ထိုင်းမှာ လူကုန်ကူးမှုကို အမှုရင်ဆိုင်လိုက်တဲ့ အလုပ်သမား တယောက်ဟာ ၅ လလောက် ကြာမှ ပြန်ပို့တယ်။ တလ နှစ်လနဲ့ ဘယ်တော့မှ မပို့ဘူး။ အလုပ်သမားတွေက ခြေကုန်လက်ပန်း၊ စိတ်ဓာတ်တွေ ကျပြီးတော့ နောက်ဆုံး အမှုမလုပ်တော့ဘူး ဆိုပြီးတော့ အမှုပိတ်ပစ်လိုက်ရတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးလိုဟာမျိုးကို တနေကုန် ငြင်းရင်ငြင်းနေမယ်။ ဒါပေမယ့် အိမ်ပြန်ရောက်လို့ ကိုယ့်ကလေးကို ကြည့်လိုက်တော့ မြန်မာစကားတောင် မပြောတတ်ဘူး ဖြစ်နေတယ်ဆိုတော့ မဟုတ်သေးဘူးလေ
စစ်ကိုင်းတိုင်းက ထွက်တဲ့ သယံဇာတကို ဒေသခံတွေရဲ့ ခံစားခွင့်က ဘာတွေရှိမလဲ။ တိုင်းဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ဆိုတာနဲ့ တိုက်ရိုက် ပတ်သက်နေတယ်။ ဒီအချက်ကို ဖွဲ့စည်းပုံမှာ သေသေချာချာ ပြဋ္ဌာန်းဖို့ လိုနေတယ်
ဒီငမန်းက အရမ်းစွဲတယ်။ ဘိန်း တမျိုးလို့တောင် ပြောလို့ ရတယ်။ ထိုင် ဆော့ပြီးရင် ပြန် မထချင်အောင် ပါပဲ။ ဒီဂိမ်းကြောင့် ဘ၀ပျက်တဲ့ သူတွေတောင် ရှိပါတယ်
ကသာက ဂျော့အိုဝဲလ်ရဲ့ နေအိမ်ဟာ အဓိက သူတို့ သွားချင်တဲ့ နေရာဖြစ်တယ်။ ဧည့်သည် ၁၀၀ ရာခိုင်နှုန်းဟာ ဒီအိမ်ကြီးကို ကြည့်ချင်လို့ ဒီခရီးစဉ်ကို ရွေးတာ ဖြစ်ပါတယ်
ဆူဆူပူပူ ဖြစ်နေခဲ့လျှင် ယနေ့ လျှောက်လှမ်း နေသော ခြေလှမ်းများ မည်သည့် နည်းနှင့်မျှ ခရီးတွင်တော့မည် မဟုတ်ချေ။ သည်တော့ ဆူပူအောင် လှုံ့ဆော်နေသူများသည် ဒီမိုကရေစီ၏ ရန်သူ၊ လူထု၏ ရန်သူ
ကွာလီဖိုင်းဖြစ်တဲ့ သတင်းထောက် မရနိုင်ပေမယ့် သူတို့မှာ အတွေ့အကြုံ ရှိတယ်။ အဲဒီ အတွေ့အကြုံကိုဘဲ အားကိုးပြီး လုပ်ကြရမှာ။ သူတို့ အတွေ့အကြုံကလည်းပဲ လွတ်လပ်ခွင့် မရှိတဲ့ ဂျာနယ် အတွေ့အကြုံပဲ ဖြစ်တဲ့အတွက် သူတို့မှာ အင်မတန် အားနည်းတယ်လို့ ပြောရမှာပေါ့။ ဒါကလည်း စိန်ခေါ်မှု တခုပါပဲ
ဘုရားသမိုင်းရှင်းတဲ့ အခါမှာ ရှင်းပြသူက သတ်သတ်၊ ကင်းစောင့်သူက သတ်သတ် သူတို့ခွဲထားပါတယ်။ ကင်းစောင့်သူက “ဟိုမှာလာပြီ” ဆိုတဲ့ အသံကြားတာနဲ့ သူတို့အုပ်စုလိုက် မျက်ကွယ်ရာကို ပြေးပုန်းကြပါတယ်။
အကြမ်းဖက်မှုတွေ မစတင်ခင်မှာ စာရွက်ဖြန့် ဝေမှုတွေ၊ အိုးအိမ် ဆိုင်ခန်းတွေနဲ့ ဗလီတွေ ဖျက်ဆီးပြီးတဲ့ အခါမှာ ချန်ထားရစ်ခဲ့တဲ့ အမှတ်အသား တံဆိပ်တွေအရ ဘာသာရေး အစွန်းရောက်မှုတွေ ပါဝင်နေပါတယ်။
နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် ရွှေ့ပြောင်း လုပ်သားများ အတွက် ယာယီ နိုင်ငံကူး လက်မှတ်များ ပြုလုပ်ပေးနေသည် ဆိုသော်လည်း ၀င်ငွေနှင့် ထွက်ငွေကြား အပိုစုဆောင်းရန် မလုံလောက်သည့် သူတို့ဘ၀ အတွက်တော့ အလှမ်းကွာနေဆဲ ဖြစ်သည်
ကျနော်တို့ ပွဲရှိတိုင်း ကဗျာလာရွတ် နေကျ ပေါ်ဦး (မင်းကိုနိုင်) လည်း အရောက်လာခဲ့မယ် ပြောပြီးကာမှ မိတ္ထီလာကိစ္စ ပေါ်ပေါက်လာလို့ ညတွင်းချင်း ခရီးထွက် သွားရတော့ ရောက် မလာနိုင်ဘူး။
အနီးဝန်းကျင်မှာ တုတ်၊ ဓားတွေ ကိုင်ထားတဲ့ လူစုတွေကို မြင်ရပါတယ်။ အိမ်ရှင်တွေကတော့ နေအိမ်ကို စွန့်ခွာ ထွက်ပြေးကုန်ပြီလို့ ယူဆရပါတယ်။ မြို့ထဲမှာ လူမရှိသလောက်ပါပဲ။ လက်နက်ကိုင် လူ ၂၀ တစု၊ လူ ၁၀ ဦး တစု စသဖြင့် ဟိုဟိုဒီဒီလောက်ပဲ တွေ့ရပါတယ်။
လူတိုင်း ၀င်ရေးနိင်တာကြောင့် ဟုတ်တာရော မဟုတ်တာရော သင့်တာရော မသင့်တာရော ဆဲတာရော ခြောက်တာရော ရိုင်းတာရော ပုဂ္ဂိုလ်ရေး အပုပ်ချတာရော အသရေဖျက်တာပါ စသဖြင့် ရေးကြတာကို တွေ့နိုင်ပါတယ်။
ကြေးနီသည် လည်းကောင်း၊ ဒေါ်လာသည် လည်းကောင်း အရေးကြီးသလို ပြည်သူလူထု၏ စိတ်နှလုံးသာယာ ချမ်းမြေ့မှုဆိုသော “တန်ဖိုး”သည်ကား အရေး အကြီးဆုံးဟု ဆိုလိုခြင်း ဖြစ်သည်။
တရက်ကို မန်မိုရီစတစ်ပေါင်း သုံးရာလောက် ပြီးအောင် လုပ်ရတယ်။ မပြီးရင် ထောင်သားထဲက ပြန်ခန့်ထားတဲ့ အလုပ်ကြပ်က နံပါတ်တုတ်နဲ့ ရိုက်တယ်
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို
ဖမ်းမိတဲ့ တရားခံများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ပို့တဲ့အခါ တရားခံစရိတ်ကို အမေများအဖွဲ့ကပဲ စိုက်ထုတ်ပေးနေရလို့ အမေများ အဖွဲ့နဲ့ အာဏာပိုင်တွေ အကြား အခြေအတင် ဖြစ်ကြတယ်
“ဧည့်သည်လာမှ ဆန်ဖိုးရတယ်၊ ဈေးလည်း နည်းနည်းပါးပါး ရောင်းရတော့ ကလေးတွေ အတွက်လည်း မုန့်ဖိုးရတာ ဆိုတော့ ဧည့်သည်လာမယ့် အချိန်ကိုပဲ နေ့တိုင်းမျှော်နေရတာပေါ့”
“သမ္မတကိုယ်တိုင် ဖိတ်ခေါ်နေ တာတောင် ခင်ဗျားတို့က ဘာကြောင့် ပြန်မလာ သေးတာလဲ” ဆိုပြီး မီဒီယာသမား တဦးက မေးပါတယ်။ အချက် နှစ်ချက် တွေ့ပါတယ်။
အင်းလေးကန်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ အမှုဆောင် ဦးသာထိုးက “အင်းအရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းရော ရွာပေါင်း ၄၀ ကျော် ၅၀ လောက်က နေ့စဉ် ရေပေါ်နေပြီး ရေငတ်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေနေရမှာပါ” ဟု ပြောသည်။
