တမူးမြို့မြောက်ဖက် မိုင်၂၀ ခန့် အကွာက နန်းသလက် ချောင်းကူးတံတား ဖောက်ခွဲခံရတဲ့ အဓိက တရားခံဟာ အိန္ဒိယပြည်ထဲရေး လက်အောက်ခံ အာသံရိုင်ဖယ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ မဏိပူရ် အခြေစိုက် အိန္ဒိယခွဲထွက်ရေး အဖွဲ့ UNLF က စွပ်စွဲပြောဆိုလိုက်ပါတယ်

အခုက နှောင်းမိုးက မရွာတော့ တပို့တွဲ မ၀င်ခင်ကတည်းက ရေကျပြီး ကျပ်နေပြီ။ မကွေးတိုင်းဆိုရင် ဆင်ဖြူကျွန်း အောက်နားလေးမှာ အတော့်ကိုဆိုးတယ်။ သင်္ဘောတွေအပြင် မော် တော် တွေပါ သောင်တင်တာ။ တစင်းနဲ့တစင်း ကူတွန်း ကူဆွဲပြီး သွားနေရတာ

မူးယစ်ဆေးဝါးနှင့် လက်နက်များ လက်ဝယ်တွေ့ရှိမှုဖြင့် အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့ စန္ဒကူး ၃ ရပ်ကွက်နေ တရားရေး ၀န်ထမ်းနှင့် ခင်ပွန်းဖြစ်သူကို ယမန်နေ့ ညနေက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း

ကရင်လက်နက်ကိုင် တော်လှန်ရေးက နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ။ ကျနော်တို့ ကရင်ပြည်သူတွေလည်း ထိခိုက်သေကြေတာတွေ များလွန်းနေပြီ

တချို့ လက်မှတ်မ၀ယ်ရသေးတဲ့ သူတွေ၊ လက်မှတ်ဘယ်နား ၀ယ်ရမယ်မှန်း မသိတဲ့သူတွေကတော့ ဒီလက်မှတ် မှောင်ခို ရောင်းသူတွေဆီကပဲ ဈေးဆစ်လို့ လက်မှတ်ဝယ်ယူနေကြတာကိုလည်း တွေ့ခဲ့ပါတယ်။

“အနာဂတ် အာဆီယံနဲ့ အိန္ဒိယဆက်သွယ်မှု တိုးတက်ဖို့အတွက် အရေးပါတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ဆက်သွယ်တဲ့ လမ်းကို အမြန် ဆုံးပြီးစီးဖို့ လိုအပ်တယ်။ ဒီလမ်းအပြင် အိန္ဒိယ-မြန်မာ-လာအို-ထိုင်း ၄ နိုင်ငံကို ဆက်သွယ်မယ့် ကားလမ်းအတွက်ကိုလည်း မြန်မြန် အကောင်အထည် ဖော်နိုင်ဖို့ လိုတယ်”

တနင်္သာရီတိုင်း ထားဝယ်ဒေသ ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေး ဇုန်တွင် ၂၀၁၃ နှစ်ဆန်းပိုင်းမှ စ၍ အသေးစား စက်မှုလုပ်ငန်း စက်ရုံများကို စတင် တည်ဆောက်တော့မည်ဟု သိရသည်။

မြန်မာကို ဆွီဒင်လက်နက်များ မပေးကြောင်း အိန္ဒိယငြင်းဆို

ကချင် စစ်ပွဲများတွင် အစိုးရတပ်မှ အသုံးပြုသည် ဆိုသော ဆွီဒင်ထုတ် လက်နက်များကို မြန်မာ အစိုးရသို့ ပေးအပ်ခဲ့ခြင်း မရှိကြောင်း မြန်မာ နိုင်ငံရောက် အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး ဆာလ်မန် ကူရ်ရှိဒ်က ပြောဆို လိုက်သည်။

ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အခြေခံ ဥပဒေကို မပြင်ပဲလုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တယ်၊ တရားမျှတတယ်လို့ ပြောလို့မရဘူး၊ လွတ်လပ်ချင် လွတ်လပ်မယ်၊ ဒါပေမယ့် တရားမျှတမှာ မဟုတ်ဘူး

ရခိုင်ပြည်နယ်အရေးတွင် မည်သည့်ဘက်မှ မရပ်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော

“အကြမ်းဖက်တယ် ဆိုတာကို ကျမ လုံးဝ ရှုတ်ချပါတယ်။ ဒီအကြမ်းဖက်မှုတွေဟာ နှစ်ဖက်လုံးက လုပ်တာဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့်လည်း ကျမက ဘယ်ဖက်ကိုမှ မလိုက်တာပါ။ ကျမ ဒီဘက်နှစ်ဖက်လုံးကို ညှိနှိုင်းစေ့စပ် ပေးချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာ ဘက်မလိုက်မှ ရမှာပါ”

