
ဇွန် ၈ ရက် မောင်တောတွင် ဆူပူသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက် ရင်ဆိုင်နေစဉ် (ဓာတ်ပုံ – မှူးဇော်၏ Facebook)
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ခဲ့သည့် မောင်တောမြို့ အကြမ်းဖက်မှုကို ဦးဆောင်သူဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသော ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အား စစ်တွေခရိုင် တရားရုံးက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဒေါက်တာ ထွန်းအောင်အား အရေးပေါ် အက်ဥပဒေ ပုဒ်မ (၅ ည) ဖြင့် ၇ နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃ (က) ဖြင့် ၂ နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ဂ) ဖြင့် ၂ နှစ်တို့ဖြင့် စုစုပေါင်း ၁၁ နှစ်၊ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် ၁ နှစ် သီးခြား ချမှတ်ခံရသည်။
သို့သော် ပထမ ဥပဒေပုဒ်မများအတွက် စုစုပေါင်း ၁၁ နှစ်အနက် ၇ နှစ်သာ ကျခံရမည်ဖြစ်ပြီး ကြိုးမဲ့ကြေးနန်း အက်ဥပဒေအရ ၁ နှစ်နှင့် စုစုပေါင်း ၈ နှစ် ကျခံရမည်ဟု တရားရုံးနှင့်နီး စပ်သူတချို့က ပြောသည်။
“သီးခြားစီချမှတ်မယ်ဆိုရင် ပုဒ်မ ၃ ခု အတွက် ၁၁ နှစ်ကျတယ်။ ဒါပေမယ့် တပေါင်းတည်းချမှတ်တဲ့ အတွက် ၇ နှစ် ပဲကျခံရမယ်” ဟု တရားရုံးနှင့်နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
ဒေါက်တာထွန်းအောင်အား တရားစွဲဆိုရာတွင် မှတ်ပုံတင်အတု ပြုလုပ်မှုနှင့် လိမ်လည်မှု ပုဒ်မ ၄၂၀၊ ၄၆၈ အမှုများလည်း ပါဝင်ပြီး၊ ထိုအမှု ပုဒ်မတို့အား တရားသေလွှတ်ပေး လိုက်ကြောင်းသိရသည်။ ၎င်းသည် နိုင်ငံခြားငွေ တရားမ၀င် ကိုင်ဆောင် လဲလှယ်မူ ပုဒ်မဖြင့်လည်း ပြီးခဲ့သည့်လ အနည်းငယ်က ထောင်ဒဏ် ၃ နှစ် ချမှတ်ခံ ထားရသေးသည်။
ဒေါက်တာ ထွန်းအောင်သည် အစ္စလမ်ဘာသာရေး ခေါင်းဆောင်တဦးဖြစ်ပြီး တောင်ကုတ်မြို့၌ မွတ်စလင် ၁၀ ဦး အသတ်ခံရမှု အတွက် မောင်တောမြို့ရှိ ဗလီကျောင်းတခုတွင် ဇွန်လ ၈ ရက်နေ့က ဆုတောင်းပွဲ ပြုလုပ်ရန်နှင့် ပြဿနာ တစုံတရာ မဖြစ်ပွားရန် တာဝန်ယူသည်ဟု အာမခံချက်ပေး၍ ဒေသဆိုင်ရာ အာဏာပိုင်များထံ တင်ပြခဲ့ရာ ခွင့်ပြုပေးခဲ့သည်။ သို့သော် ထိုဆုတောင်းပွဲ အပြီး နာရီပိုင်းအတွင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်အတွက် ၎င်းအား ဖမ်းဆီးခဲ့သည်။
