ဒီနှစ်ရဲ့ အငြင်းပွားဖွယ်အဖြစ်ဆုံးထဲမှာ မုံရွာခရိုင်အတွင်း ကြေးနီတူးဖော်ရေး စီမံကိန်းက ထိပ်တန်းက ပါဝင်နေပါတယ်။
လက်ပံတောင်းတောင် ၀န်းကျင် ရွာပေါင်း ၂၀ ထက် မနည်း နေရာ ဖယ်ပေးလိုက်ရတဲ့ စီမံကိန်းကြီးလည်း ဖြစ်ပါတယ်။
ဒေသခံတွေက အသိမ်းခံရတဲ့ မြေယာတို့အတွက် သင့်လျော်တဲ့လျော်ကြေးမရခဲ့ဘူး၊ တူးဖော်ရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေတယ် စသဖြင့် ထောက်ပြပြီး စီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြတာ လအတန်ကြာခဲ့ပါပြီ။
မြန်မာ့တပ်မတော်ကတော့ သူ့ရဲ့ စီးပွားရေးဦးပိုင်လီမိတက် နဲ့ တရုတ်အစိုးရ ကုမ္ပဏီတခု ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တဲ့ ဒီစီမံကိန်း ဖျက်ရမှာကို မလိုလားပါဘူး။ ဒီစီမံကိန်းရဲ့ အကျိုးအမြတ်တွေဟာ အငြိမ်းစား ရဲဘော်မိသားစုများအတွက် ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့လမှာ လွှတ်တော်ကို ရှင်းပြခဲ့ပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ရဲ့ နှိမ်နင်းမှုကြောင့် စီမံကိန်းနယ်မြေမှာ ဆန္ဒပြသူ အများအပြား ဒဏ်ရာအကြီးအကျယ် ရသွားကြပါတယ်။
နောက်တနေ့မှာ ရန်ကုန်မြို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ရာမှာ ဒီစီမံကိန်းဟာ နှစ်ဘက်အကျိုးရှိတဲ့အတွက် ဆက်လက် အကောင်အထည်ဖော်ဖို့ တိုက်တွန်းသွားပါတယ်။
စီမံကိန်းကို လုံးဝ ရပ်ဆိုင်းလိုက်ဖို့ တရုတ်၊ မြန်မာ အစိုးရတို့ ဘာကြောင့် သဘော မတူနိုင်ရသလဲ၊
အများလက်ခံနိုင်တဲ့အခြေအနေတခု ရအောင် စီစဉ်ပြီး စီမံကိန်း ဆက်လုပ်နိုင်မလား၊
ဒေသခံတို့ရဲ့ အဓိက တောင်းဆိုချက်က ဘာတွေလဲ၊
ဆန္ဒပြသူတွေဆီကို ဒေါ်အောင်ဆန်းစုကြည် မရောက်ခင် အချိန်လေးမှာ ဘာကြောင့် လူစုခွဲလိုက်သလဲ၊
မီးလောင်ဒဏ်ရာတွေရသွားအောင် ဘယ်လိုလက်နက်မျိုး သုံးခဲ့သလဲ၊
ဒီလိုဒဏ်ရာရသွားရတဲ့ အကြောင်းရင်းကို တိုင်း/ဗဟိုအစိုးရက ဘာကြောင့် ရှင်းချက် မထုတ်ရတာလဲ၊
ဒဏ်ရာရသူတွေထဲ သံဃာတွေ ပါဝင်နေတာ ဘာကြောင့်လဲ၊
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ၊
ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ ဒီစီမံကိန်း ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ
စသဖြင့် မေးခွန်းထုတ်စရာ အများအပြား ဖြစ်နေတဲ့ စီမံကိန်းပါ။
ဧရာဝတီဖိုရမ်မှာ ဒီစီမံကိန်းအကြောင်း ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ဒီစီမံကိန်းရဲ့ အကျိုးအမြတ်တွေဟာ အငြိမ်းစား ရဲဘော်မိသားစုများ အတွက်ဖြစ်တယ်လို့ ကာကွယ် ရေးဝန်ကြီးကပြောခဲ့ပါတယ်၊ တကယ်တော့ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အကျိုးအတွက်ပါဘဲ၊ ဒီစီမံ ကိန်းလဲမပျက်ရ၊ တရုပ်နဲ့လဲပြသနာမဖြစ်ရ၊ နစ်နာမှုရှိနေသောပြည်သူအများလဲ မှန်မှန်ကန်ကန် ရော်ကြေးရရှိမည်ဆိုလျှင် စီမံကိန်းကိုဆက်လက် လုပ်ကိုင်ခွင့်ပေးလို့ရပါသည်၊ ပထမဦးစွာထိုစီမံ ကိန်းကို ဦးပိုင်လီမီတက်ထံမှ သိမ်းယူရပါမည်၊ ဒုတိယအနေနှင့် တရုပ်ကုပွဏီနှင့် ရှင်းလင်းမြင် သာမှုဖြင့်ပြည်သူလူထုကို အကျိုးပြုသော စာချုပ်ကိုပြန်လယ်ချုပ်ဆိုရပါမည်၊ တတိယအနေနှင့် သဘာဝပါတ်ဝန်းကျင် ပျက်စီးခြင်း၊ ထွက်ပေါ်လာသော ကယ်မီကယ်လ် အညစ်အကြေးများ ကြောင့်ဖြစ်ပေါ်လာမည့် ကျမ္မာရေးဆိုးကျိုးများကို မည်ကဲ့သို့ဖြေရှင်းနည်း အဖြေရှာရပါမည်၊ အ စိုးရနှင့်ပြည်သူလူထု ပူပေါင်း၍ ထိုစီမံကိန်းကို ပြန်ထူထောင်နိုင်ပါသည်။
