ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူ၊ ထမင်းချက်၊ ဥယာဉ်ခြံလုပ်သား စတဲ့ ၀န်ထမ်းများကို ထောက်ပံ့ကြေးပေးဖို့ လွှတ်တော်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုပေးလိုက်ပါပြီ။
၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်အတွက် ဒီလို ဘတ်ဂျက် တောင်းခံမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တင်သွင်းခဲ့တာပါ။ အိမ်အကူဝန်ထမ်း ၄၀၀ ကျော်အတွက် တောင်းခံခဲ့တဲ့ ပမာဏက ကျပ် ၁၆၉ သန်း လို့ ဆိုပါတယ်။
ဒီသတင်းက အငြင်းပွားဖွယ် ဖြစ်နေပေမယ့် လွှတ်တော်ထဲမှာတော့ ဒီအကြောင်းအရာကို သတိမထားမိကြတဲ့အတွက် ဆွေးနွေးငြင်းခုံမှု မရှိဘဲ အတည်ပြုလိုက်ကြတာဖြစ်တယ်၊ အိုးအိမ်ဦးစီးဌာနရဲ့ တောင်းဆိုမှုကလည်း ရှင်းရှင်းလင်းလင်း မရှိခဲ့ဘူး လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဧရာဝတီကို ပြောပါတယ်။
အဲဒီလို ပေးအပ်ဖို့၊ ထောက်ပံ့ဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းမထားပါဘူး၊ သမ္မတ၊ ဒုသမ္မတများ အငြိမ်းစားယူတဲ့အခါမှာ ပင်စင်လစာအပြင် ယဉ်မောင်း၊ နေအိမ် အစရှိတာတွေ ထောက်ပံ့ ပေးအပ်ဖို့ပဲ ပြဋ္ဌာန်းထားတာပါ။
ဒီတပတ် ဧရာဝတီ ဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုတာကတော့ -
နှစ်ပေါင်းအတော်ကြာအောင် ရာထူးတာဝန် ကြီးကြီးမားမား ထမ်းဆောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ်တွေရဲ့ ၀န်ထမ်းများကို ထောက်ပံ့ရေးအတွက် နိုင်ငံနဲ့ပြည်သူတွေမှာ တာဝန်ရှိသလား / မရှိဘူးလား၊ ထောက်ပံ့သင့်သလား / မထောက်ပံ့သင့်ဘူးလား ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။
လုံးဝမထောက်ပံ့သင့်ပါ- သူတို့မှာ ပြည့်စုံနေပါပြီ- အဲဒီငွေတွေကို မိဘမဲ့ခလေးတွေဆီ ပေးအပ်ထောက်ပံ့သင့်တယ်-
အထောက်အပံ့ပေးသင့်ပါတယ်၊ သူကအာဏာကိုမစွန့် ခဲ့ရင် ဒီနေ့ လိုအခြေနေမျိုးရောက်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့ ကိုယ်တိုင်သိနေတာဘဲ သူသာအာဏါရှိနေလျှင် ဒီနေ့ လို ဆန္ဒပြမှုတွေ အိမ်မက်တောင်မက်ဝံ့မှာမဟုတ်ဘူး၊ သူက ဘုရားတရားလည်း အရမ်းကြည်ညိုတယ်လို့ ထိုင်းဝန်ကြီးချုပ်ကလဲ ပြောသွားသေးတယ်မဟုတ်လား၊ သူအာဏါကို ဆက်မယူတာနဲ့ တင် သူ့ ကိုထောက်ပံ့ကြေးမဟုတ်ဘူး အကုန်လုံးသူကြိုက်သလို ထောက်ပံ့ပေးလိုက်ကြပါ၊ တော်ကြာစိတ်စိုးပြီးအာဏါပြန်ယူသွားရင် ဘယ်သူမှလည်း ဆန္ဒပြ မတောင်းရဲမဲ့အတူတူ သူ့ အကြိုက်သာလုပ်ပေးလိုက်ကြပါဗျာ
Than Shwe and his cronies deserve nothing. He already gave us too much pain. He relinquish power willingly or unwillingly, he was just an idiot man who ruled the nation for worse. I hope he will be remembered as the BEAST in history. Instead of providing him allowance for maids, he must better face trial and send him to death chamber for good.
သူတို့ကိုဘာဆိုင်လို့ထောက်ပံ့ကြေးပေးရမှာလဲ..နိုင်ငံ့ဝန်ထမ်းပင်စင်လစာ၊ထောက်ပံ့ကြေး တောင် စေ့ငအောင်မပေးနိုင်သေးတာကို သူတို့လို မတရားအမြတ်ကြီးစား ဂုတ်သွေးစုပ် နေတဲ့သူ တွေကများ ထောက်ပံ့ကြေးတောင်းတာပေး၇လား။ လွန်တယ်။ လုံးဝမထောက်ပံ့သင့်ဘူး။
နိုင်ငံတော်နဲ့ပြည်သူတွေကထောက်ပံ့သင့်သလား/မသင့်ဘူး လားဆိုတာထက် အငြိမ်းစား ပုဂ္ဂိုလ်ကြီးတွေ က ယူသင့်မယူသင့်အရင်စဉ်းစားသင့်တယ် လို့ထင်ပါတယ်။ နိုင်ငံတော်ယခုလိုတည်ဆောက်ခါစ အကြေ္ဂးဘရပွနဲ့ အချိန်မှာစဉ်းစားသင့်တယ်လို့ ထင်ပါတယ် ဥပဒေမှာဘယ်လိုသတ်မှတ်ထားလဲတော့မသိပါ ။ ယခင်ကတိုင်းပြည် ကြီးပွါးတိုးတက်အောင် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ပြီး နိုင်ငံတော်နဲ့ပြည်သူတွေ ချမ်းသာသုခနဲ့ပြည့်စုံ နေ ရင် ဒီလို ကွန့်မန့် တွေ တတ်လာ မယ်တောင် မထင် မိပါ ။