မောင်တော အကြမ်းဖက်မှုနှင့် ဆက်စပ်၍ မောင်တော ဒေသအခြေစိုက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၀န်ထမ်း တချို့ကိုလည်း ဖမ်းဆီးခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ဒေါက်တာ ထွန်းအောင်၏ သမီးဖြစ်သူ UNHCR ၀န်ထမ်း ဒေါ်မြနန္ဒာအောင်ထံမှလည်း မသင်္ကာဖွယ်ရာ စာရွက်စာတမ်း အထောက်အထားများ သိမ်းဆည်းရမိသည်ဟုဆိုကာ ဇွန်လ ၁၀ ရက်နေ့က စစ်တွေလေဆိပ်၌ ခေတ္တ ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့၏ ဖမ်းဆီးခံရသော အစိုးရတပ် စစ်သည် ၃ ဦးနှင့် ဒေါက်တာ ထွန်းအောင် လွှတ်ပေးရေး အလဲအလှယ်လုပ်ရန် အဆိုပါ လက်နက်ကိုင်အဖွဲ့က တောင်းဆိုနိုင်သည်ဟု မောင်တောမြို့တွင် ကောလာဟလများ ထွက်ပေါ်နေသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရန် တာဝန်ထမ်းဆောင်နေသည့် တပ်မတော် ဆောက်လုပ်ရေးတပ်မှ တပ်သား ၃ ဦးအား အမည်မသိ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က ယခုလဆန်းတွင် ဖမ်းဆီးခဲ့ပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့သည်။
မောင်တောဒေသ၌ ယခုအခါ တည်ငြိမ်နေသော်လည်း ဒေသခံများ သွားလာရေးအတွက် လုံခြုံရေး စိတ်မချရသေးကြောင်း၊ မောင်တောဒေသနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက်ကိုလည်း ပြီးခဲ့သည့် ၂ ရက်ခန့်မှ စတင်၍ လုံးဝ ပိတ်ထားပြီး စစ်တပ်အင်အား တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
မောင်တောနယ်စပ်၌ ဖမ်းဆီးခံထားရသည့် မြန်မာစစ်သည် ၃ ဦး ပြန်လည် ရရှိရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စစ်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းနေကြပြီး အဖမ်းဆီးခံ စစ်သည်များ မည်သည့်ဒေသတွင် ရှိသည်ကို မသိရသေးပေ။ ထိုကိစ္စနှင့် ပတ်သက်၍ အစိုးရက မည်သို့ ဆောင်ရွက်နေသည်ကို ပြီးခဲ့သည့်ရက်အတွင်း အခမ်းအနားတခုတွင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးအား ဧရာဝတီက မေးမြန်းရာ ထိုကိစ္စသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကိစ္စဟုသာ ဖြေဆိုသည်။
ထို့အတူ ရခိုင်ဒေသတွင်း ပဋိပက္ခများ နောက်ကွယ်တွင်လည်း ကြိုးကိုင်နေသည့် အဖွဲ့အစည်းများရှိသည်ကို ခိုင်လုံသော အထောက်အထားများ ရရှိထားကြောင်း၊ ဆက်လက် စုံစမ်းနေဆဲ ဖြစ်၍ မဖော်ထုတ်သေးကြောင်းလည်း ၀န်ကြီးက ဆိုသည်။
မောင်းတောမှာပြသာနာ မဖြစ်အောင် သူတာဝန်ယူခဲ့ပါတယ် ၀တ်ပြုပြီးထွက်လာတဲ့သူတွေကို
