ရန်ကုန်မြို့တွင်းမှာ မော်တော်ဆိုင်ကယ်စီးခွင့် ပိတ်ပင်ထားပါတယ်။
ဘာကြောင့်တားမြစ်တယ်ဆိုတာကို အာဏာပိုင်တို့က လူသိရှင်ကြား ကြေညာထားတာတော့ မရှိပါဘူး။
၂၀၀၁ ခုနှစ်မှာ ရန်ကုန်မြို့တွင်း လူဆိုးဂိုဏ်းဝင်တချို့ရဲ့ အမောင်းပြိုင်တဲ့ဆိုင်ကယ်တွေက အဲဒီကာလ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေးရဲ့ မော်တော်ယာဉ်တန်းနဲ့ တွေ့ဆုံ၊ ပြဿနာအနည်းငယ်တက်ခဲ့တဲ့အတွက် ပိတ်ပင်တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။
ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးခွင့် ပိတ်ပင်ထားတဲ့အကျိုးရလဒ်အဖြစ် ဆိုင်ကယ်ကြောင့် ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတွေကို မတွေ့မြင်ရတော့ပါဘူး။
ဒီလို ကန့်သတ်ထားတဲ့အတွက် တခြား ဘာအကျိုးတွေ ဖြစ်ထွန်းနေသလဲ။
အိမ်နီးချင်းနိုင်ငံတွေအပါအဝင် တခြားနိုင်ငံတွေမှာတော့ လူလတ်တန်းစားတွေအတွက် ဆိုင်ကယ်ဟာ အဆင်အပြေဆုံး သွားလာရေးယာဉ် ဖြစ်ပါတယ်။ ဆိုင်ကယ်အသုံးပြုခွင့် ပြန်ပေးလိုက်ခြင်းဟာ နှစ်များစွာ ပိတ်ထားပြီး ပြန်ဖွင့်ပေးလိုက်ချိန် ယာဉ်စည်းကမ်း လိုက်နာမှု အားနည်းတာကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်နိုင်သလို မြို့နေ လူလတ်တန်းစာတွေအတွက် နေ့စဉ်လူနေမှုဘဝကို အဆင်ပြေစေမယ့် နည်းလမ်းလည်း ဖြစ်နိုင်ပါတယ်။
ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပြန်ရမယ် ဆိုရင် ဘယ်လို ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်လာမလဲ။ ဆက်လက် ကန့်သတ်ထားသင့်သလား၊ မသင့်ဘူးလား ဆိုတာတွေကို ဧရာဝတီ ဖိုရမ်မှာ ၀င်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
ရန်ကုန်မြို့တွင်းမှာတော့ စီးခွင့်မပေးသင့်ဘူး။ ရွှေပြည်သာတို့လို ဆင်ခြေဖုံးတွေမှာတော့ စီးခွင့်ပေးသင့်တယ် အခခအလိုင်းကားမသွားတဲ့လမ်းတွေများပြီး ညပိုင်းလိုင်းကား ရှားသွားပါတယ်။
ဆိုင်ကယ်စီးတာ ပြန်ခွင့်ပြုသင့်ပါတယ် ဒါပေမဲ့ ကညနမှ ထုတ်ပေးသော လိုင်စင်ရှိရပါမယ်
