မြန်မာအသင်းဟာ အာဆီယံဒေသတွင်းမှ တသင်းတည်းသော အသင်းအဖြစ် ခြေစစ်ပွဲ အောင်သွားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ တုန်းက ခြေစစ်ပွဲအောင်ထားတဲ့ အိမ်ရှင်ဗီယက်နမ်ကို အုပ်စုပွဲစဉ်မှာ ၂-၁ နဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်
မြန်မာ အမျိုးသမီးအသင်းနဲ့ ထိုင်း အမျိုးသမီးအသင်းဟာ ဒေသတွင်းပြိုင်ပွဲတွေမှာ ခြေသိပ်မကွာဘဲ သူတင်ကိုယ်တင် ယှဉ်ပြိုင်နေတဲ့ ပြိုင်ဖက်တွေ ဖြစ်ကြပါတယ်။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သည့် အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ တိုက်ဂါးဖလားမှ စကာ ၂၀၁၃ ခုနှစ် ဆူဇူကီး ဖလားပွဲအထိ တကြိမ်တည်းသာ အကြိုဗိုလ်လုပွဲ အဆင့် ရောက်ခဲ့သည်။
ဗီယက်နမ်နိုင်ငံမှာ နိုင်ငံ့ဂုဏ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာအမျိုးသမီးဘောလုံး အသင်းရဲ့ သတင်းကို အားရလျက်ရှိနေပြီး အာရှခြေစစ်ပွဲအောင်ဖို့ မျှော်လင့်နေကြပါတယ်
ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၈ ခုနှစ် ဇူလိုင် ၂၉ မှ သြဂုတ် ၁၄ ရက်အထိ ကျင်းပသည့် ကမ္ဘာ့အိုလံပစ်သို့ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည်
ဖိလစ်ပိုင်အသင်းဟာ ဆူဇူးကီးဖလား သမိုင်းတလျှောက် မြန်မာအသင်းကို လက်ရှိအချိန်အထိ အနိုင်မရဖူးသေးတာက မြန်မာအသင်းအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမှာပါ။
ထိုင်း အသင်းဟာ သူတို့ရဲ့ အဓိက ၀ါရင့် ကစားသမား ဒတ်စာခွန် ပါဝင် ကစားနိုင်ဖို့ မရေမရာ ဖြစ်နေပြီး ကွင်းလယ်မှာ အားနည်းဖွယ် ရှိနေပါတယ်
အချိန်ပို မိနစ် ၃၀ ကို ကစားသမား ၈ ယောက်တည်းဖြင့် ကစားရသည်။ ပွဲအပြီးတွင် ၂း၎ ဂိုးဖြင့် ရှုံးခဲ့ရသည်။ တိုက်ဂါးဖလား ရာဇ၀င်တွင် မြန်မာအသင်း ပထမဆုံး အကြိုဗိုလ်လုပွဲ တက်ရသည့် နှစ်ပင်ဖြစ်သည်
ခြေစမ်းပွဲ ၂ ပွဲအပြီးမှာ ကြေညာခဲ့ပြီး နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ ကျော်ဇေယျာဝင်းနဲ့ ပိုင်စိုးတို့ဟာ ဒဏ်ရာကြောင့် မပါဝင်ခဲ့ဘဲ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ၀ါရင့်တိုက်စစ်မှူး ရန်ပိုင် ပါဝင်လာပါတယ်။
ဒုတိယအကြိမ်အဖြစ် ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၆ မှ ၁၃ ရက်နေ့ အထိ ကျင်းပခဲ့သည့်အချိန်မှာ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ဖြစ်သည်။
နိုင်ငံခြား မီဒီယာ များကပါ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ကျော်ကိုကိုဟာ မြန်မာ အသင်းနဲ့ အိုကာယာမ တို့ရဲ့ ခြေစမ်း ပွဲမှာ ပါဝင်လာ နိုင်မလား စောင့်ကြည့် ရတော့မှာ ဖြစ်ပါတယ်
မန်စီးတီး အသင်းဟာ ၂၀၁၀ ကတည်းက စံချိန်တင်လာတဲ့ အိမ်ကွင်း ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ပြီး အခုအခါမှာ ၃၅ ပွဲဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ်။
ဘောလုံးပွဲနိုင်လို့ ရှိရင်လည်း တပွဲကို သိန်း ၅၀ ဆုချတယ်။ တခြား အသင်းတွေဆိုရင် တပွဲနိုင်ရင် သိန်း ၁၀၀ လောက်ပေးကြတယ်။ အခုထိဆိုရင် အသင်းအတွက် သိန်း ၃ သောင်းကျော်လောက် ရှိမယ်
မြန်မာ အသင်းဟာ ဆူဇူးကီး ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲမရှိခဲ့ဘဲ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ်တွေကြောင့် ယခုလို ဖီဖာရဲ့ အဆင့် သတ်မှတ်ချက်မှာ တိုးတက်လာတာ ဖြစ်ပါတယ်
ယခုအချိန်အထိ ဇယားထိပ်မှာ ဦးဆောင်နေခဲ့တဲ့ ချယ်ဆီးအသင်းဟာ ယခုတပတ်မှာ ဆွမ်းဆီးကို သရေကျပြီး ဇယားထိပ်မှာ ဦးဆောင်ခွင့်ကို မန်ယူအား ပေးလိုက်ရသလို လက်ရှိချန်ပီယံ မန်စီးတီးအသင်းကလည်း
ယခု ညမှာတော့ ပွဲကြီးပွဲကောင်း အဖြစ် ချယ်ဆီး အသင်းနဲ့ မန်ယူအသင်းတို့ တပတ်အတွင်း ၂ ကြိမ်တွေ့ ဆုံပွဲကန်ရမှာ ဖြစ်သလို လစ်ဗာပူး အသင်းကလည်း ဆွမ်ဆီးအသင်းနဲ့ အကြိတ်အနယ် ကန်ရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ်က ကစားသမားတွေထဲက ယမန်နှစ် ဂိုးသွင်းအများဆုံး ကစားသမား ဗန်ပါစီနဲ့ လက်ရှိချန်ပီယံ မန်စီးတီး အသင်းမှာ ဘာလော့တယ်လီ၊ အဂူရိုနဲ့  ယာယာ တိုရေး တို့ လည်း ဆန်ကာတင် စာရင်းမှာ ပါဝင်လာပါတယ်။
