ကိုယ်ပိုင် ပြဌာန်းခွင့်၊ တန်းတူရေး တင်ပြထားတာကို ဆက်ဆွေးနွေးဖို့ ရှိတယ်။ တင်ပြထားတာ ကြာပြီ။ စည်းဝေးလုပ်တိုင်း ဒါကိုပဲ ပြောနေတာပါ။ အဓိကလည်း ဒါပါပဲ။ အဓိက နိုင်ငံရေး ဆွေးနွေးတယ် ဆိုတာ ဒါပါပဲ။
အခုလို ဆုရတယ်ဆိုတော့ ကိုယ့်နာမည်ကို သိဖို့က အရေးမကြီးပါဘူး။ ကိုယ့်နိုင်ငံကို လူသိသွားပြီး ဘယ်က ဆုရသွားတာလဲ “မြန်မာ” ဆိုတာကို သူတို့ ပါးစပ်ထဲမှာ တော်တော်လေး စွဲသွားတယ်လို့တော့ ထင်တယ်
လေကြောင်းခရီးသွားက ရုတ်ခြည်းတိုးလာချိန်မှာ လေဆိပ်တွေရဲ့ ခရီးသည် လက်ခံနိုင်မှု၊ လုံလောက်တဲ့ လေကြောင်းလမ်းညွန် ကိရိယာတပ်ဆင်ဖို့၊ လူအင်အား တိုးချဲ့နိုင်ဖို့အတွက် အခက်အခဲတွေ တွေ့လာရတယ်။
မင်းသား မင်းသမီးက တားလိုက်ရင် စိစစ်ရေးရုံး ကရေးခွင့်ပိတ်လိုက်တော့ တာပဲ။ မသိဘဲပါ သွားပြီဆိုတာနဲ့ စိစစ်ရေးရုံးရဲ့ အကြိမ်း အမောင်း နဲ့ သတိပေးခြင်း ကို ခံရပါတယ်။
နောက်တခုက မီလာက တကယ့်အဆိုတော်ကြီး မဖြစ်သေးဘူး၊ ဒီအချိန်မှာ မမျှော်လင့်ဘဲ ကိုယ့်မြန်မာနိုင်ငံသားတွေက မီလာကို ဝိုင်းပြီး အားပေးကြတယ်။ မီလာ အရမ်းပျော်တယ်။ ကျေးဇူးလည်း တင်တယ်။
အခု ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိပါတယ်။ ပြီးတော့ ဒီအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဘာတွေက အဟန့်အတား ဖြစ်နေလဲဆိုတာကို ကျနော်တို့ ဆွေးနွေးညှိနှိုင်း အဖြေထုတ်ကြမယ်။
ရခိုင်ကို နောက်ဆုံး သွားခဲ့တာ ဆယ်နှစ် ၀န်းကျင် ရှိပြီ။ အဲဒီ အချိန်နဲ့ ပြန်ပြီးတော့ ယှဉ်ကြည့်မယ် ဆိုရင် တိုးတက် ပြောင်းလဲမှုက ဘာမှ မတွေ့ရဘူး။ ပိုပြီးဆိုးလာတာပဲ တွေ့ရတယ်။
စစ်ပွဲကို ဘယ်လိုရပ်နိုင်မလဲ ဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများနဲ့ တိုက်ရိုက် သက်ဆိုင်သူများရော၊ တိုက်ရိုက် မသက်ဆိုင်ပေမယ့် နိုင်ငံရေးအရ အရေးပါသူများပါ ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားတာကို စုစည်းတင်ပြအပ်ပါတယ်
၂၀၁၃ ခုနှစ်အတွက် ကြိုတင်ဟောကိန်းတွေ သိနိုင်ဖို့ ဆရာ စံဇာဏီဘိုကို ဧရာဝတီက တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန်နှေးကွေးနေမယ်လို့ ဆိုပေမယ့် ၂၀၁၄ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာခြင်းနဲ့အတူ အဓိက အပြောင်းအလဲ မြင်တွေ့ရဖွယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အစိုးရ တဘက်က ငြိမ်းချမ်းရေး တည်ဆောက် မရ သလို။ လက်နက်ကိုင် အဖွဲ့အစည်းတခုတည်းလည်း မရဘူး။ နိုင်ငံရေး ပါတီတွေ၊ လူထုနဲ့ လက်နက်ကိုင်
အဖွဲ့အစည်းတွေ ပါဝင်ခွင့်ပြုပြီးတော့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး တော့မှ ငြိမ်ချမ်းရေးကို တည်ဆောက်လို့ရရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဒီမိုကရေစီအသွင်ဖော် ဆောင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်လို့ ရမယ်လို့ ကျနော်မြင်ပါတယ်။
မလိုအပ်ဘဲ ဘာကြောင့် အင်အားသုံးနှိမ်နင်းခဲ့တယ်ဆိုတာကို ပြည်သူတွေအနေနဲ့ သိခွင့်ရှိတယ်။ ကျမအဲဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဒီနေ့တွေ့ပြီး မေးမယ်။
မီးလောင်ဗုံးကိစ္စ အရင် စစ်အစိုးရ လက်ထက် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဆင်တဲ ကပစ အမှတ်(၃) မှာ အာပီဂျီ အလုပ်ရုံ ခွဲမှူး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း နဲ့ ဧရာဝတီ သတင်းထောက် ကိုညို (အော်စလို) ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ် ဆိုတာ ပြည်သူလူထု ကလည်း ၀မ်ပေါင်ကုမ္ပဏီကို အကြမ်း မဖက်အောင်၊ အစိုးရက လည်းပဲ ပြည်သူလူထုကို အကြမ်း မဖက်အောင် စောင့်ရှောက်တဲ့ အနေနဲ့ ပို့ထားတာလေ
