အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင် ရေးဆွဲရန် အစီအစဉ် မရှိကြောင်း ထုတ်ပြန် လိုက်သည်။

“ရဲတွေက ရေကြောင်း ဆိုင်ရာတွေ ကျွမ်းကျင်မှု မရှိဘူး။ ပင်လယ်ပြင်ကို စိုးမိုးနိုင်တဲ့ ရဲအရာရှိ မရှိဘူး။ ဒါကြောင့် စစ်တပ်က အရာရှိတွေကို တာဝန်ပေးတာပါ။ ပိုပြီး အစွမ်းထက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာတာပေါ့လေ” ဟု ဦးလှဆွေက ဆိုသည်။

ညမထွက်ရ အမိန့်သက်တမ်းတိုးသည့် မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်၊ စစ်တွေ မြို့နယ်များ ဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။

“ကျနော်တို့ ကိုယ်တိုင် တွေ့ထားတဲ့ အလောင်းက ၆ လောင်း ရှိပါပြီ၊ တခြား အသတ်ခံရသူ တချို့လည်း ရှိတယ်လို့ သတင်းပို့တာ တွေလည်း ရှိတယ်။ ဒါပေမယ့် အလောင်းတွေကိုတော့ စုံစမ်းရှာဖွေနေဆဲပါ”

“မဒေးကျွန်းပေါ်က ရဲစခန်း သွားတိုင်ရင်လည်းပဲ ဘာမှ တာဝန်ယူ ဆောင်ရွက်ပေးတာ မရှိဘူး၊ အဲဒီ ရဲစခန်းက တရုတ်တွေကို ကာကွယ်ပေးဖို့ တခုတည်း အတွက်နဲ့ ဆောက်ထား တာပါ၊ တရုတ်တွေ အလိုကျပဲ ဆောင်ရွက်ပေးတယ်၊ ဒေသခံတွေ အတွက် လုပ်ပေးတာကတော့ ဆန္ဒပြရင် ဖမ်းတာပါပဲ”

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ပရိန်ကျေးရွာ သားများနှင့် ထိုဒေသ၌ လုံခြုံရေး တာဝန် ယူထားသော တပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခ ဖြစ်ကြပြီး ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၃ ဦး သေဆုံးကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်းရှိ ဘင်္ဂါလီ (မွတ်စလင်) လူမျိုး အိမ်ထောင်စုတစုလျှင် ကလေးနှစ်ဦးသာ မွေးဖွားရန် ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းကို ထောက်ခံကြောင်း ထောင်နှင့်ချီ ပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့၌ ယနေ့ပြုလုပ်ကြောင်း သိရသည်။

ထိုလူနာများအား နီးစပ်ရာ မြန်မာနိုင်ငံသားများက ကူညီ စောင့်ရှောက်ပေး နေကြောင်း၊ မြန်မာ ဘုန်းတော်ကြီး ကျောင်းတွင်လည်း ခိုလှုံနေသူ ၂၀ ကျော် ရှိကြောင်း၊ မြန်မာသံရုံး အနေဖြင့် ယနေ့အထိ လာရောက် ကူညီပေးမှု မရှိသေးကြောင်း သိရသည်။

“အလုပ်သမားတွေ အဓိက တောင်းဆိုကြတာက လုပ်အားခ တိုးပေးဖို့နဲ့ ဥပဒေပါ အလုပ်သမား အခွင့်အရေးတွေ ခံစားခွင့် ရရေးပါ။ အဲဒါတွေကို တဘက်က သဘောတူ လက်မှတ်ထိုးပေးတာ မရှိသေးတဲ့အတွက် ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေကြတာပါ”

NDF ပါတီ ၏ ကြိုးပမ်းချက်သည် လာမည့် လွှတ်တော် အစည်းအဝေးများတွင် ဖွဲ့စည်းမည့် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ” ကို တရားဝင် ဖွဲ့စည်းပြီးမှသာ လွှတ်တော်သို့ တင်ပြသွားမည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။