နိုင်ငံတော်အတွက် အကျိုးရှိတာမှန်ရင် ..(၁) မြန်မာတွေ ကိုယ်တိုင်လုပ် …မလုပ်နိုင်ရင် တရုတ် ..အိန္ဒိယ …အမေရိကန် (မြန်မာနဲ့ အကျိုးတူ ပူးပေါင်းလုပ်) သင့်တာပေါ့..(၂) သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု (EIA), လူနေမှုဘ၀ ထိခိုက်မှု (SIA), ကျန်းမာရေး ထိခိုက်မှု (HIA) စတာတွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်မဲ့ နည်းလမ်းတွေ သုံးသင့်တာပေါ့ …(၃) သဘာဝ သယံဇာတဆိုတာ ထုတ်ယူသုံးစွဲနိုင်မှ အကျိုးရှိတာမျိုး ..(ရေနံလို…သဘာဝ ဓာတ်ငွေ့လို သိုက်မျိုးဆိုရင် ..တစ်ဖက်က နင်းကန်ထုတ်သွားရင် ကိုယ်က ဘာမှ မရလိုက်တာမျိုးတောင် ရှိတယ် ..), ထွက်ကုန်အချိုးကျ အမြတ်ခွဲဝေမှုစံနစ်အရ နိုင်ငံတော်က အသားတင်ရတာမို့ အကျိုးရှိတာ မှန်တယ် …ကုန်ကျစရိတ်တွေကို ဦးပိုင်နဲ့ တရုတ်တို့က ကျခံမယ်ဆိုတာ ပွင့်လင်းမြင်သာဖို့ လိုတယ်..(၄) တရုတ်နဲ့ ဦးပိုင်တို့ လက်ရှိရမယ့် အကျိုးအမြတ်ဝေစုထဲက သင့်လျော်မယ့် အချိုးကို နှုတ်ပြီး ရွှေ့ပြောင်းရွာတွေ၊ မြေသိမ်းခံတောင်သူတွေအတွက် အကျိုးရှိစေမယ့် သုံးစွဲမှုမျိုးတွေ လုပ်သင့်တယ် ..(၅) အချို့သော နည်းလမ်းမကျတဲ့ ပေါက်ကရ ပြော ဆိုနေကြတဲ့ အချက်တွေကို ပြည်သူတွေ မယုံသင့်ပါဘူး ..( ဥပမာ …စွမ်းအားမြင့် စက်ကြီးတွေသုံးနေတဲ့အတွက် ကော်မရှင်စစ်ဆေးနေစဉ်အတွင်းမှာ တောင် (၃၃) လုံး ကွယ်ပျောက်သွားရတော့မယ် ဆိုတာမျိုး ….အက်စစ်တွေ ဒလဟော စီဆင်းပြီး ချက်ချင်းဘဲ ပင်လယ်ထဲရောက်တော့မလို ဆိုတာမျိုး ..လက်လွတ်စပယ်မပြောသင့်သလို လက်လွတ်စပယ် မယုံသင့်ပါဘူး ) ဒါမျိုးဟာ အကယ်၍ မဟုတ်ခဲ့ရင် ပြောသူထက် ယုံသူမှာ ပိုပြီးတာဝန်ရှိတယ်လို့ ယူဆပါတယ် ..
ဦးနေဝင်း လက်ထက် ကတည်းက ဘယ်လို စထုတ်ခဲ့သလဲ။ နဝတ ခေတ်မှာ အိုင်ဗင်ဟို ဘယ်လို ဝင်လာခဲ့သလဲ။ ပြီးတော့ တရုတ် ကို ဘယ်လို ရောင်းခဲ့သလဲ။ ဦးပိုင် က ဘယ်လို ပါဝင်ခဲ့သလဲ။ ဦးပိုင် က လုပ်ငန်းတွေကို ဘယ်လိုလူတွေ အမြတ်အစွန်း ရ သလဲ ။ အားလုံးကို စုံစမ်းသင့်ပါသည်။ နောက်ဆုံး ဘုန်းကြီးတွေကို လုပ်ကြံဖို့ဘယ်သူ အမိန့်ပေးခဲ့သလဲ ဆိုတာတွေပါ စုံစမ်းသင့်ပါသည်။ ကျွန်တော် တို့နိုင်ငံတွင် တာဝန်မယူ တတ်သော စစ်သားဟောင်း များကြောင့် ပြည်သူများ အပြစ်မရှိပဲ သေဆုံးနေခဲ့၊ သေဆုံးနေရဆဲဖြစ်ပါသည်။ ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြိုကျသည်မှ ၈၈ အဆုံး နောက်ဆုံး လက်ပံတောင်းတောင် အဆုံး တာဝန်ယူမှု မရှိသော စစ်တပ် အကြီးအကဲများကြောင့် တိုင်းသူပြည်သားများ အပြစ်မရှိ ပဲ သေဆုံးနေရပါသည်။ ရဲတပ်ဖွဲ့များ သည် အထက် အမိန့်ကြောင့် လုပ်ဆောင်ရပါမည်။ ထိုသူတို့သည် တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်ပါသည်။ မည်သူတွင် အပြစ်ရှိမည်နည်း ဟု ဆိုသော် အမိန့်ပေးသော လူသာဖြစ်ပါသည်။ ထိုလူများ လွတ်နေခြင်းက တိုင်းပြည် ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အနှောက်အယှက် အဖြစ် ဆက်လက်တည်ရှိနေပါလိမ့်မည်။ ထိုသူများ လွတ်နေသရွှေ့ တိုင်းပြည်မကောင်းစားနိုင်။