လမ်းမှာ blockလုပ်ပီး မကြာခဏ စစ်ဆေး လိုင်စင်မရှိဘဲ စီးလျင် ဒဏ်ငွေ 1သိန်း နဲ့ record လုပ်ထား နောက်တကြိမ် မိရင် ဆိုင်ကယ် အပြီးသိမ်း ဒါအပြင် ဆိုင်ကယ် road tax ထိုက်သင့်သလို တရားဝင်ပေးစေ ရပါမယ် ဒါမှ လမ်းတွေပြင်နိုင်မှာပေါ့။ ဆိုင်ကယ်-ကား တနှစ်တခါ road tax ဆောင်စေရပါမယ်။ မလေးရှား ထိုင်းနိုင်ငံတွေ ကို အတု ယူရပါမယ် ။
ဆိုင်ကယ်စီးခွင့်ပေးသင့်ပါတယ်။မပေးဘဲ ကန့်သတ်ထားတော့လဲ စီးနေကြပါတယ်။ စီးတာမှ စည်းမရှိ၊ကမ်းမရှိကို စီးနင်းနေကြတာပါ။ဆိုင်ကယ်တစ်စီးထဲကိုလူသုံးယောက်စီးတယ်။ဦးထုပ် လုံးဝမဆောင်းထားဘူး။ဒါကိုရဲကဖမ်းမယ်ဆိုရင် အဲဒီရဲကိုဝိုင်းရိုက်ကြမယ့်အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုတော့ လိုင်စင်မဲ့ဆိုင်ကယ်စီးနေတဲ့အရေအတွက်က တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲအရေအတွက်ပိုများတယ်။ တစ်ခြားနေရာမှာသွားမကြည့်ပါနဲ့ ။ ဒီစာဖတ်မိတဲ့သူ ၀ိုင်ယာလက် ဈေးရှေ့မှာတစ်မိနစ်ပဲသွားကြည့်လိုက်ပါ။ ဆိုင်ကယ်က ခွင့်မပြုဘဲထားကာမှ ပိုဆိုး နေပါတယ်။ နံပါတ်မရှိတော့ တိုက်ပြီးထွက်ပြေးသွားလဲ ဖမ်းလို့မရဘူး။ လမ်းသွားရင် ဆိုင်ကယ်ကိုကြောက်နေရတယ်။အဲဒီတော့ ဖြစ်ချင်တာက နေရာအလိုက်ဆိုင်ကယ်စီးနင်း ခွင့်ပြုပေးလိုက်ကြပါ။ အခွန်ဆောင်ခိုင်းပါ။ အဲဒီကနေ အခွန်ငွေတွေသိန်းပေါင်းရာချီထွက် လာပါလိမ့်မယ်။ ဆိုင်ကယ်မှာ နံပါတ်တပ်ထားတော့ မောင်းတဲ့သူတွေလဲ ဆင်ဆင်ခြင်ခြင် ရှိလာပါလိမ့်မယ်။ဒီဆွေးနွေးခန်းလေးဖွင့်ပေးတဲ့ဧရာဝတီကို ကျေးဇူးအထူးတင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေအတွက် ကောင်းကျိုးဖြစ်စေလို့ပါ။ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဖမ်းမယ်ဆိုရင် ရဲတစ်ယောက်နှစ်ယောက်လောက်နဲ့တော့ အမှုန့်ဖြစ်သွား ပါလိမ့်မယ်။ အဲဒီတော့ မြို့နယ်အလိုက်အမှန်တကယ်စီးခွင့်ပေးလိုက်ကြပါ။ စီးခွင့်မပေးဘူး ဆိုရင်လဲ သက်ဆိုင်ရာယာဉ်ထိန်းရဲတွေက ကြပ်မတ်စစ်ဆေးပေးပါ။ လမ်းသွားတဲ့ပြည်သူ တွေ တကယ်ဒုက္ခရောက်လွန်းလို့ ပြောတာပါ။ လက်တွေ့ ကွင်းဆင်း စစ်ဆေးကြည့်ကြပါ။ မဟုတ်ဘူးဆိုရင် ဒီစာရေးတဲ့သူကို ကြိုက်သလိုပြောပါ။ဆဲကြပါ။
