မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများကို အာဆီယံ ၁၀ နိုင်ငံ အပါအဝင် ဥရောပနိုင်ငံ အများစုသို့ သယ်ဆောင် အသုံးပြုနိုင်မည့် Outbound Roaming စနစ်ကို လာမည့်နှစ်အတွင်း ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ခွင့်ပြု ပေးလိုက်ခြင်းဖြင့် ပြည်တွင်းမှ နိုင်ငံတကာသို့ သွားရောက်မည့်သူများ၏ မိုဘိုင်းဖုန်း ဆက်သွယ်မှုများအတွက် ပိုမို အဆင်ပြေလာစေမည်ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို ၂၀၁၃ ဧပြီလတွင် စတင်အသုံးပြုနိုင်ဖွယ် ရှိကြောင်းနှင့် လက်ရှိ အချိန်တွင် မြန်မာပြည်မှ မိုဘိုင်းဖုန်းများကို ကိုရီးယားနှင့် ဂျပန်နိုင်ငံများ၌ သယ်ဆောင်သွားကာ အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောသည်။ ပြည်ပနိုင်ငံများမှ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင်လာကာ အသုံးပြုနိုင်သည့် Inbound Roaming စနစ်ကိုမူ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးက ခြေလှမ်းကျဲလှချည်လား?
အလှမ်းကျယ်ရင် အလယ်လပ်တယ်လို့ ဆိုရိုးစကားရှိတယ်လေ။
ဒါတွေမလုပ်ခင် MPT ဖုံးတွေနဲ့ နိုင်ငံခြားဖုံးတွေကို SMS message ပို့လို့ရအောင်
အရင်လုပ်ပေးပါဦး။ အဲဒါပြီးမှ ဟိုဟာဆက်လုပ်။
ဟူး… ပြောရတာမောလိုက်တာ။
လုပ်ပေးဘို့ တာဝန်ကျန်သေးတယ်ဆိုတာကိုရော နားမှလည်ရဲ့လားမသိဘူး။
နှစ်သိန်းတန် ကဒ် နဲ့  ဖုန်းတစ်လုံးဝယ်ထားပါတယ် တောမှာမလို့ လားတော့ မသိဘူး အစကတော့ အဆင်ပြေပါတယ် နိုင်ငံခြား အ၀င် တောင် အဆင်ပြေတယ် တစ်လတောင်မကြာပါဘူး အခုချိန် အထိ ခေါ်လို့ မရလို့  တစ်ခြားဖုန်းကိုပဲ ခေါ်နေရတယ် စဉ်းစားပေါ့ ထွေထွေ ထူးထူး တော့ မပြောတောါ့ပါဘူး ဟင်း