(၁)။ဒီကိစ္စရပ်တွေဟာ-တိုင်းပြည်တိုင်းမြှာ ဖစ်လေ့၇ှိတဲ့အရာတွေတွေ့လာရတယ်။ ဆိုလိုတာက -မြန်မာပြည်မှာ ရင်းနှီးမြုတ်နှံမှုတွေ တိုင်းတပါးကလုပ်လာခဲ့ရင်-လူထုနဲ့စီးပွားရေး သမားတွေကြားမှာဖြစ်ကြတဲ့ပြသနာတွေပါပဲ။ ဒီလိုဖြစ်တဲ့ပြသနာကို-အကြမ်းဖက်ဖြိုခွဲတာကတော့ အတော့်ကိုရုပ်ဆိုးပါတယ်။ အထူးသဖြင့်-လက်ပတောင်းတောင်အရေးကိစ္စမှာ -ငြိမ်းချမ်းစွားဆန္ဒပြတာကို- မီးလောင်ဗုံးသုံးပြီး သံဃာတွေကို-မီးရှို့ပြီးလုပ်ကြံတဲ့ကိစ္စဟာ လက်ရှိအစိုးရတရပ်လုံးကိုရော-လက်ရှိလွှတ်တော်တရပ်လုံးကိုရော တိုက်ရိုက်အရှက်ရစေတဲ့ လုပ်ရပ်ဖြစ်သွားပါပြီ။ လက်ရှိအစိုးရဟာ -ဖြစ်စဉ်တခုလုံးမှာ လုံးဝတာန်၇ှိပါတယ်။ ဘုန်းကြီးတွေကိုမီးရှို့ပြီးသတ်တဲ့ အစိုးရဖြစ်သွားပြီ။
(၂)တိုင်းပြည်တပြည်မှာ-စီးပွားရေးကိစ္စတွေကို တိုးချဲ့လုပ်ကိုင်ကြတဲ့နေရာမှာ -ရင်းနှီးမြုတ်နှံပြီး
လူထု၏ အကျိုးစီးပွားကိုမငှဲ့ကွက်ပဲ မတရားအစိုးရအာဏာတွေကို အရမ်းသုံးပြီး မတရားစီးပွားရှာတာကတော့ မဖြစ်သင့်ပါဘူး။
(၃)ဒီဖြစ်စဉ်မှာ- ဓါတုလက်နက်နဲ့ မီးရှို့ပြီးဖြေရှင်းတာက-မူခင်းဖြစ်စဉ်ဖြစ်တယ်။ ဒီကိစ္စနဲ့လက်ပတောင်းကိစ္စ ခွဲခြားမြင်ဘို့လိုတယ်။ ဒီလိုမီးရှို့ပြီးဘုန်းကြီးတွေကို မီးလောင်တိုက်သွင်းပြီး တိုက်ရိုက်အမိန့်ပေးတဲ့သူတွေကို စိစစ်ဖော်ထုတ်ပေးရမယ်။ စိစစ်ဖော်ထုတ်လို့ရရင် ဒီတရားခံတွေကို လူထုရှေ့မှောက်မှာ ထုတ်ပြီးပြတ်ပြတ်သားသား အရေးယူပေးရမယ်။
(၄) ရင်းနှီးမြုတ်နှံမှုတွေ၏ ထင်သာမြင်သာမဖြစ်မှုကိုဖြစ်စေတာသည် လက်ရှိအစိုးရနဲ့ လွှတ်တော်တခုလုံးကို ရုပ်စိုးတဲ့ဖြစ်ရပ်ဖြစ်တယ်။
(၅)။ထို့ကြောင့် ရာဇ၀တ်ပြစ်မှုနဲ့နိုင်ငံရေးပြစ်မှုခွဲပြီး(၂) ခုဖော်ထုတ်ပေးရမယ်။
The cost of production is about 50%.
It must not included at the international standard.
ထုပ်လုပ်မူ အပေါ် အချိုးကျ ရရပါမယ်
ကိုယ်က မြေကို အများကြီး ရင်းထား။ပါတယ်
ထုတ်လုပ်မူ စရိတ် သတ်မှတ်တာမျိုး
ဘယ်နိုင်ငံ မှာမ မရှိပါ။
စုံစမ်းစစ်ဆေးမှုတွင်
ကြေးနီစီမံကိန်းကိစ္စက ဒုတိယ
ပထမဆုံးက
အကြမ်းဖက်တိုက်ခိုက်မှုကို အမြန်ဆုံးဖေါ်ထုတ်ဖို့လိုတယ်။
သံဃာကို ထိတာ
ကြေနပ်စရာ ဘာအကြောင်းမှ မရှိဘူး။
သာကီသွေး
ပြည်သူတစ်ရပ်လုံးကမကြိုက်ဘူးစလုပ်ကတည်းကပွင်လင်းမြင်သာမှုမရှိဘူးဒီတော့ဖျက်သိမ်းပေးပါ။
တရုပ်သံရုံးက လက်ပတောင်းတောင်ကိစ္စနှင့် ပါတ်သက်လို့-စုံစမ်းစစ်ဆေးရေးအဖွဲ့၏ဆောင်ရွက်ချက်ကို လက်ခံသွားမယ်လို့ပြောဆိုလိုက်ပါတယ်။
(၁) ဒါဟာဘာကိုပြသလဲဆို-တရုပ်အစိုးရမှဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ဖြေ၇ှင်းတာကို လက်ခံမယ်လို့ပြောလိုက်တာပဲ။ တရုပ်၏ယုံကြည်ကိုးစားမှုကိုရရှိတယ်လို့ ထင်မြင်မိပါတယ်။ တရုပ်အစိုးရဟာ-အတွေ့အကြုံရှိပြီးသားမို့ တခြားနိုင်ငံတွေမှာလည်း ယခုလို-လက်ပတောင်းတောင်ကြေးနီ စီမံကိန်းတွေလိုပြသနာမျိုးဖြေရှင်းရတဲ့
အတွေ့အကြုံတွေသူ့မှာ ရှိပြီးသားပါ။
(၂)နှစ်ဘက်အစိုးရတွေနှင့် စာချုပ်ချုပ်ထားတာဖြစ်လို့ တရုပ်အစိုးရက အသာကလေးနေပြီးရရှိလာတဲ့ဖြေရှင်းချက်ကို လက်ရှိအစိုးရနဲ့ဆက်ပြီးစကားပြောသွားမှာပါ။
(၃)ဒီနေရာမှာ ကျနော်တို့သိထားဘို့က-ယခု -စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထားပေးတာ-လက်ရှိဦးသိန်းစိန်အစိုးရက-တာဝန်ပေးအပ်ခံထားတဲ့သူတွေဖြစ်ပါတယ်။ ဒီလိုတာဝန်ပေးအပ်ခံထားရတဲ့ -ကော်မရှင်၏စုံစမ်းစစ်ဆေးမှုကို လက်ရှိလူထုကရော လက်ခံလိုက်နာဆောင်ရွက်မှာလား ဆိုသည့်ကိစ္စကလည်းဖြစ်ပေါ်လာတယ်။လက်ခံတယ်ဆိုရင်-ယခုစုံစမ်းစစ်ဆေးရေးကော်မရှင်ကတွေ့ရှိချက်တွေကို-လက်ရှိအစိုးရထံတင်ပြရမှာပါ။အဲဒီတင်ပြလာမှုတွေကိုအစိုးရကလိုက်နာအကောင်အထည်ဖော်ပေးရမှာပါ။
