ဒီမိုကရေစီ ဆိုသည် လူများစု၏ ဆုံးဖြတ်ချက်ကို လေးစားဆောင်ရွက်ရုံမက လူနည်းစု အခွင့်အရေး ကိုလည်း ကာကွယ် စောင့်ရှောက်ရမည်။ အင်အားကြီးသူသာ အနိုင်ဆိုသည်မှာ ရိုင်းစိုင်းကြမ်းတမ်းသော တောတွင်း ဥပဒေသာ ဖြစ်သည်။
မူဝါဒ၊ တင်ပြပုံ၊ အားထုတ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ အပေါ် မူတည်ကာ မည်သည့် သတင်းမီဒီယာကို ရွေးချယ်မည် ဆိုသည်အား စာဖတ်သူ ပြည်သူလူထုက ဆုံးဖြတ်သွားပေလိမ့်မည်။
တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက် ပျက်ပြားစေသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် ဖန်တီးလှုံ့ဆော်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ရှုတ်ချပါကြောင်း
လတ်တလော အခြေအနေကား စိုးရိမ်ရဆဲ ဖြစ်သည်။ အကြောင်းမူ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာကို သပိတ်စခန်းအား နောက်ထပ် ဖြိုခွဲရေး မီးစိမ်းပြခြင်းဟု လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ကောက်ယူနိုင် သောကြောင့်ပင်။
လွတ်လပ် တောင့်တင်းသော စတုတ္ထမဏ္ဍိုင် မရှိပဲ ဒီမိုကရေစီ စနစ်ကို မဖော်ဆောင်နိုင်ပေ။ ယခု အချိန်ထိလည်း ပွင့်လင်း လွတ်လပ် လာသော သတင်း မီဒီယာများကြောင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ အကောင်း ဖက်သို့သာ ဦးတည်နေခြင်း ဖြစ်တော့သည်။ မည်သည့် အကြောင်းပြချက်ကြောင့် သတင်းမီဒီယာများကို ထိန်းချုပ်ရန် မလိုပေ။
ထာဝရငြိမ်းချမ်းရေးကို လူမျိုးစုံ တိုင်းရင်းသား အားလုံးနှင့် တသဘောတည်း လက်ရည်တပြင်တည်း တည်ဆောက်လိုလျှင် ပင်လုံကဲ့သို့ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်တို့ အပေါ် တိုင်းရင်းသား အားလုံး သဘောတူ လက်ခံမည့် အာမခံချက်ကို ဖော်ဆောင်ရမည်
အကြွေး ၆ ဘီလီယံကို လျှော်ပေးသည်ဟု ဆိုခြင်းမှာ သန်း ၆၀ ရှိသော နိုင်ငံသား တဦးချင်းစီတွင် တင်ရှိနေသော နိုင်ငံခြားအကြွေးတွင် ဒေါ်လာ ၁၀၀ ကျေသွားခြင်း ဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် အရွေ့ကို မြင်တွေ့ရသည်ဟု ဆိုနိုင်သော်ငြား အများပြည်သူအတွက် အစိုးရက တရားဝင် သတင်းထုတ်ပြန်မှု အားနည်းနှေးကွေးလွန်းနေပြီး တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေးတွင်လည်း မည်သို့မည်ပုံ ကိုင်တွယ်ဆောင်ရွက်မည်ကို ရှင်းလင်းစွာ မသိရှိရသေးချေ။
ကချင်စစ်ပွဲအား မရပ်စဲနိုင်ပါက နိုင်ငံသားတို့၏ အသက်၊ သွေးများ ထပ်မံ ပျက်ဆီးကြရမည်ဖြစ်ပြီး အမျိုးသား စိတ်ဝမ်းကွဲမှု၊ လူမျိုးရေး မုန်းတီးမှုတို့ကသာ ပိုမို ဆိုးရွား လာမည်ဖြစ်ပြီး နိုင်ငံတော် သစ် ထူထောင်ရေး နှောင့်နှေးမည် ကို နှစ်ဘက် လက်နက် ကိုင်ခေါင်းဆောင်များ သတိတရား ရှေ့ထားပြီး သဘောပေါက် လက်ခံကြရန်လိုသည်။
