မိမိတိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်အောင် တောင်ပံကနေ လှပတဲ့ ကန်ချက်တွေနဲ့ ဖြတ်တင်ပေးတဲ့ အရည်အချင်း တွေကြောင့် တိုက်စစ်မှူးတွေရဲ့ ချီးကျူးခြင်းကို ခံရတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

ဒေးဗစ် မိုးယက်စ်ဟာ ဇူလိုင် ၁ ရက်နေ့ ကစပြီး မန်ယူအသင်းမှာ စတင် တာဝန်ယူမှာဖြစ်ပြီး မန်ယူ အသင်း နဲ့  ၆ နှစ် သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ရိုးရာ အမည်ခံ အားကစားနည်းများမှ တဆင့် ရွှေတံဆိပ်များ ဆွတ်ခူးနေခြင်းမှာ မည်သည့်နည်းနှင့်မှ ကမ္ဘာ့အဆင့် မရောက်နိုင်ပါ။ ရိုးရာ အမည်ခံ အားကစားနည်းများမှ ရွှေတံဆိပ်များ ပြိုင်နေကြခြင်းမှာ နွားခြေရာခွက်ထဲမှ ဖားသူငယ်များ အဖြစ်သာ ရှိနေကြမည်

ကျနော်တို့လည်း ဒီမနက် လေ့ကျင့်ခန်းဆင်းမှ သိရတာပါ။ အသင်းသားနဲ့ အဖွဲ့ဝင်တွေ အားလုံးကို ရုံးခန်းထဲခေါ်ပြီး သူရဲ့ အနားယူဖို့ ဆုံးဖြတ်ချက်ကို ရုတ်တရက် ပြောဆိုခဲ့တာပါ

ဘိုင်ယန် အသင်းဟာ ပြီးခဲ့တဲ့ ၄ ပွဲစလုံးမှာ ပေးဂိုးမရှိခဲ့ဘဲ စံချိန် တင်ထားသလို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သမိုင်း တလျှောက် အများဆုံးအဖြစ် ၃ ဂိုးသွင်းယူထားတဲ့ စံချိန်ကိုလည်း ရရှိထားပါတယ်။

တော့တမ်ဟမ် တိုက်စစ်မှူး ဂါရက်ဘေးလ် ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆု အပြင် တနှစ်တာ အတွက် အကောင်းဆုံး လူငယ် ကစားသမား ဆုကိုလည်း ရရှိသွားပါတယ်။

မန်ယူ ကစားသမားဟောင်း ၄ ဦးမှာ ဒင်းနစ်အာဝင်၊ အင်ဒီကိုးလ်၊ ကလေတန် ဘလက်မိုး နှင့် လီရှပ်တို့ဖြစ်ပြီး ၎င်းတို့သည် ယနေ့နံနက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်

ဘော်စတွန် မာရသွန်ပြိုင်ပွဲသည် ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်များကပင် မတားဆီးနိုင်ခဲ့ပါ။ မဖျက်ဆီးနိုင်ခဲ့ပါ။ အကြမ်းဖက် သမားတို့က အားကစားကို လက်နက်ဖြင့် ခြိမ်းခြောက် သော်လည်း အားကစားကတော့ မကြောက်ပါ။

မွတ်စလင်နိုင်ငံများ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည့် အတွက် လုံခြုံရေးအပိုင်း စိုးရိမ်ရသောကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်

ဒီဆုကို ပရီးမီးယားလိဂ်မှ ကစားသမားများက မိမိတို့ကြိုက်နှစ်သက်တဲ့ တဖက်အသင်းမှ ကစားသမားကို မဲပေးရတာဖြစ်ပြီး မိမိအသင်းမှ ကစားသမားကို မဲပေးပိုင်ခွင့် မရှိပါဘူး။

ဟီးရိုးကနေ ဗီလိန်၊ ဗီလိန်ကနေ ဟီးရိုးအဖြစ် ပွဲတပွဲတည်းမှာ အသုံးတော်ခံသွားတဲ့ ဆွာရက်စ်ဟာ ဒီပွဲမှာ ပြိုင်ဘက် ကစားသမား အီဗာနိုဗစ်နဲ့ ယှဉ်ပြိုင်ပြေးရင်း လက်မောင်းကို ကိုက်တယ်လို့ ဝေဖန်ခံနေရပါတယ်။