(၄)။နောက်တခုက-တရုပ်အစိုးရ၏ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ကိုးစားလာမှုတွေကို ခပ်စိပ်စိပ်တွေ့ရပါတယ်။ တရုပ်အစိုးရကမြန်မာပြည်နဲ့ ဆက်လက်ဆက်ဆံရဦးမယ်ဆိုတာ အလေးအနက်သိသလို-မြန်မာကလည်း အလေးအနက်သိထားကြပါတယ်။ ဒါဟာ(၂)နိုင်ငံထား၇ှိထားရမယ့် မပျောက်ပျက်တဲ့ဆက်ဆံရေးမူတွေပါ။ သို့သော်-ဒီလိုဆက်ဆံတဲ့နေရာမှာ-လူရွေးရမှာကိုတော့ တရုပ်ဘက်က ခပ်စိပ်စိပ်လုပ်လာတာကို တွေ့နေရခြင်းဟာ သံတမန်ရေးမှာတရုပ်၏ဆက်ဆံရေးဟာ စိတ်ဝင်စားဘို့ကောင်းပါတယ်။
ဆင်းရဲနေတဲ့နိုင်ငံတစ်ခု အနေနဲ့ တူးဆွ ခုတ်လှဲ ရောင်းနေရဦးမှာပါဘဲ။ အရေးကြီးတာက ရတဲ့အကျိုးအမြတ်က ပြည်သူတွေအတွက် အကျိုးရှိရဲ့လား ဆိုတာအဓိကပါ။ အကျိုးရှိတယ်ဆိုရင်လည်း စီမံကိန်းအတွက် အနစ်နာခံရမယ့်သူတွေကို ထိုက်သင့်တဲ့လျှော်ကြေး နစ်နာကြေးတွေ ပေးလိုက်ပေှါ့ဗျာ။ ဘိုးစဉ်ဘောင်ဆက် အခြေတကျနေထိုင်လုပ်ကိုင် စားသောက်နေတဲ့သူတွေကို တစ်နှစ်စာထွက်တဲ့ သီးနှံတန်ဖိုးရဲ့ သုံးဆကိုသာလျော်တယ်ဆိုတော့ အလုပ်ရှင်က အလုပ်သမားတစ်ယောက်ကို အလုပ်ထုတ်ချင်တဲ့အခါ ပေးလျှောက်ရမယ့် နှုန်းထားနဲ့ တွက်လို့တော့ မသင့်ဘူး။ သူတို့မြေအောက်က ရမယ့်တန်ဖိုးကိုလည်း သိသားနဲ့ဗျာ။ မြန်မာပြည်သူတွေအတွက် စီမံကိန်းဖြစ်လို့ ရမယ့်သူတွေက မြန်မာတွေဖြစ်လို့ စီမံကိန်းကို အကောင်အထည်ဖော်ရာ ရောက်ပါတယ်။ ပေးလိုက်ရမယ့်ငွေကလည်း မြန်မာငွေပါ။ မြန်မာနိုင်ငံအတွင်း လည်ပတ်မယ့် ငွေပါ။ ကိုယ့် သွေးသားတွေလိုသဘောထားပြီး စို့စို့ပို့ပို့လေး ပေးလိုက်မယ်ဆိုရင် ဒီလိုပြသနာမဖြစ်ဘူးလေ။ နှစ်ပေါင်းများစွာ အချောင်နှိုက်လာတဲ့ အကျင့်တွေလည်း ပြင်သင့်ပါပြီ။ တရုပ်သံအမတ်ကြီးရဲ့ လေသံအရဆိုရင် မြေအပေါ် သီးနှံအပေါ်ကို တရုပ်မှာလျှောက်တဲ့အတိုင်း လျှော်ကြေး ပေးတယ်ဆိုတော့ တကယ်သတ်မှတ်လျှော်တဲ့ငွေက နည်းမထင်ဘူး။ ဖြတ်စားတွေလည်း ရှိတယ်ထင်ပါ့။
My view of this project was not benefit for country especially no tranplancy .I want to stop to this project,We can earn many for different way not touch our enviroment .we can make money any time but we cant build this nature for century.
Firstly, government must do the transparency about the project.
Secondly,President must action on the responsible persons for anti-demonstration(Fire weapon usage) event in 29.12.12. (Eg.Dismiss for the responsible person for decision maker as police general(or)Prime minister of Sagaing division(or)Home affairs Minister etc.). If the president is as decision maker,to apologize the public by open minded.
Every company by army hand over to government ministries. (Army is army not like a money maker company-This image is bad image for Myanmar army in public view).
Temporary stop the project till get the solution between the villagers and company supervision by government.
To do the long term sustainability development mega socioeconomic (Millions of dollars) project for the local villagers by the responsible companies till to satisfies status for villagers.
