ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ် ပဋိပက္ခအလွန် ဒုက္ခသည် ၁ သိန်း ၁ သောင်း ၅ ထောင် တို့အတွက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီအများပေးရန် ဒေါ်လာ ၄၁ သန်း ထပ်မံရှာဖွေနေကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်သူ အာရွှတ် နီဂမ်က တဲများ၊ သန့်ရှင်းသော သောက်ရေ၊ အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အသက်ကယ်ရေး အကူအညီများ အလျင်စလို လိုအပ်နေခြင်းကို ထောက်ပံ့ရေး အလှူရှင်များအနေဖြင့် ကူညီကြပါရန် ပန်ကြားထားသည်။
ဒေါ်လာ၄၁သန်းဘဲလိုတာပါ OIC ကိုခေါ်လိုက်ပါသူတို့ဆီမှာရှိတဲ့ဒေါ်လာသန်း၅၀၀ ရခိုင်ပြည်ကိုရောက်လာမှာပါဒုက္ခသယ်တွေကိုဒုက္ခထပ်မပေးပါနဲ့တော့။အစိုးရအတွက်လဲအကျိုး ရှိမှာပါ။