Ko Soe ရေးပြတဲ့ “နိုင်ငံတော်နဲ့ပြည်သူတွေကထောက်ပံ့သင့်သလား/မသင့်ဘူး လားဆိုတာထက် အငြိမ်းစား ပုဂ္ဂိုလ်ကြီးတွေ က ယူသင့်မယူသင့်အရင်စဉ်းစားသင့်တယ် လို့ထင်ပါတယ်။” ဆိုတာကို အပြည့်အ၀ ထောက်ခံပါတယ်။
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ရဲ့ လက်ရှိ ပြည်နယ်မှုး Jerry Brown ဟာ ၁၉၇၅ မှ ၁၉၈၃ အထိ ၂ ခါပြန် ပြည်နယ် အုပ်ချုပ်ရေးမှုး(Governor) အရွေး ခံရရာမှာ လခကို တနှစ်လုံးအတွက် ၁ ဒေါ်လာပဲ ယူပြီး အလုပ် လုပ်ခဲ့တယ် ကြားဘူးပါတယ်။ သူဟာ ကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာပြီး ကိုယ်တိုင်လဲ စီးပွားရေး အောင်မြင်သူမို့ ဘဏ္ဍာငွေ ကြပ်တည်းနေတဲ့ ကာလီဖိုးနီးယား ပြည်နယ်ကို ညှာတာပြီး လခ မယူပါ။ အုပ်ချုပ်ရေးမှုး စံအိမ်တော် (Govenor Mansion) မှာလဲ မနေပါ။ အိမ်မှာ ခိုင်းဘော်လဲ မထားပါ။ အုပ်ချုပ်ရေးမှုး စံအိမ်တော်ကို ပြတိုက်လုပ်ပြီး အလည်လာကြည့်သူတွေဆီက ၀င်ခတောင်း၊ ပြည်နယ်အတွက် ပိုက်ဆံရှာပေးပါတယ်။ သူ့အတွက် အုပ်ချုပ်ရေးမှုးကားနဲ့ ဒရိုင်ဘာကို လက်မခံပဲ ကိုယ်ပိုင် ဟွန်ဒါကားကို ကိုယ်တိုင် မောင်းခဲ့သူပါ။ သူ့ကို အတုယူပြီး အယ်လ်အေ မြို့တော်ဝန်ကလဲ လခ ၁ ဒေါ်လာနဲ့ သက်တမ်း ၂ ခါ (၈ နှစ်) အလုပ် လုပ်ခဲ့ဘူးပါတယ်။ ဗမာပြည်က သူဌေးမင်းများ၊ နေစရာ အိမ် မရှိခင်၊ မိန်းမနဲ့ သားသမီးတွေ ကားတစီးစီနဲ့ စိန်ရွှေ ၃၊ ၄ စုံ ၀ယ်မပေးနိုင်ခင် လာဘ်စားခဲ့၊ မတရား ရှာခဲ့တာ ထားပါတော့။ မလုပ်သင့်တာပေမယ့် နဲနဲ နားလည်နိုင်ပါတယ်။ အခုတော့ လွန် လွန်းအားကြီးလို့ ရေးမိ ပြောမိတာပါ။
မပေးသင့်ပါ
ဝန်ထမ်းများလျှော့ချပြီး ၄င်းဝန်ထမ်းများကို နိုင်ငံတော်အကျိုးပြုလုပ်ငန်းတွေမှာ အလုပ်ပေးသင့်ပါတယ်။ကျောင်းသား ပြည်သူ နှင့် ရဟန်းသံဃာ တွေသတ်ပြီး အာဏာရူးတွေကိုတော့ထောက်ပံ့ပေးမဲ့အစား ဆင်းရဲနေတဲ့ပြည်သူတွေ ဒုက္ကသည်တွေအများကြီးပါ။သူတို့မို့လို့မရှက်တယ်။ စိန်စီသောညကစိန်တွေဘယ်ရောက်ကုန်ပြီလဲ။ လုံးဝအပြည့်အဝ ကန့်ကွက်ပါတယ်။ အဲဒီအစားဒုက္ခသယ်တွေကိုထောက်ပံ့ပေးပါ သာဓုခေါ်ပါ့မယ်။
အခြားဘယ်နိုင်ငံမှာကြားဘူးသလဲ
ml..ရေဘယ်ကြားဘူးမလဲ..ခင်ဗျားတို့ကမြန်မာနိုင်ငံမှာလူလာဖြစ်တာကို။နောင်ဘုရားရောက် ရင်ဆုတောင်းဘယ်တော့မှမြန်မာနိုင်ငံမှာလူမဖြစ်ရပါစေနဲ့လို့နော်။ရှေးဘ၀ကမြန်မာလူမျိုးတွေ ရဲ့အိမ်မှာဒီသန်းရျွှေဆိုတဲ့ကောင်ကြီးနဲ့သူ့တပည့်တွေကိုခင်ဗျားတို့ကခိုင်းပြီးပိုက်ဆံမပေးခဲ့တာ ကို။ မပူပါနဲ့မကြာခင်ငရဲကိုကျမယ့်ကောင်တွေ။ဘယ်လောက်ယူနိုင်မှာလဲ။နေ၀င်း တောင်သေတာလူမစည်ဘူး..ဒီကောင်ကြီးတွေလည်းသေတော့မှာပါ။မြတ်စွာဘုရားဟောခဲ့တာ ပဲလေ၊သေမျိုးတွေပါဘဲ။အပင်းလို့သဘောထားပေးလိုက်ပါဗျာနော်။
Do not agree and no need to support
ယခင် နအဖ အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ် ၇၀ နီးပါး၏ ထောက်ပံ့ငွေကြေး တောင်းခံမှု ကိစ္စကို ဥပဒေနှင့်ညီ၊ မညီ ထပ်မံ စစ်ဆေးသွားမည်ဟု သိရသည်။
http://burma.irrawaddy.org/archives/26420
No we need to support them ,and we need to check 2008 constitution.Why they want to kill again our country people.They are more rich and rich,our country people are poor and poor.I want to say them ,please don’t want to squeeze our neck.Zarni