ထောက်ခံပါတယ်…လူကြီးလုပ်တဲ့သူတွေက..သူတို့အတွက်ပဲကြည့်ကြတာပါ…
လုပ်သင့်လုပ်ထိုက်တာတွေမလုပ်ပဲ..ရာထူးနဲ့ငွေပဲရှာတတ်တဲ့သူတွေ..နေရာရနေသရ်ျ..ကျနော်တို့တိုင်းပြည်အတွက်ရင်လေးရပါတယ်…
ဒီဆိုင်ကယ်ကိစ္စက စဉ်းစားစရာ အငြင်းပွားစရာ အများကြီးရှိပါတယ်၊ ရန်ကုန်မှာ ဆိုင်ကယ်မစီးရ စ ဖြစ်တာကတော့ V VIP တစ်ယောက်ရဲ့ ကားကို ဆိုင်ကယ်သမားတွေက ဦးဝိစာရလမ်းပေါ်မှာ အမီလိုက်လာပြီး လက်ညှိးကိုကွေးပြီး သေနတ်နဲ့ ပစ်တဲ့ပုံစံလုပ်ပြသွားတာကနေ စ တယ် လို့ ပြောကြတယ်။ ဘယ်လောက်မှန်လဲ မသိရဘူး၊ ထားပါတော့။ ရန်ကုန်မှာ ဆိုင်ကယ်မရှိဘူး၊ မစီးရဘူး၊အဲသည်အတွက် ဘတ်စ်ကားတွေက ကြပ်တယ်၊ရထားက အားမကိုးရဘူး၊ တက္ကစီငှားမစီးနိုင်၊ ကိုယ်ပိုင်ကားမ၀ယ်နိုင်တဲ့ သူတွေအတွက် သွားရေးလာရေး ဒုက္ခရောက်တယ်၊မှန်ပါတယ်။
တစ်ဖက်မှာတော့ အကြောင်းတစ်ခုကြောင့် ဆိုင်ကယ်တွေ ရန်ကုန်မှာ စီးခွင့်မပြုလိုက်တဲ့အတွက် ကောင်းတဲ့အချက်တွေကလည်း ရှိနေပြန်ပါတယ်၊ နံပါတ်(၁)အချက် ဆိုင်ကယ်တွေစီးခွင့်ပေးလိုက်ရင် မတော်တဆမှုတွေ သေချာပေါက်များလာမှာဘဲ၊ ဘယ်လောက်ဘဲ စည်းကမ်းတွေ တင်းကျပ်ပါစေ ခေါင်းဆောင်းမပါဘဲ စီးတဲ့သူတွေက စီးကြလိမ့်မယ်၊ရန်ကုန်က ကားမြို့ တော် ဖြစ်လေတော့ ဆိုင်ကယ်နဲ့ ကားတွေ တွေ့ ကြလိမ့်မယ်၊ ကျနော်ကိုယ်တိုင် ဆိုင်ကယ်စီးခွင့်ရတဲ့ အချိန်တုန်းက ရန်ကုန်လမ်းတွေပေါ်မှာ ဆိုင်ကယ်စီးဖူးတယ်၊ ကားတွေ ရှောင်ရ၊လူတွေရှောင်ရ ၊ချိုင့်တွေရှောင်ရနဲ့  တော်တော်အန္တရာယ်များတာဘဲ၊ မှောက်လဲ လဲဖူးတယ်၊လမ်းပေါ်က အင်ဂျင်ဝိုင်ကွက်ကြောင၊့် ကံကောင်းထောက်မလို့  တံတောင်ပွန်းရုံလောက်က လွဲရင် ဘာမှ မဖြစ်ခဲ့ဖူး၊
နံပါတ်(၂)အချက်ကတော့ ဆိုင်ကယ်က ထွက်တဲ့ မီးခိုးငွေ့ တွေဟာ လေထုကို ညစ်ညမ်းစေတယ်၊ Air Pollution ကို ဖြစ်စေတယ်၊ကမ္ဘာကြီးကို ပူနွေးစေတဲ့ ကာဗွန်ဓါတ်ငွေ့ တွေထွက်တယ်၊ ဖန်လုံအိမ် အာနိသင်ကို ဖြစ်စေတဲ့ ဓါတ်ငွေ့ တွေထွက်တယ်၊ အခုကားတွေနဲ့ တောင် အတော်ဆိုးနေပြီ၊ ဆိုင်ကယ်တွေသာ ခွင့်ပြုလိုက်ရင် ရန်ကုန်မြို့ ရဲ့ လေထုအရည်အသွေးဟာ ပိုဆိုးသွားနိုင်တယ်၊ လေထုအရည်အသွေး