တခါတရံ စကားလုံး ဝေါဟာရများသည် ပဋိပက္ခကို မီးထိုးပေးတတ်သည်။ သို့ရာတွင် ဆိတ်ဆိတ်ငြိမ်ခြင်းကလည်း မဖြစ်မနေ ငြှိမ်းသတ်ရန်လိုနေသည့် မီးတောက်မီးလျှံကို အားပေးသည့် အောက်စီဂျင်ကဲ့သို့ ဖြစ်သည်။ ယင်းကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သိမြင်သဘောပေါက်သင့်သည်
၂၀၁၃ တွင် စစ်မက်ဖြစ်ပွားမှုများ၊ ပဋိပက္ခများ အေးငြိမ်းကာ တိုးတက်ဖြစ်ထွန်း မှုများဆီ ဦးတည်နိုင်ရန် ဧရာဝတီက ဆုမွန်ကောင်း တောင်းပေးချင်ပါသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း ဆန့်ကျင်ရေး သပိတ်စခန်းများကို ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကိုင်တွယ်နေသော ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့မှ အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် လူထု မကျေနပ်မှုများ တိုးပွားလာနေသည်။
တပ်မတော်က တာဝန်ယူ အုပ်ချုပ်နေသော ပြည်ထဲရေး ဝန်ကြီးဌာန၏ အင်အားသုံး နှိမ်နင်းမှုကို မီးစိမ်းပြခဲ့ သောကြောင့် စစ်တပ် အတွင်းရှိ ခေါင်းမာ ဂိုဏ်းသားများနှင့် အကျိုးတူ စီးပွားဘက်များ၏ ဩဇာကို ဦးသိန်းစိန် အစိုးရ မလွန်ဆန်နိုင် သေးဟုသာ ဆိုရပေတော့မည်
အမုန်းမီးကို အစိုးရအနေဖြင့် မည်သို့မျှ မငြိမ်းသတ်နိုင်တော့မည့် အခြေအနေကို ရင်ဆိုင်နေရပြီး မျိုးဆက်နှင့်ချီ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့သည့် လူမှုစနစ် ပျောက်ကွယ်သွားရပြီဖြစ်သည်။
စီးပွားရေး စနစ်ကို ကာကွယ် စောင့်ရှောက်သော ခေတ်မီ တပ်မတော် အဖြစ် ပြန်လည်ဖွဲ့စည်းရန်မှာ လက်ရှိ တပ်မတော် ခေါင်းဆောင်များ၏ ပုခုံးပေါ်သို့ ကျရောက်နေသည့် ကြီးမားသော သမိုင်း၏ တာဝန်ပင်
အဖိနှိပ်ခံများ၏ ဒီမိုကရေစီသူရဲကောင်း ဘဝနှင့် အပေးအယူ အလျှော့ အတင်းများကြားက လက်တွေ့နိုင်ငံရေးသမား ဘဝတို့ ကွာဟမှုကို ဒေါ်အောင်ဆန်းစုကြည် အချိန်တိုအတွင်း လေ့လာ ပြောင်းလဲယူနိုင်မှုက အမေရိကန်တို့ ပြောစမှတ် အဖြစ်ဆုံး ဖြစ်သည်။
ဦးသိန်းစိန်က နိုင်ငံရေးအရ တိုးတက် ဖြစ်ထွန်းမှုများ၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများ၊ သယံဇာတ သုံးစွဲမှု ပွင့်လင်း မြင်သာရှိရေးနှင့် ဘက်လိုက်မှု ကင်းရေး ဆောင်ရွက်ချက်များ
သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်သည် နှစ် ၅၀ ကျော်အတွင်း မြန်မာပြည် အဆင့်အမြင့်ဆုံး ခေါင်းဆောင် တဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သောကြောင့် အမေရိကန် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်ခရီးစဉ်ဟု