လုံးထိန်တွေကစပတ်ခတ်လို.ပြသာနာတွေက ကြီးထွားသွားတာ သူမှာအပြစ်မရှိပါဘူး နိုင်ငံခြား
ငွေတရားမ၀င်းကိုင်ဆောင်မှုပုဒ်မက အခုအချိန်မှာရီစရာဖြစ်နေပြီး လူတိုင်းကိုင်းနေတဲ့ငွေဖြစ်နေလို.ဘယ်။
မြန်မာစစ်သားတွေအဖမ်းခံရတဲ့ကိစ္စမှာ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေရဲ့ အားပေးမှု၊ပါဝင်ပတ်သတ်မှုတွေ ရှိနိုင်ချေ အများကြီးတွေ့ရပါတယ်။ ဘင်္ဂလားဒေရှ့်ဟာ အိမ်နီးချင်းကောင်းမပီသတဲ့နိုင်ငံဖြစ်တဲ့အတွက် ဆက်ဆံရေးဖြတ်သင့်ပါတယ်။ သူတို့နဲ့ဆက်ဆံလို့မြန်မာပြည်အတွက် ကောင်းကျိုးထက်ဆိုးကျိုးတွေပဲရဖို့ရှိပါတယ်။ နယ်စပ်ကိုလုံနေအောင်ကာပြီး ကူးလာတဲ့သူမှန်သမျှကိုပစ်မိန့်ထုတ်ထားသင့်ပါတယ်။ လာဘ်စားပြီးခိုးသွင်းပေးတဲ့မြန်မာ အာဏာပိုင်တွေကိုလည်းထိထိရောက်ရောက် အရေးယူသင့်ပါပြီ။ ပြီးတော့ဘင်္ဂလားဒေရှ့်မှာရှိတဲ့ ရခိုင်တွေကိုပြန်ခေါ်၊ဒီဘက်မှာရှိတဲ့ တရားဝင်နိုင်ငံသားကတ်မကိုင်ထားတဲ့ ဘင်္ဂါလီတွေကိုဘယ်ရောက်ရောက်၊ဘယ်ပေါက်ပေါက်မောင်းထုတ်သင့်ပါတယ်။
အခုအပြစ်ဒါဏ်ချထားတဲ့ ဘင်္ဂါလီကိုလည်းနောက်ပိုင်းမှာ သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတို့ ဘာတို့မလုပ်ပါနဲ့တော့။ တော်သင့်ပါပြီ။ ဒေသခံတိုင်းရင်းသားရခိုင်တွေလည်းနစ်နာလှပါပြီ၊ တိုင်းပြည်လည်းနာမည်ပျက်လှပါပြီ။ ကျုပ်တို့ပြည်သူတွေလည်း ဒေါသကြောင့် အကုသိုလ်တွေလည်းများလှပါပြီ။ တောင်းပန်ပါရစေ ဦးသိန်းစိန်ရယ်။
Right.
very good.
To Pho Lone – You are right. I support you 100 %.
right
လုံထိန်းတွေက အကြောင်းမရှိပဲ ဘာမှ စပြီး ပစ်ခတ်စရာ အကြောင်းမရှိပါ။
ဘင်္ဂါလီ တရားဟော ဆရာတွေရဲ့ ရခိုင်တွေကို စတင်တိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့တာကို တာဝန်ရှိသူ ထွန်းအောင် ကခွင့်ပြုပေးခဲ့လို့သာ ခုလို လူအသေအပျောက်တွေ ဖြစ်လာရတာပါ။
No one is above the law.
အော် နားသွားရရှာပြီကိုး။
မိုးရွာရေ၊ ကိုယ်နာရေ
မက္ကလာယူခ၊ ဟာယောက်ဖ
ယောက်ဖမက္ကလာ၊ မစောင့်သာ
ရို့မှာပေါက်ဖ၊ ရှိလီယင့်
ခိုင်စိုးမိုး (ကျောက်တော်)
(ရခိုင်လူမျိုးများ အခက်အခဲ၊ အကြပ်အတည်းကြုံရချိန်တွင် မည်သူ့ကိုမှ အားကိုးမှု မပြုလုပ်ပဲ မိမိတို့၏အင်အားကို မိမိတို့ကိုယ်တိုင် တည်ဆောက်ဖို့လိုသည်။ မင်းဘာကြီး စိတ်ဓာတ်မွေးရန်။
