ကျနော်တို့ ပစ်မှတ်ကတော့ ကျနော်တို့လုပ်တဲ့ Promotion တွေကို လက်တွဲပြီး လုပ်ဆောင်ဖို့ ပရိတ်သတ်တွေကို ဖိတ်ခေါ်မှုကို ပိုထိရောက်တယ်။ သူ့ပရိသတ် ၁ သန်းလောက်ရှိတဲ့ အထဲက ကျနော်တို့ဆီကို ၂ ရာခိုင်နှုန်းလောက် ရောက်လာရင်လည်း ကျနော်တို့ရဲ့အားပေါ့

သုံးနှစ်အရွယ်ရှိ သမီးငယ်လေးက “မျိုးသန့် ကွ၊ ဗမာကွ” ဟု မပီကလာ ပီကလာနှင့် အော်သံကို ကြားရသော မြန်မာတိုင်း အဖို့ အဘယ်မှာလျင် ဇာတိသွေး ဇာတိမာန် မတက်ကြွဘဲ နေနိုင်ပါအံ့နည်း

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီ အတွက်တော့ ၁ ပတ်အတွင်း ရှုံးပွဲ ၂ ပွဲ ကြုံခဲ့ရသလို ပွဲအတွင်း ဘာမျှမလုပ်နိုင်အောင် တဖက်နောက်တန်းတွေရဲ့ ပိတ်ဆို့ခြင်းကို ခံခဲ့ရတာကြောင့် တဖက်အသင်း ဂိုးသမားကို ထိထိရောက်ရောက် ခြိမ်းခြောက်ခြင်း မလုပ်နိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် ကျွန်းဆွယ်ပွဲ အတွက် မီးရှူးတိုင် သယ်ဆောင်ခွင့် ရသည့် မြန်မာ့ ဂုဏ်ဆောင် အားကစား သမားကြီးများ၏ အမည်စာရင်းတွင် ဦးဇော်ဝိတ်မှ လွဲ၍ ရှာမတွေ့သေးပါ

ကမ္ဘာ့ ဖလားဘောလုံးပွဲ ၆၄ ပွဲစလုံးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲများ အပြင် အခမဲ့ ရုပ်သံလိုင်း (Free to Air) တွင်လည်း အနည်းဆုံး ၂၂ ပွဲ ပြသမည်

ရွှေ ၁၀၀ ဆိုသည်မှာ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲများမှာပင် မည်သည့်နိုင်ငံကမှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိသေးပါ။ ၁၉၈၀ ပြည့်နှစ် မော်စကိုတွင် ကျင်းသည့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ၌ အမေရိကန်နှင့် နိုင်ငံအချို့ မပါဝင်သဖြင့် ဆိုဗီယက်နိုင်ငံက ရွှေတံဆိပ် ၈၀ ရဖူးသည်

ပရိသတ် မျှော်လင့်ထားကြတဲ့ ဗန်ပါစီနဲ့ ရွန်းနီတို့ ဟာ သိပ်ခြေစွမ်း မပြနိုင်ခဲ့ကြဘဲ နောက်တန်းက အီဗန်၊ ဂျုန်းစ်၊ ၀ဲဘ်ဘက်တို့ကို မန်ယူပရိသတ်များက ချီးကျူးပြောဆို ခဲ့ကြပါတယ်။

နှစ်အသင်းစလုံးရဲ့ တိုက်စစ်ထက်မြက်မှုကို ကြည့်ရှုရမှာ ဖြစ်သလို နာမည်ကြီး နည်းပြတွေရဲ့ နည်းဗျူဟာ ပရိယာယ်တွေကလည်း ပရိသတ်တွေကို ရင်ခုန်စရာကောင်းတဲ့ ချန်ပီယံလိဂ်ညကို ပေးစွမ်းနိုင်မှာပါ။

စိမ်းလန်းသော ချစ်ကြည်ရေးနှင့် နေပြည်တော်ဆီးဂိမ်း

အိမ်ရှင်နိုင်ငံက ရိုးရာ အားကစားနည်း ၂ မျိုးသာ ထည့်သွင်း ကျင်းပပြီး ကျန်နိုင်ငံများ၏ ရိုးရာ အားကစားနည်း ၆ မျိုး တွင် ၀င်ပြိုင်ပေးရသည့် သဘောဆောင်နေသည်။

