တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဒု စစ် ဦးစီးချုပ် Lieutenant General Qi Jianguo တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် ကချင်ပြည် နယ်အတွင်း ဖြစ်ပွားလျက်ရှိစော တိုက်ပွဲများ အပါဝင် စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
တရုတ်စစ်ဦးချုပ်နှင့် နားလည်မှုယူပြီး၊ ညှိနှိုင်းဆွေးနွေးပြီး လိုင်ဇာဌာနချုပ်ကို တရုတ်ပြည်
ဖက်မှ ၀င်ရောက်တိုက်ခိုက်လျှင် အထိအခိုက်အနည်းငယ်ဖြင့် အကျအဆုံးအနည်းငယ်ဖြင့်
သိမ်းပိုက်နှိုင်ပါမည်။ သို့မဟုတ်ပါက လွယ်ကူမည်မဟုတ်ပါ။ အမြောက်ဆံ ဗုံးဆံတွေ တရုတ်
ပြည်ထဲ ကျလာလျှင် ပြဿနာရှာလာမည်။ ထို့ကြောင့် တရုတ်စစ်တပ်နှင့် နားလည်မှုရလျှင်
လိုင်ဇာကို လွယ်ကူစွာ သိမ်းနှိုင်ပါမည်။ အပြန်အလှန်အားဖြင့် မိမိဖက်မှလည်း တရုတ်အကျိုး
စီးပွားကိုတော့ အကာအကွယ်ပေးရပါမည်။ သူတို့အတွက် အကျိုးရှိမှ အာမခံမှုရှိမှ သူတို့က
လည်း လိုက်လျောမှာပါ။
What are they talkings…? we will know one day , lets check-it-out…