အပေါ်က ကိုမောင်မောင်လု..ရင့် ကျက်မှု့ မရှိသေးရင်ဝင်ပြီးမဆွေးနွေးတာ အကောင်းဆုံးပါဘဲ။ဒါပာာ ကောင်းသောအဖြ တစ်ခုထွက်ချင်တဲ့ ဝင်ပြီးဆွေးနွေးကြတဲ့ ဆွေးနွေးခန်း။ကိုထင်ရာ ရေးလို့ ရတဲ့ page မပာုတ်ဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ ဆုံးရှုံးခဲ့ တဲ့ ၂၃နှစ်တာကာလပတ် လူ့ အခွင်အရေးတွေ၊စနစ်မကျတဲ့ နိုင်ငံပိုင် သံယံဇာတ ထုတ်ယူသုံးစွဲမှု့ တွေ။လူမသိသူမသိ နိုင်ငံရေး သမားတွေကိုသတ်ဖြတ်မှု့ တွေ။၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မှာကိုယ် ကိုးကွယ်တဲ့ ဘာသာ သာသနာကိုဖျက်စီး၊ရပာန်းကိုသတ်၊၂၃နှစ်တာကာလုံးမှာ သူတို့ အချင်းချင်း အာဏာနဲ့ သံယံဇာတ ခွဲဝေမှု့ မှာ အဝေမတည့် လို့ အချင်းချင်း သွေးထိုးကြ၊တိုက်ကြခိုက်ကြ၊( ဦးခင်ညွန့် ကိုကြည့် )…………..ပြည်သူကိုကြတော့…တပ်မတော်သာအမိ တပ်မတော်သာအဖ၊…ဘေးပြောတာကိုမယုံနဲ့ သွေးပြောတာကိုယုံ တဲ့ …ပြည်ပအားကိုးပုဆိန်ရိုး..အဆိုမြင်ဝါဒီမှန်သမျှတိုက်ထုတ်ကြတဲ့ …တစ်ခုပြောမယ်..အခုပိာုနိင်ငံလာပါ..ဒီနိုင်ငံကိုလာပါ.. ဒီမှာလာရင်းနှီးမြုပ်နှံပါ..လို့ ပြောနေတဲ့ ပါစပ်တွေက တစ်ချိန်က ယူနီဖေါင်းဝတ်ပြီး မိန်းမလို မိန်းမရလျှောက်ပြောနေတဲ့  အနဖ လူတစ်စုဘဲ၊ ဒီမှာလာရင်းနှီးမြုပ်နှံခိုင်းတာကလဲ…သူတို .ခိုးထားတဲ့ ငွေတွေကို နိုင်ငံခြားကလာတဲ့ သူတွေနဲ့ ပေါင်းပြီး လုပ်ငန်းလုပ်ဖို့ ဘဲ။အဲ့ ဒီလုပ်ငန်းကလဲ သူတို့ မိသားစုကောင်းစားဖို့ ဘဲ။ဒါကြောင့် မို့ လို့ အမေရိကန် ကိုစီးပွာရေးပိတ်ဆို့ တာကို အတင်းဖြေလျှော့ ခိုင်းနေတာလေ၊သန်းရွှေနဲ့  အပေါင်းအပါလူတစ်စုက ငွေတာခိုးတတ်တာ၊နည်းပညာ နဲ့ လုပ်ငန်းလုပ်ကိုင်ဖို့ ကျတော့ အရည်အချင်းမရှိကြဘူးလေ။သူတို့ တက်ခဲ့ တဲ့ သင်တန်းကလဲ လူသတ်တဲ့ သင်တန်းလေ.. နိုင်ငံတော်ကာကွယ်ရေး သင်တန်းမှမပာုတ်တာ၊ တကယ်သာ ကာကွယ်ရေး သင်တန်းသာတတ်ခဲ့ မယ်ဆိုရင်.. ကုလားနဲ့ တယုတ် စိမ့် ဝင်လာတာကို လက်ပိုက်ကြည့် နေမှာ မပာုတ်ဘူး၊ပြည်သူ ကသူတို့ ကိုမထောက်ခံလေ ရည်ရွယ်ချက်ရှိရှိ တိုင်းပြည်ကို ဖျက်ဆီးလေဘဲ၊ပြည်သူက လိုချင်တာ လူကောမူကောပြောင်းတာကိုလိုချင်တာ၊အခုတော့ …အခြေခံဥပဒေကို တစ်ဖက်သတ်ဆွဲတယ် ညဘက်လူတွေ အိပ်မောကျခါနီးကျမှ မြန်မာ့ အသံက ရွတ်ဆိုပြတယ်။၂၀၀၈ မှာနာဂစ်ဖြစ်လို့ လူတွေ သေကျေ ပျက်စီးနေတာတောင် ဂရုမစိုက်ဘဲ ဆန်ဒ ပြုပွဲကျင်းပတယ်၊ဒါကိုနိုင်ငံတကာက အကုန်သိတယ်..စဉ်းစားစရာတောင်မလိုပါဘူး၊…ဒီလူအုပ်စုက သူခိုးတောင်ညာဏ်တောင် ညာဏ်မရှိတဲ့ သူခိုး…ပြည်သူငွေတွေ အလွဲးသုံးစားလုပ်ပြီး ပြည်သူ ကြားမှာ တိုက်အကောင်းစားကြီးတွေနဲ့ နေ၊ကားအကောင်းစားကြီးတွေစီး။ကတော်တွေ က ရတီများများ အလုံးကြီကြီး စိန်တွေကို အပြိုင်အဆိုင်ဝတ်။သူတို့ သားသမီးတွေက စတေကာကပ်ကပ်တဲ့ ကား အကောင်းစားတွေကို စီးပြီး နွမ်းပါးတဲ့ ပြည်သူကိုဗိုလ်ကျ အနိုင်ကျင့် …ရဲဆိုတဲ့ အကောင်တွေကလည်း ဘာမှမပြောရဲ….ဒါ၂၃နှစ်တာကာလလုံး ခေါင်းဆောင်ပြု ခဲ့ တဲ့ အရည်အချင်းတွေလေ၊…ဒီလူတွေက အခုတောင်းဆိုတဲ့  ငွေနဲ့ မထိုက်တန်တာအမှန်ဘဲ။အခုငွေကလည်း သူတို့ ပိုင်ဆိုင်တဲ့ ငွေတွေနဲ့ ယှဉ်ရင် မြင့် မိုရ်တောင် နဲ့ ဇီးသီးစေ့ လောက်ပါဘဲ။အခုတောင်းဆိုတာကလည်း ဦးသန်းရွှေနဲ့ အပေါင်းအပါတွေကတောင်းဆိုတာမဖြစ်နိုင်ဘူး။ဆောက်လုပ်ရေးဝန်ကြီးဌါနမှာ ပြုတ်သွားတဲ့ ဦးခင်မောင်မြင့် နေရာ ကိုအစားဝင်လာတဲ့ ဝန်ကြီးဦးကျော်လွင် က လက်ရှိ အစိုးရအပေါ်မှာအာဏာသက်ရောက်မှု့ ရှိနေသေးတဲ့ ဦးသန်းရွှေကို ဖားတဲ့ အကွက်တွေဘဲ…သူတို့ ကိုယ်တိုင်တောင်နောက်ပြန်လှည့် လို့ မရတော့ ဘူး…နိုငှ်ု့တကာခုံရုံးဆိုတာအလကား ဖွဲ့ ထားတာမပာုတ်ဘူးလေ။လူဦးရေ သန်း၇၀၀၀ ကို ကိုယ်စားပြုပြီး ဖွဲ့ ထားတာ၊လူဆိုတာ လုပ်တိုင်းတင့် တယ်နေသမျှကာလပတ်လုံ နောင်တစ်ချ
Yes good one
Actually, they should be ashamed of what
they have done.
