အစိုးရက ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၀ စောင် ထပ်မံ ထုတ်ဝေခွင့် ပြုလိုက်သည်။ National Time Daily ၊ Daily Eleven News ၊ Myanmar Freedom Daily ၊ The Nagani Daily ၊ Newswatch Daily ၊ The Pyi Myanmar Daily ၊ Myanmar Post Daily ၊ International Herald Tribune
ဒုတိယ ကမ္ဘာစစ်အတွင်း စစ်သုံ့ပန်းများနှင့် ပျောက်ဆုံး စစ်သားများ ပြန်လည် စုံစမ်း ရှာဖွေရေး အဖွဲ့(JPAC) သည် ဒုတိယအကြိမ် စုံစမ်းမှုများ ပြုလုပ်ရန် ယခု ရက်သတ္တပတ် အတွင်း ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို ယနေ့ နေ့လယ်ပိုင်းက ပန်းတနော် မြို့နယ် တရားရုံးက ပုဒ်မ ၅၀၀ နှင့် တရား စွဲဆိုထားမှုအပေါ် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ နေပြည်တော်တွင်ကျင်းပသော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်ရေးဗဟိုအဖွဲ့အစည်းအဝေးက ပုဂ္ဂလိကသတင်းစာ ၁၀ စောင်ထပ်မံခွင့်ပြုခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေမည့် သတင်းစာ ၂ စောင်ပါဝင်ကြောင်း
သမ္မတ ဦးသိန်းစိန် ကို ကုလသမဂ္ဂ အာရှ နှင့် ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးကော်မရှင်(UN ESCAP) က အသိအမှတ်ပြု ဆု တံဆိပ် ချီးမြှင့်လိုက်သည်။
တရုတ်နိုင်ငံက စစ်သုံး ရဟတ်ယာဉ်များကို “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သို့ ပေးပို့ ကူညီကြောင်း သတင်းရသည်။
အမေရိကန် ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး တခုဖြစ်သည့် ဖို့ဒ်(Ford) ကုမ္ပဏီက မြန်မာနိုင်ငံ ကားဈေးကွက်ကို ၀င်ရောက်ရန် ပြင် ဆင် နေကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) နှင့် မြန်မာနိုင်ငံမှ တရားဝင် အလုပ်သမား သမဂ္ဂ အဖွဲ့များ ရန်ကုန်မြို့၌ ၂ ရက်ကြာ ဆွေးနွေးပွဲ တရပ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
မွန်ဂိုလီးယားနိုင်ငံ၌ ကျင်းပနေသည့် ဒီမိုကရေစီ နိုင်ငံများ အသိုက်အ၀န်း(Community of Democracy) အစည်းအဝေးကို တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေကြောင်း သတင်းရသည်။
ပြင်သစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ မြန်မာနိုင်ငံဘက်သို့ ထပ်မံပြောင်းရွှေ့လိုသူ ရခိုင်မျိုးနွယ်စုဝင်များ ရှိနေသဖြင့် နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများရွာ(နတလ) ကျေးရွာ တချို့တွင် လူနေအိမ်သစ်များကို ထပ်မံဆောက်လုပ်နေကြောင်း မောင်တောမှ လာသော သတင်းများအရ သိရသည်။
စင်ကာပူ အခြေစိုက် Toshiba Asia Pacific Pte.,Ltd. ၏ လက်ခွဲအဖြစ် တိုရှိဘာ၏ မြန်မာနိုင်ငံရုံးခွဲကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် မေလ၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့၏ ဖိတ်ကြားချက်အရ သြစတြေးလျ ဥပဒေပြု အထက်လွှတ်တော် ဥက္ကဋ္ဌ ဆီနိတ်တာ Hon. John HOGG နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၂၇ မှ မေ ၁ ရက်နေ့အထိ လာရောက် လည်ပတ်မည်
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့ရာ မြို့နယ်များရှိ ဒုက္ခသည်စခန်းများတွင် မိုးမကျမီ အချိန်မီ အမိုးအကာအောက် ရောက်ရှိရေး၊ သောက်သုံးရေ လုံလောက်စွာရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု စသည့်ကိစ္စရပ်များကို ဧပြီလ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဆွေးနွေးကြကြောင်း သိရသည်။
အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ ယာခင်းများအတွင်း ဝင်ရောက် ထွန်ယက်သည့် မူရင်း ယာပိုင်ရှင်များကို ယနေ့ နံနက်ပိုင်းက စပြီး ရာနှင့် ချီသည့် လုံထိန်း ရဲတပ်ဖွဲ့ ဝင်များက ရောက်ရိုက်နှက် ဖမ်းဆီး လျက်ရှိကြောင်း အဓိကရုဏ်း ဖြစ်ပွားရာနေရာသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဒေသခံများက ပြောသည်။ မူရင်း ယာပိုင်ရှင် များက ၎င်းတို့ယာမြေအား ဝမ်ပေါင်ကုမ္ပဏီအား ရောင်းချမည်မဟုတ်ကြောင်း၊ လျှော်ကြေးငွေကိုလည်း မယူနိုင်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ယာများအတွင်း ဝင်ရောက်ထွန်ယက်နေသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း၊ ယနေ့မနက်ပိုင်းတွင် တာဝန်ကျ လုံထိန်းရဲများ က ယခုကဲ့သို့ ဝင်ရောက်အကြမ်းဖက် ရိုက်နက်ခြင်းဖြစ်ကြောင်း ဒေသခံ တောင်သူများက ဆိုသည်။ ရဲတပ်ဖွဲ့များ ဝင်ရောက်ရိုက် နက်ဖမ်းဆီးရာ ယာများထွန်ယက်နေသည့် [...]