ခိုင်မြဲပြင်းပြသော စည်းလုံးညီညွတ်မှုစိတ်ဓါတ်နှင့် ခိုင်မြဲပြင်းပြသော ဇွဲသတ္တိ၊ ၀ီရိယသည် သာလျှင် အနာဂါတ် ရခိုင်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုပေလိမ့်မည်။)
Once upon in time Arakan တချိန်တုံးက ရခိုင်ပြည်ကို သတိရပါ။
We are able ကျွနုပ်တို့အားလုံး ဖြစ်နိုင်တယ်။
ရခိုင်လူမျိုးများအတွက် မဖြစ်နိုင်ဘူးဆိုတာ လုံးဝ မရှိစေရဘူး။
စည်းလုံးညီညွတ်မှုဟာ အခြေခံအကျဆုံးဖြစ်ပြီး နိုင်ငံရေးအင်အားတည်ဆောက်၊ စီးပွားရေး အင်အား တည်ဆောက်ရန်လို။
ရခိုင်လူမျိုးများ စည်းလုံးညီညွတ်ရေးအတွက် အပိုင်း(၂)ပိုင်းဆောင်ရွက်ရန်လိုသည်-
ပထမပိုင်း- ရခိုင်ပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်ရေး။
ဒုတိယပိုင်း- ရခိုင်နိုင်ငံရေးအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များ စည်းလုံးညီညွတ်ရေး။
ရခိုင်ပြည်လုံခြုံရေးအတွက် ရခိုင်သားအားလုံးမှာ တာဝန်ရှိသည်။
အမျိုးဘာသာ၊ သာသနာ တည်တံ့ခိုင်မြဲဖို့ရခိုင်သားအားလုံးမှာ တာဝန်ရှိသည်။
အစ္စရေး Vs ပါလက်စတိုင်း ပြဿနာအား အတုယူပါ။
ရခိုင်ပြည်တွင် ရခိုင်တိုင်းရင်းသားလူမျိုးများ နေထိုင်မှ ရခိုင်ပြည်ဟုခေါ်တွင်နိုင်မည်။
ဗုဒ္ဓဘာသာထွန်းကားမှ ဗုဒ္ဓဘာသာတိုင်းပြည် ဖြစ်နိုင်မည်။
ရခိုင်တိုင်းရင်းသားများသို့ အကြံပြုချက်
—————————————
- ပြည်ပနှင့် ပြည်မရောက် ရခိုင်တိုင်းရင်းသားများ၊ ရခိုင်ပြည်သို့ ပြန်လည်အခြေချပေးရန်။
- ရခိုင်လူဦးရေ နည်းပါးနေသော ဘူးသီးတောင်နှင့်မောင်တောမြို့များသို့
လူဦးရေတိုးပွားရေး အတွက် ကျန်မြို့နယ်များမှ ရခိုင်သူရခိုင်သားများ
ပြောင်းရွှေ့နေထိုင်ပေးရန်။
- ရခိုင်လူဦးရေတိုးပွားရေးအတွက် မိသားစုတစ်စုလျှင် အနည်းဆုံးကလေး၅ဦးမွေးဖွားရန်။
- ရခိုင်လူမျိုးများ ပညာရေး၊စီးပွားရေး၊ဘာသာရေး၊လူမှုရေး တိုးတက်ရန်အတွက် အများပိုင်
စီးပွားရေးလုပ်ငန်းများ တည်ထောင်ရန်။
- ရခိုင်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများ ရခိုင်လူမျိုးများ လက်ဝယ်တွင် ပြန်လည်
ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်။
- ရခိုင်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အမျိုးသားရေး စရိုက်လက္ခဏာများ
မပျောက်ပျက်အောင် ကာကွယ်ဆောင်ရွက်သွားရန်။
- ဘူးသီးတောင်၊ မောင်တောတွင် သာသနိက အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်
သွားရန်။ သာသနာပြုရဟန်းတော်များ သာသနာတော်ထွန်းကားပြန့်ပွားရေး သာသနာပြု