လက်ပံတောင်းတောင် ကိစ္စဟာ ဆက်လုပ်သင့်မလုပ်သင့် ဆိုတာ ကော်မရှင်က ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် တောင်ကုတ်ကော်မရှင်၊ ရခိုင်ကော်မရှင်တွေဆီက ဘာသံမှမကြားရတော့ ဒီတစ်ခါ ကော်မရှင်အနေနဲ့ ဆင်ခြေရာရှာတာမျိုးထက် ပိုအလုပ်လုပ်ဖို့တော့ လိုပါတယ်။ ကျွန်တော့်အမြင်အရ ဆိုရင်တော့ ဒါဟာ ဒုတိယမြစ်ဆုံလိုမျိုးတော့ မဟုတ်ပါဘူး။ တစ်ခုပါပဲ ပွင့်လင်းမြင်သာရမယ်။ နိုင်ငံနဲ့ ဒေသ အတွက် အကျိုးရှိရမယ်။ ဒေသခံ ပြည်သူတွေ မနစ်နာစေရပါဘူး။ ဒီစီမံကိန်းဟာ ယခင်သတ္တုတွင်းဝန်ကြီးဌာန နဲ့ အိုင်ဗင်ဟိုတို့ရဲ့လုပ်ငန်းကို ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီက ၀ယ်ယူခဲ့တာဖြစ်ပြီး ဦးပိုင်က သတ္တုတွင်းဆီက ဒေါ်လာသန်း ၁၀၀ နဲ့ဝယ်ယူပြီး ဒီငွေကို ၀မ်ပေါင်က ပေးချေခဲ့တာလို့ သိရပါတယ်။ ကြားထဲမှာ ထူးထရေးဒင်းက ပါဝင် ပတ်သက်မှု ရှိခဲ့တယ်လို့သိရပြီး တရုတ်သံအမတ်ကြီးကတော့ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုမှာ ကြားပွဲခတွေမရှိဘူး။ Commission မရှိဘူးလို့ ငြင်းဆိုသွားပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင် ရဲ့တာဝန်ဖြစ်သွားပါပြီ။
ဒီရင်းနှီးမြှုပ်နှံမှု ၉၉၇ သန်းမှာ မတည်ရင်းနှီးငွေက ၁၀ သန်းပဲ ဖြစ်ပြီး ၉၈၇ သန်းက ချေးငွေဖြစ်နေတာ ကလည်း စဉ်းစားစရာပါ။ မြစ်ဆုံစီမံကိန်းလိုနှစ် ၃၀ ကျော်မှ နိုင်ငံကအကျိုးအမြတ်(သို့) အခွန်ရမယ့်ပုံမျိုးလား ကော်မရှင်က စုံစမ်းထုတ်ပြန်ရမှာပါ။ နားလည်သလောက်တော့ နိုင်ငံအနေ နဲ့ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်းပဲရမှာ ဖြစ်ပြီး ကျန်တာက အမြတ်ရမှ ခွဲယူရမှာလို့ နားလည်ပါတယ်။ ဒါပေမယ့် ပြင်ဆင်တဲ့ Basic Mine Design မှာ စက်ပစ္စည်း အရန်တန်ဖိုးက ဒေါ်လာ ၃၆ ဘီလျံတောင် ရှိတဲ့အတွက် အမြတ်သာမရရင် နိုင်ငံရောဦးပိုင်ပါ ငါးပါး မှောက်မယ့်ကိန်းပါ။ ဒေသခံပြည်သူတွေ နစ်နာတယ်။ နိုင်ငံလည်း အကျိုးမရဘူး။ နောက်ဆုံးဦးပိုင်က တပ်မတော်သား ပင်စင်စားတွေ၊ ဒုက္ခရောက်တဲ့သူတွေတောင် အကျိုးရှိရဲ့လား။ ဒီစီမံကိန်းဟာ ဘယ်သူပဲ အကျိုးရှိမှာလဲ။ အစိုးရရော ဦးပိုင်ပါ သေသေချာချာ စုံစမ်းစိစစ်ကြပါဦး။ သတင်းထုတ်ပြန်ကြပါဦး။ ခုထက်ထိလည်း အကျိုးအမြတ်မရ၊ ဒေသခံတွေလည်း ညှဉ်းဆဲဒုက္ခရောက်၊ သံဃာတော်တွေလည်း အကြမ်းဖက်ခံရ၊ နာမည်ကောင်း နေတဲ့ သမ္မတကြီးရဲ့ပြည်တွင်းနဲ့ နိုင်ငံတကာ ယုံကြည်မှုတွေလည်းထိခိုက်၊ အထွေထွေသပိတ်သံတွေ၊ မကျေနပ်မှုတွေကြောင့် တည်ငြိမ်မှုလည်းပျက်ပြား၊ ဘယ်သူတွေက ဒီလိုလုပ်ခဲ့သလဲ၊ ဒီလို လုပ်ဖို့ သူတို့ရဲ့ Proxy တွေ၊ လက်ဝေခံခရိုနီတွေ၊ သူတို့မွေးထားတဲ့ ပဉ္စမံ တပ်သား သူလျှိုတွေကပဲ လုပ်ခဲ့တာလား၊ မေးစရာမေးခွန်းတွေ အများကြီးရှိပါတယ်။
တကယ်တော့ ဒီစီမံကိန်းကို ရပ်ဆိုင်းမယ့် လှုံ့ဆော်မှုတွေ ရှိနေသည့်တိုင် အေးအေးချမ်းချမ်း ဖြေရှင်းဖို့ အခွင့်အရေးတွေ ရှိပါတယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို မကျင့်သုံးနိုင်တာ၊ မကျင့်သုံးတတ်တာ ဒီမိုကရေစီအစိုးရ တစ်ရပ်အဖြစ် အတွေ့အကြုံ၊ အလေ့အကျင့်မရှိတာက ပြဿနာဖြစ်ပါတယ်။ ဒါ့အပြင် ယခင်အာဏာရှင် စနစ်ဟောင်းကို ဆက်ခံခဲ့ရတဲ့ စိတ်နေစိတ်ထားများက ပြဿနာဖြစ်ပါတယ်။
