ဒေါ်အောင်ဆန်း စုကြည်ကြောင့် ၀င်လာတာ မဟုတ်ဘူး။ တရုတ်မှားလို့ ၀င်လာတာ မဟုတ်ဘူး။ ပစိဖိတ်ဧရိယာ တခုလုံးရဲ့ ပထ၀ီနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့မှ ၀င်လာတာ။ ဗမာနဲ့ အမေရိကန် အဆင်ပြေတဲ့ အတွက် တရုတ်ကို ဘာမှထိခိုက်စရာ မရှိပါဘူး။

ရာထူး ကြီးခဲ့ပေမယ့် သိပ်ပြီး မက်မက်မောမော မရှိခဲ့တော့ ခံသာပါတယ်။ အရင်က ဘ၀ကို သိပ်တွယ်တာ တပ်မက်နေတဲ့သူ ဆိုရင်တော့ ဘယ်ခံသာမလဲ

ဘာဆိုင်လို့ လူထုနဲ့ ထိတွေ့ရမှာလဲ၊ တိုက်ရိုက်မေးလိုက်၊ ဘဘ နိုင်ငံရေး လုပ်မလား မလုပ်ဘူးလား ဆိုတာ မေးလိုက်။ နိုင်ငံရေး လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး။ ၃ ကြိမ်တိတိ ဖြေတယ်နော်

အစိုးရကို ပေးရင် အစိုးရကတဆင့် သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေက ခုနက မြေသိမ်းခံရတဲ့ သူတွေကို ပေးရမယ့်အခါမှာ ဘာအားနည်းချက်ရှိသလဲ။ ဘယ်သူတွေက ဖြတ်စား လတ်စားလုပ်သလဲ။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည် တခုလို့ ထင်ပါတယ်။ အဲဒါကို မြန်မာလူမျိုးတွေ ဂုဏ်ယူသင့်တယ်

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး တနှစ်အကြာ NLD ပါတီအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိ သုံးသပ်ချက် အမြင်များကို စုစည်းဖော်ပြ လိုက်ပါသည်။

မွန်းအောင်က ဧရာဝတီနှင့် အပြန်အလှန် အီးမေးလ်ဖြင့် အမေးအဖြေလုပ်ရာတွင် နှစ် ၂၀ ကျော် ဖြတ်သန်းလာခဲ့ရသည့် သီချင်းသည်တဦး၏ ယုံကြည်ချက်၊ ခံယူချက်နှင့် မျှော်လင့်ချက်များကို ပြောပြသည်။

ဦးဇော်ဇော်က တိုင်းပြည်မှာ သစ်တပင်မှ မခုတ်ဖူးသလို ဘယ်သူကိုမှလည်း မတရားတဲ့နည်းနဲ့ အချောင်မနှိုက်ခဲ့ဘူးလို့လည်း ပြောပါတယ်။ နောက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု ကြောင့် စီးပွားရေးလုပ်ရတာ ပြေးသလောက် မရောက်ရသလို အချင်းချင်းချနေကြတာဟာ မြန်မာလူမျိုးတွေရဲ့ အားနည်းချက်တစ်ခုလို့ ပြောပါတယ်။

သင်္ကြန်မှာ အရက်သေစာ သောက်စားတာ၊ မူးယစ်ရမ်းကာတာတွေ၊ ဒါတွေကို ဆင်ခြင်ဖို့ အရေးကြီးပါတယ်။ ရာသီဥတုကလည်း အတော်ပူပြင်းနေတယ်၊ သရုပ်ပျက် ယဉ်ကျေးမှုနဲ့ အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ ဒါတွေကို ဆင်ခြင်ကြဖို့ ဒါတွေကိုပဲ တိုက်တွန်းချင်ပါတယ်

ကျနော် မြန်မာ လူမျိုး၊ ဗုဒ္ဓဘာသာ စစ်စစ်ပါ၊ ကျနော့် တိုင်းပြည် ကျနော်ချစ်တယ်၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်တာပါ၊ ဘောလုံးက ဘာမှ ရစရာမရှိပါဘူး၊ ပေးဖို့ပဲရှိပါတယ်။