မြန်မာ့ ဒီမိုကရေစီရေး အတွက် အလိုအပ်ဆုံး အချိန်တွင် အားပေးမှု နောက်ပြန် လှည့်သွားသော အိန္ဒိယနိုင်ငံအား စိတ်ပျက်ခဲ့မိကြောင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

“အစိုးရချင်း ဆက်ဆံရေးထက် တိုင်းသူ ပြည်သားတွေ အချင်းချင်း ဆက်ဆံရေးက ပိုအရေးကြီးတယ်လို့ ကျမထင်တယ်။ ကျမ အနေနဲ့ နှစ်နိုင်ငံ ပြည်သူ ပြည်သားတွေ ကြားက နွေးထွေး ရင်းနှီးတဲ့ ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

သူတို့ မမြင်ဖူးတဲ့ အ၀တ်အစားတွေနဲ့ လူတွေ အုံလိုက် ဖြစ်နေလေတော့ လေဆိပ် လုံခြုံရေးနဲ့ ထောက်လှမ်းရေး တွေက မင်းတို့က ဘယ်ကလဲ၊ ဘာလာ လုပ်ကြတာလဲ၊ ဘယ်သူ လာမှာမို့လို့လဲ စတာတွေ လာမေးပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်သည် နှစ် ၄၀ အတွင်း ပထမဦးဆုံး အကြိမ် အိန္ဒိယသို့ ပြန်လည်ခြေချသည့် ခရီးစဉ်ကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းတွင် အစပြုပြီဖြစ်သည်။

သိမ်းဆည်းခံထားရသော ဥယျာဉ် ခြံမြေများနှင့် လယ်မြေများအတွက် နစ်နာကြေးပေးရန် ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်း သာ ရွာမှ ဥယျာဉ်ခြံမြေ ပိုင်ရှင်များက ယမန်နေ့ က ဆန္ဒဖော်ထုတ်ကြကြောင်း သတင်း ရရှိသည်။

ဒီပတ်ဝန်းကျင်က သာသနိက အဆောက်ဦတွေ မပျက်စီး မပျောက်ဆုံးစေချင်လို့ ၀ိုင်းကာကွယ်ပေးကြဖို့ ဆန္ဒထုတ်ဖော်တဲ့ သဘောပါ။ ပုဒ်မ ၁၄၄ ထုတ်ထားလို့ ဖမ်းမယ်ဆိုလည်း ဖမ်းပါစေ

စစ်ကိုင်းတိုင်းအတွင်း ခိုးဝင်လာသူများ ဖမ်းမိ

ဘင်္ဂါလီလူမျိုးတွေလို့ သိရပါတယ်။ ဗမာလိုလည်း မတတ်တော့ အခု စကားပြန်နဲ့ပဲ ပြောရတယ်။ လ၀က က သူတို့ ဘယ်ကလာလဲ၊ ဘာလာ လုပ်တာလဲ၊ ဘယ်ကိုသွားမှာလဲ ဆိုတာတွေ စစ်ဆေးနေတုန်းပါ

ဦးပိုင် နှင့် ၀မ်ပေါင် ကုမ္ပဏီကို လယ်သမားများ တရားစွဲမည်

“လယ်သမားတွေကို ဆဲဆိုတာတွေ လုပ်တာအပြင် အာဏာ ကို အလွဲသုံးစားလုပ်ပြီး ကျမတို့ကို ခြိမ်းခြောက်တာတွေရယ်၊ ရှေ့ဆက်လေ ကျမတို့ပေါ် မတရားတာတွေ များများလာလို့ မခံချင်စိတ်နဲ့ တရားစွဲဖို့ လုပ်တာပါ”

ရှားခဲကြီးအင်း ပဋိပက္ခ ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

ကိုကြည်သိန်းက ညာဘက်ရင်အုံမှာ သေနတ်ထိပြီး နေရာတင် သေသွားတယ်။ ဒဏ်ရာရတာ ၃ ယောက်။ ကျော်ဆန်းငွေက ခေါင်းမှာ ထိထားတယ်။ ကျော်ဇင်သန့်က လက်မောင်းမှာထိတယ်။ ၀င်းသန်းက ရင်အုံနဲ့ လည်ပင်းမှာ ထိထားတယ်