ကိုဖုန်းမော် ၂၅ နှစ်ပြည့်မှာ ဒီမိုကရေစီ အင်အားစုတွေ ဘာလုပ်ကြမှာလဲ။ ဘုန်းကြီးကျောင်း သွားပြီး ဆွမ်းကပ် အမျှဝေရုံ သက်သက်နဲ့ပဲ ကျေနပ်လိုက်ရမလား။ နှစ်ပတ်လည် ဟောပြောပွဲ အခန်းအနားတွေလုပ်ပြီး လွန်ခဲ့တဲ့ ၂၅ နှစ်ကဖြစ်စဉ်ကို အမှတ်တရ စားမြှုပ်ပြန်ရင်း ပွဲပြီးသွားကြမလား။
KIA ကို ဆက်ကြေးပေးနေရတာကို အစိုးရတပ်မတော်က သိမှာလည်း ကြောက်၊ အစိုးရတပ်မတော်က လမ်းပြအဖြစ် ခေါ်ခိုင်းမှာလည်း ကြောက် စသဖြင့် နှစ်ဖက်စလုံးကို ကြောက်နေရတယ်လို့ ဆိုပါတယ်။
ထွက်လာခဲ့သော မူကြမ်းကား၊ စာနယ်ဇင်းသမားများအား အကာအကွယ်ပေးသော အချက် မပါချေ။ လိုက်နာရမည့်စည်းကမ်း၊ တားမြစ်ချက်၊ ပြစ်မှုနှင့် ပြစ်ဒဏ်တွေချည်း ဖြစ်နေသည်
ကျနော်တို့ရဲ့ ကလေးတွေကို ငယ်ငယ်က ချော့သိပ်တဲ့အခါ သူတို့အမေတွေဟာ “ကိုရွှေဗျိုင်းတွေ”၊ “ကြောင်အိုပေမှေးတွေ”၊ “ခိုဖြူခိုပြာနက်တွေ” မဆိုတတ်တော့ပါဘူး
ကျနော်လည်း အစ်မရဲ့ စားဖိုမှူးဖြစ်လာခဲ့တာ။ ကျနော် ချက်ပြုတ်ကျွေးတဲ့ အစား အသောက်တွေနဲ့ ပတ်သက်လို့ အစ်မက တခါမှ ချိုသည်၊ ခါးသည် မပြောဖူးဘူးသလို သူ ဘာစားချင်တယ် ဆိုတာလည်း တခါမှ မပြောခဲ့ဖူးဘူး
လက်ပန်းတောင်းတောင် အရေးအတွက် ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်အပေါ် အယုံကြည် မရှိတဲ့ အတွက်ကြောင့် ဒီလို သပိတ်စခန်း ပြန်ဖွင့်ရတာ
“တရားဥပဒေ စိုးမိုးမှုကို အလှပြ သက်သက် လုပ်ပြတာထက် အဲဒီအစီအစဉ်ဟာ ငေးမောကြည့်နေသူတွေကို ဆွဲဆောင်ရင်း လူ့အသက်ကို နိုင်ငံက ဘယ်လို ထိန်းချုပ်ထားတယ် ဆိုတာကိုပါ ပြသွားခဲ့တာပါ”
ဒီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း ၂၅ နှစ်ပြည့်နေ့ကျရင် ဒီပစ်ခတ်မှု အတွက် အရင် အစိုးရခေတ်က တာဝန်ရှိသူတွေ ဖော်ထုတ်ပေးဖို့ တောင်းဆိုကြမှာလား။
သူတို့တွေကတော့ စခန်းတွင်းမှာ အမှိုက်ကောက်ပြီး ပြန်ရောင်းကြတယ်။ အုန်းပြန့် ဒုက္ခသည် စခန်းတွင်းက အရွယ် မရောက်သေးတဲ့ ကလေး ငယ်တွေဟာ တကယ်လည်း အနာဂတ် မဲ့နေကြပါတယ်။
ငါးစိမ်းသည် ရန်တွေ့ ဆိုသကဲ့သို့ စင်ပေါ်မှနေ၍ အတုံးလိုက်၊ အတစ်လိုက်၊ ချိုးဖဲ့ တိုက်ခိုက် စိန်ခေါ်ခြင်းကား စာပေဟောပြောပွဲ၏ ဂုဏ်ကို ချိုးဖောက်ရာလည်း ကျသည်။