သတင်းတို

ဗြိတိန်ဘဏ်က အမေရိကန်သို့ ဒေါ်လာ သန်း ၃၀၀ ကျော် ဒဏ်ဆောင်ရမည်

Hits:1
  | |
Print This Post

အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုခံခဲ့ရသည့် မြန်မာ၊ အီရန်၊ လစ်ဗျား နှင့် ဆူဒန်နိုင်ငံများကို ဗြိတိန်အခြေစိုက် Standard Chartered ဘဏ်အနေဖြင့် ဘဏ်လုပ်ငန်း ဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုများ ရှိခဲ့သည့်အတွက် အမေရိကန်သို့ ဒဏ်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၃၂၇ သန်းပေးဆောင်ရမည်ဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထား ကြောင်း သိရ သည်။ အဆိုပါ ဘဏ် အနေဖြင့် ယခုကဲ့သို့ လျော်ကြေးပေးရခြင်းမှာ ဒုတိယ အကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် သြဂုတ်လကလည်း အီရန် နိုင်ငံကို ဒေါ်လာ သန်းပေါင်း ထောင်ချီချေးငှားမှု၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျည်းချိုးဖောက်ခဲ့မှုများအတွက် ဒဏ်ကြေးငွေ ဒေါ်လာ သန်း ၃၄၀ ပေးခဲ့ရဖူး သည်။ ထို့အပြင် ဗြိတိန်အခြေစိုက် HSBC ဘဏ်ကလည် အမေရိကန်က စီးပွားရေး ဒဏ်ခတ်အရေးယူထား သည့် အီရန်နိုင်ငံနှင့် မက္ကဆီကို နိုင်ငံက မူးယစ်ရာဇာများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ကူညီမှုများ လုပ်ဆောင်ခဲ့၍ စွပ်စွဲခံရမှုများကို ဖြေရှင်း နေရကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

နောက်ဆုံးရ ရုပ်/သံများ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>