CNF ရုံးခွဲသစ်ကို တီးတိန်ဒေသခံများ ကန့်ကွက်ဆန္ဒပြ

အစိုးရနဲ့ ငြိမ်းချမ်းရေး မလုပ်ခင်တုန်းက CNF က ကျနော်တို့ ပြည်သူတွေကို ကာကွယ်မပေးတဲ့ အပြင် ဆက်ကြေးတောင်းတာ၊ လူသတ်တာတွေ ရှိခဲ့တယ်။ အဲဒီလို ကိုယ့်အမျိုးသား အချင်းချင်း အပေါ် လုပ်နေတဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို

“လယ်သမားတွေအရေး ကူညီနေတဲ့ မသွဲ့သွဲ့ဝင်း အပါအ၀င် ၀က်မှေးရွာက လယ်သမားတွေနဲ့ အားလုံးပေါင်း ၁၂ ယောက်ပါ။ သူတို့မနက်က ဘုရားပေါ်တက်တုန်း ဘုရားကို ပိတ်လိုက်ပြီးနောက် ဖမ်းခံရတာပဲ”

“မနေ့ညက ဆည်တည်းရွာ အပြင်မှာ ကင်းပုန်းတွေ လာချတယ်။ ရဲတွေလည်း တိုးလာတယ်။ ရွာထဲကို ၀င်ဖို့ ကြိုးစားတာ ရွာသားတွေက ပေးမ၀င်ဘူး။ ဒီမနက်မှာတော့ သူတို့ ဘာမှမလုပ်သေးဘူး”

ကြေးနီ စီမံကိန်းအရေး ကူညီသူကို ထိန်းသိမ်းမှု တန်ပြန်တရားစွဲမည်

သူ့ကို ဖမ်းထားတာ သေချာနေလျက်နဲ့ သူ့ညီက ရဲစခန်းကို သွားမေးတဲ့အခါ မရှိဘူး၊ မဖမ်းထားဘူးဘဲ ပြောပြီး ငြင်းလွှတ်နေတယ်။ ဗြောင်ပဲ ငြင်းတာ။ သူ့ကို ခေါ်သွားတုန်းကလည်း ဘာအကြောင်းပြချက်မှ မပေးသလို

သမ္မတကြီးက ပြန်လာပါ ပြောပေမယ့် သူတို့ရဲ့ လုံခြုံရေးအတွက် သော်လည်းကောင်း၊ သူတို့ရဲ့ ရပ်တည်ချက်အတွက် သော်လည်းကောင်း အတိုင်းအတာ တခုအထိ စောင့်ရှောက်ပေးမယ် ဆိုတာမျိုး မရှိဘူးဆိုတာ

NLD က လုပ်တာဖြစ်လို့ ခွင့်တောင်းရမယ်တဲ့။ တကယ်တော့ ဒီသင်တန်းက NLD ပါတီအနေနဲ့ လုပ်တာ မဟုတ်ပါဘူး။ အန်တီတို့ မိသားစုက ဒီသင်တန်းကို လုပ်တာပါ

ကိုဖြိုးဝေအောင်ကို ပြန်လွှတ်လိုက်ပြီ

“ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ နဲ့ လွှတ်လိုက်တာပါ။ မနက်ပိုင်း ၁၀ နာရီလောက်က ထောင်ပိုင်က လာလွှတ်ပေးမယ်လို့ ဖုန်းလှမ်းဆက်လို့ သိရတာ၊ လွှတ်ပေးတဲ့အတွက် ပြောစရာတော့ မရှိပါဘူး”

“မဟာဗျူဟာကျသော လှုပ်ရှားမှုတရပ်အဖြစ် မြန်မာစစ်တပ်ကို သင်တန်းများတိုးမြှင့်ပေးရန်နှင့် လက်နက်မဟုတ်သော စစ်သုံးပစ္စည်းများပေးအပ်ရန် အိန္ဒိယက ဆုံးဖြတ်လိုက်သည်”

ပည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး ပြည်သူတွေ ရူးနေတာပါလို့ စော်ကားတာ တချက်၊ ဧရာဝတီ မြစ်ဆုံဆည်ကို ပြန်စမယ်လို့ ပြောတာ

ကိုကျော်ဝင်းရဲ့ အကွက်ကို ထွန်စက်တွေက စ လာထွန်တာ။ ကိုကျော်ဝင်း၊ ကိုသိန်းအောင်နဲ့ ဦးတုတ်ကြီးတို့က ထွန်စက်ရှေ့ လှဲအိပ်လိုက်တယ်။ ထွန်ချင်ရင် ကျနော်တို့ပေါ် နင်းသွား

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှ လယ်သိမ်းခံ လယ်သမားများအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ဇေကမ္ဘာကုမ္ပဏီက အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

Page 1 of 3123