ကိုမောင်မောင်လှရေ ခင်ဗျားလိုမျိုးပုဂ္ဂိုလ်တွေရှိလို့  မြန်မာပြည်မှာ စစ်အာဏာရှင်တွေ သက်ဆိုးရှည်ခွင့်ရတာပေါ့ ။
ဲ’ရလေလိုလေ အိုတစ္ဆေ’ ဆိုသလို ပြိတ္တာ တစ္ဆေဖြစ်မည့်အိုမင်းလာနေတဲ့ လက်နက်အားကိုး အာဏာသူခိုး လဘိုရူပ်တွေမှာ တိုင်းပြည်အတွက် အနစ်နာခံဖို့  ဘယ်တုန်းကများ ဈဉ်းစားဖူးလို့ လဲ ကိုစိုး ရဲ့ ၊၊
ခြောက်ဆယ့်သင်္ချေနှင့် ကမ္ဘာပေါင်းဘီလီယံအနန္တမက ငရဲသံသရာအတွက်ရထားပြီးတဲ့ သံသရာဝဋ္ဋ်ကြွေးနဲ့ တင် သူတို့ က မတင်းတိမ်နိုင်ပေမည့် ကျနော်တို့ပြည်သူပြည်သားတွေကတော့ သူတို့ ကို အပင်းထပ်ဆို့ ပေးဖို့ အတွက် လုံးဝ (လုံးဝ) သဘောမတူရေးချ မတူနိုင်ပါ၊၊
မပေးသင့်ပါ။ နိုင်ငံက အခုမှ ဒီမိုကရေစီ လမ်းကြောင်း လျှောက်
မယ်ကြံ ရုံရှိသေးတယ်။ ယခင်စစ်အစိုးရ လက်ထက်က ထားခဲ့
တဲ့ အရှုတ်တော်ပုံ သောင်းခြောက် ထောင် ကိုရှင်းရအုန်းမယ်။
အကြွေး တွေကဆပ် လို့မကုန် ကျန်နေသေး။ အခု ချိန်မှာ တိုင်း
သူပြည်သား ကစ သမတ အဆုံး ကုန်းရုန်းလုတ်မှ နောင်ဆယ် နှစ်
အနှစ် နှစ်ဆယ် မှာ တိုးတက်ဖွင့်ဖြိုး နိုင်မယ်။
တိုင်းပြည် ကိုအနှစ် နှစ်ဆယ် လောက် ပုဇွန်ဦး ဏှောက် နဲ့
ထင်တိုင်းကြဲ အုပ်စိုး ပြီး ဖြက်စီးသွား ကြတဲ့ သူတွေ ချမ်းသာ တာ
မှဆယ်သက်စားမကုန်ဘူး။ ဘာများထပ်ပေးရအုံးမှာလဲ?
ဘယ်သူကမှမသထာ ဘူး။ မပေးကြနဲ့။
In fact, they should themselves forgo such allowances, since they had already collected easy money which cannot be consumed by their many many generations. If they want to keep their dignity and ethics, they have no difficulty to ignore such small amount that only damage their names unnecessarily.
မိမိစိတ်သဘောအတိုင်းဆိုရင်တော့ မပေးသင့်ပါလို့ ပြောချင်ပါတယ် ။ ဒါပေမဲ့ ဥပဒေမှာ သမ္မတ ၊ ဒု သမ္မတ အဆင့် ပုဂ္ဂိုလ်များကို အငြိမ်းစားလစာအပြင် အိမ်အကူ ၊ ယာဉ်မောင်းများ ထောက်ပံ့နိုင်သည်လို့ ပြဌာန်းထားတဲ့အတွက် အိမ်အကူ ၁ ယောက် ၊ ယာဉ်မောင်း ၁ ယောက် စီတော့ ထောက်ပံ့သင့်ပါတယ် ။ ဒိထက်တော့ မပိုသင့်ပါ ။ မပေးချင်တဲ့ပြည်သူက အများစုဖြစ်နိုင်တာကြောင့် အရင်ဦးဆုံး ဥပဒေကို ပြင်ရပါမယ် ။ အဲဒီ ဥပဒေကိုသာမက အခြားသောခေတ်နှင့်လျော်ညီမှုမရှိသော ဥပဒေများ ၊ ပြည်သူများကို အကျိုးမပြုသောဥပဒေများကို အမြန်ဆုံး ပြင်ဆင်နိုင်အောင် လွှတ်တော်အမတ်များက ကြိုးစားကြရပါ့မယ် ။ ယခင်အစိုးရလက်ထက်က ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ လုပ်ဆောင်ချက်များကို ပြန်လှန်အရေးယူနိုင်ဖို့မဟုတ်ဘဲ ပြည်သူများသိအောင် ပြန်လည်ဖော်ထုတ်သင့်ပါ တယ် ။ အပေါ်မှာ ဆွေးနွေးသွားသလို ဦးသန်းရွှေအာဏာလွှဲပေးလို့ တိုင်းပြည်ကပြောင်းလဲရပါတယ်ဆိုတဲ့ စကားဟာ အမှန်တရားနဲ့ လုံးဝဆန့်ကျင်ပါတယ် ။ သူဟာ အီဂျစ်တို့ ၊ လစ်ဗျား တို့ကခေါင်းဆောင်များလို ဘဝမဆိုးလိုတဲ့အတွက် ဒီလမ်းကို မျက်စိမှိတ်ပြီး လျှောက်လိုက်တာပါလို့ ဆိုရင် ပိုပြီးတော့ မှန်ကန်ပါလိမ့်မယ် ။ ဘဝနေဝင်ချိန်မှာ သမိုင်းမှတ်တမ်းဆိုး အရေးထိုးမခံချင်လို့ပါ ။ ပြည်သူတွေကိုတော့ လုံးဝမစာနာတဲ့သူပါ ။ ဘုရား၊ တရား ကြည်ညို တယ်ဆိုတာကလည်း နောင်ဘဝကူးကောင်းအောင် အပြစ်ရှိရင် ဒီဘဝဒီမျှနဲ့သာ ကျေပါစေတော့ ဆိုတဲ့သဘော မျိုး ဖြစ်ပါလိမ့်မယ် ။
ဘာကိုထောက်ပံ့ရအုံးမှာလည်း
ပိုးဆိုးပက်စက် မြိုဆို့ ပြီး အားလုံးသိမ်းကြုံးယူပြီးမှ ဆင်းသွားတာကို
ထောက်ပံ့အုံးမယ်ဆိုရင်တော့ သန်းရွှေတို့  မောင်အေးတို့  သမီးတွေ မြေးတွေ ရဲ့ မီးဖွားစရိတ် ကနေ မိတ်ကပ်ဖိုး အထိ လွှတ်တော်မှာ လာတောင်း မှာသေချာတယ်
အခုချိန်ထိ ထမင်းမစားရလို့  လမ်းဘေးမှာငိုနေရတဲ့ ကလေးတွေနဲ့  သက်ကြီးရွယ်အို တွေအများကြီးရှိသေးတယ်ဆိုတာကော လွှတ်တော်ထဲက ငကြောင်တွေ သိသေးရဲ့လား