ပွဲကို သုံးသပ်ရရင် ဖိလစ်ပိုင်အသင်းဟာ ဘောလုံးအခြေခံပိုင်းမှာ ပိုမိုကြေညက်ပြီး လူကောင်ပိုကြီးသလို တကယ့်ကျဉ်းထဲကြပ်ထဲမှာ ပိုပြီး တည်တည် ငြိမ်ငြိမ်နဲ့ ကစားနိုင်တာကို တွေ့ ရပါတယ်။

အင်္ဂလန် နဲ့ ဘရာဇီးတို့ ရဲ့ ပွဲစဉ်ဟာ အင်္ဂလန် ဘောလုံး အဖွဲ့ ချုပ်ရဲ့ နှစ်ပေါင်း ၁၅၀ ပြည့် နှစ်ပတ်လည် လည်းဖြစ်တာကြောင့် ဘောလုံး လောကမှာ နာမည်ကြီး ဘောလုံး သမားဟောင်း တော်တော်များများ တက်ရောက် ကြည့်ရှုကြမှာဖြစ်ပြီး

ဘက်ခမ်းဟာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ် ၅ လ ခန့်သာ ချုပ်ဆိုပြီး ရရှိလာမယ့် လစာငွေ ပေါင် ၁ သန်း ခန့်ကို ပြင်သစ် ကလေး ဖောင်ဒေးရှင်း တခုသို့ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြေးခုန်ပစ် ပြိုင်ပွဲနှင့် ပတ်သက်၍ ထူးခြားချက် တရပ်မှာ ပထမ ကျွန်းဆွယ် မှ တတိယ ကျွန်းဆွယ် အထိ ဆု လုံးဝ မရဖူးသေးသည့် တာတို၊ တာလတ် ပြေးပွဲများတွင် မြန်မာ အားကစားများ ပထမဆုံး အကြိမ် ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်းပင်

ဘာစီလိုနာရဲ့ ဂိုးသွင်းရှင် ဖာဘရီဂက်စ် ကတော့ “ရီးယဲလ်နဲ့ ကန်ရတဲ့ပွဲတိုင်းဟာ အလွန်ခက်ခဲပါတယ်၊ ရီးယဲလ်ကွင်းမှာ သရေ ရလဒ် ရယူခဲ့နိုင်တာနဲ့တင် ကျနော်တို့ အတွက် တပမ်းသာနေပါပြီ” ဆိုပြီး ပြောသွားပါတယ်။

အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းအပြီး မြန်မာနိုင်ငံက လာမည့် ဒီဇင်ဘာတွင် ကျင်းပရန်ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် အားကစားနည်း သုံးမျိုးကိုသာ ဖြုတ်ရန် သဘော တူလိုက်သည်။

တဆင့်ပြီး တဆင့် တက်သွားရန် အတွက် အောက်ခြေ အဆင့်ဖြစ် သည့် ကျွန်းဆွယ် နိုင်ငံများသာ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းအတွက် အလွန် အရေးကြီးတာကြောင့် ဘောလုံးကို အမြန်လိုချင်တာ မှန်ပေမယ့် သူ့လုပ်ရပ်ဟာ မှားခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ဒိုင်လူကြီးဟာ အနီကတ်ပြခဲ့ပြီး ဆုံးဖြတ်တာဟာ မှန်ကန်ပါတယ်

ကမ္ဘာ့အကောင်းဆုံး ဥရောလိဂ် စာရင်းမှာ ပရီးမီးယားလိဂ်၊ စပိန် လာလီဂါ၊ အီတလီစီးရီးအေ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ၊ ပြင်သစ်လိဂ် ၁ တို့က ထိပ်သီးစာရင်းအဖြစ် တန်းတူ သတ်မှတ်ခြင်း ခံထားရတာကြောင့် ထိပ်သီး ၅ ခုမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းနှုန်းကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

ရိုရီဟာ နိုက်ကီနဲ့ စာချုပ်အသစ်ကြောင့် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား အဆင့် (၁၀) အတွင်း ၀င်သွားပြီး လက်ဝှေ့သမားဖလွိုက် မေ၀ယ်သာ၊ ဂေါက်ကစားသမား တိုက်ဂါး ၀ုဒ်၊ ဖေးလ် မက်ခဲယ်ဆန် တို့နည်းတူ ၀င်ငွေကောင်းတဲ့ အားကစားဖြစ်လာပါတယ်။

