အစိုးရမှာ ဒေါ်လာ တော်တော်ရှိနေတယ်။ ဒေါ်လာ များများဝင်နေတာ အစိုးရ၊ ဒေါ်လာများများလိုချင်နေတာ ပုဂ္ဂလိက ကဏ္ဍ။ ဒေါ်လာစီးဆင်းမှု မညီမျှမှုဖြစ်နေတယ်
ဆားကုန်သည်များက ဈေးကစားကာ တဖြည်းဖြည်း ဈေးနှိမ် ၀ယ်ယူသည့် အတွက် ယခုလို အရှုံးပေါ်ကြခြင်း ဖြစ်ကြောင်း ဆားတောင်သူများက တညီ တညွတ်တည်း ပြောဆိုကြသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံရာတွင် သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲမည့်လုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်မှ စတင်ကာ လုပ်ငန်း လိုင်စင်ပေးမှု အပေါ် တင်းကြပ်လျက် ရှိသည်။
နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အနေဖြင့် ဂျပန်ကုမ္ပဏီ မစ်ဆူရီနှင့် ပူးပေါင်းကာ တန်းမြင့်ဆန် တန်ချိန် ၅၀၀၀ ခန့်ကို ယခု ဘဏ္ဍာနှစ်၂၀၁၃ ခုနှစ် ဇွန်မှ စတင်ကာ တင်ပို့ဆောင်ရွက်သွားရန် စီစဉ်ထားသည်။
လက်ရှိ ဖွင့်လှစ်ခွင့်ပြုနေသော ကားစင်တာများမှာ တပတ်ရစ်ကား အရောင်းပြခန်းများ သာ ဖြစ်ပြီး ယခုဖွင့်လှစ်မည့် ကားအရောင်းပြခန်း များမှာ နိုင်ငံတကာတွင် ရောင်းချနေကြ သလို သက်ဆိုင်ရာ ကား ထုတ်လုပ်ရေး ကုမ္ပဏီမှ ထုတ်သော ကားများကိုသာ ရောင်းချမည်ဖြစ်သည်
အင်ဒိုနီးရှားနိုင်ငံသမ္မတ အလည်အပတ် ရောက်လာခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၏ လာရောက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းတထောင် အထိ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။
အဓိကရုဏ်းများနှင့် မီးလောင်မှု မှုခင်းများသည် ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း အင်္ဂလန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖွဲ့၏ စာတမ်းက သုံးသပ်ပြောဆို လိုက်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှာ ၀ိုင်အရက် လုပ်ငန်း၊ ရွက်ဖျင်တဲထိုး ခရီးသွားလုပ်ငန်း၊ တောတွင်း ခရီးသွားလုပ်ငန်း၊ မိုးပျံပူဖောင်းစီး ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းများကို ထူးထူးခြားခြား စွန့်စား လုပ်ဆောင်လာကြသည်။
တောင်းဆိုချက်များကို အကောင်အထည် ဖော်နိုင်ရန် ပြည်သူလူထု ကလည်း ပါသင့်သကဲ့သို့၊ လိုအပ်မည်ဆိုပါက ဥပဒေများ ပြဌာန်းသွားနိုင်ရန် အထိပါ ဆောင်ရွက်သွားမည်
ရိုးရိုးသားသား အပ်တာလား၊ ဖြန့်ချိတာလားဆိုတာ ကွဲပြားဖို့လိုတယ်။ ကျနော့် အတွေ့အကြုံအရ ဖြန့်တဲလူက ဘယ်တော့မှ ဘဏ်မအပ်ဘူး။ ဈေးကွက်ထဲမှာပဲ လည်ပတ်အောင် သုံးတယ်။ အဲဒီတော့ ရိုးရိုးသားသား အပ်တဲ့လူကိုတော့ ဥပဒေဆိုင်ရာ ခြွင်းချက်ရှိဖို့လိုတယ်
