“မြေဈေးတွေကို စီးပွားရေး သမားတွေက ကစားနေတယ်ဆိုရင် အဲဒီနေရာမှာ မလုပ်တော့ဘူး။ ရတဲ့နေရာမှာပဲ လုပ်သွား တော့မယ်” ဟု ဦးဆက်အောင်က ဧရာဝတီသို့ ပြောသည်။
နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးဆဲ ကာလတွင် ရပ်ဆိုင်းထားပြီး လူထုအတွက် အကာအကွယ်ပေးမည့် ဥပဒေ တိတိကျကျ ရှိမှ အကောင်ထည်ဖော် လုပ်ဆောင်သင့်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
မန်နေဂျာဘက်မှ ပထမဆုံး တောင်းဆိုမှုဖြစ်သည့် အလုပ်သမားများအား ပြင်ပအလုပ်ခွင်များတွင် ခိုင်းစေခြင်းမပြုရန် အချက်ကိုပင် လက်မခံသည့်အတွက် အဆင်မပြေခဲ့ပေ။
မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းမှ တရားမ၀င် မှောင်ခိုကုန်ပစ္စည်း သယ်ယူနေခြင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ဖမ်းဆီး အရေးယူနိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက စီစဉ်နေကြောင်း ပြောသည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကော်မရှင်သည် လုပ်ပိုင်ခွင့်များစွာ ရှိနေသောကြောင့် လာဘ်ပေး လာဘ်ယူမှုနှင့် မလျော်ကန်မှုများ ဖြစ်ပွားနိုင်ခြေ ရှိသဖြင့် ပြင်ဆင်နိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဆိုတင်သွင်းမည် ဖြစ်သည်။
ပြည်တွင်း ဘဏ်ချေးငွေ အတိုးနှုန်း မြင့်မားခြင်း အပါအဝင် လုပ်ငန်း လည်ပတ်နိုင်ရန် အရေးကြီးသော ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေး ညံ့ဖျင်းမှု ဒဏ်ကြောင့် ရေလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည်
၂၀၃၀ ပြည့်နှစ် ရောက်သည့်တိုင် မြန်မာနိုင်ငံသည် ၀င်ငွေ အနိမ့်စား နိုင်ငံများ စာရင်းတွင်သာ ပါဝင်နေဦးမည် ဖြစ်ကြောင်း သမ္မတ စီးပွားရေးနှင့် လူမူရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြင့်က ပြောသည်။
ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။
ဆားထုတ်လုပ်သူတွေ ကစပြီးအဆင့်ဆင့်အရှုံးပေါ်ပြီး တနိုင်ငံလုံးမှာ ဆားထုတ်လုပ်သူ ဦးရေ ပျမ်းမျှ ၂၀၀၀ ကျော်ရှိတဲ့အထဲက ၃၀ ရာခိုင်နှုန်းဟာ ၂၀၁၀ ကနေပြီး ၂၀၁၂ ခုနှစ်ကြားမှာ ရပ်လိုက်ရပါပြီ။
သံသယ ဝင်ကုန်တာက ခေတ်မီ ဈေးကွက် စီးပွားရေး စနစ်ကို တည်ဆောက်ဖို့ ဦးသိန်းစိန် အစိုးရရဲ့ စိတ်ဆုံးဖြတ်ထားမှုနဲ့ ဒီလိုလုပ်လို့ အကျိုးရုတ်သွားမယ့် ဩဇာညောင်းတဲ့ အုပ်စုတွေကို လွှမ်းမိုး ချုပ်ကိုင်နိုင်တဲ့ အရည်အချင်း ရှိ မရှိ ဆိုတာနဲ့ သက်ဆိုင်နေတာပါ
မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်ကိုယ်စားလှယ် ရုံးခွဲ ဖွင့်ထားရမယ်။ နောက်ပြီး ပြည်တွင်း ပုဂ္ဂလိက ဘဏ်တခုခုနဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဒီမှာ နိုင်ငံခြားဘဏ်တွေကို ဘဏ်လုပ်ငန်း လုပ်ခွင့်ပေးဖို့ရှိတယ်။