ဌာနဆိုင်ရာ ပုဂ္ဂိုလ် ၇ ဦးနဲ့ မီဒီယာက ၆ ဦးကို ကျနော်တို့ ကော်မရှင်က ခေါ်ယူမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ အထဲက တယောက်က ဒေါက်တာ ဆိတ်ဖွား နာမည်နဲ့ရေးတဲ့ ဆောင်းပါးအတွက် သူတာဝန်ယူပါတယ်လို့ ပြောပါတယ်။

လယ်ယာမြေ သိမ်းခံရခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ၏ အလေးထား လုပ်ဆောင်ပေးမှု ရှိ မရှိနှင့်ပြည်နယ် အစိုးရ၏ ရခိုင်ပြည်တွင်း လုပ်ဆောင်ထားမှုများ မည်သည့် အတိုင်းအတာ အထိ ရှိသည်ကိုလည်း ဆွေးနွေးကြမည်ဟု သိရသည်။

တရုတ်စီမံကိန်းများနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ပြန်လည် ချုပ်ဆိုသင့်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ တွင်လည်း စာချုပ်များ ပြန်ချုပ်ဆိုပိုင်ခွင့် ဥပဒေကို ပြဌာန်းထားပြီး ဖြစ်ကြောင်း စသည်တို့အား တရုတ် ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“လတ်တလောမှာ စားနပ်ရိက္ခာရယ်၊ ကျောင်းတွေဖွင့်တော့မယ် ဆိုတော့ ကျောင်းသုံးပစ္စည်း ကိရိယာတွေ အရေးပေါ် လိုအပ်ပါတယ်” ဟု ဆလန်ကဘာ ဒွဲပီဆာက ဆိုသည်။

“နှုတ်နဲ့မပြောဘဲ တရားဝင် စာရေးပေးပါ။ အဲဒီစာကို ဗဟိုအစိုးရနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို တင်ပြပေးမယ်။ လွှတ်တော်မှာလည်း တင်ပြပေးမယ်လို့တော့ ဦးသိန်းဇော်က ပြောသွားတယ်” ဟု ဦးအောင်မြင့်က ဆိုသည်။

“ဟိုပင်က မန္တလေးကို ရထားနဲ့ ပါသွားတယ်ဆိုတာပဲ သတင်းရပါသေးတယ်။ သူတို့ ဘယ်ရောက်နေတယ်၊ ဘယ်လို အခြေအနေရှိနေတယ်ဆိုတာ သိရဖို့ စုံစမ်းနေဆဲပါ။ ဖားကန့်ထွက်သွားတဲ့ အဖွဲ့မှာ လူ ၄၀ ပါသွားတဲ့ ရွာကို ကျနော် ဒီ မနက်ပဲ သွားပြီး စုံစမ်းနေပါတယ်”

“မြို့နယ်တရားသူကြီး ၂ ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ ထောင်ဒဏ်ချမှတ်တာ ဖြစ်လို့ တရားမျှတမှု ရှိ မရှိ ဆိုတာကို ဥပဒေကြောင်း အရ အယူခံ ၀င်ပိုင်ခွင့် ရှိပါသေးတယ်။ ဒါကြောင့် ခရိုင်အဆင့် တရားရုံးမှာ ထပ်မံ အယူခံ ၀င်သွားမှာပါ”

