူး။ ဈေးကွက်ထဲမှာပဲ လည်ပတ်အောင် သုံးတယ်။ အဲဒီတော့ ရိုးရိုးသားသား အပ်တဲ့လူကိုတော့ ဥပဒေဆိုင်ရာ ခြွင်းချက်ရှိဖို့လိုတယ်
မနေ့ကအထိ လူတွေ ရပ်ရွာ ကာကွယ်ရေး အတွက် လုပ်နေရတာ။ တရက်မှ အိပ်ကောင်းခြင်း မအိပ်ရဘူး။ ဒီနေ့တော့ နည်းနည်းတော် သွားတယ်။ မြန်မာ တပြည်လုံး မင်းမဲ့စရိုက်လို ဖြစ်နေတာ ပြည်သူတွေမှာ ဘယ်သူ့ အားကိုးရမှန်း မသိတော့ လှိမ့်ခံနေရတယ်
“မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူ ဖြစ်စေရန် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ဆက်လက်ထောက်ခံ ပါဝင်သွားမည်”
ပဲခူးတိုင်း အနောက် ဘက်ခြမ်း ပြည်၊ သာယာဝတီ ခရိုင်များရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် ကျောင်းသားများက မိမိတို့ မြို့ရွာများအတွင်း ဆူပူမှုများ မဖြစ်ပေါ်စေရန် အသိပညာပေး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။
“အရိုးတွေ သပိတ်ထဲမှာ ထည့်ထားတယ် ဆိုကတည်းက ဘုန်းကြီးဝတ်နဲ့ ပျံလွန်တော် မူသွားတဲ့ မင်းကြီး ဥတွန်ပုံ ဆိုတာ ၉၉ ရာခိုင်နှုန်း သေချာသွားပြီ”
တာလေ ဒေသခံတဦးက “သောင်တူးတယ် ဆိုပြီး ချောင်းကြမ်းပြင်က ဆယ်ယူထားတဲ့ သဲတွေကို သောင်တူး သင်္ဘောပေါ်မှာ တင်မျှောတိုက် စနစ်နဲ့ ရွှေထုတ်ယူနေတာ တွေ့ရတယ်” ဟု ဆိုသည်။
နိုင်ငံခြားသား ခရီးသွားများနှင့် ဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့နိုင်ရေးအတွက် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် လေ့လာသင်ယူဖူးသူ ရဲတပ်ဖွဲ့ဝင်များဖြင့် ဦးစားပေး ဖွဲ့စည်းထားပြီး၊ ဘွဲ့ရပညာတတ်များကိုသာ ခေါ်ယူ စုဆောင်းထားခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း ကျောက်ဆည်ခရိုင်ရှိ ပုဂံခေတ်လက်ရာ တမုတ်ရှင်ပင် ရွှေဂူကြီးဘုရား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ထိုင်းရှေး ဟောင်း သုတေသန ပညာရှင်များက အကူအညီပေးမည်ဟု သိရသည်။
“ဒီအမျိုးသမီးက မျက်မမြင် အမေကြီးကို ဈေးရောင်းကျွေးနေတာ၊ ရက်ရက်စက်စက် အသတ်ခံရတာဆိုတော့ မြို့လူထုက ကရုဏာ သက်ကြတယ်၊ ဒါကြောင့် သေဒဏ်ပေးဖို့ အထိ တောင်းဆိုကြတာပါ”
လက်ဖက်ဈေးကွက် ကျဆင်းလာခြင်းကြောင့် ပလောင်ဒေသမှ တောင်သူများ လုပ်ငန်းခွင်ကိုစွန့်ခွာ နေကြသည့် အတွက် လာမည့်နှစ် အနည်းငယ် အတွင်း လက်ဖက် ထုတ်လုပ်မှု ပြိုလဲသွားနိုင်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချမှု ပိုမိုရရှိရန် အတွက် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အကျိုးစီးပွား ပဋိပက္ခများ ဖြေရှင်းရေး နယူးယောက် သဘောတူညီချက် (New York Convention) အဖွဲ့ ၀င်ရန် ပြည်ထောင်စု လွှတ်တော်က ယမန်နေ့က သဘောတူညီ လိုက်သည်။
“တပ်ရင်းမှူး အိမ်မှာ စကားများရင်းက တပ်ရင်းမှူးက ပါးရိုက်လိုက်တာမှာ ဌာနချုပ် တပ်ခွဲမှူးက သေနတ်ထုတ်ပြီး နှစ်ချက်က မိုးပေါ်ထောင် ပစ်တယ်၊ တချက်က တပ်ရင်းမှူးကို တည့်တည့်မှန်တယ်”
ဖို့ဒ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ နီးလ် မက္ကာသီက “ဖို့ဒ် ကုမ္ပဏီ မြန်မာပြည်ကို ၀င်ဖို့ အရှိန်ယူနေပါပြီ” ဟု AP သတင်းဌာနသို့ ပြောဆို ထားသည်။ ပြည်တွင်းတွင် ရောင်းချပေးမည့် သူလည်း ရှိပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသော်လည်း အသေးစိတ်ကိုမှု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု စွပ်စွဲပြောဆို ခဲ့သည်။