မှတ်ချက် ။ ။ Eleven Media ဆောင်းပါးမှ ကူးယူပါတယ်။
ဒီစီမံကိန်းနှင့်ပတ်သက်ပြီး ရရှိုကြမဲ့ အချိုးတွေကိုတွက်ချက်ကြည့်ရမှာ ကော်မရှင်ကလောက် စုံစမ်းနိုင်သည့်facility မျိုးမရသည့်တိုင်အောင် တော်တော်လေး ခန့်မှန်း၍ ရုပ်လုံးပေါ်နေပါပြီ။ခွဲဝေရာခိုင်နှုန်းဟာ ထုတ်လုပ်မှုအပေါ်အချိုးကျခွဲဝေးခြင်း နည်းလမ်းဖြစ်ပါတယ်။ (Product Sharing )ဖြစ်ပါတယ်။ (Not Profit Sharing )
၁) ထွက်ရှိလာတဲ့ကြေးနီတန်ချိန်အပေါ် ခွဲဝေကြမှာပါ။ဥပမာ..ကြေးနီတန်(၁၀၀) ထွက်ရင် နိုင်ငံတော်က (၁၆.၈) တန်၊ ဦးပိုင်က((၁၃.၈) တန်နှင့် ဝမ်ပေါင်က (၁၃.၃ တန်+၅၆.၁ တန်=စုစုပေါင်း(၆၉.၄) တန်) အသီးသီးရရှိကြမှာဖြစ်ပါတယ်။ ကျနော်ကတော့ ဒီလိုသုံးသပ်ချင်ပါတယ်။
ဦးပိုင်ထည့်ဝင်ရတဲ့ငွေဟာ ဒေါ်လာသန်း(၁၀၀)ဖြစ်တယ်။ ဒီငွေကိုဝမ်ပေါင်က ကိုယ်စားထည့်ဝင်ပေးလိုက်ပါတယ် ။ဒေါ်လာသန်း ၁၀၀ ပါဝင်ကာမျှဖြင့်ဦးပိုင်ရတဲ့အချိုးသည် သယံဇာတ ပိုင်ရှင်နိုင်ငံတော်ရသည့် အချိုးနီးပါး(နိုင်ငံတော်ရရှိသည့် ရာခိုင်နှုန်း၏၈၂.၁၄% ခန့်ပင် ရှိပါသည်။ ထို့အပြင် ထုတ်လုပ်မှုစရိတ်အဖြစ် ဝမ်ပေါင်သို့ပေးသောအချိုးမှာ ၅၆.၁%ရှိပါသည်။ ထို့သို့ဆိုလျင် သံယဇာတပိုင်ဆိုင်မှုအတွက် အချိုးကိုရော ထည့်မတွက်တော့ဘူးလား ။မြေကြီးထဲမှာ သဘာဝအလျောက်ရှိနေတာမို့ ထည့်တွက်စရာ မလိုဘူးလို့များနိုင်ငံတော်မှ ခံယူထားသလားမသိပါ ။နှစ်ဦးစပ်တူလုပ်ကြရာတွင် တစ်ဦးမှာ မရှိသည်ကိုအခြားတစ်ဦးမှာ ရှိသည့်ဟာဖြင့်ပေါင်းစပ်လုပ်ကိုင်ခြင်းဖြစ်ရာ.. အရပ်စကားနှင့်ပြောရမယ်ဆိုရင် မင်းကငွေစိုက်၊ငါက ပညာစိုက်မယ်။ ရလာတဲ့အကျိုးအမြတ်တို့ကို တစ်ယောက်တစ်ဝက်စီခွဲမယ်.. စသဖြင့်အဲဒီလိုတောင်ရှိတတ်ကြပါတယ်။ ဝမ်ပေါင်ကအရင်းအနှီးစိုက်မယ် ။နိုင်ငံတော်ကသယံဇာတ စိုက်မယ်။ ရလာတဲ့ပစ္စည်းအပေါ် တစ်ယောက်တစ်ဝက်ခွဲမယ်။ ဒါဆိုတော်တော်လေး ဟုတ်အုံးမယ်။ အမှန်တော့သယံဇာတ ဆိုတာပြန်လည်ပြည့်ဖြိုးသော အရာဝတ္ထုမဟုတ်သဖြင့်ပိုင်ရှင်က အချိုးကိုပိုပြီးယူသင့်ပါတယ်။ ခုတော့မြေအောက်ထဲက သယံဇာတကို အလကားပေးလိုက်သလိုဖြစ်နေပါတယ်။ ဒါကိုတစ်ဖက်က သဘောမတူလို့ဒီအချိန်မှာ မထုတ်ရလည်း အရးမကြီးပါဘူး။ သယံဇာတကပျောက်သွားတာမှ မဟုတ်တာ။ကြာလေ တန်ဖိုးရှိလေပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်အချိုးမှာ ဦးပိုင်က(အထူးသဖြင့်-တပ်မတော်ဗိုလ်ချုပ်တွေ) လူလည်ဝင်လုပ်ပြီးနိုင်ငံတော်ရရှိမည့်ငွေကို အချောင်ဝင်နှိုက်တာပါ ။နိုင်ငံတော်ငွေကို မရိုးမဖြောင့်သောနည်းလမ်းဖြင့် ရယူရန်ကြံရွယ်ခြင်းဖြစ်ပါတယ် ။ကြံရွယ်တယ်ဆိုတဲ့အဆင့်တောင်ကျော်နေပါပြီ ပြစ်မှုစကားနဲ့ပြောမယ်ဆိုရင် ကာယကံမြောက် ကျူးလွန်ပြီးဖြစ်နေပါပြီ။ ခုံရုံးတင်စစ်ဆေးအပြစ်ဒဏ် စီရင်ရုံပဲရှိတော့တယ်လို့မြင်ပါတယ်။
