မြန်မာ့ဆက်သွယ်ရေးက လာမည့် ၂၀၁၃ နှစ်ဦးတွင် 3G (System) တန်ဖိုးနည်း SIM ကတ်များ ရောင်းချ ပေးတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ မိုဘိုင်းဖုန်းဈေးနှုန်းကို အတိအကျ မသတ်မှတ်ရသေးသော်လည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း အရောင်းဌာန ၁၈ ခု ထားရှိ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်းနှင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း တပြိုင်တည်း ရောင်းချပေးသွားမည်ဟု သိရသည်။