
နမ့်ခမ်းဆေးရုံတွင် တက်ရောက် ကုသခံနေသည့် မြေမြှုပ်မိုင်း နင်းမိသူ မောင်ဇမ်မိုင် (ဓာတ်ပုံ – ကောင်းထက်)
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ မန်ဝိန်းကြီး – ဗန်းမော် ကားလမ်းတွင် မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲမှုကြောင့် မန်ဝိန်းကြီးရွာမှ အသက် ၁၄ နှစ်အရွယ် ကလေး တဦး သေဆုံးပြီး တဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မန်ဝိန်းကြီးရွာ စိန့်ဘုရားကျောင်း အတွင်းရှိ စစ်ဘေးဒုက္ခသည် စခန်းနှင့် ၅ မိုင်ကျော် ကွာဝေးသော လဂါတ်ဒေါ့ရွာ အနီးတွင် ဇန်န၀ါရီ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် မန်ဝိန်းကြီးရွာ ရပ်ကွက် ၁ မှ ၇ တန်း ကျောင်းသား မောင်မျိုးလှိုင် သေဆုံးခဲ့ရကြောင်း၊ တခြားကလေးတဦးဖြစ်သည့် မောင် ဇမ်မိုင်မှာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေရကြောင်း မန်ဝိန်းကြီးရွာရှိ စစ်ဘေး ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသူ မန်ဝိန်းကြီးဒေသခံ ကိုအောင်စိုးလင်းက ပြောသည်။
“ဖြစ်ဖြစ်ချင်း ဇမ်မိုင်က ထပြေးလာနိုင်လို့ မိဘတွေဆီ ပြန်ပြေးပြောတော့မှ ကျနော်တို့သိတာ။ သူထပြေးလာတဲ့ အချိန်မှာ ကျန်တဲ့ကလေး ၂ ဦးက အဲဒီနေရာမှာတင် မထနိုင်လို့ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့သူထဲက မျိုးလှိုင်ကတော့ အဲဒီနေရာမှာတင် သေသွားတယ်။ သူတို့နဲ့အတူ ပါသွားတဲ့ ဂန့်ဖန်းကတော့ ဘာမှ မဖြစ်ခဲ့ဘူး။ ပြေးလာနိုင်တဲ့ ဇမ်မိုင်ကတော့ တင်ပါး၊ ခြေထောက်နဲ့ ဦးခေါင်းမှာ မိုင်း ထိတယ်” ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်းအတွင်းတွင် ထိုလမ်းကြောမှာ ၂ ဘက် စစ်ကြောင်းများ သွားလာနေသော လမ်းကြောင်းဖြစ်ကြောင်း၊ တပ်မတော် စစ်ကြောင်းများက ထိုလမ်းကို အသုံးမပြုဘဲ၊ တောလမ်းမှ ၎င်းတို့ဘာသာ လမ်းကြောင်းထွင် သွားခဲ့ကြကြောင်း၊ တပ်မတော် စစ်ကြောင်းများ သွားခဲ့ပြီး နောက်ပိုင်း ဒေသခံများ သွားလာသည့်အခါတွင်မှ ထိုမိုင်းများ ထိခိုက်ခဲ့ရခြင်း ဖြစ်ကြောင်း ကိုအောင်စိုးလင်းက ဆက်ပြောသည်။
အဆိုပါ ကလေးများသည် သစ်ခွပန်း ရှာရန်အတွက် ဆိုင်ကယ်တစီးဖြင့် ၃ ဦး စီးကာ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လဂါတ်ဒေါ့ရွာအနီးတွင် မြေမြှုပ်မိုင်းကို ဆိုင်ကယ် နင်းမိပြီး ပေါက်ကွဲခဲ့ကြောင်း၊ ထိုလမ်းကို ယခင် အချိန်များကလည်း သစ်ခွပန်းရှာရန် သွားရောက်ဖူးခဲ့ကြောင်း နမ့်ခမ်းဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည့် ဇမ်မိုင်က ပြောပြသည်။
ယင်းဒေသတွင် သစ်ခွပန်း ၁ ပိသာလျှင် ကျပ် ၅ ထောင် ရသောကြောင့် ကလေးများက ထိုသို့ သွားရှာလေ့ရှိကြကြောင်း၊ ယခုကဲ့သို့ ဖြစ်ရသည့် အတွက် အဆိုပါ ဒေသတွင် အလုပ်အကိုင်များ ရှားပါးချိန်ဖြစ်သောအတွက် ဆေးကုသရန်ပင် ခက်ခဲနေကြောင်း ဇမ်မိုင်၏ဖခင် ဦးဂွမ်းမိုင်က ဆိုသည်။
“ဖြစ်တဲ့အချိန်မှာ ကျနော်တို့က ဘုရားကျောင်း သွားနေတာ။ ကလေးတွေကတော့ ဒီနေရာမှာ မိုင်းတွေ ထောင်ထားတယ် ဆိုတာ မသိကြဘူး။ လူကြီးတွေက ဒီနေရာကို မသွားကြနဲ့လို့ ပြောတာလည်း နားမထောင်ကြဘူး” ဟု ဦးဂွမ်းမိုင်က ပြောသည်။
I feel very sad. Please cease fire. !!
သည် စစ်ပွဲနဲ့ ဘာမှ မဆိုင်တဲ့ မိသားစုတွေ ဒုက္ခရောက်ရပြီ။
သား ဆုံးသူက ဆုံး၊ ဒဏ်ရာရတဲ့ ကလေး အဖေကတော့ သားအတွက် ဆေးကုဘို့တောင် မရှိ။
အလုပ်အကိုင်မရှိ၊ ရှားပါးလွန်းလို့ သည်ကလေးတွေ တောထဲ သစ်ခွပန်း သွားရှာကြတာ။ မဟုတ်ရင် ၁၄ နှစ်သား ကလေးဘာဝ ကစားနေကြမှာပေါ့။
ဆုတောင်းပေးနေပါတယ်
မြေဇာပင်တွေပေါ့ တစ်တိုင်းပြည်လုံး စစ်မီးလျှံကူးသွားမှ လူတွေကနားလည်မှာ
မြန်မာပြည်မှာက ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ လူမပြောနဲ့
အချင်းချင်းတောင်သစ္စာမရှိတော့ စစ်ပွဲကတော့ ရှည်မှာသေချာပါတယ်
စစ်ပွဲဒဏ် မခံချင်လို့ နိုင်ငံခြားသွားမယ်ဆိုရင်တော့ ရခိုင်ကိုအရင်ကြည့်လိုက်
ဇာတိပါပျောက်သွားမယ် တစ်ခြားလူတွေဝင်လာမှာပေါ့
စစ်ပွဲကိုကြောက်လို့၊ အလုပ်အကိုင်ရှားပါးလို့ နိုင်ငံခြားကို ထွက်သွားရင်တော့ ရခိုင်ဒေသက
ဘင်္ဂါလီမွတ်စလင်တွေ နေရာဝင်ယူမယ်နော်။ ကချင်ပြည်နယ်ထဲကို ဘင်္ဂါလီ မွတ်စလင်တွေ
အချေခြ နေထိုင်လာရင် လူမျိုးရေး ဘာသာရေး ပြဿနာတွေ ရခိုင်ဒေသထက် ပိုဆိုးသွားမယ်