သမ္မတ ဦးသိန်းစိန်နှင့် ထိုင်း ၀န်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်တို့ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ၌ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ အလွတ်သဘော တွေ့ဆုံရာတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိကြောင်း The Nation သတင်း၌ ပါရှိသည်။ ဦးသိန်းစိန်သည် ဘရှုနိုင်း နိုင်ငံ၌ ကျင်းပသည့် ၂၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး သို့ တက်ရောက်ရန် ယမန်နေ့က ထွက်ခွာသွားကြောင်း ကြေးမုံ သတင်းစာတွင်လည်း ဖော်ပြထားသည်။ ဧပြီ ၂၉ ရက်တွင် ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ ၏ အာရှဒေသ ဖွံဖြိုးရေး ဆိုင်ရာ မူဝါဒ အစည်းအဝေး သို့ ဦးသိန်းစိန် တက်ရောက်ရန် ရှိကြောင်းလည်း [...]
ဒီမိုကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုးမှု မြှင့်တင်ရေး အတွက် ရည်ရွယ်၍ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန် ဂျပန်ဝန်ကြီးချုပ် ရှင် ဇို အာဘေးသည် မြန်မာနိုင်ငံသို့ မေလကုန်တွင် လာရောက်ရန် စီစဉ်နေကြောင်း The Japan Times သတင်းစာ က ဖော်ပြသည်။ ၁၉၇၇ ခုနှစ်တွင် ဝန်ကြီးချုပ် တာခဲအို ဖူကူဒါ ၏ ခရီးစဉ်ပြီးနောက် ယခု ဝန်ကြီးချုပ် ရှင်ဇို အာဘေး၏ မြန်မာနိုင်ငံခရီးစဉ်သည် ၃၆ နှစ်ကြာပြီးနောက် ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ၏ ခရီးစဉ် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့ မှ အနုပညာရှင် ၃၀၀ ကျော်တို့သည် မြန်မာ ယဉ်ကျေးမှု ပညာရှင်များနှင့် တွဲဖက် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အာဆီယံ ၁၀ နိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့မှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၆၁ ခုနှစ်က ပထမအကြိမ်၊ ၁၉၆၉ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပခဲ့ပြီး ၄၄ နှစ်အကြာတွင် တတိ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။
နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့(ICG)က သမ္မတ ဦးသိန်းစိန် အတွက် ငြိမ်းချမ်းရေး ဆုကို ယမန်နေ့ က အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် အခမ်းအနားဖြင့် ပေးအပ်သည်။
ထိုင်း နိုင်ငံ တာ့ခ် ခရိုင်တွင် ယမန်နေ့ ညက ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် မြန်မာ အလုပ်သမား ၃ ဦး သေဆုံး ပြီး ၅၇ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပမည့် Davis Cup နိုင်ငံတကာ တင်းနစ် ပြိုင်ပွဲများကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် အကျဉ်းသားအကျဉ်းသူ ၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
ယနေ့ နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၅၉ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ယနေ့ ညနေပိုင်းရရှိထားသော စာရင်းဇယားများအရ သိရှိရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကိုဘိုကြည်က ပြောဆိုလိုက်သည်။
သံချောင်းများကို ဖြတ်ပြီး ဂဟေဆော်စဉ် အနီးရှိ ဂတ်စ်အိုးပေါက်ပြီး လူ ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက တရားဝင်သတင်းထုတ်ပြန်သည်။
ယနေ့ညနေက အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦးကို ပြန်လည် လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၅ ဦးပါဝင်ကြောင်းသိရသည်။
မြန်မာအစိုးရ အနေဖြင့် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသည့် ပဋိပက္ခများ ပြေလည်ရေးအတွက် အရေးယူ ဆောင်ရွက်ရန် တိုက်တွန်းသွားမည်ဟု အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘန်ဘန်း ယူဒိုရိုနိုက ပြောဆိုကြောင်း သိရသည်။
ဥရောပ သမဂ္ဂ(EU)က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအားလုံး စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုဆိုင်ရာ ပိတ်ဆို့မှုမှအပ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့သည် ယမန်နေ့က တောင်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွား ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စွမ်းရည်မြှင့်တင်မှု အကူအညီများကို ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ သတင်း ဆက်သွယ်ရေး နည်းပညာ ကဏ္ဍ၊ စိုက်ပျိုးရေး ဆိုင်ရာ ကဏ္ဍများ၏ စွမ်းရည်မြှင့်တင်မှုများ ဖြစ်သည်ဟု Hindustan Times သတင်း၌ ဖော်ပြထားသည်။
အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘန်ဘန်းသည် အင်္ဂါနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ၂ ရက် ကြာခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို ဆွေးနွေးရန် ရှိကြောင်း