ဧရာဝတီ | Archive | သတင်း | 2
ယာဉ်တိမ်းမှောက်၍ ကားကြုံလိုက်စီးသည့် ဆရာမ ၂ ဦးသေဆုံး

ပွဲချင်းပြီး ဆုံးသွားတဲ့ ဆရာမဆို ပထမဆုံး အလုပ်ခန့်စာရလို့ ကျောင်းလာ တက်တဲ့နေ့ အပြန်မှာ ဖြစ်တာပဲ။ ကျန်တဲ့ တယောက် ကတော့ ဆေးရုံရောက်မှ ဆုံးတာ

ရှစ်လေးလုံး အရေးတော်ပုံဟု ခေါ်ဝေါ် ရည်ညွှန်း ကြသည်မှာ ၁၉၈၈ ခုနှစ်အတွင်း တစ်ပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီကို တောင်းဆို ဆန္ဒပြကြသော လူထု လှုပ်ရှားမှုကြီး ဖြစ်သည်။ ထို လှုပ်ရှားမှုကြီးတွင် အရေးအပါဆုံးမှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ဖြစ်သည်။

သာပေါင်း၌ ကျောက်ထုတ် လုပ်ငန်းကြောင့် လယ်ဧက ၆၀ ကျော် ပျက်စီး

ကျောက်ထုတ် လုပ်ငန်းများမှ ထွက်ရှိသည့် ရွှံ့နွံများ ဖုံးလွှမ်းမှုကြောင့် သာပေါင်း မြို့နယ်တွင် လယ်ဧက ၆၀ ကျော် ပျက်စီး သွားပြီ ဖြစ်ကြောင်း ပျဉ်းမထုံး ကျေးရွာမှ ဦးစိုးအောင်က ဧရာဝတီကို ပြောသည်။

မြန်မာ့ အပြောင်းအလဲ အလားအလာကောင်းများရှိဟု ဂျွန်ကယ်ရီ ပြော

မြန်မာနိုင်ငံရှိ ပြဿနာအားလုံး ပြေလည်ခြင်းမရှိသေးသော်လည်း မြန်မာ့ အပြောင်းအလဲသည် ထူးခြားပြီး အလား အလာ ကောင်းများ တွေ့ရှိရသည်ဟု မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြောကြားလိုက်သည်။

ထိုင်း-မြန်မာ “သေမင်းတမန် ရထားလမ်း” အထိမ်းအမှတ်ပြတိုက် ဆောက်လုပ်ခွင့်ပြု

ဒုတိယ ကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သော နာမည်ကျော် “သေမင်းတမန် ရထားလမ်း” အထိမ်းအမှတ်ပြတိုက်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ ဆောက်လုပ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

AGD ဘဏ်ရှယ်ယာကိစ္စ သဘောတူညီပြီးဟု ဦးနေဝင်းမိသားစု ပြန်တုံ့ပြန်

“အမှန်တိုင်းပြောရရင် ဒါကကျနော်တို့ အချင်းချင်းပြောထားတာနဲ့ဆို မဟုတ်ဘူးလို့ ပြောမယ်။ သူဖြေတာကို နားလည်မှုလွဲတာဗျ။ ကျနော်တို့ဘက်က ဘဏ်ကိစ္စကို သူတို့နဲ့ အားလုံးပြောပြီးသားပါ”

တိုက်ပွဲတွေ ထပ်ဖြစ်မှာစိုးရိမ်ပြီး ဖားကန့်ဒေသခံ ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်မှု ဖြစ်ပွား

ဖားကန့်မြို့နယ် KIA လှုပ်ရှားနယ်မြေအနီးမှာ အစိုးရစစ်တပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတချို့ စစ်ကြောင်း လှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲဒီဒေသခံတွေက ထိတ်လန့်ပြီး ဖားကန့်-မြစ်ကြီးနား ကားလမ်းပေါ်က ကျေးရွာတချို့နဲ့ ဘုရားကျောင်း တချို့မှာ သွားရောက်ခိုလှုံနေကြတာလို့ ဆိုပါတယ်။