နိုင်ငံတကာတွင်မူ အားကစား ပြိုင်ပွဲတွင် ပထမရသူ (၀ါ) ရွှေတံဆိပ် ရှင်များကို သာ ဂုဏ်ပြုလေ့ရှိကြသည်။ မြန်မာနိုင်ငံကမူ ရွှေတံဆိပ် ရှင်များသာ မက ငွေနှင့် ကြေး တံဆိပ်ဆုရှင်များကို ဂုဏ်ပြုခြင်းမှာ ထူးခြားချက် ပင်ဖြစ်သည်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်ကလပ် ဘာစီလိုနာနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ၊ အီတလီကလပ် ဂျုဗင်တပ်နဲ့  ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

ထူးခြားမှုအနေနဲ့ ဒေါ့မွန်အသင်းရဲ့ ဂိုးတွေဟာ မိနစ် ၉၀ နောက်ပိုင်းမှ သွင်းယူခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်း အနေနဲ့ ယခုနစ်မှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) အကြိုအဖြစ် မြန်မာ အမျိုးသား တံခွန်စိုက်ရွက်လှေပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်က ငွေဆောင်ကမ်းခြေမှာ ဧပြီလ ၄ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပပါတယ်။

မြန်မာနိုင်ငံသည် ပြန်လည် ကျင်းပမည့် ဆီးဂိမ်း အားကစား ပြိုင်ပွဲများမှတဆင့် မည်မျှ အောင်မြင်မှု လမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်မည်နည်း ဟူသည့်မေးခွန်းကို ဖြေဆိုရန် အရေးကြီးလာပြီဖြစ်သည်။

စီမံကိန်းတခုအဖြစ် ချမှတ်ပြီး ရပ်ကွက်အတွင်းရှိ လူငယ်များ ဘောလုံးကစားနိုင်ရန် နေရာ ဖန်တီးပေးနိုင်ဖို့လည်း လိုအပ်နေပါတယ်။ ဘောလုံးကို ရူးသွပ်စွာ အားပေးနေတဲ့ နိုင်ငံဆိုပေမယ့် ဘောလုံးသမားကောင်းတွေ ပိုမိုထွက်ပေါ်လာဖို့ နောက်ကွယ်က စီမံခန့်ခွဲမှုတွေကလည်း အလွန်အရေးပါပါတယ်။

မြန်မာ ရေကူးသမား နှစ်ဦးက ရွှေတံဆိပ် ၄ ခု ဆွတ်ခူးခဲ့ရာတွင် နန္ဒကျော်စွာ (ယခု ပြည့်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ) တဦးတည်းက ရွှေတံဆိပ် ၃ ဆု ဆွတ်ခူး နိုင်ခဲ့သည်။

ဒေ၀ါလီ ခံရတဲ့သူတွေထဲမှာ မန်ယူ ကစားသမားဟောင်း ကီး ဂယ်လစ်စပီ၊ ဂျမ်ဘာ ဂျမ်ဘာတို့ ပါဝင်သလို ချယ်လ်ဆီးနဲ့ နယူးကာဆယ် ကစားသမားဟောင်း ဘာဘာရာရို ဟာလည်း ဒေ၀ါလီ ခံခဲ့ရပါတယ်။

အလေးမ အတွင်းရေးမှူးချုပ်က နေရာမှထလာပြီး အောင်ကြီးနှင့်တကွ အုပ်ချုပ်သူ အားလုံးအား အားပါးတရ လက်ဆွဲနှုတ်ဆက်သည်။ ဤစံချိန်မှာ ဤမြူးနစ်အိုလံပစ်တွင် ပထမဆုံးတင်သော ကမ္ဘာ့စံချိန်နှင့် အိုလံပစ်စံချိန်ဖြစ်ကြောင်း ၀မ်းသာအားရ ပြောပြခဲ့သည်။

နိုင်ငံပေါင်း ၅ နိုင်ငံမှ အသင်း ၈ သင်း တက်ရောက်လာလို့ ခါတိုင်းလို နိုင်ငံကြီးတွေ ကြီးစိုးတဲ့ အရိပ်လက္ခဏာ ကျဆုံးလာပြီး ယူအီးအက်ဖ်အေ ဥက္ကဌ မစ်ချယ် ပလာတီနီ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်လာတယ် လို့လည်း ဆိုရပါမယ်။