မန်ယူအသင်းဟာ ယခုပွဲ အနိုင်ကြောင့် လက်ရှိဇယားထိပ်မှာ ဦးဆောင်နေတဲ့ ချယ်ဆီး အသင်းကို အမှီလိုက်လာပြီး ၁ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ ချယ်ဆီး အသင်းကတော့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂ်ျ မှာ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရကာ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်ဖို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA ၏ စီမံကိန်း တခုဖြစ်သော ကျန်းမာရေး အခြေပြု ဘောလုံး အားကစား နည်းသင်တန်း (FIFA football 11 for Health) ကို အာရှတွင် ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ရန် မြန်မာနိုင်ငံကို ရွေးချယ် လိုက်ကြောင်း သိရသည်။
အာဆင်နယ် အသင်းဟာ အုပ်စုပွဲတွေဖြစ်တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ၂၀၀၃ ခုနစ်က အင်တာမီလန် အသင်းကို ၃ ဂိုးပြတ်နဲ ရှူံးနိမ့်ပြီးကတည်းက ရှူံးပွဲမရှိဘဲ ၉ နှစ်အကြာမှာ ပထမဦးဆုံး အကြိမ် အိမ်ကွင်းရှူံးပွဲ ပြန်လည် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့ ပြေးခုန်ပစ်အားကစား ကျဆင်းသွားခဲ့ရာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ၂၄ ကြိမ်မြောက် ဆီးဂိမ်းတွင် ဆုပင် မရရှိတော့ပေ။
မြန်မာအသင်းဟာ အရင်ကစားခဲ့တဲ့ ၃ ပွဲမှာ ၃ ပွဲစလုံး အနိုင်ရရှိထားပြီး အခု သရေပွဲအပါအ၀င် ရမှတ် (၁၀) မှတ်နဲ့ ခြေစစ်ပွဲအုပ်စုဇယား ထိပ်ဆုံးကနေ အောင်မြင်သွားခဲ့ပါတယ်။
ဆူဇူးကီး ဖလားခြေစစ်ပွဲစဉ်တွေကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားရာမှာ အိမ်ရှင်မြန်မာ အသင်းရဲ့ တတိယပွဲစဉ်မှာ မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းကို ၃-၀ ပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
အသက် ငယ်တုန်းက အကောင်းဆုံး လုပ်နိုင်ခဲ့သလို လူတွေကလည်း ကျနော့် အသက်အရွယ်နဲ့ အလွန်မြန်တယ်လို့ ပြောခဲ့ကြတယ်။ အခု ကျတော့လည်း ကျနော်ဟာ စီနီယာ ဖြစ်လာပြီမို့ ရှိပြီးသား အရည်အချင်း မကျအောင်ပိုပြီး ကြိုးစားနေရပါတယ်။
“ဒီကလေးတွေမှာ ကောင်းမွန်တဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်း ရှိပါတယ်။ နည်းစနစ်ပိုင်းလည်း ကောင်းမွန်သလို သူတို့အတွက် တိုးတက်ဖို့ အဓိက လိုအပ်တာက ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ”
ဘာကာနဲ့ ရီးယဲလ် အသင်းတို့ရဲ့ ပွဲစဉ်ဟာ ယခုတပတ် အတွက် အကောင်းဆုံး ဘောလုံးပွဲအဖြစ် သတ်မှတ်ခံခဲ့ရသလို ဘောလုံး ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်ရစေမယ့် ပွဲစဉ်ဖြစ်ခဲ့ပါတယ်။
၇၃ မိနစ်မှာတော့ လူကျွံထောင်ချောက်ကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို ကြည်လင်းက အသာအယာထိန်းကာ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့် ကျဉ်းထဲကို ကန်သွင်းပြီး မြန်မာအသင်း အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ယခုတပတ်ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ ရော်နယ်ဒိုရဲ့ ဟက်ထရစ် ဂိုးတွေနဲ့  ရီးယဲလ်အသင်းဟာ ဟော်လန်ချန်ပီယံ အိုင်းယက်စ်အသင်းကို အနိုင်ရပြီး မရဏအုပ်စုတွင်းက ရုန်းထွက်ဖို့ အခြေအနေ
လူမျိုးရေး ခွဲခြားမှုစွဲချက် ပြဿနာနဲ့ ကြုံတွေ့ နေရတဲ့ ချယ်ဆီးအသင်း ခေါင်းဆောင် တယ်ရီဟာလည်း ပွဲထွက်ကစားခဲ့ပြီး အသင်းရဲ့ ဟန်ချက်ကို ထိန်းကစားပေးခဲ့ပါတယ်
အာဆင်နယ်အသင်းရဲ့ တိုက်စစ် ကောင်းလွန်းတာကြောင့် ဂျီးရော့ဒ်က ၃၉ မိနစ်၊ ချိန်ဘာလိန် ၅၇ မိနစ်၊ အာရှာဗင် ၆၃ မိနစ်၊ ၀ယ်လ်ကော့ ၇၄မိနစ်နဲ့ မိနစ် ၉၀၊ မီကွယ် က မိနစ် ၈၀ တို့မှာ သွင်းယူခဲ့