Before thinking about supporting, we need to think about how this come, the path from where this has come. what is the motive of doing this. The news clearly stated that the agenda comes from two ministerial departments; Construction and Home Building. It is more unlikely the retirees’ idea, for these two departments are revealed recently as being corrupted. May be this is their way to bribe their leaders. It is a very sad thing to learn that the parliament did not know about this after confirming it. If you let things like this slip away again because of your laziness or stupidity, you are unworthy to represent the people. You must have the people interest in your every day life, that is your job.
Before thinking about supporting, we need to think about how this come, the path from where this has come. what is the motive of doing this. The news clearly stated that the agenda comes from two ministerial departments; Construction and Home Building. It is more unlikely the retirees’ idea, for these two departments are revealed recently as being corrupted. May be this is their way to bribe their leaders. It is a very sad thing to learn that the parliament did not know about this after confirming it. If you let things like this slip away again because of your laziness or stupidity, you are unworthy to represent the people. You must have the people interest in your every day life, that is your job.
Keep in mind that all retirees must have pension for serving the country, there might be some different between how much each of them serve, but giving maids is a ridiculous thing. Pension fund should be just to support the men and women who serve the country, not to give them luxuries. Giving maids for Pension would be the most ridiculous thing the world would have ever known.
ကဲ ရေးလဲ ပြီးရော ကိုယ်ရေးထားတာတွေ ဘယ်ပျောက်သွားမှန်းမသိ။
i agree with burmathwe. that is true.mg mg hla bird brain
ကန်တော့ပါသေးရဲ့ ရှင်
အင်း ဒီကိစ္စကတော့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စ။ မပေးသင့်တဲ့ ပြည်သူ့ ဘဏ္ဍာငွေတွေပါ။
ဒါပေမဲ့ သူတို့က အရှက်မရှိ တောင်းဆို လုပ်ယူတော့လည်း ပေးရတော့မယ်ပေါ့။ အင်း ကျန်တဲ့ သူတွေက မသိ မသာ ခွင့်ပြုလိုက်တဲ့ ငွေကို ယူပြီး အေးအေး ဆေးဆေး နေရင် တော်ပါပြီ။ ခင်ဗျားတို့ အားလုံးကြည့်ကြပါ။ ခု ကရင်ဖြစ်နေတဲ့ ပြသနာကို။ အဲဒါ အာဏာ အရှိန်မသေသေး တဲ့သူတွေ။ *****တို့ အဖွဲ့ပေါ့။ သူတို့ ဘာတွေ မွှေဦးမလဲ မသိဘူး။ ဗိုလ်သန်းရွှေတို့လိုဘဲ သူ့ဆီမှာလည်း ပြည်သူ့ ဘဏ္ဍာငွေတွေ ထိုင်းနိုင်ငံသုံးငွေ ဘတ် သန်းနဲ့ချီပြီး ရှိတယ်။ ဒါပေမဲ့ သူက အတောမသတ်နိုင်သေးဘူး။ လိုချင်သေးတယ်။ အဲသည်လူတွေနဲ့ စာရင် ဗိုလ်သန်းရွှေက အနှိုင်ပိုင်းနိုင်တယ်လို့ ဆိုရမှာဘဲလေ။ ပေးလိုက်ပါဗျာ။ ဒီဘ၀အတွက် ပေါ့။ နောင်ဘ၀များ ရှိရင် သူတို့ တိုင်းပြည်အတွက် ဥစ္စာစောင့် ဖြစ်ပေးကြမှာပေါ့။ အေးရာအေးကြောင်း စဉ်းစားပြီး ပေးစရာရှိတာ ကျေကျေနပ်နပ်နဲ့ ပေးလိုက်ကြပါလို့ဘဲ ပြောချင်တယ်။ ငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုး ရေး ။ လွတ်လပ်ရေးဆိုတာ ၀ယ်ယူလို့ ရတာ မဟုတ်ဘူးလေ။ ခုလို ၀ယ်ယူ လို့ ရလိုက်တာကိုဘဲ ကျနော်ကတော့ ကျေးဇူးတင်ပါတယ်။ ကျန်တဲ့ သူတွေလည်း သူတို့လို ဘဲ အနားယူကြပြီး တိုင်းပြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါလို့ ဆန္ဒပြုပါတယ်။
Than She and family is just pretending they don’t have money.
