သတင်းတို

ဂျာနယ် ၈ စောင် နေ့စဉ် သတင်းစာ ထုတ်ခွင့် လျှောက်မည်

Hits:380
  | |
Print This Post

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနသို့ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပြန်လည် လျှောက်ထားနိုင်မည် ဖြစ်ရာ ပြည်တွင်း ဂျာနယ် ၈ စောင်က ထုတ်ဝေခွင့် လျှောက်ထားမည်ဖြစ်ကြောင်း ယခု သီတင်းပတ်တွင် ထုတ်ဝေသည့် 7 Day News ဂျာနယ်တွင် ဖော်ပြထားသည်။ သတင်းစာ ထုတ်ဝေခွင့် လျှောက်မည့် မီဒီယာ ၈ ခုမှာ 7 Day News, Eleven Media Group, မြန်မာ တိုင်း (မ်)၊ Messenger, Popular News, The Voice, ရန်ကုန်တိုင်း (မ်) နှင့် ဒီလှိုင်း တို့ ဖြစ်ကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဝေသည့် ဒီလှိုင်းစာစောင်က ပါတီစာစောင်အဖြစ်မှ ပြည်သူ့ဝန်ဆောင်မှု သတင်းစာအဖြစ် အသွင်ပြောင်းမည်ဟု သိရသည်။

နောက်ဆုံးရ ရုပ်/သံများ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>