တိုင်းတာရေးကိုလည်း အခြေအနေ အကြောင်းကြောင်းအရ ၂၀၀၇ နဲ့  ၂၀၀၈ နှစ်ခါဘဲ လုပ်ကြည့်ဘူးသေးတယ်လို့ သိရတယ်၊ နောက်တစ်ခုက ဆိုင်ကယ်ကြောင့်ဖြစ်မယ့် Noise Pollution ကလည်းရှိဦးမယ်၊ အရည်အတွက်နည်းရင်မသိသာပေမယ့် များလာရင်တော့ သိသာလာလိမ့်မယ်၊ လာအိုနိုင်ငံက ဗီယင်ကျန်း၊ဗီယက်နမ်က ဟနွိုင်တို့ မှာ လမ်းပေါ်မှာ ဆိုင်ကယ်တွေ အပြည့်နဲ့  လမ်းကူးလို့ မရ၊ မီးခိုးတွေမွှန်၊အသံတွေဆူညံနဲ့  မြို့ ပြရဲ့  ပို့ ဆောင်ရေးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ပြဿနာတွေကို အတော်ရင်ဆိုင်နေရဘီ၊ အခု သူ တို့ ကိုင်တွယ်ဘို့ လုပ်နေပေမယ့် အခုချိန်ကျ မှ ပြန်တင်းကြပ်ဖို့ ခက် သွားပြီ။ တော်တော် ဒုက္ခရောက်နေကြပြီ၊ ဒါကြောင့် အကြောင်းတစ်ခုကြောင့် ရန်ကုန်မှာဆိုင်ကယ်တွေ ပျောက်သွားရတာ အဓိပ္ပါယ်မရှိလှပေမယ့် တို့ ရန်ကုန်မှာ ဆိုင်ကယ်မရှိဘူးဆိုတာကတော့ သဘာဝပတ်ဝန်းကျင်ရှုထောင့်က ကြည့်ရင် လက်မထောင်စရာ၊၀ါကြွားစရာ ဖြစ်နေတာကတော့ အမှန်ပါဘဲ။
ပြောစရာတော့ရှိတာပေါ့လေ၊ ဆိုင်ကယ်လည်း စီးခွင့်မပေး၊ဘတ်စ်ကား စနစ်ကလည်း ခေတ်မမီ၊ ကြပ်ကလည်း ကြပ်သေး၊ စပယ်ယာ ဟောက်တာလည်း ကြောက်ရသေး၊မြို့ ပတ်ရထား စီးမယ် ကြံတော့လည်း နှေးတဲ့အခါ နှေး၊ ရထားတစီလုံး ပျောက်တဲ့အခါ ပျောက်၊ ကြမ်းပိုးကလည်း ကိုက် ဆိုတော့ ရန်ကုန်သူ ရန်ကုန်သားတွေ ဘာစီးရမှာလဲ လို့  ပြောကြမှာပေါ့၊ ရန်ကုန်မြို့ ပြပို့ ဆောင်ရေး အတွက် မဖြစ်မနေ အဓိက ဦးစားပေးလုပ်ရမှာကတော့ ဘတ်စ်ကားစနစ်ကို အမြန်ပြောင်းလဲဖို့ ပါဘဲ၊ လက်ရှိစနစ်က အပြိုင်အဆိုင် ၀င်ငွေများများရအောင်လုပ်တဲ့ စနစ်ဆိုတော့ ဒရိုင်ဘာ စပယ်ယာတွေက အုံနာကို ပေးရ မယ့် ငွေရအောင် အရင်ရှာ၊ ပြီးရင်သူတို့ အတွက်လည်း များများကျန်အောင် ခေါက်ရေများများ ရအောင် အမြန်မောင်း၊အချင်းချင်း ပြိုင်မောင်း၊ ခရီးသည်တွေကို ဆွဲတင် ဆွဲချ လုပ်နဲ့  ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်နေကြတော့တာပါဘဲ၊ တကယ်တော့ ခရီးသည် ပို့ ဆောင်ရေုးဆိုတာ ပြည်သူအားလုံးနဲ့ ဆိုင်တာမို့  Public Goods မို့ ၊ အမြတ်ရရေးကို ရှေ့ တန်းတင် လို့  မရပါဘူး၊ အရှုံးခံသင့်ရင် ခံ၊ အစိုးရက ထောက်ပံ့သင့်ရင် ထောက်ပံ့ လုပ်ပေးရမှာဖြစ်ပါတယ်၊ ဘတ်စ်ကားမဟုတ်ဘဲ ဘတ်စ်ကားလုပ်နေတဲ့  ကင်တာ ဒိုင်နာ ပစ်ကပ်တွေဖယ်၊ ဘတ်စ်ကား အစစ်တွေနဲ့  အစားထိုး၊ လိုင်းတွေထပ်နေတာတွေပြန်ညှိ၊ အုပ်ချုပ်ရေးစနစ်ကို ပြန်ပြင်၊ဒရိုင်ဘာ စပယ်ယာတွေကို လခစား စနစ်ပြောင်း၊ အပြိုင်မောင်းစရာမလို၊ခရီးသည် လုစရာမလို အချိန်နဲ့ ရပ၊် အချိန်နဲ့ ထွက် အဲသည်စနစ်ကို အမြန်ပြောင်းဘို့ လိုနေပါဘီ၊
နောက်တစ်ချက် က အခုချိန်ထိ လောက်လောက်လားလား အားမကိုးရသေးတဲ့  မြို့ ပတ်ရထားစနစ်ကို အမြန်ဆုံးကောင်းအောင် လုပ်ဖို့ ပါ၊ ဘတ်စ်ကားတွေထမ်းနေရတဲ့  ၈၀ % ကျော်သော ၀န်ကို ရထားကြီးက ၁၀ ကနေ ၁၅ % လောက်သာ ၀န်ထမ်းပေးနိုင်ရင် တော်တော်အဆင်ပြေသွားမှာပါ၊ လူထုပို့ ဆောင်ရေးစနစ်က အဆင်မပြေလေတော့ ပိုက်ဆံရှိရင် တစ်ခြားဘာမှမစဉ်းစားဘဲ သွားရေးလာရေးလွယ်စေဘို့ အတွက် ကားဝယ်ဘို့  ဘဲ စဉ်းစားနေကြတဲ့ အခြေအနေမှာ ကားဟောင်းလဲ ကားသစ်သွင်းစနစ်ရယ်၊ ၂၀၀၇ အထက် လိုင်စင်မလို စနစ်ကြောင့် လမ်းပေါ်မှာ ကိုယ်ပိုင်ကားတွေသာများလာပြီး အများစုကတော့ ခေတ်မမီတော့တဲ့  လူထုပို့ ဆောင် ရေး စနစ် ဘတ်စ်ကားကြီးနဲ့ ရထားကြီးကိုဘဲ အားကိုးမီခိုနေရတာဆိုတော့ လက်ရှိအခြေအနေကို အမြန်ဆုံး မပြောင်းနိုင်ရင် နောင် ငါးနှစ်လောက်ကြာရင် ရန်ကုန်ရဲ့  လူထုပို့ ဆောင်ရေးစနစ်ဟာ တော်တော့်ကို မနိုင်မနင်းဖြစ်သွားတော့မှာပါ၊ တကယ်တော့ မတန် တဆပေးနေရတဲ့ ကားဈေးတွေ ပြုတ်ကျသွားပြီး အတိုင်းအတာတစ်ခုအထိ သက်သာတဲ့ ဈေးနဲ့  ၀ယ်နိုင်အောင်လုပ်ပေးလိုက်တဲ့ ကားဟောင်းလဲစနစ်က ကောင်းပေမယ့် အဲဒီထက်အရေးကြီးတာကတော့  အများနဲ့ ဆိုင်တဲ့ လူထုပို့ ဆောင်ရေးစနစ်ကိုဘဲ အမြန်ဆုံး အချိန်မီကောင်းအောင် လုပ်ဖို ့ပါ၊ ဘတ်စ်ကားတွေ ချောင်ရဲ့  ကောင်းရဲ့ သားနဲ့ ၊ ရထားတွေ အချိန်မှန်ရဲ့  ကောင်းရဲ့ သားနဲ့  သူ့ ဘာသာ တက္ကစီငှားစီးတာ ကားဝယ်စီးတာတော့ ကတော့ သူ့ အပိုင်းပါ၊ အခြေခံကတော့ ဒါတွေကို ကောင်းအောင်လုပ်ပေးထားရမှာပါ၊ ဒီလိုမှ မဟုတ်ရင်တော့ နောက်လေးငါးဆယ်နှစ်မှာ ကျနော်တို့ ရဲ့  ရန်ကုန်မြို့ ကြီးဟာ ကားတွေက လမ်းပေါ်မှာကြပ်၊ ပြည်သူအများစုက ဘတ်စ်ကား ထဲမှာ ချွေးတွေပြန်နဲ့ ၊ကားသံတွေက ဆူညံ၊ မီးခိုးငွေ့ တွေက မွှန်နဲ့  ဘယ်လောက်မသက်မသာဖြစ်လိုက်မလဲ၊ ဒီကြားထဲ ဆိုင်ကယ်တွေ ပါ ပါလာရင်တော့ တွေးသာကြည့်ပါတော့။ ဒါကြောင့် ရန်ကုန်မှာ ဆိုင်ကယ်တွေ စီးခွင့်မပြုခဲ့တာ အကြောင်းတစ်ခုအရဆိုပေမယ့် ကျနော့် အမြင်ရ ပြောရရင်တော့ မရှိလက်စနဲ့  မရှိတာဘဲကောင်းပါတယ်ဗျာ၊ မဟုတ်ဖူးလား၊ ဒီအတိုင်းဘဲ ကောင်းပါတယ်။း)))
ဆိုင်ကယ်စီးခွင့်ကို ဆင်ခြေဖုံး ဒေသတွေနဲ့ မြို့တွင် တချို့ လမ်းတွေ ကန့်သတ်ပီး ခွင့်ပြု ပေးယင် အစဉ် ပြေ နိုင်မယ်လို့ ထင်ပါတယ်
ရန်ကုန်မှာ ဆိုင်ကယ်တွေ ပြန်စီခွင်ပေ သင်ပါတယ်… လိုင်ကားတွေ တိုးစီး ရမဲ့ အစား ဆိုင်ကယ်ဝယ်စီနိုင်တဲ့ သူတွေစီတော့.. ၀ယ် မစီနိုင်တဲ့ သူတွေ အတွက် လိုင်ကားတိုရ သက်သာပေါ့… စည်းကမ်ရှိရှိ လုပ်မယ်ဆိုရင်တော့ နောက်တချိန်မှာ အဆင်ပြေလာမှာပါ… ကျေဇူးတင်ပါတယ်
ဘယ်နေရာမဆို အကောင်းနဲ့အဆိုးက ဒွန်တွဲနေတတ်တဲ့ အတွက် ကောင်းတာရှိနိုင်သလို မကောင်းတာတွေလည်း
ရှိမှာပါပဲ ရန်ကုန်မှာဆိုင်ကယ်ပြန်စီးခွင့်ပေးလိုက်ရင် အလယ်လတ်လူတန်းစားတွေ အသက်ရှုရှောင်မှာ အမှန်ပါပဲ
ယာဉ်ကြောပိတ်ဆို့မှု့တွေ နည်းသွားနိုင်ပါတယ် ဒါပေမဲ့ စည်းမဲ့ ကမ်းမဲ့ စီးနေကြမယ်ဆိုရင်တော့ ဆိုင်ကယ်က ပိုအန္တရာယ်များပါတယ် မြို့တွင်း (၆)မြို့နယ်လောက်ကို ကန့်သတ်ပြီး စီးခွင့်ပြုမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်
ကားဝယ်မစီးနိုင်တဲ့ လူလတ်တန်းစားတွေအတွက် ဆိုင်ကယ်က ခရီးပိုတွင်ပါတယ် ညဘက် လိုင်းကားတွေ မရှိတဲ့အချိန် ဆိုင်ကယ်က ပို အဆင်ပြေစေပါတယ် ဒီမိုကရေစီကိုသာ ပါးစပ်က တွင်တွင်တောင်းနေကြပြီး
တကယ်တမ်း လူတစ်ဦးချင်းစီ လိုက်နာရမဲ့ စည်းကမ်း အသင်းအဖွဲ့တွေ လိုက်နာရမဲ့ စည်းကမ်းတွေ ကို မြန်မာနိုင်ငံသားတွေ လိုက်နာနိုင်ကြမယ်ဆိုရင် ယာဉ်တိုက်မှု့တွေ နည်းသွားနိုင်သလို သွားရေးလာရေး တကယ်အဆင်ပြေမှာပါ.ဒါပေမဲ့ စည်းမဲ့ကမ်းမဲ့ ဆိုရင်တော့ …..?