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းများတွင် (ဆွဲ၊ တင်၊ စစ်) လူဦးရေ စာရင်း ကောက်ခံမှုကို မကြာမီ ပြန် လည် စတင်တော့မည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ကျေးရွာတချို့အပါအ၀င် မြန်မာနိုင်ငံ အထက်ပိုင်း၌ မိုးသည်းထန်၍ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးပြီး သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဂီရိမုန်တိုင်း ဒဏ်ခံရသည့် ဒေသတချို့တွင် သောက်သုံးရေ ရှားပါး ပြတ်လပ်မှု ဖြစ်ပွားနေ သည်မှာ တလ ၀န်းကျင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက ငွေတွေအများကြီးနဲ့ ကိုယ့်ဒေသမှာ လာရောက် ရင်းနှီးတဲ့အတွက် နိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးရမယ်၊ ချေးငွေတွေလည်း အများကြီး ပေးထားတယ်၊ ဒီတော့ တရုတ်တွေကို ဆန္ဒမပြသင့်ဘူးဆိုပြီး ပြည်သူတွေကို အပြစ်တင်တဲ့ ပုံစံနဲ့ ပြောဆိုသွားတယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတ အဖြစ် ပါဝင်အရွေးခံနိုင် ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ပြောဆိုသည်။

“အစီရင်ခံစာရဲ့ အသေးစိတ်ကိုတော့ ကျနော်တို့က ထုတ်ပြန်ပေးလို့ မရပါဘူး။ သမ္မတဆီတင်ပြီးပြီ ဆိုတာကိုပဲ ထုတ်ပြန်ပေးမှာပါ။ အသေးစိတ် အချက်အလက်တွေက အစိုးရအဖွဲ့ကပဲ ပြောဆိုလုပ်ပိုင်ခွင့် ရှိပါတယ်”

စစ်ဆေးခံရသူများကိုလည်း အာမခံ လက်မှတ် ထိုးပေးမည့်သူ ၂ ဦး ခေါ်ယူ၍ ရဲစခန်းသို့ လာရောက်ရန် အကြောင်းကြားထားကြောင်း၊ အာမခံ လက်မှတ်ထိုးခိုင်းမည့် ကိစ္စရပ်ကို စခန်းမှူးအား မေးမြန်းသော်လည်း ပြန်လည် ပြောဆိုမှု မရှိကြောင်း စစ်ဆေးခံရသူ ကိုမောင်ယဉ်လှက ဧရာဝတီသို့ ပြောသည်။

မိတ္ထီလာနှင့် ပဲခူးတိုင်းအတွင်း နေရာတချို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်၍ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) အနေဖြင့် ပါဝင်ပတ်သက်ရန် မလိုအပ်ကြောင်း သမ္မတ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုလိုက်သည်။

“ရခိုင်ဒေသကို အစိုးရ သတင်းစာတွေက မီးတွေပေးနေတာ ကြာပါပြီ။ လွှတ်တော်မှာလည်း ဒီကိစ္စတွေက ဖြေဆိုထားပြီးသား ကိစ္စတွေပါ။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။ ရန်ကုန်မြို့တောင် မီးမမှန်သေးဘူး”

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရဲစခန်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

စမ်းသပ်စဉ် ကာလ၌ပင် ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်နေကြောင်း၊ နမ္မတူ၊ နမ့်ခမ်း၊ ကျောက်မဲ စသည့် မြို့နယ်တို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတွင် ၂ ကြိမ်၊ ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ၂ ကြိမ် ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်

“KNPP နဲ့ လက်မှတ်ထိုးတဲ့ အချက် ၂၀ ထဲမှာ လေးငါးချက်တောင် အကောင်အထည် မဖော်နိုင်သေးဘူး၊ ငြိမ်းချမ်းရေး အတွက် လည်း ဘာမှမရေရာသေးဘူး၊ အာဏာပိုင်တချို့ကလည်း ဒုက္ခသည်တွေ ပြန်နေကြပြီ၊ ပြန်ချင်နေကြတယ်ဆိုပြီးတော့ သတင်းတွေ လွှင့်နေကြတယ်”

တည်ဆောက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဗဟိုအစိုးရရဲ့ ပွင့်လင်း မြင်သာမှု မရှိတာ၊ ရခိုင်ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့် နည်းပါးတာတွေကြောင့် ကြုံတွေ့နေရတဲ့ နစ်နာဆုံးရှုံးမှုတွေ အတွက် မကြာမီ ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက် လုပ်သွားမယ်

Page 1 of 9123Next ›Last »