ပဋိပက္ခတွေ ငြိမ်သက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားဖို့ပဲ။ တယောက်နဲ့ တယောက် မယုံသင်္ကာဖြစ်နေတာတွေ လျော့သွားရင် ကျေနပ်ပါတယ်

တကယ်တမ်း အဓိက တရားခံခေါ်မှာပေါ့ဗျာ၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူတွေကို ဖော်ထုတ်ဆဲပဲ ရှိပါသေးတယ်၊ လက်ရှိမှာ သူတို့က လာအကြမ်းဖက်မယ်၊ မီးရှို့မယ်၊ ဖျက်ဆီးမယ်၊ ဒါမျိုးလူတွေလောက်ပဲ လက်ရှိမှာ ဖမ်းမိပါသေးတယ်။

တခါတလေကျ အရောင်ပြင်းအားကို တင်ပြီးရေးတတ်တဲ့ အလေ့အကျင့်ရှိတယ်။ ဒီ Portrait တွေရေးပြီးပြပွဲ လုပ်တာကတော့ ပထမဆုံး အကြိမ်ပါပဲ။ တချို့ ပုံတွေက တူမှုကို အာရုံ ထားတယ်၊ တချို့ပုံတွေကို တော့ တူတာ မတူတာထက် ကျနော့် အနုပညာကို ပိုအာရုံ ထားတယ်

မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် ဦးဝီရသူကို လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဆက်သွယ်မေးမြန်းထားပါသည်။

အခု လောလော ဆယ်တော့ ယုံကြည်မှုမရှိလို့ ယုံကြည်မှု တည်ဆောက်နေတယ်။ ယုံကြည်လာအောင် ဘယ်လို လုပ်ကြမှာလဲ ဆိုတာ အခု ပြောကြဆိုကြနေတာပဲလေ။ ဒါကတော့ ဒုတိယ အဆင့်ပေါ့

မီးမြန်မြန်ငြိမ်းမှ ကျန်တဲ့ ကိစ္စတွေ လုပ်နိုင်မှာကိုး။ အကုန်လုံးက ပြန့်နေတယ်။ နောက် တခြားက အကူညီ တောင်းတာတွေလည်း ရှိပါတယ်။ လူစုလူဝေးတွေလည်း ရှိတယ်

နိုင်ငံတော် အစိုးရ အနေနဲ့ “ ၀ ”ကိုယ်ပိုင် အုပ်ချုပ်ရေးရ တိုင်းအဆင့်ကိုပဲ သတ်မှတ် ပေးတဲ့အတွက် မိမိတို့ အနေနဲ့ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် ရရှိဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမှာပါ

ဖိနှိပ်မှုတွေရှိခဲ့တဲ့အတွက် သူ့သဘာဝအလျောက် ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေက ပြည်သူတွေဘက်က ရပ်တည်ခဲ့ကြတာဟာ ပယောဂ မဟုတ်ဘူး၊ ပယောဂဆိုရင်တောင် ကောင်းတဲ့ပယောဂတခုပဲ ဖြစ်ခဲ့လိမ့်မယ်။

တိုင်းပြည်ကို အုပ်ချုပ်မယ့် လူတွေဆိုတော့ သူတို့ကို လွတ်လပ်စွာနေထိုင် ခွင့်ပေးပါ၊ ရှင်သန်ခွင့် ပေးပါ၊ သူတို့ရဲ့လွတ်လပ်မှုတွေ၊ အနာဂတ်တွေကို မဖျက်ဆီးကြပါနဲ့လို့ ပြောချင်ပါ တယ်။

ဧပြီ ၄၊ ၅ ရက်နေ့မှာ နယူးယောက်မြို့မှာ Women in the World 2013 ပွဲကြီးတခုရှိပါတယ်။ ဒီကို တခြား နိုင်ငံတကာ အဆိုတော် အနုပညာရှင်တွေ အများကြီးလာမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ကျမတို့ အဖွဲ့ကို ဖိတ်ကြားခြင်း ခံရပါတယ်။ ဒါကြောင့် ကျမတို့ သွားရောက် ဖျော်ဖြေမှာပါ။

