“လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” (သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်)
“တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။ နှစ်ချက်ရှိတာပေါ့။ ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ တပည့်တော်တို့ စားစရာမရှိဘူး။ စားစရာမရှိတဲ့အခါမှာ တရုတ်ဆီကနေ မူဆယ်လမ်းကြောင်းကနေ သွင်းရတယ်။ သွင်းရတဲ့ အခါကျတော့ မူဆယ် လမ်းကြောင်းကသွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ရတယ်။ အဲဒီကျေးဇူးလေးတော့ သူ့ကိုပြန်ပြီးတော့ကြည့်ရမယ်” (သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက လက်ပံတောင်း သပိတ် သံဃာများကို လျှောက်ထားချက်)

“လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” (သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်)
“နေ့တိုင်း ဥပုသ်စောင့်ကြပေါ့၊ ဒါဆို ညစာလည်း စားဖို့ မလိုဘူး။ အကြွေးလည်းကျေ၊ ကုသိုလ်လည်းရပေါ့။ အကြွေး မကျေရင် သံသရာမှာ သံသရာကြွေးပါပြီး ကျွန်ဖြစ်နေဦးမယ်” (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင်က ဓနုဖြူ လယ်သမားများကို ပြောဆိုချက်)
“ထားဝယ် စီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ဖို့ အတွက် ပြည်သူ့စစ် ဖွဲ့ရမယ်။ ရန်သူတွေ ပေါ်နေပြီ။ ရန်သူ ဆိုတာက ဒေသခံတွေ ထိခိုက်နစ်နာမှု မရှိအောင် ကြားက ကူညီဆောင်ရွက် ပေးနေတဲ့ အရပ်ဘက် ဆိုင်ရာ လူ့အဖွဲ့ အစည်းတွေ” (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ၀န်ကြီးတဦး)
“ရွှေလက်နဲ့ ခေါ်တုန်း လာပါ။ ကျည်ဆံ (Bullet) လွှတ်လိုက်တာ မလိုချင်ပါနဲ့” (အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ – ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
“ဂျက်တိုက်လေယာဉ်တွေ ၀ယ်ထားတာ ဗုံးကြဲဖို့ပေါ့” (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦး)
အထက်မှာ ဖော်ပြခဲ့တာတွေကတော့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး၊ သမ္မတ အကြံပေး၊ အာဏာရ ကြံ့ခိုင်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်နဲ့ လွှတ်တော် အမတ် စသူတွေရဲ့ လူသိရှင်ကြား ပြောစကားတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍတွေမှာ တာဝန်ရှိသူတွေ ဖြစ်ပေမယ့် နိုင်ငံဂုဏ်သိက္ခာ ထိခိုက်မှုကအစ၊ ပြည်ထောင်စု တိုင်းရင်းသားများအပေါ် ဖိနှိပ်လိုမှုများ အလယ်၊ အခြေခံလူတန်းစား လယ်သမားတွေရဲ့ ဘဝကို မစာနာမှုမျိုးတွေအဆုံး တရားလက်လွတ်၊ စကားနောက် တရားပါ ဖြစ်တာကြောင့် ပြည်သူလူထု အကြားမှာ ဝေဖန် ရှုတ်ချမှုတွေနဲ့ ပွက်လောရိုက်စေခဲ့တဲ့ ပြောဆိုချက်တွေပါ။