“မှောင်ခိုဈေးကွက်ကို တရားဝင် ဈေးကွက်ဖြစ်အောင် လုပ်သင့်တယ်၊ မှောင်ခိုတွေကို သက်ဆိုင်ရာတွေက လိုင်စင် ထုတ်ပေးရင်တော့ တရားဝင် ငွေဈေးကွက် ဖြစ်တာပေါ့။ သူတို့ ဘက်ကလည်း ခိုးပြီးလုပ်မယ့်အစား အခွန်ဆောင်ပြီး တရားဝင် လုပ်သင့်တယ်”
ဂျပန်ရဲ့ မဟာဗျူဟာက အစိုးရရဲ့ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှူလုပ်ငန်း ဝန်ကြီးဌာနနဲ့ ဂျပန်မှာ အကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းကြီးတွေ ပူးပေါင်းပြီး အလုံးအရင်းနဲ့ မြန်မာပြည်မှာ ဝင်ရောက် လုပ်ကိုင်ရေးဖြစ်ပါတယ်။
မြန်မာ့ ဆန်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လက်ရှိအချိန်တွင် ဆန်ဝယ်ယူသည့် တခြားနိုင်ငံများထက် ဈေးနှုန်းပိုပေးကာ မူဆယ် နယ်စပ်မှတဆင့် အများဆုံး ၀ယ်ယူလျက် ရှိနေသည်။
“ပက်စီနဲ့ ကိုကာကိုလာ ပြန်ဝင်လာတော့ အချိုရည် ဈေးကွက်မှာ ပြည်တွင်းက ကုမ္ပဏီတွေ အနေနဲ့ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူး။ ပြည်တွင်းအချိုရည် လုပ်ငန်းတွေ ဆက်ရှင်သန်ဖို့က ဉာဏ်အား၊ ငွေအား၊ လူအားနဲ့ ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်”
“လောလောဆယ် ဒီမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုနဲ့တော့ တရားစွဲလို့ မရနိုင်သေးဘူး။ ဒေသခံရွာသားတွေ အနေနဲ့ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတာ အပေါ်မှာတော့ တရားစွဲလို့ ရနိုင်ပေမယ့် ခိုင်လို့ဖို့လိုတယ်”
ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးနှစ်ခုမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၆ နှစ်တာ ကာလအတွင်း အမြတ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၆.၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စွမ်းအင် ၀န်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
“ဒီကဏ္ဍ ဖွင့်ပေးလိုက်ပြီဆိုတာနဲ့ အလားအလာကောင်းတွေက အကြီးကြီးပဲ။ အကျိုးစီးပွားတွေ အများကြီး မျှော်လင့်ထားပါတယ်။ ကမ္ဘာပေါ်မှာ ဒါမျိုးဈေးကွက်တွေ သိပ်များများစားစား မရှိတော့ဘူး”
မြန်မာနိုင်ငံမှာရှိတဲ့ မြစ်တွေကနေတဆင့် လျှပ်စစ်ဓာတ်အား ထုတ်နိုင်တဲ့ အလားအလာက ၁၀၀၀၀၀ မီဂါဝပ်ကျော်ရှိပြီး စုစုပေါင်း ၄၆၁၀၁ မီဂါဝပ်ထုတ်နိုင်တဲ့ စီမံကိန်းအကြီးစား ၉၂ ခုကိုလည်း တွေ့ထားပြီး ဖြစ်တယ်လို့ ADB အစီရင်ခံစာက ဆိုပါတယ်။