၂) အစိုးရက ကော်မရှင်သို့ပေးပို့မည့် အချက်အလက်များ မှန်မှန်ကန်ကန်ရှိနိုင်ပါ့မလား ။ကော်မရှင်ကရောမည်မျှ ထိထဲထဲဝင်ဝင်စုံစမ်းနိုင်မလဲ ။ကော်မရှင်ရဲ့တာဝန်မှာ နိုင်ငံတော်အတွက် အကျိုးရှိမရှိပဲစုံစမ်းခိုင်းတာသာဖြစ်ပြီး ဦးပိုင်ကိစ္စပါဝင်မှုကို မစုံစမ်းခိုင်းပါ။ ဦးပိုင်ကုမ္မဏီကိုနိုင်ငံတော်ပိုင် ကုမ္မဏီသဖွယ်ဒေါ်စုကိုယ်တိုင်ပြောဆိုနေတာကိုတော့ ဘဝင်မကျပါ။ ရှင်းရှင်းလင်းလင်း သိထားရမှာသည် ဦးပိုင်ကုမ္မဏီသည် အများပိုင်ကုမ္မဏီတစ်ခုပင်ဖြစ်သည် ဆိုတာပါပဲ။
၃) အထက်ပါ အချက်အလက်များကို ဒေါ်စုဦးဆောင်တဲ့ကော်မရှင်က ထုတ်ဖေါ်ပြောဆိုပါမည်လား။ ငဲ့ကွက်စရာ(သို့မဟုတ်) အခြေအနေတစ်ခုခုသို့ တွန်းပို့နိုင်သည်ဟု ယူဆနိုင်သောအချက်အလက်များကို ကော်မရှင်ကအရဲစွန့်ပြီးထုတ်ပြန်ပါမည်တဲ့လား။ မိမိအနေနဲ့တော့ ထိုသို့ထုတ်ပြန်လိမ့်မည်လို့မထင်ပါ ။နောက်တစ်ချက်ရှိသည်မှာ ကော်မရှင်သည် စုံစမ်းရေးကော်မရှင်သာဖြစ်၍ ဆုံးဖြတ်ချက်ပြုနိုင်သော တာဝန်မရှိပါ။ အာဏာလည်းမရှိပါ ။တွေ့ရှိချက်များကိုသာ ပြည်ထောင်စုအစိုးရထံသို့ တင်ပြရမည့်တာဝန်သာဖြစ်၍ အစိုးရကသာလျင် ဆုံးဖြတ်ချက် တစ်စုံတစ်ခုချမှတ်မည်သာဖြစ်ပါသည် ။ကော်မရှင်က A ကိုတွေ့ရှိကြောင်း တင်ပြရာတွင် အစိုးရက ကော်မရှင်တွေ့ရှိချက် A ကြောင့် B ကိုဆုံးဖြတ်လိုက်သည်.. အဲဒီလိုပဲသွားမှာပါ။ ဆုံးဖြတ်ချက် B တွင်ပြည်သူတို့တောင်းဆိုသော အဓိကအချက်များ မပါဝင်ဟုဆိုကြပါစို့ ။ဒေါ်စုရော ဘာတတ်နိုင်မည်လဲ။ မတရားဘူးထင်ရင် လွှတ်တော်ကတဆင့် မေးပါလေဟု ဆိုလာပါလိမ့်မည်။ အဲဒီအခါဒေါ်စုက ပြည်သူလူထုကြီးကို ကျမ မနဲထိမ်းပေးထားခဲ့ရတာ။ အဲဒီကျေးဇူးလေးတော့ထောက်ပါအုံးလို့ ဆိုလေမလား။ အဲဒီချိန်မှာ ဒေါ်စုဘာလုပ်ရမှန်း မသိဖြစ်သွားနိုင်တယ်။ ထုံးစံအတိုင်း အမျိုးသားရင်ကြားစေ့ရေးကို အလေးထား ဦးတည်သောအားဖြင့် ကျမတို့အေးအေးချမ်းချမ်းနဲ့ ကိုယ်လိုချင်တာကို ရအောင်စိတ်ရှည်ရှည်ထားကြပါစို့နဲ့ နိဂုံးချုပ်ပါလိမ့်မယ်ဖြစ်ကြောင်း ဝင်ရောက်ဆွေးနွေးလိုက်ပါတယ်။
အမှားပြင်ဆင်ချက်။ ဦးပိုင်အချိုးမှာ ၁၃.၃ တန်ဖြစ်ပါတယ်။
တို င်းပြည်ဖွံ့ဖြိုးတိုးတတ်ရန်အတွက်ပြည်ပမှရင်းနှီးမြုပ်နှံမူ့ဟာအရေးနှစ်ဦးနှစ်ဖက်အပြန်အသညလှန်နားလည်မှု့ရှိပါတာမှန်ပေမယ့်အစိုး ရသည်ပြည်သူကိုအသိပေး၍ရရှိလာမည့်အကျိုးအမြတ်များကိုလည်းပြည်သူအကျိုးပြုလုပ်ငန်းများပျက်စီးဆုံးရှုံးသွားသော်သဘာဝပတ်ဝန်းကျင်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများတွင်အသုံးမည်ဆိုလျှင်ကောင်းပါသည်သို့သော်ထိုကြေးနီစီမံကိန်းသည်နဂိုထဲကလူနည်းစုတဖွဲ့တည်းကိုယ်ကျိုးပြုမူ့ကြောင့်ပြသနာဖြစ်ပွားရခြင်းဖြစ်ပါသည်အထူးသဖြင့်သံဃာတော်များကိုရန်သူသဖွယ်ရက်ရက်စက်စ်ချေမှုန်းတိုက်ခိုက်ခြင်းဖြင်းဖြင့်ထိုပြသနာကိုထိန်းချုပ်၍မရပါမည်သည့်စုံစမ်းစစ်ဆေးရေးအဖွဲ့မဆိုထိုလုပ်လုပ်ငန်းကြီးကိုပြုလုပ်ခွင့်ပြုသင့်ပါသည်အဘယ်ကြောင့်ဆိုသော်ဥပမာမလေးရှားနှိုင်ငံKLမြို့သည်တချိန်ကဧရာဝတီမြစ်ဆုံကဲ့သို့နေရာမျိုးဖြစ်ခဲ့ပါသည်တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်ရန်တောတောင်များကိုရှင်းလင်းရောင်းခြ၍ရရှိလာသော်ငွေကြေးများကိုတိုင်းပြည်တိုးတတ်အောင်ပြုလုပ်ခဲ့ပြါသည်