ဧရာဝတီရဲ့ အတွေးအမြင်ကဏ္ဍမှာ စာရေးဆရာ သစ္စာနီကလည်း “မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ” ဆိုပြီး မကြာမီက ရေးသားခဲ့ပါသေးတယ်။ ဦးနေ၀င်းရဲ့ “တပ်ကတော့ မိုးပေါ် ထောင်မပစ်ဘူး။ တည့်တည့် ပစ်မှာ။ နောက် ဆူချင် ပူချင်တဲ့သူတွေ မသက်သာဘူး မှတ်” ဆိုတဲ့ ၈၈ အကြို လမ်းညွှန်ချက်ကိုပဲ နားထဲ စွဲနေကြသလား မသိဘူးလို့ စာရေးဆရာ သစ္စာနီက ဆိုပါတယ်။
ဒီလို အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍမှာ တာဝန်ကြီးကြီးမားမား ယူထားသူများအနေနဲ့ ဒီလို တရားလက်လွတ် ပြောဆိုမှုတွေ ဖြစ်ရခြင်းဟာ အရင် စစ်အစိုးရလက်ထက်ကနေ အရပ်ဝတ် ပြောင်းဝတ်လာတဲ့ သူတွေ အများစုဖြစ်လို့ သူတို့ရဲ့ ဇာတိရုပ်က ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။
ဒီလို အထိန်းအကွပ်မဲ့၊ တာဝန်မဲ့၊ တရားလက်လွတ် ပြောဆိုမှုတွေကို ဘယ်လို မြင်ပါသလဲ၊ ပြန်လည် တောင်းပန်ခိုင်းတာမျိုး၊ တာဝန်ယူပြီး ဖြေရှင်းခိုင်းနိုင်မယ့် ဖိအားပေးမှုမျိုး၊ ဒီလို ပြောဆိုချက်အပေါ် မူတည်ပြီး တစုံတရာ အရေးယူတာမျိုးတွေ လုပ်ခိုင်းသင့်ပါသလား၊ နောက်လူတွေ ဒီလို မပြောဝံ့အောင် မှတ်လောက်သားလောက် ဖြစ်အောင် စံပြ အနေနဲ့ သေချာ မှတ်တမ်းတင်တာမျိုး တခုခု လုပ်သင့်သလား စတာတွေကို ဒီတခေါက် ဧရာတီဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
အေးဗျ၊ ကျွန်တော်လဲပြောချင်နေတာနဲ့အတော်ပါဘဲ။ တရားလက်လွတ် ပြောဆိုနေတာလို့
ပြောမဲ့အစား၊ ပြောတဲ့စကား ဘယ်ရောက်သွားမှန်းမသိဘဲ၊ တခြားလူတွေဟာ၊
သူတို့လောက်မသိ၊ သူတို့လောက်နားမလည်၊ သူတို့ပြောသမျှအမှန်လို့ယူဆထား၊ ခံယူထားလို့ ဒီလိုပြောနေ ဆိုနေကြတယ်လို့၊ တွေးထင်မိပါတယ်။ တကယ်တော့ပြည်သူ့တွေနဲ့ အလှမ်းဝေးနေတယ်လို့ဆိုရင်လဲ မှန်သင့်သလောက် မှန်ပါလိမ်.မယ်ခင်ဗျ။ ပြည်သူတွေရဲ့ လက်တွေ.ဘဝကို နားလည်ဘို့ ပြောခွင့်ဆိုခွင့် ပေးသင့်သလို၊ ပြည်သူတွေ ဘာပြောမလဲဆိုတာလဲ နားထောင်ပေးရပါမယ်။ ဆွေးနွေးပွဲတွေမှာ အချင်းချင်း ဇတ်တိုက်ထားတဲ့စာတွေဖတ်ပြပြီး၊ ပြည်သူ့သဘောထား ခံယူပါတယ်ဆိုတဲ့လုပ်
ရပ်တွေဟာလဲ တကယ်လက်တွေ့မှာ ဘာမှ အကျိုးမဖြစ်ထွန်းနိုင်ဘူးဆိုတာ အတိတ်ကသက်
သေပြနေပါတယ်။ ဒါကြောင့် ပြည်သူ့ဘဝကို တကယ်နားလည်တဲ့၊ ပြည်သူ့အကျိုးကိုတ
ကယ်လိုလားတဲ့အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ပါဝင်တဲ့အစိုးရအဖွဲ့မျီုးလိုအပ်
နေပါပြီ။ ဒါဆိုရင်တော့ အဲဒီလိုစကားမျိုးတွေ ကြားရမယ်မထင်တော့ပါဘူး။
ဘာမှ အရေးယူစရာမလိုဘူး အရှက်ခွဲလိုက်ယုံလေးပါ။ သူတို့အဲလိုပြောရင် မီဒီယာ လွတ်လပ်နေပြီပဲ ရေးကြပေါ့။ ရွေးကောက်တဲ့ စနစ်မှာ အဲလို အဆင့်မရှိတဲ့သူတွေကို ပြည်သူတွေ ၂ခါမရွေးဘူး စိတ်သာချ။ ဘယ်လောက်ပြောင်းတယ်ပြောပြော အရင်ကလဲ ဒီလို ခုလဲ ဒီလူတွေပဲလေ။ စစ်တိုက်တာကလွဲလို့ ဘာမှ မလေ့လာတော့ ဘာအိုင်ဒီယိုလော်ဂျီမှ ရှိမှာမဟုတ်ဘူး။ ပြောင်လာမှာလဲ မဟုတ်ဘူး။ နလပိန်းတုံးတွေပါ။ အစိုးရအနေနဲ့လဲ အဲလိုဝန်ကြီးတွေ အကြံပေးတွေကို ဖြုတ်ထုတ်ရပါလိမ့်မယ်။ teamကောင်းမှ အောင်မြင်မှာပါ။ နဂို ကမှ ထမင်း၂နပ်ပဲ တနပ်လျှော့ခိုင်းတာ သေပြီပေါ့။ လယ်ထွန်တာ နွားနဲ့ အပြိုင် လုပ်ရတာဗျ။ အစိုရက ပြည်သူငတ်တာ စောက်သုံးမကျလို့ ပြည်သူ အကျွေးတင်ပါ။ သူတို့ အုပ်ချုပ်မှုညံ့လို့ ဖြစ်ရတာ။ စစ်သားဟာ စစ်သားပဲလုပ်ပါ။ နေရတကာ သူတို့ အတတ်ဆုံး လုပ်နေလို့ တိုင်းပြည်မွဲတာ။