KNU ခေါင်းဆောင်များနှင့် လူငယ် အဖွဲ့အစည်းများ ပထမဆုံး အကြိမ် တွေ့ဆုံ

ကရင် အမျိုးသား အစည်းအရုံး(KNU) ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် လူငယ် အရပ်ဘက်အဖွဲ့အစည်းများ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဂျက်ဆင်ခန်းမ (ယုဒသန်ဝင်း) တွင် ယနေ့ နံနက်ပိုင်းက ပထမဆုံးအကြိမ် တွေ့ဆုံကြောင်း

အပစ်ရပ် အမြန်လက်မှတ်ထိုးရေး MPC ကြေညာချက် NLD နှင့် ပါတီများကို ကိုယ်စားမပြု

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး (Nationwide Ceasefire Agreement) ကို အမြန်ဆုံး လက်မှတ်ထိုးဖို့ တိုက်တွန်းတာဟာ တိုင်းရင်းသားတွေကို ဖိအားပေးသလို ဖြစ်နေတယ် ” ဟု SNLD မှ ဦးစိုင်းညွှန့်လွင်က ပြောသည်

ဟင်္သာတ၌ ငါးလုပ်ငန်း ဦးစီးဌာနကို လယ်သမား ၄၀၀ ကျော် ဆန္ဒပြ

ရေချိုငါး လုပ်ငန်းဥပဒေ ချိုးဖောက်သည့် အင်းသားကြီးများအား အရေးယူခြင်း မရှိဟုဆိုကာ ဟင်္သာတခရိုင် ငါးလုပ် ငန်း ဦးစီးဌာနကို လယ်သမား ၄၀၀ ကျော်က သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် ဆန္ဒပြကြောင်း သိရသည်။

မွန်ပြည်နယ် အစိုးရနှင့်လွှတ်တော် ဘတ်ဂျက်ငွေ ကွာဟမှု အငြင်းပွားနေ

ပြည်ထောင်စု လွှတ်တော်က မွန်ပြည်နယ် အစိုးရသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အသုံးပြုရန် ချထားပေးသည့် ဘတ်ဂျက် ငွေ စာရင်းတွင် ကျပ် သန်း ၁၀၀၀ နီးပါး ကွာဟသည်ဆိုသော ပြည်နယ် လွှတ်တော်၏ ထောက်ပြ ချက်သည် မှန်ကန်မှု မရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့က ငြင်းဆို လိုက်သည်။

ထိုင်းနိုင်ငံ၌ တိုက်ပြိုကျ၍ လူ ၃ ဦးသေဆုံး၊ ၂၄ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီ(Pathum Thani) ပြည်နယ်၊ Khlong Luang ခရိုင်ရှိ ဆောက်လုပ်ဆဲ ၆ ထပ်တိုက် ၁လုံး သြဂုတ်လ ၁၁ ရက်က ပြိုကျခဲ့ရာ အလုပ်သမား ၃ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်

ဦးဇော်ဇော်ပိုင် ဟိုတယ်တွင် ဂျွန်ကယ်ရီ တည်းခိုမှု ဥပဒေ ချိုးဖောက်ခြင်း မရှိဟု အမေရိကန်တုံ့ပြန်

စီးပွားရေး ပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေသော ဦးဇော်ဇော်ပိုင် ဟိုတယ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တည်းခိုမှု သည် ဥပဒေ ချိုး ဖောက် ခဲ့ခြင်းမရှိဘဲ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ စီစဉ်ပေးမှုကြောင့် ယင်းဟိုတယ်တွင် တည်းခိုခြင်း ဖြစ်ကြောင်း

ကရင် အာဇာနည်နေ့ ရန်ကုန်မြို့တွင် ပထမဆုံအကြိမ် တရားဝင် ကျင်းပခွင့်ရ

၆၄ နှစ်မြောက် ကရင် အာဇာနည်နေ့ကို ယနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ ဂျက်ဆင်ခန်းမ(ယုဒသန်ဝင်း) တွင် ပထမ ဆုံး အကြိမ် တရားဝင် ကျင်းပသည်။

ရေစီးကြမ်းမှုကြောင့် ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှု အခက်ကြုံ