ဘောလုံးအောင်ပွဲကို အာရှအဆင့်တွင် မကြုံတွေ့ကြရသည်မှာ ဆယ်စုနှစ် လေးစု ကျော်လာခဲ့ပါပြီ။ လာမည့် ဆီးဂိမ်းတွင် အားကစားပွဲတော် ပိတ်ပွဲနေ့တွင် နိုင်ငံတော် အလံကို အလေးပြု၍ နိုင်ငံတော် သီချင်းကို အားရပါးရ သီဆိုလိုက်ချင်ပါသည်။

ဘာစီလိုနာ အသင်းဟာ ဘောလုံးပိုင်ဆိုင်း ၆၈ ရာခိုင်နှုန်းရှိပြီး အေစီမီလန် အသင်းကတော့ ၃၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကွင်းလယ်မှာ ဘာစီလိုနာ အသင်းသာ စိုးမိုးခဲ့ပြီး အေစီမီလန်အသင်းဟာ ပွဲစကနေ ပွဲဆုံးအထိ ခံစစ်နဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။

လူသိနည်းလှတဲ့ ဒေသဆိုင်ရာ မိရိုးဖလာ အားကစား နည်းတွေနဲ့ ပတ်သက်ပြီး အခုလို ကျယ်ကျယ် လောင်လောင် အသံထွက်လာ ရတာကတော့ ဒီကစားနည်းတွေကို ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာပဲ ကစားကြလို့ ဖြစ်ပါတယ်။

ဂျွန်စမစ်သည်ပင်လျှင် ဘယ်လက်သီးဖြင့် စတင် ထိုးလွှတ်ပြန်သည်။ သို့သော် တင်ထွန်း၏ ညာဖြတ် လက်သီးက ဦးနေလေပြီ။ ဂျွန်စမစ်သည် ဒုတိယအကြိမ် လဲကျသွားပြန်သည်

နိုင်လိုက်တော့ အတိုင်းမသိကို ဝမ်းသာတာပေါ့ဗျာ။ အိန္ဒိယ အသင်းကလည်း အရမ်းကောင်းတော့ မြန်မာ ကစားသမားတွေလည်း အသေအလဲ ကစားရတာ။ ဒီပွဲက ဘာမှ အပြစ်ပြောစရာမရှိ သန့်သန့်လေးနိုင်တဲ့ပွဲပါ

မြန်မာ အသင်းဟာ ၂ ပွဲကစား ၄ မှတ်နဲ့ အုပ်စု ဒုတိယ အနေဖြင့်သာ ရပ်တည်နေ ပါတယ်။ အိန္ဒိယ အသင်းကတော့ ၂ ပွဲ ကစား ၆ မှတ်ဖြင့် ပထမနေရာမှာ ရပ်တည်နေပြီး နှစ်သင်းစလုံး ဂိုးကွာခြားချက် တူညီစွာ ရှိနေကြပါတယ်။

အထူးသဖြင့် မန်ယူ အသင်းရဲ့ တိုက်စစ်ဟာ အိမ်ကွင်းမှာ ပိုမိုထက်မြက်လေ့ ရှိတာကြောင့် မန်ယူအသင်းဟာ နောက်တဆင့် တက်ဖို့ နှာတဖျားသာ နေပါတယ်။

ကျနော်တို့ ပစ်မှတ်ကတော့ ကျနော်တို့လုပ်တဲ့ Promotion တွေကို လက်တွဲပြီး လုပ်ဆောင်ဖို့ ပရိတ်သတ်တွေကို ဖိတ်ခေါ်မှုကို ပိုထိရောက်တယ်။ သူ့ပရိသတ် ၁ သန်းလောက်ရှိတဲ့ အထဲက ကျနော်တို့ဆီကို ၂ ရာခိုင်နှုန်းလောက် ရောက်လာရင်လည်း ကျနော်တို့ရဲ့အားပေါ့

သုံးနှစ်အရွယ်ရှိ သမီးငယ်လေးက “မျိုးသန့် ကွ၊ ဗမာကွ” ဟု မပီကလာ ပီကလာနှင့် အော်သံကို ကြားရသော မြန်မာတိုင်း အဖို့ အဘယ်မှာလျင် ဇာတိသွေး ဇာတိမာန် မတက်ကြွဘဲ နေနိုင်ပါအံ့နည်း















Page 1 of 7123Next ›Last »