“ရေးဆွဲနေတဲ့ မူက ဧပြီ (သို့) မေလောက်မှာ ထွက်လာနိုင်မယ်။ ဒီလိုထွက်လာ ပြီးရင်တော့ စတင် လက်ခံသွားမှာပါ။ အဲဒီမူကို ရေးဆွဲနေတုန်းမှာ လုပ်ချင်တဲ့သူတွေ ဘဏ်ချင်းချင်း တိုင်ပင်ထားလို့ ရပါပြီ”
ထားဝယ်တွင် ရေနက်ဆိပ်ကမ်း ဆောက်လိုသည့် ထိုင်းနိုင်ငံ၏ စိတ်ကူးမှာ ပျက်ပြယ်မည့် အခြေအနေနှင့် တွေ့ကြုံနေရသည်။ ဂျပန်လူမျိုး ရင်းနှီး မြှုပ်နှံသူများက စိတ်ဝင်စားမှု နည်းပါးခြင်း၊ မြန်မာနှင့် တရုတ်နိုင်ငံများက ရင်းနှီး မြှုပ်နှံမှုများသာ ပိုမိုပြုလုပ်လာခြင်းကြောင့် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ IMF(International Monetary Fund) ၏ အကြံပေးချက် အရ ဘဏ်ချေးငွေ အတိုးနှုန်းများကို လျော့ချသွားရန် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ ညိနှိုင်း ဆွေးနွေးလျက် ရှိသော်လည်း ယခုထိ မဆုံးဖြတ်နိုင် ဖြစ်နေရသည်။
တာလေ ဒေသခံတဦးက “သောင်တူးတယ် ဆိုပြီး ချောင်းကြမ်းပြင်က ဆယ်ယူထားတဲ့ သဲတွေကို သောင်တူး သင်္ဘောပေါ်မှာ တင်မျှောတိုက် စနစ်နဲ့ ရွှေထုတ်ယူနေတာ တွေ့ရတယ်” ဟု ဆိုသည်။
လစာတိုးမည့် သတင်းထွက်ပေါ် ပြီးနောက် ရွှေနှင့် ဒေါ်လာဈေးနှုန်းများ အတက်အကျ မတည်မငြိမ် ဖြစ်နေပြီး အဓိကအားဖြင့် ဈေးကစားမှုကြောင့် မတည်ငြိမ်ရခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်
ထိုင်း Thai Beverage နှင့် ဒိန်းမတ် Carlsberg ဘီယာ ကုမ္ပဏီတို့သည် မြန်မာ့ဈေးကွက်တွင် အဓိက ယှဉ်ပြိုင်ကြမည့် ပြိုင်ဘက်များဖြစ်ပြီး ဘန်ကောက် အခြေစိုက် Singa Corporation ကလည်း မြန်မာဘီယာ ဈေးကွက်သို့ ထိုးဖောက်ရန် ပြင်ဆင်လျက် ရှိနေသည်။
လယ်သမားတွေအတွက်ပါ ထည့်သွင်း စဉ်းစားထားတယ်။ ဒါပေမဲ့ တောင်းဆိုတာကျတော့ အစိုးရဘက်က လုပ်ပေးမှရမယ်။ ပုဂ္ဂလိက အနေနဲ့ကတော့ လိုချင်တာကို ဆွေးနွေးထားတာပေါ့။ ထိုင်း၊ ဗီယက်နမ်နဲ့ အရင် ပူးပေါင်းကြည့်မှာပါ
အရေးကြီးတာက ဘယ်သူတွေ ဘယ်လောက် တိုးလဲဆိုတာ အရေးကြီးတယ်။ အထက်ပိုင်း တိုးပြီး အောက်ပိုင်းက ဒီအတိုင်းဖြစ်နေမယ် ဆိုရင်တော့ ဘာမှမထူးဘူး။ တိုးတဲ့ ပမာဏထက် ၀န်ထမ်းရဲ့အနိမ့်ဆုံး လစာ ဘယ်လောက် ရှိလဲဆိုတာ ပိုအရေးကြီးတယ်
နိုင်ငံခြားသားများ နိုင်ငံခြားငွေဖြင့် ဘဏ်အပ်ငွေ လက်ခံခွင့်ပေးထားပြီး ၎င်းငွေကြေးကို ယခင်က အမေရိကန်ဒေါ်လာ တစ်ကျပ်မှ အများဆုံး တစ်သောင်းထိ တပတ်လျှင်နှစ်ကြိမ်သာ ထုတ်ယူခွင့်ပြုထားရာမှ ယခုအခါ အစိုးရ ရုံးပိတ်ရက်မှအပ နေ့စဉ်ထုတ်ခွင့် ပြုလိုက်သည်။
ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တရားဝင်လဲလှယ်ခွင့်ပေးရန် ယခုနှစ် ဧပြီလ မတိုင်မှီတွင် ခွင့်ပြုပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြင်ဆင်ရန် စီစဉ်နေသည့် ကုမ္ပဏီဥပဒေမှာ ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့သည့် ဥပဒေဖြစ်ပြီး လက်ခံ ကျင့်သုံးလာမှုမှာ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီ ဖြစ်သည်
မော့တောင် ကုန်သွယ်ရေး စခန်းပြီးလျင် မြိတ်ခရိုင် အတွင်းမှ ကုန်ပစ္စည်းများကို ၅ နာရီအတွင်း အရောက်ပို့နိုင်မည် ဖြစ်ကြောင်းနှင့် ခရီးစရိတ် ကုန်ကျမှုပါ သက်သာသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်ငွေ မည်မျှတွင် အခွန်ရာခိုင်နှုန်း မည်မျှ ကောက်ခံမည်ကို အသေးစိတ် မရှင်းလင်း ထားသောကြောင့် အပြောင်း အလဲတွင် ရုန်းကန်နေရသော ကာယ ဉာဏ လုပ်သားများ အတွက် ဝန်ထုတ်ဝန်ပိုး ပိုမို ပိမည်ကို စိုးရိမ်ရသည်။
“MAPCO နဲ့ ဂျပန် က Mitsui ကော်ပိုရေးရှင်း ပူးပေါင်းလုပ်မှာပါ၊ အခုဆိုရင် မြန်မာ့ဆန် ကို တခါမှမဝယ်ဘူးသေးတဲ့ နိုင်ငံ တချို့ကလည်း ဝယ်ယူဖို့ စိတ်ဝင်တစား ကမ်းလှမ်းလာကြတယ်”
ဖို့ဒ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ နီးလ် မက္ကာသီက “ဖို့ဒ် ကုမ္ပဏီ မြန်မာပြည်ကို ၀င်ဖို့ အရှိန်ယူနေပါပြီ” ဟု AP သတင်းဌာနသို့ ပြောဆို ထားသည်။ ပြည်တွင်းတွင် ရောင်းချပေးမည့် သူလည်း ရှိပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသော်လည်း အသေးစိတ်ကိုမှု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
"အချိန် အတော်ကြီး ကြာအောင် ပြင်ဆင်လုပ်ကိုင်ရမှာ၊ ပုံစံတကျ အလုပ်ဖြစ်ဖို့ကို မျိုးဆက် နှစ်ဆက် သုံးဆက်လောက် သွားရဦးမယ်" ဟု မြန်မာစီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပက်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမာန် အကြီးအကဲဖြစ်ဖူးသူ မစ္စ ပရစ်ဆီလာ ကလပ်က ပြောဆိုသည်။
အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် မြန်မာ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ကြသည်။
FDI နှင့် အမေရိကန် အစိုးရ၏ ပျော့ပျောင်းသော ငွေကြေးမူဝါဒများက မြန်မာကျပ်ငွေ တန်ဖိုးကို ခြိမ်းခြောက် နေသောကြောင့် အစိုးရက စောင့်ကြည့် ထိန်းသိမ်းလျက် ရှိသည်။
လက်တွေ့တွင် မည်သည့် နိုင်ငံကမျှ လုပ်ငန်း မတိုးချဲ့သေးဘဲ အပေါ်ယံ ပြောဆိုမှုများသာ ဖြစ်နေသည်။ အိမ်နီးနားချင်း နိုင်ငံများ၏ ခေါင်းဆောင်မှုများက “မြန်မာနိုင်ငံကို ကျနော်တို့ ထောက်ပံ့ပါမည်” ဟူသော စကားလုံးထက် ပို၍ ဆောင်ရွက်ခြင်း မရှိ။
မြန်မာအစိုးရ အနေနဲ့ ကူညီပေးလိုက်တဲ့ ငွေကြေးအပေါ် သိသာတဲ့ တာဝန်ယူမှုရှိရဲ့လား၊ စီမံကိန်းတွေ အမှန်တကယ် အကောင်အထည်ဖော်ရဲ့လား ဆိုတာကို စောင့်ကြည့်မှာပါ