တနေ့ တကြိမ်ပဲ ငုပ်နိုင်တယ်။ ရေစီးက တအားကြမ်း နေတယ်။ ဒီနေ့ ထပ်မငုပ်တော့ဘူး။ မနက်ဖြန်လည်း ရေချိန်ကြည့်ပြီး ငုပ်ရမှာ။ ဘာပဲပြောပြော ဒီခေါင်းလောင်း ကြီးကို တူးနေရတာကို ကုသိုလ်ရပါတယ်။ ဘယ်လို အခက်အခဲတွေပဲရှိရှိ အမျိုးဘာသာ သာသနာ အတွက် ဆက်လုပ်သွားမှာပါ

အမျိုးသမီးများ တရုတ် ဇနီးမယားအဖြစ် ရောင်းစားခံရမှု ထိရောက်စွာ မဖြေရှင်းနိုင်သေး

မြန်မာနိုင်ငံမှ အမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရပြီး ဇနီးမယားများ အဖြစ် နှစ်စဉ် ရောင်းစား ခံနေရ သော်လည်း ထိရောက် စွာ မဖြေရှင်းနိုင် သေးကြောင်း သိရသည်။

လူငယ် ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်ပွဲ ကျင်းပ

သြဂုတ်လ ၁၂ ရက်နေ့ နိုင်ငံတကာ လူငယ်များနေ့ ဆိုတာ နိုင်ငံတကာ မှာတော့ သိနေတာကြာပြီ။ ကျနော်တို့ မြန်မာနိုင်ငံ မှာကျတော့ ဒါကို မသိကြဘူး။ ဒီတော့ လူတွေ များများ သိစေချင်ရင် ဒီအနုပညာကို ကြားခံမှပဲ နိုင်ငံတကာ လူငယ်များနေ့ ဆိုတာ လူငယ် တွေကြားမှာ ထိုးဖောက် နိုင်မှာပါ

နီးစပ်ရာ ရဲစခန်းသို့ လေသေနတ်များ အမြန်ဆုံးအပ်ရန် ရဲတပ်ဖွဲ့ သတိပေး

လိုင်စင်မဲ့ လေသေနတ် တွေကို နီးစပ်ရာ ရဲစခန်းတွေမှာ ပြန်အပ်ဖို့ တာဝန်ရှိသူ တွေက ထုတ်ပြန်ထား ပြီးနောက် လတ်တလောမှာ ဒဂုံမြို့နယ်ရဲစခန်းမှာ လေသေနတ် တလက် လာရောက် အပ်နှံ သွားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာ့ ပြု ပြင်ပြောင်းလဲရေးမှာ တပ်မတော်ကို ဂျွန်ကယ်ရီ ဘာကြောင့် မဝေဖန်ခဲ့လဲ

နိုင်ငံရေး အပြောင်းအလဲတွေ ရှေ့တိုးနိုင်ဖို့မှာ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိဘဲ မလုပ်ဆောင် နိုင်တဲ့ အခြေအနေမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ကိုသာ အလေးထား ပြော ဆို သွားတာမို့ အမေရိကန်အနေနဲ့ မြန်မာ နိုင်ငံနဲ့ ဆက်ဆံရေး အပျက်မခံလိုတဲ့ ပထ၀ီဝင် နိုင်ငံရေးကို အာရုံစိုက်

စစ်ကိုင်းမြို့ မဟာ သိမ်တော်ကြီး အတွင်းရှိ နံရံဆေးရေး ပန်းချီများအား ထိုင်းနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနက နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ပြုပြင် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး မျက်ခြည်မပြတ် စောင့်ကြည့်မည်ဟု ဂျွန်ကယ်ရီပြော

အားလုံး အဆင်ပြေနေ ပြီလား ဆိုရင်တော့၊ ခုထိမပြေ သေးပါဘူး။ လုံးဝ ပါပဲ။ တရားမျှတမှု၊ တာဝန်ယူမှု၊ လူ့အခွင့်အရေးနဲ့ အမေရိကန်က အမြဲတမ်း ကိုင်စွဲခဲ့တဲ့ စံချိန်စံညွှန်းတွေကို ချိုးဖောက်မှုတွေ ရှိ နေတာကိုလည်း လျစ်လျူရှု မထားဘဲနဲ့ ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်