They have a lot of money and gold and jewellery.
They are very rich.
They want to show they do not have much money.
But,they own the big house in China with billion of dollar!
တိုင်းပြည် နဲ့ ပြည်သူတွေက ပေးတဲ့ ထောက်ပံ့ကြေးကို ပေးဖို့ဆိုတာကတော့ ခံစားထိုက်သူရဲ့ ယခင်က တိုင်းပြည်နဲ့ ပြည်သူတွေ ကို တိုးတက်ရာ တိုးတက်ကြောင်း ဘာလုပ်ခဲ့သလဲ ဆိုတာ စဉ်းစားရပါလိမ့်မယ်..။ အကြောင်းကောင်းခဲ့မှ ကောင်းကျိုးခံစားခွင့် ဆိုတာ ရရှိထိုက်တာပါ..။ ကိုယ့်ကိုယ်ကို ခံစားထိုက်သလား မခံစားထိုက်သလား ဘာသာတရား ကိုင်းရှိုင်းနေပြီးဆိုရင်သိပါလိမ့်မယ်..။ ကိုယ်လုပ်ခဲ့တာနဲ့ တူသလား တန်သလား ဝေဖန်တက်မှ လိပ်ပြာသန့် တက်မယ်..။ အကယ်၍ ပေးမယ် ဆိုရင်တောင် ယူထိုက်မယူထိုက် စဉ်းစားတယ်ဆိုမှ တကယ့် ဘာသာရေးလုပ်တယ်လို့ သတ်မှတ်လို့ရပါမယ်..။ ပေးသင့် မပေးသင့် 2008 မတိုင်ခင်မွေးခဲ့ တဲ့ ကလေး မေးကြည့်တောင်သိနိုင်ပါတယ်..။ လှူဒါန်းချင်သူများရှိရင်တော့ မတားဆီးချင်ပါဘူး..။ ဒါပေမယ့် ကုသိုလ်ရမယ် ဆိုရင်တောင် ဒီလိုလူမျိုးတွေအတွက် သာဓု မခေါ် ချင်ပါ..။
ဒီလောက်ချမ်းသာနေတာအလုပ်သမားအတွက်တောင်ကိုယ့်အိတ်ထဲက စိုက်မပေးချင်လောက်အောင်စေတနာကမွဲလိုက်တာ။နိုင်ငံဆင်း၇ဲပြီးအကြွးတင်နေတဲ့ကြားထဲအလကား၇တိုင်းလိုချင်နေတာ။ဒီကိတ်စ ၇ဲ့နောက်ကွယ်မှာတခုခုတော့ရှိမှာသေချာတယ်
သမတကြီးဦးသိန်းစိန်ကအိုဘားမားလာတုံးကရန်ကုန်မြို့တွင်းရေသန့်ရရှိရေးနဲ့ရန်ကုန်မန္တလေး ဟိုက်ဝေးလမ်းမကြီးဖေါက်လုပ်ပေးဖို့အိုဘားမားဆီကနေတောင်းခဲ့ပါတယ်၊ဗိုလ်သန်းရွှေတို့အ ဖွဲ့ကလဲနှစ်ပေါင်းများစွာနိုင်ငံခြားအရင်းရှင်များဆီကနေကိုယ်ကျိုးအတွက်လက်ဖြန့်တောင်ခဲ့ ပါတယ်၊ပင်စင်ယူပြီးတော့လဲသူတို့အိမ်အလုပ်သမားစရိပ်အတွက်ပြည်သူလူထုဆီမှာလက်ဖြန့် တောင်းနေပြန်ပြီဆိုတော့တသက်လုံးတောင်းစားနေတဲ့သူတွေဖြစ်နေ့လို့ပေးသင့်မပေး သင့်စဉ်းစားဘို့လိုပါတယ်၊ဒါပေမဲ့ဒီနှစ်တော့လွှတ်တော်ကပေးဘို့ဆုံးဖြတ်ပြီးပါပြီ၊နောင်ကို မြန်မာပြည်မှာအဆင့်မြင့်တောင်းစားသူမရှိတော့အောင်လွှတ်တော်ကပြင်ဆင်သင့်ပါပြီ။
လက်ပတောင်တောင်ကိစ္စနှင့်ပါတ်သက်လို့ဒီလိုမြင်ပါတယ်။
(၁)လက်ပတောင်းတောင်ကိစ္စကိုဒေသအာဏာပိုင်တွေကမဖြေ၇ှင်းနိုင်လို့ဒီကိစ္စကို-
(က)ဦးအောင်မင်းကိုယ်တိုင်လာပြီးလက်ပတောင်းတောင်လူထုဖြစ်စေချင်တာကိုသမ္မတကြီးထံတင်ပြပေးမည်ဟုအမည်တပ်ပြီးဦးအောင်မင်းပြောပြီးနောက်ပိုင်းလွှတ်တော်မှာဆုံးဖြတ်ချက်တခုချသံကြားလိုက်ရသည်။အဲဒါက-စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့မည်ဟုသိရသည်။
(ခ)အဲဒီနောက်ပိုင်း-ဒေါ်အောင်ဆန်းစုကြည်မှလက်ပတောင်းတောင်ခရီးစဉ်မလာခင်ပြောကြားခဲ့သောစကားကိုသတိရနေပါသည်။အဲဒါက-ဒီမိုစထေးရှင်းချည့်သွားလို့မရဘူး။နီကိုရှီယေးရှင်းနဲ့ဖြေ၇ှင်းရရမည်လို့သူ့သဘောထားကိုပြောထားသည်။ဆိုလိုတာက-ဒီပြသနာကိုဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကိုကြိုသိထားပြီးဘက်(၂)ဘက်လုံးကိုပြောလိုက်တယ်လို့မြင်တယ်။
(ဂ)ဦးစိုးသိန်းမှလက်ပတောင်းတောင်ကိစ္စနှင့်ပါတ်သက်၍-မှားခဲ့ကြောင်းဝန်ခံပြောကြားခဲ့ပြန်သည်။