ဒီစကားဝိုင်း မှာ ဆိုင်ကယ် ကိုစည်းကမ်းမဲ့ စီးမှာ စိုးရိမ်နေကြတာ တော်တော် လေး သိသာပါတယ်
တကယ်တော့ စည်းကမ်းကို ဥပဒေ နဲ့ တင်းတင်းကြပ်၂ ကိုင်တွယ်ဘို့ဘဲ အရေးကြီးတာပါ- ဆိုင်ကယ်စီးခွင့်ရမှ လူတွေ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေမှာပေါ့- ထိုင်းတို့မလေးရှားတို့ကို နမူနာကြည့်ပါ။မြန်မာပြည်က ပဲပြုတ်သည် ခေါင်းပေါ်ရွက်ပီး လမ်းတကာ ရှောက်ရောင်းနေရတာ သိပ်သနားစရာကောင်းပါတယ် (တခြား မပင်ပန်းသင့်ဘဲ ပင်ပန်နေတဲ့ လူတွေလဲရှိပါတယ်) တယုတ်ဆိုင်ကယ် အစုတ်တွေတော့ မသွင်းသင့်ဘူးပေါ့ – ထိုက်သင့်တဲ့တန်ဘိုး ရှိမှလဲ စည်းကမ်းနဲ့ ရိုရိုသေသေ စီးကြမှာပေါ့ -ပြောစရာတွေက အများကြီး -ရှည်မှာစိုးလို့ ပါ။ ဆက်စပ်သာ တွေးကြည့်ကြပါ။
You are right! Most of the motorcyclists never follow traffic rules in Burma. This fact has been proven in all the states and divisions where motorcycles are currently allowed. Even if, one day, authority allows motorcycles back on Rangoon streets, they should never be allowed in city centres where traffic is clogged up with cars, pedestrians and roadside vendors. The objective of allowing the motorcycles should be to alleviate the woes faced daily by the commuters from the fringes of the city. Authority should designate a particular route or zone where motorcyclists are allowed to ride. These routes or zones should exclude the downtown area or any place with heavy motor vehicle density. If a person wishes to go into city centre, the motorcycle should be left and parked in the nearest designated parking space before continuing his or her journey on public bus(es) for a short trip to the destination. With that, the downtown will not deteriorate into a chaotic war zone with motorbikes crisscrossing all over the road, on the pavements and every imaginable pathways in any direction as they please.
The traffic police should also apply the rules strictly on every road user and not just on motorcyclists. They also need to regulate (not only on paper) if the motorcycles are safe to ride and decide on the maximum engine power allowed for public use. The noise (decibel) level as well as carbon emission specs of the engine must be properly regulated especially at night time and near hospitals, hospices, elder care facilities, religious institutions, etc. Safety shall be paramount and police shall actually punish those who flout the rules. But I am not optimistic at all on this fact because paying off the police, for whatever reason, has been a way of life and in fact, sort-of an SOP for both the drivers or riders and the police force in Burma.
Most importantly, before implementing something, there should be a proper study done to weigh the pros and cons of it and how best to manage the problems associated with the plan.