ကြုံသလို ဘ၀ ဖြတ်သန်းနေတဲ့ မိန်းကလေး တယောက်ကို ဒီဥပဒေက မကာကွယ် ပေးတဲ့အပြင် သူက ပိုတောင် ဖိနှိပ်သလို ဖြစ်နေတယ်
အခုထောင်ထဲမှာ ယောက်ျားလေး ၁၄ ယောက်နဲ့ မိန်းကလေး ၂ ယောက် ကျန်နေပါသေးတယ်။ ကျနော် လွတ်လာတဲ့ အချိန်မှာ မျက်နှာတွေလည်း မကောင်းကြဘူး။ ကျောသားရင်သား မခွဲခြားဘဲ မျှမျှတတ ခံစားစေချင်တယ်
ကလေးသူငယ်အရေး ကိုင်တွယ်မှုတွေမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ရွာ အခြေပြု အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုက အရမ်း အားနည်းနေတယ်။
ရန်ကုန်မှာရှိတဲ့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် အဲဒီမှာရှိတဲ့ အမျိုးသမီးတွေဖြစ်ဖြစ် ပညာရေးကအစ အစစအရာရာ နယ်စပ်ဒေသတွေမှာ တန်းတူညီ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။
လတ်တလော ရွှေဘိုငလျင်၊ အတိတ်တွင် လှုပ်ခဲ့သော ငလျင်များနှင့် ဖြစ်ပေါ်လာနိုင်ခြေရှိသော ငလျင်များ အကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းကို ဧရာဝတီက တွေ့ဆုံမေးမြန်း ထားပါသည်။
ထိုင်းနိုင်ငံတွင် ရောက်နေသည့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ခေါင်းဆောင် ကိုမြအေးကို ၎င်းတို့အဖွဲ့၏ သဘောထားနှင့် ရှေ့ဆက်မည့် အခြေအနေများ အကြောင်း ဧရာဝတီ သတင်းထောက် ကျော်ခက တွေ့ဆုံ မေးမြန်း ထားသည်။
ကျနော်တို့ အမျိုးသား အကျိုးစီးပွား အတွက် အထောက် အကူဖြစ်မှာ ဖြစ်တဲ့အတွက် အိုဘားမား အနိုင်ရတာကို ကျနော် ၀မ်းသာတယ်။ ကျနော်တို့ တိုင်းပြည် အကျိုးအတွက် မျှော်လင့်ချက်တွေ အားကောင်း လာပါတယ်။
တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်။ ဒါကြောင့် အခြေခံဥပဒေကို ပြောနေတာဖြစ်ပါတယ်။ ဒီကိစ္စဘယ်လို လုပ်ကြမလဲ ဆိုတာကတော့ ဆွေးနွေးရမှာပေါ့။ ကြိုတင် ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲမျိုး တွေ့ချင်တယ်လို့ ဒါကြောင့် ပြောနေရတာပါ။
လက်နက်ကိုင်တွေ တိုက်နေမှ မဟုတ်ဘူး။ ဘာသာတခု၊ လူမျိုးတမျိုးအပေါ် မူတည်ပြီးတော့ တင်းမာမှုတွေ၊ မတည်ငြိမ်မှုတွေ ရှိနေတာကလည်း ငြိမ်းချမ်းရေး ရတယ်လို့ မဆိုနိုင်ဘူး။
အဲဒီအချိန်က ဗမာတွေ အစားကောင်းစားပြီး သန်စွမ်းထွားကြိုင်း ခဲ့ကြတယ်၊ နောက် ဆင်းရဲမွဲတေမှုကြောင့် အာဟာရ အပြည့်အ၀ မစားနိုင်၊ တဖြည်းဖြည်း လူကောင် သေးလာတယ်။ အခုအချိန်မှာ ကျနော်တို့ အားကစားသမားက လာအို၊ ကမ္ဘောဒီးယား လောက် ရှိတော့တယ်
အစိုးရတွေကနေ သေချာကို မကိုင်တွယ်ခဲ့ဘူး။ လ၀ကမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ စာရင်းဇယားတွေ လိမ်တယ်၊ မှတ်ပုံတင် လိမ်တယ်။ အဲဒါနဲ့ ပြဿနာ စဖြစ်ခဲ့တာပဲ။
ရခိုင်ပြည် ဘာသာရေး ပဋိပက္ခ၊ ကုရ်ဘာနီ ပွဲတော် ရပ်ဆိုင်းမှု၊ OIC ရုံးကိစ္စများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာ ကောင်စီ တွဲဘက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေကို ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက် ဇွဲထက်က တွေ့ဆုံ မေးမြန်းထားပါသည်။
မနန်းခင်ဇေယျာ၏ ခရီးစဉ်၊ ပြိုင်ပွဲ အတွေ့အကြုံများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံ မေးမြန်း ထားပါသည်။
ကြုံတွေ့ ရတာကတော့ တော်တော် ဆိုးဆိုးကြီးကို ကြုံခဲ့ရတယ်။ နောက်ဆုံး ကိုယ့်ဘဝကို ကိုယ့်ဘာသာ ကိုယ်တောင် ရှေ့ဆက် မရပ်တည်တော့ ဘူးလို့ တွေးလိုက် မိသေးတယ်။
သမ္မတဆိုတာ နိုင်ငရဲ့ အကြီးဆုံး နံပတ် ၁ ၀န်ထမ်းကြီးတယောက်ဟာ ပါတီ တခုရဲ့ ဥက္ကဌဖြစ်မှတော့ နိုင်ငံ ရေးနဲ့ ကင်းရှင်းပါ့မလား။