အကယ်ဒမီစိုးသူ၏ "Past & Present Soe Thu” Free Show ကို ၂၀၁၃ မတ်လ ၃၀ တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ မိုင်ဒါကွင်း (မြို့မကွင်း) တွင်ညနေ ၆ နာရီ၌ ကျင်းပမည်ဖြစ်ပြီး MRTV 4 က တိုက်ရိုက် ထုတ်လွှင့်မည်။

ဟောပြောပွဲတွေ လုပ်မယ်။ ယောက်ျားတွေဆိုရင် ယုံကြည်စရာ မရှိဘူး၊ ကိုယ့်မိသားစုလို ဘယ်အမျိုးသားတွေကိုမှ မဆက်ဆံနဲ့၊ အလုပ်ရှင်ဆိုပြီးတော့ တရင်းတနှီး မဆက်ဆံနဲ့

စီမံကိန်းအပေါ် ထားရှိသည့် မျှော်လင့်ချက်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပေါ် ကုမ္ပဏီ၏ ဖြေရှင်းပုံ ဖြေရှင်းနည်း တို့ကို ၀မ်ပေါင်ကုမ္ပဏီ ရန်ကုန်ရုံးခွဲမှ အုပ်ချုပ်မှု မန်နေဂျာက ဧရာဝတီကို ပြောဆိုသည်။

ရှေးဟောင်း သမိုင်းသုတေသီတွေ သဘောထားကတော့ ထိန်းသိမ်းချင်တဲ့ စိတ်ပဲရှိပါတယ်။ မည်သည့် အကြောင်း ကြောင့် ဖြစ်စေ ဖြိုဖျက်ပစ်တာတို့ ပြောင်းရွှေ့ပစ်တာတို့ မလုပ်စေချင်ဘူး၊ လက်လည်းမခံနိုင်ဘူး

အကျဉ်းထောင်ထဲက အကျဉ်းထောင်စနစ်ကို အကျယ်ချဲ့လိုက်ရင် အဲဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ပဲ ဖြစ်တယ်။ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ရင် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ဆိုတာလည်း မေးခွန်းတွေ ထုတ်ရမယ့် ကိစ္စပါ။

ဒိုင်တွေဘက်က အချိန်စေ့ပြီဆိုတဲ့ အချိန်မှာပဲ ကျမ ဘက်က တီးလုံးက လုံးဝ အပြတ်ဖြစ်ရမယ်ဆိုပြီး သေသေချာချာ ချိန်ပြီး တောက်လျှောက် ကျင့်ခဲ့တာပါ။

ဥပဒေကို ကြိုက်တာထုတ်၊ မလိုက်နာရင် အလကားပဲ၊ မလိုက်နာလို့ အရေးယူရင် အရေးယူတဲ့ သူကိုယ်တိုင်က အကျင့် မကောင်းရင် အလကားပဲ

အပစ်ရပ်ပြီးပြီ ဆိုရင်တော့ ကျနော်တို့ ခေါင်းဆောင်တွေက အကုန်လုံး တွေ့ရမှာပဲ။ မတွေ့ကြဘူးဆိုရင်တော့ နားလည်မှု မရနိုင်ဘူးပေါ့နော်။ ယုံကြည်မှုလည်း ရနိုင်မှာမဟုတ်ဘူး။ တယောက်နဲ့တယောက် အထင်မှားနေကြမယ်။

မြန်မာ့ တပ်မတော်ကို အရည်အချင်း ပြည့်ဝတဲ့၊ အဆင့် အတန်းရှိတဲ့ အဖက်ဖက်ကပြည့်စုံတဲ့ တပ်မတော်တရပ် ဖြစ်အောင် ပြုစုပျိုး ထောင်ဖို့ ကျနော်တို့ အကူအညီ ပေးရမယ်၊ အဲဒီလို အကူအညီ ပေးနိုင်အောင် ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးတွေ ရှိဖို့လို ပါတယ်

အနှစ်သာရ အပြည့်အ၀တော့ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ အခု ပြည်နယ်တွေ ရှိတယ်။ ပြည်နယ်အစိုးရတွေ ရှိတယ်။ ဒါပေမယ့် လွှတ်တော်တွေမှာ ဥပဒေပြဋ္ဌာန်း ထားတာတွေ ပြည်ထောင်စုစစ်စစ် မူတွေ မရှိသေးဘူး။















Page 1 of 512345