အဲပုဂံလေကြောင်းလိုင်းပိုင် ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပြေးဆွဲသည့် F-100 လေယာဉ် ယမန့်က အရေးပေါ်ဆင်းသက်ရမှုကို လေကြောင်း နည်းဥပဒေအရ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစုံစမ်းစစ်ဆေးမှုအတွက် ဥက္ကဋ္ဌအဖြစ် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းနှင့် အဖွဲ့ဝင် ၄ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပို့ဆောင်ရေး ဝန်ကြီးဌာနက ဖွဲ့စည်းတာဝန်ပေးလိုက်ကြောင်း သိရှိရသည်။