(ဃ)အဲဒီလိုပြောလို့မှမကြာသေးဘူး။ပြည်ထဲရေးဝန်ကြီးက-ပုဒ်မ၁၄၄ထုတ်ပြန်ပြီးလှုပ်ရှားသူတွေကိုလိုက်လံဖမ်းနေပါတယ်။
အထက်ပါအကြောင်းအရာတွေကိုပြန်ပြီးစီစစ်ကြည့်တော့-လောလောဆယ်-ICGကဦးသိန်းစိန်ကိုဆုပေးဘို့ရွေးချယ်လိုက်တာတွေနဲ့လည်းတမင်သက်သက်တိုက်ဆိုင်နေတာကိုတွေ့ရပြန်တယ်။ဆိုတော့-လက်ရှိအစိုးရနဲ့လွှတ်တော်ကြားမှာ-သေချာတခုက-အာဏာအားပြိုင်းမှုတွေပိုဖြစ်လာတာကိုတွေ့ရပြန်တယ်။ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းပုံတွေဟာ-နိုင်ငံရေးနောက်ဆုတ်စေတဲ့အပြုအမှုတွေကိုပိုပြီးတွန်းပို့ရာရောက်နေပါတယ်။
(င)အကောင်းဆုံးကတော့-ဒီပြသနာကို-နီကိုရှီယေးရှင်းနဲ့ဖြေရှင်းမှအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ဒီလိုမှမဟုတ်ပဲ-တခါလညလည်းတည်ဆဲဥပဒေ။တခါလညလည်းတည်ဆဲဥပဒေဆိုပြီးခေါင်းစဉ်တပ်ဖြေရှင်းပြီးထောင်သွင်းအကျဉ်ချဖမ်းဆီးနေသမျှ-ပြသနာကိုမီးခွက်ထွန်းရှာနေပြီးလက်ရှိတည်ဆဲဥပဒေကိုကိုင်တွယ်နေသူတွေကတိုင်းပြည်ကိုအကြမ်းဖက်ဖြေရှင်းနေတယ်လို့အဓိပါယ်ရောက်စေပါတယ်။
(စ)ဒီကိစ္စကိုအမိန့်ပေးဆောင်ရွက်ခိုင်းသူဟာဦးသိန်းစိန်လို့သတင်းထွက်နေပါတယ်။အဲဒါသာအမှန်တကယ်ဖြစ်နေရင်-လက်ရှိနိုင်ငံတကာကပေးတဲ့-ဆုကိုပျက်ရယ်ပြုရာရောက်နေပါတယ်လို့-မြင်မိပါကြောင်း။
(သစ်ခက်)
I do not blame these crooks for stretching their blood-stained hands for more blood. This is the thing they always do. I blame the so-called Hlutdaw Members. Were they falling asleep when the budget was requested? Or are they afraid of Than Shwe the killer? It makes no sense for this kind of behavior. People are struggling for their daily meal but wasting state fund for extremely rich ex-generals? Shame on you, Hlutdaw Members.
ဦးသန်းရွှေကအလာကားခေါ်ခိုင်းပြီးလုပ်အားပေးသဘော ဆိုရင်တော့
ပေးသင့်ပါတယ်။
ုko nyan..ခင်ဗျားပြောတာလဲမှားနေတယ်…အခြေခံဥပဒေထဲမှာပါတာက..သမတ တို့  ဒုသမတ တို့ နဲ့ လက်ရှိသွားနေတဲ့ အဖွဲ့ အစည်းအတွက်လေ..နအဖ အတွက်မပာုတ်ဘူးလေ..ဒီဥပဒေက ၁၉၉၀ ရွေးကောက်ပွဲ ပြီးမှဆွဲတဲ့ ဥပဒေ ဆိုရင်တော့ အကျုံးဝင်ချင်ဝင်မှာပေါ့ …သေချာပြန်စဉ်းစားပါ
စာမကုံးခြင်ဘူး လုံးလုံးကြီးစိတ်နာ၊သန်းရွှေရေ သေဘဲမသေနိုင်တော့ဘူး၊၊
I think nothing to support them, bcoz they are billionaires,
ပေး သင့်မပေးသင့်ဆိုထက်ပေးတဲ့ လူယူတဲ့လူနှစ်ယောက်စလုံး စဉ်းစားကြည့်ပါအုံး ငါတို့တွှေနိုင်ငံတာဝန်ကျေရဲ့လားလို့မ ရှက်ဘူးဆိုပါူယူပါစေ ပြောလဲနားလည်မဲ့လူတွေမှ မဟုတ်တာ မျက်နှာလုပ်ပြီးလုပ်ပေးနေတာ ဒါလားဒီမိုကရေစီအစိုးရရေကေ်ြီးပြောပ
သနားစရာပါလား၊အိမ်အကူဝန်ထမ်း ၄၀၀ ကျော်အတွက် တောင်းခံခဲ့တဲ့ ပမာဏက ကျပ် ၁၆၉ သန်း ဆိုတော.တကယ်ရရင်ဘဘကြီးတို.များမြစ်စုံကလျှပ်စစ်ရယ်လက်ပံတောင်းကကြေည်းပိုက်ရယ်သေရင်ငရဲပြည်ခြောက်ထပ်လုံးမှာ
ွှအဲကွန်းတပ်ပေးမှာ။
်
အိမ်အကူဝန်ထမ်း တွေကော်မရှင်မရရင်သဘောတူတယ်။လူကောင်တွေပါလာရင်ငရဲပြည်လေးထပ်မှာusda နဲ.