အရင်အစိုးရလက်ထက်က မမှန်မကန် လုပ်ခဲ့တာ
အခုအစိုးရသစ်မှာတော့ပြသနာပေါ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်ကို တရုတ်က လက်ခံမယ်လို့ ကြိုဆုံးဖြတ်တယ်ဆိုရင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုပြောရတာ အားနာတယ်
ပြည်သူအကြိုက် မဖြစ်ဘူး ဒါပေမဲ့ နောင်ဆို ဘယ်တော့မှ စီးပွားရေး ကနေ စစ်ရေး အထိ ပြသနာမဖြစ်စေမဲ့ အဓိကကြတဲ့ တရုတ် မြန်မာ ပုံမှန်ဆက်ဆံရေးကို ရအောင်
တရုတ်နိုင်ငံခြားရေးမူဝါဒ နည်းဗျူဟာအပြောင်းအထိရောက်နိုင်မှာကို သည်းခံကြ သင်ခန်းစာယူကြရမယ်။
ပြည်သူ့ အကြိုက် က ဗိုလ်ချုပ်တွေ နှင့် သူတို့ ကို သစ္စာခံ လုပ်ပေးနေတဲ့ ပွဲစားတွေ ဆီက နိုင်ငံတော် ငွေကြေးတွေကို ပြန်လည်ရယူရေးပါ။ အရင် အစိုးရကို တရုတ်က အစက ထောက်ခံခဲ့တယ် ဆိုတာကလည်း လုံခြုံရေး ကောင်စီမှာ ပါဝါပြဖို့ သက်သက်သာ ဖြစ်မှာပါ။ အရင် ဦးနေဝင်း လက်ထက်က တရုတ်တွေ ဗကပ ကို ထောက်ပံ့ခဲ့တာ ပြည်သူတွေက ကျေးဇူးတင်နေတုံးပါ။ ဗကပကြောင့် စစ် အစိုးရ ယိုင်နဲ့သွားပြီး ၈၈မှာ ပြုတ်ကျသွားတာပါ။ အခု new generation တရုတ်ခေါင်းဆောင် ဟူကျင်တောင်း ဆရာကြီး အလုပ်လွန်ပြီး လက်လွန်သွားတာပါ။ မြစ်ဆုံမှာ CIP ကိုချေးငွေ ထုတ်ချေးပေးခဲ့တဲ့ တရုတ် အစိုးရ အရာရှိကြီး ဆိုရင် အစိုးရ က စစ်ဆေးမှု တွေ စတင်လုပ်နေပါပြီ။ ထို စစ်ဆေးမှု ၏ နောက်ဆက်တွဲ အဖြစ် ယခင် အစိုးရ လူကြီးများနှင့် ပွဲစားများ မည်ကဲ့သို့ တောင်းကြသည်(တိုင်းပြည်အတွက်မဟုတ်) ကို မြန်မာပြည်သူများ တွေ့မြင်နိုင်ကြပါမည်။ မျှော်…………………….
အကောင်းဆုံးက လုပ်ငန်းကို လုံးဝရပ်ဆိုင်းသင့်တယ်။
မဟုတ်ရင် လုပ်ငန်းကို မဖြစ်မနေလုပ်ရမယ့် အသေးဆုံးပမာဏအထိ လျှော့ချသင့်တယ်။
၁။ အကျိုးအမြတ် အားလုံးကို ဦးပိုင်ထံမှ အစိုးရထံသို့ တရားဝင်ပွင့်လင်းမြင်သာစွာ လွှဲပြောင်းပေးရပါမယ်။
၂။ ဘ၀နဲ့ရင်းပြီး နစ်နာသွားသူတွေကို ထိုက်တန်တဲ့ ပေးလျော်မှုများ မဖြစ်မနေ ပြုလုပ်ပေးပါ။
၃။ အများက လက်ခံယုံကြည်တဲ့ တတိယ အဖွဲ့အစည်းနဲ့ သဘာ၀၀န်းကျင် အကျိုးဆက်များကို စနစ်တကျ အမှန်အကန် ဖော်ထုတ်ပြီး ပြုပြင်ကာကွယ်ရေး နည်းလမ်းတွေကို ပွင့်လင်းမြင်သာစွာ ပြုလုပ်ရပါမယ်။
၎။ လယ်တီဆရာတော်ဘုရားကြီးရဲ့ သမိုင်းဝင် မှတ်တိုင်နေရာများကို ခန်းနားကြီးကျယ်စွာ မုံရွာရဲ့ land mark ပမာဖြစ်အောင် အကြီးစားတည်ဆောင်မှုများ ပြန်လည်လုပ်ဆောင်ပေးသင့်တယ်။
၎။ မုံရွာရဲ့ အမျိုးသားရေးပုံရိပ်တစ်ခုဖြစ်တဲ့ လက်ပံတောင်းတောင် ပျောက်ဆုံးခြင်းအတွက် ဥပမာ- မုံရွာမှာ တစ်ဒေသလုံး လျှပ်စစ်မီးအလုံအလောက် ရရှိရေး စတဲ့ အများက လက်ခံလောက်တဲ့ ပေးဆပ်မှုမျိုး ပြန်လည်လုပ်ကိုင်ပေးသင့်တယ်။
လလက်ပန်းတောင်အရေးကိုထားပါအုံးဒက်ခိနသီရိမြို့နယ်ကလွှတ်တော်ကိုယ်စားလည်ရဲ့နောက်မှာရှိတဲ့မိသားစုရဲ့ngoမျှော်လင့်မှုဘဝင်မြင့်မှုတွေကိုအရင်ရှင်းပေးပါ။