မန္တလေးမြို့၌ ပုဒ်မ ၁၄၄ ပြန်လည် ရုပ်သိမ်း

မန္တလေးမြို့တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် ဇူလိုင် ၄ ရက်တွင် စတင် ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယနေ့တွင် ပြန်လည် ရုတ်သိမ်း လိုက်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။

ARF အစည်းအဝေးမှာ တောင်တရုတ် ပင်လယ် နဲ့ နျူကလီးယား အရေး ဆွေးနွေး

မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်(ARF) အစည်းအဝေးမှာ တောင် တရုတ် ပင်လယ် အရေး၊ နျူကလီးယား လက်နက် မပြန့်ပွားရေး တို့နဲ့ပတ်သက်ပြီး အဓိက ဦးစားပေး ဆွေးနွေး သွားကြပါတယ်။

သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့် ကျန်းမာရေး အခြေအနေ ဆိုးဝါးနေ

ငွေကြေး အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ရမည်းသင်း အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်း သိရသည်။

“ဝ” ဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု မရှိတော့ကြောင်း UWSP ပြော

ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နာမည်ကျော်ခဲ့တဲ့ “ဝ” ဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လုံးဝ မရှိတော့ဘူးလို့ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ရှစ်လေးလုံး ၂၆ နှစ်ပြည့်တွင် ငွေရတု လုပ်ငန်းစဉ် ဆက်လက် ဖော်ဆောင်ရေး ဆုံးဖြတ်

၂၆ နှစ်ပြည့် ၈၈၈၈(ရှစ်လေးလုံး) ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား၌ ငွေရတု အခမ်းအနားက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် လုပ်ငန်းစဉ် သုံးရပ်ကို ပြန်လည်သုံးသပ်ပြီး ဆက်လက်ဆောင်ရွက်ရန် တက်ရောက်သူများက ဆုံးဖြတ်ခဲ့ကြသည်။

စစ်တွေ ဒုက္ခသည် စခန်း၌ ပစ်ခတ်မှု ဖြစ်ပွား၍ လူ ၁ ဦး သေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီ (မွတ်စလင်) များနေထိုင်သည့် မှန်စီ ဒုက္ခသည် စခန်း၌ ရုန်းရင်း ဆန် ခတ်မှု ဖြစ်ပွား၍ လူစုခွဲ ပစ်ခတ်ရာ လူ ၁ ဦး သေဆုံးကြောင်း

ရေဘေးကြောင့် လူပေါင်း ၂သောင်းနီးပါး စာဝတ်နေရေး အခက်ကြုံနေ

မြန်မာနိုင်ငံ တောင်ပိုင်းဒေသ အများအပြားမှာ ရေကြီးရေလျှံ ဖြစ်ပြီး လူပေါင်း၂ သောင်းနီးပါး စားဝတ်နေရေး အခက်ကြုံ နေကြပြီး ထိခိုက် သေဆုံးမှု တွေလည်း ရှိလာ နေတယ်လို့ သိရပါတယ်။

ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုဖြင့် မြန်မာ ၄ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

အသက်မပြည့်သည့် အမျိုးသမီး ငယ်တဦး အပါအ၀င် အမျိုးသမီးများ ပြည့်တန်ဆာ လုပ်ငန်း၌ လုပ်ကိုင် နေကြောင်း သတင်း ရရှိသည့် အတွက် ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က)၊ ရဲ တပ်ဖွဲ့နှင့် စစ်တပ်တို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်

တာချီလိတ်တွင် ရွှေတူးဖော်ရေးကြောင့် လယ်ယာမြေ ဧက ၃၀၀ ခန့် ပျက်စီးမှုဖြစ်ပွား

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံတွင် ရွှေတူးဖော် ရေးကြောင့် လယ်ယာမြေ ဧက ၃၀၀ ခန့် ပျက်စီးနေသည် ဟု ဒေသခံများက ပြောသည်။