အနေချောင်မှာမဟုတ်ဘူး။
မပေးသင့်ပါဘူး။ လုံးဝမပေးသင့်ပါဘူး။ ဒီထက်ငြင်းနိုင်တဲ့ စကားကို မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ပြည်သူတွေအပေါ် ဖိနှိပ်အုပ်ချုပ်နေတဲ့ကာလတလျှောက်လုံး ပြည်သူပိုင် သယံဇာတတွေကို ပုံစံမျိုးစုံနဲ့ မတရားယူထားတဲ့ ပိုင်ဆိုင်မှုတွေက သူတို့မိသားစုတင်မက ဆွေမျိုးသားချင်းတွေပါ ဆယ်သက်စားမကုန်နိုင်လောက်အောင်ကိုများပြားပါတယ်။ နိုင်ငံပြန်လည်ထူထောင်ဖို့ နဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးတွေအတွက် အသုံးစရိတ်တွေ အများအပြားလိုအပ်နေချိန်မှာ အံ့သြစရာကောင်းလောက်အောင် ဒီကိစ္စကို တင်ပြတောင်းခံလာတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ကိုရော ဒီတင်သွင်းလွှာကို လက်ခံ အတည်ပြုပေးတဲ့ လွှတ်တော်ကိုရော တော်တော်လေးကို စိတ်ပျက်မိပါတယ်။ သေချာတာတခုကတော့ ခုလက်ရှိအစိုးကကိုယ်တိုင်က စစ်အုပ်ချုပ်မှုအောက်မှာ ရှိနေဆဲဆိုတာပါပဲ။
ယူသင့် မယူသင့်ဘဲ စဉ်းစားပါ.
လက်ရှိအစိုးရက “ယခင်အစိုးရ က လုပ်သမျှကို တာဝန်မယူပါ” ဟု တွင်တွင်ပြောနေပါသည်။ ထို့ကြောင့် လက်ရှိအစိုးရက လက်ရှိအစိုးရအဖွဲ့ဝင် အငြိမ်းစားယူမှ အခြေခံဥပဒေအတိုင်း ထောက်ပံ့သင့်ပါသည်။
နိုင်ငံကောင်းဖို့အတွက်ဆိုရင်ပေးတဲ့သူကမပေးသင့်ပါဘူးယူတဲ့သူကလဲမယူသင့်ပါဘူးဦးနှောက်ရှိစဉ်းစားပါ။
ရေးပြီးစာတွေပျောက်ပျောက်သွားတယ်။၂၀၁၂ဒီဇင်ဘာမှာလောကကြီးပျောက်ကွယ်
တော့မယ်ဟောကိန်းရှိထားတော့————————————————–???
မြန်မာပြည်အတွက်လွှတ်တော်ကသရုပ်ဖော်တေးဂီတလား?သမတကရောတကယ်ကမှာလား?
လူယုတ်မာ သန်းရွှေကြိုးဆွဲရာကနေသည့်သမတသရုပ်ဖော်လွှတ်တော်ဆိုရင်မြန်မာပြည်၏
နောင်ရေးရတက်မအေးရပါ။
ရွှေပေါက်ကံစန်းလွင်
လုံးဝကို မပေးသင့်ပါ။ ဒီလောက်ပြည်သူတွေအပေါ်မှာ ရက်စက်ခဲ့တဲ့ နအဖ တွေကို ထောက်ပံ့ဖို့စိတ်ကူးနေတာကိုက လွန်နေပြီး။ လွှတ်တော်မှာရှိနေတဲ့ အဖိုးကြီး၊အဖွားကြီးတွေ ဘာလုပ်နေလဲ။ သန်ရွှေရဲ့ နောက်လိုက်ဖြစ်ချင်နေတဲ့ပုံပဲ။ ဒီအတိုင်း တည်ပြုလိုက်တာ ပညာတတ်အမတ်တွေ တကယ်ပီသပါဘိ။ မဖြစ်သင့်တာ သိသိနဲ့ အတည်ပြုလိုက်တယ်ဆိုတော့ တကယ့်စဉ်းစားစရာပဲနော်
လုံးဝမပေးသင့်ဘူး. အခုသူရထားတဲ့ပင်စင်တောင် အိုးဘားမားထက်တောင်သာနေသေးတာ တောင်းရဲတယ်နော်.သန်းရွှေအမေအရှက်ကြောကိုတကယ်ဖြတ်ခဲ့တာလားမသိဘူး
ထမင်းချက်ကငါးယောက်တောင်လား.ဘာတွေများချက်ဖို့ ဒီလောက်တောင်ခေါ်ထားတာလဲ. အိပ်အကူလဲ ငါးယောက်တဲ့.ကျန်တဲ့ဝန်ထမ်းတွေလဲအများကြီးရှိသေးတယ်.ဦးသန်းရွှေခင်ဗျား သေမယ်နေ့ကို ငရဲမင်းကြီးစောင့်နေတယ်သိလား ဟိုမှ ငရဲသားတွေ ၁၀ တောင်ရှိတယ် ထမင်းချက်ဖို့လေ. အမြန်လာဖို့ပြောတယ်သိလား. အခုမှကြောက်ပြီး ဘုရားတရားလုပ်လဲ အပိုပဲ.သွားရမယ်လမ်းကတစ်လမ်းပဲရှိတာ.
ဒီလောက်စုတ်ပြတ်ပြီးအခွံဘဲကျန်အောင်နှိပ်စက်ပြီးတာအားမရသေး
ဘူး၊ကျန်တဲ့အခွံတောင်မီးဆိုက်ပစ်ချင်သေးတာ။ကိုယ့်ကိုယ်တိုင်နဲ့မိ
သားစု၊အသိုင်းအ၀ိုင်းကွက်ကွက်ကလေးအတွက် သန်း(၆၅)သန်း
သောပြည်သူတွေနဲ့နောင်မျိုးဆက်အတွက်ဆပ်လို့မကုန်တဲ့သံသရာ
ကြွေးတွေ၊အတင်ခံပြီး၊ဘ၀ပေါင်းများစွာပေးဆပ်တာတောင်မကြေ
ှနိုင်လောက်အောင်ကိုမိသားစုအပေါ်တာဝန်ကြေရှာတာ။
သူတို့မျိုးဆက်ပေါင်းများစွာရုပ်တုလုပ်ကိုးကွယ်သင့်တာ
(၃၇)မင်းကျေးဇူးကြီးတာသူတို့မိသားစုအတွက်စာဖွဲ့စရာ
မရှိဘူး။
ထောက်ပံ့ကြေးမပေးသင့်တဲ့အပြင်အခြေခံဥပဒေကိုပြင်ပြီစစ်အာဏရှင်ဟောင်းတွေကိုစစ်ခုံရုံးတင်သင့်တယ်။