မန်ယူအသင်းရဲ့ ဒုတိယ ဂိုး လူကျွံဘောကို မမြင်ဘဲ ပေးခဲ့တာကြောင့် ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေအနေနဲ့ အနှေးပြကွက်တွေကို ကြည့်ပြီး ဆုံးဖြတ်ချက်တွေ ပိုမိုကောင်းမွန်အောင် ပြုလုပ်သင့်တယ်လို့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဂရေဟမ် ပူးလ် က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် မက်ဆီဟာ ၄ ကြိမ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရှိတဲ့ ပထမဦးဆုံးရရှိတဲ့ ကစားသမား ဖြစ်လာသလို အခု ယူအီးအက်ဖ်အေ အဖွဲ့ ချုပ်မှ ပလာတီနီရဲ့ ၃ ကြိမ်မြောက် စံချိန်ကို ချိုးဖျက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆန်ကာတင် ၃ ယောက်ကို ရွေးချယ်ထားပြီး အန်ဒရေ အင်နီယေစတာ၊ ခရစ္စတီယာနို၊ လိုင်အိုနယ် မက်ဆီတို့ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပမယ့် ဆုချီးမြှင့်ပွဲမှာ တက်ရောက် ယူမယ့်သူ ဘယ်သူပါလဲ။

ကျနော် သူနဲ့ နေ့တိုင်း စကားမပြောဖြစ်ပါဘူး၊ ဒါမှ မဟုတ်ရင် ကျနော် စိတ်အထူးကုနဲ့ ခဏခဏတွေ့ရဖို့ ရှိပါတယ်။ တခါတရံ လိုအပ်မှသာ သူနဲ့ စကားပြောဖြစ်ပြီး အဲဒီ အကြောင်းရင်း ဟာလည်း အသင်းအတွက် သူ့စွမ်းရည်ဆောင် တိုးတက်လာဖို့ကြောင့်သာ ဖြစ်ပါတယ်

မကြာခင်မှာ အင်္ဂလန်ရဲ့ အနာဂတ် တိုက်စစ်မှူးကောင်း ဖြစ်လာမယ့် လူငယ်ကစားသမား စတားရစ်ကို ရရှိလိုက်တာကြောင့် နှစ်ဦးနှစ်ဖက် ကောင်းမွန်တဲ့ ပြောင်းရွှေ့မှုဖြစ်ကြောင်း သုံးသပ်ပြောဆို သွားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ ကာယဗလ ဘခင်ကြီး ဖြစ်သည့် ကာယဗလ ဦးရှိန်နှင့် ဆရာ ဦးဇော်ဝိတ်တို့ကို သူ၏ အိမ်သို့ ဖိတ်ခေါ် ကာ နေကုန်နေခမ်း ဆွေးနွေးတိုင်ပင်ခဲ့သည်။

မန်ယူအသင်းဟာ ယခုနှစ်ရာသီမှာ ၄၆ မှတ် ရရှိထားချိန်မှာ အဲ့ဒီအမှတ်ရဲ့ ထက်ဝက်နီးပါးက နောက်ကျဂိုးတွေနဲ့ ပြန်လည် အနိုင်ရရှိ ထားတာကြောင့် ပွဲသိမ်းဘုရင် လို့တောင် တင်စားခေါ်ဝေါ်နေကြပါတယ်။

မန်ယူနည်းပြ ဖာဂူဆန်ကတော့ ဆွမ်ဆီးနောက်ခံလူ ၀ီလီယမ်ရဲ့လုပ်ရပ်ဟာ ဗန်ပါစီကို လည်ပင်း ကျိုးသွားစေနိုင်သလို ကံကောင်း၍သာ ဗန်ပါစီ သက်ရှင်နေသေးတာ ဖြစ်ကြောင်း စိတ်ဆိုးစွာ ပြောဆိုသွားခဲ့ပါတယ်။

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

၂၀၀၂ -၂၀၀၃ ခုနစ်တုန်းက ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ နောက်ဆုံးအဖြစ် တွေ့ဆုံခဲ့တဲ့ ရီးယဲလ်နဲ့ မန်ယူအသင်းတို့ဟာ ၁၀ နှစ်အကြာမှာ ပြန်လည် ရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အတွင်း သွင်းဂိုး ၉၀ ပြည့်သွားပြီဖြစ်လို့ အရင်တုန်းက စံချိန်တင်ထားခဲ့တဲ့ ဂျာတ်မူလာရဲ့ တနှစ်အတွင်း ၈၅ ဂိုးသွင်းတဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်