“တောမှာဆိုတော့ သူတို့အတွက် မလုံခြုံဘူးလေ။ တောသူဌေးတွေက မြို့ကိုတက်လာပြီး အိမ်ဝယ်တယ်။ မဝယ်နိုင်တဲ့ လူတွေကျပြန်တော့လည်း အိမ်ငှားပြီး မြို့ပေါ်မှာ လာနေကြတယ်”
“SME အတွက် အတိုးနှုန်း သက်သာမှ SME ဖွံ့ဖြိုးမယ်။ ဒီဘက်ကို နိုင်ငံပိုင်ဘဏ် အဖြစ် ထားဖို့ စဉ်းစားနေတယ်။ Policy Bank တခုအနေနဲ့ SME တွေအတွက် ရပ်တည်ဖို့၊ အတိုးနှုန်း သက်သက်သာသာနဲ့ ငွေချေးနိုင်မယ့် ဘဏ်မျိုးပေါ့”
အမေရိကန်အစိုးရက ခွင့်ပြုရန် အလားအလာရှိနေချိန်တွင် EUကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသည့် အပြောင်းအလဲများကို အသိအမှတ်ပြုသည့် အနေဖြင့် စစ်လက်နက် ပစ္စည်းများမှ လွဲ၍
တချိန်တည်းမှာ အမေရိကားကို ဦးသိန်းစိန် ဦးဆောင်လာမယ့် မြန်မာကိုယ်စားလှယ် အဖွဲ့ထဲမှာ ထိပ်တန်း စီးပွားရေး သမားတွေ၊ စီးပွားရေး အကြံပေးတွေပါပြီး အမေရိကန် အစိုးရနဲ့ ကွန်ဂရက်ကို စွဲဆောင်ဖို့ အကြီးအကျယ် ပြင်ဆင်နေတယ်
“အရင်အစိုးရကတော့ ငွေများများရဖို့ သဘာဝဓာတ်ငွေ့ကို မြန်နိုင်သမျှ အမြန်ဆုံး ထုတ်ရောင်းချင်ခဲ့တာ။ အခုအစိုးရ သစ်မှာတော့ အဲ့ဒီထက် ပိုအရေးကြီးတဲ့ အစီအစဉ်တွေရှိတယ်”
“ကျနော်တို့အတွက် လတ်တလော Industry မူဝါဒကတော့ SME ပဲ၊ ထွက်ပေါက်ကလည်း SME ပဲ၊ လူတွေအများကြီး အလုပ်ရ မယ်၊ အလုပ်အကိုင် ဖန်တီးမှုပေါ့၊ ကျနော်ထင်တယ်”
“ဥပဒေနဲ့ အတိအကျ ပြဋ္ဌာန်းကာကွယ်ထားတဲ့ အဆောက်အုံတွေ၊ လက်ရှိ တရားစီရင်ရေးမှာ အသုံးပြုနေတဲ့ အဆောင်အအုံတွေကို မြို့စွန်မြို့ဖျားကို ပို့ပစ်ပြီး ဒီရုံးတွေကို ဟိုတယ်ဖွင့်တယ်ဆိုတာ ဥပဒေကို ချိုးဖောက်တာပဲ”
ဤလုပ်ငန်းများ လုပ်ကိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အများဆုံးမတည်ရင်းနှီးငွေ ၅၀ ရာခိုင်နှုန်းထည့်ဝင်ရန် အဆိုပြုနိုင်ပြီး တိုးချဲ့ရင်းနှီးလိုပါက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းကာ
“အာမခံ ကြီးကြပ်ရေး လုပ်ငန်းအဖွဲ့ အနေဖြင့် တင်ပြလာတဲ့ လျှောက်လွှာတွေကို ဥပဒေနှင့် နည်းဥပဒေတွေအရ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ၈ ချက်နှင့် ကိုက်ညီမှုရှိ မရှိ စိစစ်ပြီးတော့ ဒီကုမ္ပဏီ ၁၂ ခုကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်”
“ရင်းနှီးမြုပ်နှံဖို့ လာသူတွေဟာ ကျနော်တို့ဆီ မလာခင် ဒေသတွင်းက အခြား နိုင်ငံတွေကို ကြည့်မှာပဲ။ ကျွန်တော်တို့ ဆီကို လာလုပ်တဲ့ နိုင်ငံတွေ ထဲမှာလည်း ဒေသတွင်း နိုင်ငံတွေ ပါကောင်းပါမယ်”
” ရှေ့နောက် မညီဘဲ ပြည်တွင်း လုပ်ငန်းတွေကို ဗြောင်ကာကွယ်ပေးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မြှူစွယ်မယ့် ဥပဒေဟာ တကယ်တော့ ကျနော်တို့ကို မောင်းထုတ်လိမ့်မယ်”