မူရော လူရော ပြောင်းမှ။ ဆိုလိုတာက ဒီလူတွေနဲ့ ဘာလုပ်လုပ် အရင်စိတ်ရင်းခံရှိနေမှတော့ ဘယ်လိုမှ တိုင်းပြည်ကောင်းအောင် မလုပ်နိုင်ဘူး။ နေရာလည်း ဖယ်မပေးချင်။ တိုင်းပြည်ကောင်းအောင်လည်း မလုပ်နိုင်။
ဒီလိုလူ ၂ ခါမရွေးဘူးဆိုရအောင် ပထမကလည်း ရွေးခံရတာမဟုတ်။ မဲခိုးပြီး နေရာတက်ယူထားတာပါ။ လုပ်ရည်ကိုင်ရည်လည်းမရှိ၊ ဒီလောက်ဝိုင်းပြောခံရလည်း အရှက်ကမရှိ။ တယောက်ကဆို TV မှာ ခဏခဏသူ.မျက်နှာကြည်.နေရတယ် (ကိုကိုလိုင်)။ ဘယ်သူကများ ဒီအစီအစဉ်ကို လုပ်တာလဲ။ ပြည်သူအတွက် ဘာအကြိုးရှိလို.လဲ။ အရည်မရအဖတ်မရ။ ဦးမြင်.လိုင်ကတော.ပြုတ်သင်.တာကြာပြီ။ လယ်သမားတွေ ဆင်းရဲနေတာ ဒီလိုဝန်ကြီးတွေကြောင်.
ှဟုတ်ပါ့ဗျာ ။ ၂ ခါမရွေးဘူးဆိုရအောင် ပထမကလည်း ရွေးခံရတာမဟုတ်တာ ။ ညစ်နည်းမျိုးစုံနဲ့မရမကယူထားတဲ့ရာထူးတွေ ။ စကားပုံတောင်ရှိသေးတယ် ။ ရာဖပုလ္လင်ကို မျောက်ဆိုလား ၊ လောက်ဆိုလား တက်တယ်ဆိုတာလေ ။
မီဒီယာတွေအားကောင်းလာလို့ အုပ်ချုပ်သူတွေ အသုံးမကျမှန်း ပိုပြီး ပေါ်လွင်လာတာပါ။ သမ္မတကြီးအတွက်လည်း သူ့အဖွဲ့ထဲမှာ အသုံးမကျတဲ့လူတွေရှိနေမှန်း သိလာပြီး ဖြုတ်ပြစ်ဖို့ အခွင့်အရေးတစ်ခုပါ။ အရင်ခေတ်ကလိုတော့ ပြည်သူ့အသံကို ပြစ်ပါယ်ထားလို့မရတော့မှန်း သူတို့လည်းကောင်းကောင်းသိလာပါပြီ။ မီဒီယာတွေအနေနဲ့ ပြည်သူကို ပြန်မေးတတ်တဲ့ ပြန်လည်ချေပပြောဆိုတတ်တဲ့ အသိတရားတွေ မီဒီယာထဲကတစ်ဆင့်သင်ပေးနိုင်မယ်ဆိုရင်၊ ပြည်သူတွေလည်း အရင်ကလို လူကြီးလာရင် အောက်မှာ ငုတ်တုတ်ထိုင်ပြီး သူပြောချင်ရာပြောသွားတာကို ငြိမ်နားထောင်မနေတော့ဘဲ ပြန်လည်မေးမြန်းတာ မဟုတ်ရင်ပြန်ချေပပြောဆိုတာတွေ ဖြစ်လာမှာပါ။ အခုအုပ်ချုပ်နေတဲ့ အသုံးမကျတဲ့လူကြီးတွေ ပြည်သူကို သူတို့ပြောချင်တိုင်း ပြောလို့မရတော့ဖူးဆိုတာ အခုလောက်ဆို တော်တော်နားလည်နေလောက်ပါပြီ။
If these people stay in power, there is no way Burma will see genuine democracy. These people were not elected but if they remain in the next term, I will slingshot on their foreheads.
လူလိမ်မာသား ယဉ်ပါး လူမိုက်သား ရမ်းကား
သူတို့ အဖေ တွေက သေ စေ တဲ့ နတ်နဲ့ လုပ်စားကြတာ
ပြော ရဲ တာ မဟုတ်ဘူး စော်ကားတာ
စော်ကားတာ ခံရသူအတွက် ဥပဒေ ရှိတယ် ဒီ ဥပဒေက အကာအကွယ်မပေးနိုင်ဘူး
ဘာ လုပ် ချင် လည်း ဘာ လုပ် လို့ ရ မလည်း
လွှတ်တော်တက် မလား ရ လား
အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ.Uf we have to do it ourself,why we have to vote her.