၂၄ နှစ်အတွင်း ဒီမိုကရေစီ စနစ်ဖော်ဆောင်မည် ဆိုသည့် ယခုလက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှသည် ရှေ့တွင် မည်သို့ အမှန်တရားကို ပွင့်လင်းစွာ ဖော်ထုတ်၍ မှတ်တမ်းတင်ကြမည်ကို စတင်စဉ်းစားသင့်ပေပြီ။
ထိုစဉ်က ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူ ကာယကံများကိုယ်တိုင်က ထုတ်ဖော်ရန် အချိန်မကျသေးဟု ယူဆထားခဲ့ကြရာမှ အနှစ် ၂၀ ခန့် ကြာပြီးနောက် ယခုကာလတွင် ပြန်လည် တစခန်းထလာခြင်းဖြစ်သည်။
အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ သွားရာလမ်းသည် မည်သည့်နိုင်ငံတွင်မျှ စိတ်ကူးယဉ်သလို မဖြစ်ဘဲ ကြမ်းတမ်းခက်ခဲသော စိန်ခေါ်မှုများ၊ ခါးသီးသော အမှန်တရားများနှင့် ရင်ဆိုင်ဖြတ်သန်း ရမြဲဖြစ်သည်။
အမှန် တကယ်လည်း ခေတ်မမီ တော့သော မြန်မာ့ တပ်မတော်ကို ခေတ်မီ ဖွံ့ဖြိုးသော တပ်မတော် အဖြစ် ဒေသတွင်း ရင်ဘောင် တန်းနိုင်ရေး မြှင့်တင်ရာတွင် လိုအပ်သည့် အကူအညီများ
မြန်မာနိုင်ငံတွင် ထုတ်ဝေခဲ့သည့် စာအုပ်၊ စာပေ၊ စာနယ်ဇင်း များကို ၄၈ နှစ်ကြာ စိစစ်ဖြတ်တောက် ခဲ့သည့် စာပေစိစစ်ရေး လုပ်ငန်းစဉ်တရပ် ယမန်နေ့က အဆုံးသတ်သွားပြီဟု ဆိုသော်လည်း တင်ထုတ် စနစ်မှ ထုတ်တင် စနစ်ကို စတင်ပြောင်းလဲ ကျင့်သုံးလိုက်ရုံဖြင့်
၂၀၁၂ ခုနှစ် ဩဂုတ်လ ၈ ရက်သည် မြန်မာ့ ခေတ်ပေါ် နိုင်ငံရေးသမိုင်းတွင် အချိုးအကွေ့ကြီးဖြစ်သည့် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှု ၂၄ နှစ် တိုင်၍ ၂၅ နှစ်အတွင်း ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်။
ဂျာနယ်နှစ်စောင်ကို စည်းကမ်းချက် မလိုက်နာသဖြင့် ထုတ်ဝေခွင့် ပိတ်သည်ဟု ဆိုသော်လည်း မည်သည့် စည်းကမ်းချက်ကို မည်သို့ မလိုက်နာကြောင်း ဦးတင့်ဆွေက မရှင်းခဲ့ပေ။
ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်စလင် ဘာသာဝင်များ အရေးကို အကြောင်းပြုပြီး မွတ်စလင်ကမ္ဘာမှ အစ္စလမ်ဘာသာရေး အစွန်းရောက် ဂျီဟဒ်ဝါဒီများက ယခင် နာမည်ပင် မကြားဖူးခဲ့သည့်
ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံးအပါအဝင် မြန်မာအစိုးရက လျစ်လျှူရှုထားခဲ့သည့် အတွက် ထိုင်းနိုင်ငံရောက် မြန်မာများမှာ နှစ်ပေါင်းများစွာ မျက်နှာငယ်ခဲ့ရသည်။
အတိုက်အခံ နိုင်ငံရေး ရပ်ကွက်က ယင်းကိစ္စသည် အစိုးရပါတီ အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို “ကျုံးသွင်းခြင်း”
မြန်မာအစိုးရကို စီးပွားရေးပိတ်ဆို့မှုများ လျှော့ချပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ရန် အတွက် အမေရိကန် အစိုးရ၏ လတ်တလော လုပ်ဆောင်ချက်များသည် မြန်မာ့စီးပွားရေး