လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရရှိပြီး ဆေးရုံတင်လိုက်ရသည့် သံဃာ ၂၂ ဦးအနက် ၇ ပါး သက်သာမှုရှိသော်လည်း ကျန် ၁၅ ပါးနှင့် လူပုဂ္ဂိုလ် တဦးမှာ စိုးရိမ်ရသဖြင့် အတွင်းလူနာအဖြစ် ကုသနေရကြောင်း မုံရွာဆေးရုံကြီးတွင် သွားရောက်ကြည့်ရှုသူများက ပြောသည်။ ဒေသခံ NLD အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်သို့ ပေးပို့ရန် လတ်တလော စုစောင်းထားသည့် စာရင်းအရ အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရရှိသူ သံဃာ ၉၇ ပါးနှင့် လူပုဂ္ဂိုလ် ၅၀ ကျော် ရှိကြောင်း သိရသည်။
ဗုဒ္ဒသာသနာကိုကာကွယ်ပိုင်ခွင့်တောင်မပေးကြပါလား..
သူများဘာသာတွေနဲ့ကွာပါ့..ဘာသာတရားကို
တန်ဖိုးမထားတာ..ပေါ်လွင်ထင်ရှားတယ်..
အင်းလေ…တူသောအကျိုးပေးပါလိမ့်မယ်..
ကြားလို့မကောင်းမြင်လို့မကောင်း..
အရှက်သိက္ခာကျဆင်းစေသောဘာသာတခုအဖြစ်
ကမ္ဘာကိုချပြလိုက်သလိုပါပဲ…
ဘာသာခြားများစော်ကားလာမည်ကိုမီးမောင်းထိုးပေးလိုက်သလို…