အစိုးရဝန်ထမ်းများ အနေဖြင့် ဌာန ဆိုင်ရာ သတင်းများ ပေါက်ကြားပါက အရေးယူ ခံရမည် ဖြစ်ကြောင်း သတင်းရသည်။ ယင်းသို့ ကျူးလွန်ပါက ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက် အက် ဥပဒေ အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တဦးကို ကိုးကား၍ The Voice weekly ဂျာနယ် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။