ကိစ္စရပ်များ တိုးချဲ့ဆောင်ရွက်သွားရန်။
- ရခိုင်လူငယ်များ ခေတ်မီအတက်ပညာများ သင်ယူဆည်းပူးနိုင်ရေး၊ ပညာရေး
ဖောင်ဒေးရှင်းများ ဖွဲ့စည်းဆောင်ရွက်သွားရန်။ (Knowledge is Power)
- အဖ ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်သားတိုင်းမှာ တာဝန်ရှိသည်။
ရခိုင်သားများကပင် လုပ်ယူသွားရမည် ဖြစ်သည်။ ဘယ်သူ့ကိုမှ အားကိုးနေလို့ မရဘူး။
ဘယ်သူမှ လာလုပ်ပေးမှာ မဟုတ်ဘူး။ ရခိုင်သမိုင်းကို ရခိုင်ပဲရေးရမှာဖြစ်သည်။
အစ္စရေးနိုင်ငံအား အတုယူပါ။ ၄င်းတို့လို ဖြစ်အောင် ကြိုးစားပါ။
ကျွန်တော်၏ အကြံပြုချက်များကို ပြန်လည် ထောက်ပြ ဝေဖန်နိုင်ပါသည်။
အမျိုးဘာသာ၊ သာသနာအတွက် ရည်မျှော်ပြီး တင်ပြရခြင်းဖြစ်ပါသည်။
ကမ္ဘာတည်သရွေ့ ရခိုင်ပြည်ကြီး တည်တံ့ပါစေသော်
ရခိုင် လူမျိုးများအတွက် တို့တာဝန်အရေးသုံးပါး
————————————————
- ရခိုင်တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရှိရေး – ဒို့အရေး (ငါရို့အရေး)
- ရခိုင်တိုင်းရင်းသားများ လုံခြုံမှုရှိရေး – ဒို့အရေး (ငါရို့အရေး)
- အမျိုးဘာသာ၊ သာသနာ တည်တံ့ခိုင်မြဲရေး – ဒို့အရေး (ငါရို့အရေး)
ခိုင်စိုးမိုး
ဖိုးလုံးရဲ့ကွန်မင့်ကိုထောက်ခံပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့သံတမန်အဆက်အသွယ်ဖြတ်
သင့်ပါတယ်။ဆင်းရဲပြီးလူဦးရေအဆမတန်ဖောင်းပွနေတဲ့ဒီနိုင်ငံဟာ မြန်မာပြည်အတွက် ဘာမှကောင်းကျိုးမဖြစ်ပါ။ ကိုယ့်နိုင်ငံဘဲ နစ်နာပါတယ်။ ဘင်္ဂလားဒေ့ရှ်မှရခိုင်တွေကိုဒီဖက်
ကိုပြန်ခေါ်၊ ဒီဖက်က ဘင်္ဂါလီတွေကို ပြန်ပို့၊ အဲဒါအကောင်းဆုံးဘဲ။ ဘင်္ဂါလီတွေက သူတို့
ဖက်မှာလဲရခိုင်တွေရှိတယ်ဆိုပြီး အကြောင်းပြနေတာပါ။ အဲဒီတော့ အကြောင်းမပြနှိုင်ရန်
လူမျိုးစုတူတဲ့နိုင်ငံကိုပြန်ပြောင်းကြတာအကောင်းဆုံးဘဲ။ ရခိုင်တွေကလူဦးရေနဲပြီးဘင်္ဂါလီ
တွေကအဆပေါင်းများစွာ အသာစီးရနေတယ်။ ထောင်ချခံရတဲ့ဘင်္ဂါလီဒေါက်တာထွန်း
အောင်ကိုလဲ နောက်တကြိမ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်မလွှတ်ပါနဲ့။
မနပ်တဲ့ သူက ထောင်၁၂ နှစ်ကျသွားတယ်၊နပ်တဲ့ သူက ****** ဆောက်လုပ်ရေးနဲ့ rolex နာရီတွေ အတုသွင်းတဲ့ **** နာရီဆိုင်က ဘဲလေ၊ဒီလောက်စီးပွားရေးပိတ်ဆို့ ထားတာ ဆွစ်ဇာလန် ကနာရီ ဘယ်လိုသွင်းလို့ ရမှာလဲ..ခေါင်းမရှိတဲ့ ဗိုလ်ချုပ်တွေကလည်း rolex နာညီ အတုတွေ ပတ်ပြီး လူကြားထဲမှာ တကြွားကြွားနဲ့ …