ငါတို့နှိုင်ငံက ထမင်းစားပြီး ကြီးတဲ့လူကြီးတွှေ ဘယ်တော့မှ လူစကားပြောမလဲ မသိဘူး လာပြန်ပြီနောက်တယောက် မွန်ပြည်နယ်ဝန်းကြီးချုပ်တဲ့ ဒီတော့ဗျာ ဒီလူကြီးဆိုသူများကို ဗမာစာစကားပြောနည်း သင်တန်းဆင်းပြီးမှ လူကြီးအဖြစ် အသိအမှတ်ပြုပါလို့
I have to say say nothing.If i say they will kill eachother more.(DAw Su)
(Yakhine and rohingers)She talked this when she come to America.
ကျုပ်တို့ တိုင်းပြည်မှာ လူကြီးလုပ်တဲ့ကောင်တွှေ တကောင်မှ လူလိုပပြောတတ်ကြဘူး ထမင်းစားကြီးတဲ့လူတွှေလို ဘာမေးမေး ဘာပြောပြော လူနားလည်အောင် နားဝင်အောင်ပြောရမယ်ဆိုတာ မိဘက မသင်ပေးလိုက်ဘူးထင်တယ် ဒီတော့ဗျာ ဝန်ကြီးလုပ်မဲ့သူတွှေကို ဗမာစာဗမာစကားပြောနည်း သင်တန်းတက်ပြီးမှ လူကြီးလုပ်ပါလို့
ဒီလိုလူတွေ အုပ်ချုပ်လာခဲ့လို့.. ရာစုနှစ်ခေါက်ချိုမှာ တိုင်းပြည်ကြီးတစ်ခုလုံ မွဲးပျာကြလို့ ဖွတ်ဖြစ်နေပြီးပြီး…
. ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင် ဝန်ကြီး တွေရဲ့စကားကို. .ကျေးဇူ့ပြုပြီး.. အင်္ဂလိပ်လို.. ဘာသာပြန်ပြီး.. အွန်လိုင်းမှာ မတင်ကြပါနှင့်ဗျာ။ နိုင်ငံတစ်ကာက ခေါင်ဆောင်ကြီးတွေ သိသွားရင်.. အူတက်အောင်ရီကြမယ်. .ပြီးနောက် ဒီလူတွေကို.. ဒီလောက်တောင်. .သောက်သုံးမကြတဲ့ ကောင်းတွေပါလာလို့.. ကလော်တုတ်လာရင်. .မြန်မာပြည်. .သိက္ခာကြမယ်. .ဖွတ်မရှက်ချင်နေ. .လူတွေရှက်တယ်…
အမှန်ဆိုရင်သူတိုပြောတဲစကားတွေကိုအရေယူစရာလဲမလို…
….အရှက်ခွဲစရာလဲမလိုပါဘူး….သူတိုတွေပြောသလို……
သူတိုကိုယ်တိုင်ပြန်လုပ်ခိုင်ကြည်လိုက်ပေါ့…အဲတာမှ…
ဘယ်လိုအရသာရှိတယ်ဆိုတာသိမှာ…
U Thein Sein is fully responsible for this matter because he is the one who has selected those people to run the operation of his government…. he is fully responsible for appointing those mentally unfit ex-military men in his cabinet.
everybody please
Just create a phenomenal nick name for each of them: and record it in public areas
I just created one for U Ko Ko Hlaing : who highlighted ‘ candle ‘. copying ‘ Tin Maung Swe and K tone-lone Gang ”
Kendle Ko Ko – KKK – Ku Klux Klan ”
and create one for each of them;
and let all good cartoonists to cartoon them in humorous manners. and displayed in good public areas like This Media, Moe Ma Kha, Eleven Media and actual cartoon shows in Ta-Zaung-Bone Full Moon day etc.
So everyone please participate a good name for each of them from readers’ point of view.
To get sacked or not is Government’s perspective and their job.
………..
PS
Khin Shwe told to B B C before – over one year ago regarding Buddhism in somewhere in Bahan in Yangon. Check with B B C archives.
‘ Kyundaw SeeSein neth Pone Aw Pee Laung Dae ‘. ( I will bet all of my assets on it ! ! ) .
by doing that, those ‘loose tongues ‘ will shut up OR wash their shit coming out from their mouth OR watch their mouth OR they will take much care in future ‘ .resulting in good outcome for our community onwards.
In fact, it is not that important that lay persons say ‘ shit ‘ , but it IS VERY IMPORTANT those taking office should not .
‘ Loose Talk Costs Lives ‘ ( by The Bee Gees )