Having said that, Burmese are particularly bad in anything to do with management. Just look at one of the recent examples of Hledan Junction Flyover project. Delay after delay and the completion date has been pushed back without any reason and without any penalty incurred on developers, as if they are making a mockery of the word “deadline”!
Hence, no motorcycles for now as it is already bad enough for the ordinary citizens with race car and illegal motorbike gangs and their total disregard for law.
တောင်ဥက္ကလာ၊ ရန်ကင်း နဲ့ ဒဂုံမြို့သစ်လို နေရာတွေကိုစီးခွင့်ပြုသင့်တယ်.. အဲဒီ့နေရာတွေမှာ တစ်ချို့ ကျောင်း၊ ဈေးစတာတွေဟာ ကားစီးရအောင်လဲ တစ်မှတ်တိုင်မရှိ၊ လမ်းလျောက်ရလောက်အောင်လဲမနီး။ အဲလို ခရီးတိုတွေအတွက် ဆိုင်ကယ်လိုတယ်၊၊ အခုလဲ လိုင်စင်မဲ့တွေစီးနေကြတာပဲ။ register လုပ်ပေးလိုက်ရင် အားလုံးအတွက် safe ဖြစ်သွားမယ်။ ကားတွေလို အခွန်းစွတ်ကောက်နေရင်လဲ အခြေခံလူတန်းစားတွေထိခိုက်မယ်၊၊ လိုင်စင် နှစ်စဉ် ကြေး သောင်းဂဏန်းလောက်နဲ့ သက်သက်သာသာနဲ့ register လုပ်ပေးလိုက် ရင် စည်းကမ်းလဲ ကြပ်မတ်ဖို့ အစဉ်ပြေသွားသလို၊ ဆင်ခြေဖုန်းနေသူ တွေအဖို့ အများကြီး ကောင်းသွားမယ်။ အခွန်အခတွေ အများကြီးကောက်ပြီး ပြည်သူကို ထပ်နှိပ်စက်မှာတော့ မလိုလားပါ၊၊
ရန်ကုန်မြို့တွင်းမှာ ဆိုင်ကယ်စီးခွင့်ပြုမယ်ဆိုရင် အင်မတန်ပြည်သူတွေ အတွက် အန္တာရာယ်ပိုကြီးမား လာပြီး၊ လုံခြုံရေးလည်း ထိခိုက်နိုင်ပါတယ်။ ယခင်ကပြသနာဖြစ်ခဲ့ဘူးတဲ့နမူနာ ရှိခဲ့ပြီးပါပြီ။ ရိုးရိုးသားသား သွားလာရေး လွယ်ကူစေရန် အသုံးချတာတော့ အစဉ်ပြေနိုင်သလို / ဆိုးသွမ်းရမ်းကားနေတဲ့ အဖွဲ့အစည်းတွေရှိနေ တဲ့ အတွက်၊ ၄င်းတို့၏ ဆိုင်ကယ်များ ဟာကြီးမားခြင်း,မောင်းနှင်းရာတွင် မြန်ဆန်ခြင်း တို့ကြောင့်ပြည်သူများ အတွက်ဘေးအန္တာရာယ် အလွန် များနိုင်ပါတယ်။ ဆိုင်ကယ်မောင်းပြိုင်ခြင်း,ဆိုင်ကယ်များ အုပ်စု ဖွဲ့ပြီး ရမ်းကားခြင်း,လုယက်မှု့များ ကျူးလွန်ကြခြင်း ပြသနာများရှာခြင်း ပြည်သူတွေထိန့်လန့်မှု့ဖြစ်အောင်စီးနှင်းကြခြင်း,စသည့် ပြသနာပေါင်း စုံဖြစ်နိုင်ပါတယ်။ ယခု ဆိုရင် သိကြသည့် အတိုင်းပြိုင် ကားတွေ စတင် သောင်းကျန်းနေကြပြီ။ မင်းမဲ့စရိုက်ပြုမူလာ ကြပြီ။ ဆိုင်ကယ်ကိုသာ ရန်ကုန်မြို့ပေါ်မှာ စီးနှင်း ခွင့်ပြုမိခဲ့ ရင် ဖြစ်ပေါ်လာမဲ့ အနာဂတ် အရေးကို မတွေးဂံ့စရာတွေဖြစ်လာမှာ မုချပါ။ ယာဉ်တိုက်မှု့များ အုပ်စုဖွဲ့ရိုက်
ခြင်း/လူသတ်မှု့များ ဖြစ်လာမည်မှာ မလွှဲဧကန်ဖြစ်ချေတော့မည်။ တကယ်တန်းယာဉ်စည်းကမ်း လမ်းစည်း ကမ်းကို တိတိ ကျကျ လေးလေး စားစား လိုက်နာကြမယ် ဆိုရင်ပြသနာမဖြစ်နိုင်ပါ။ ယခုမူဒီလိုမဟုတ်တော့ပါ။ ပြိုင်ကားများ ပြိုင်မောင်းခြင်း ဆိုင်ကယ်များရှိစဉ်အခါတုန်း က ဆိုင်ကယ် များပြိုင်မောင်းကြခြင်း ခိုက်ရန်ဖြစ်ပွားကြသဖြင့်လူသေခြင်းများ အထိဖြစ်ပေါ်ခဲ့ကြပါ
သည်။ ဆိုင်ကယ်စီးခြင်းဖြင့် ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပါသည်။ လက်ရှိအနေအထားကို သုံးသပ်ခြင်းအားဖြင့် ဆိုးကျိုးဖက် က ပိုမိုးများနေပါသည်။ မော်တော်ကားနှင့် ဆိုင်ကယ်မောင်းသူများ သည် ဥပဒေ ကိုလေးစား လိုက်နာမှု့ နည်းနေသဖြင့်မှု့ခင်းများမကြာ ခဏဖြစ်ပေါ်နေ
သည် မှာ လည်း အားလုံး အသိပင်ဖြစ်ပါသည်။ ယခုအခြေအနေအရဆိုလျှင် ရန်ကုန်မြို့ပေါ်တွင် မော်တော်ကားများ လည်းများပြား လာပြီဖြစ်သည့် အတွက်ယာဉ်ကျောများ ပိတ်ဆို့မှု့များမကြာ ခဏဖြစ်ပေါ်နေသည့် အတွက် ဆိုင်ကယ်များကိုစီးခွင့်မပြုခြင်းသည် အကောင်းဆုံးဖြစ် ပါကြောင်းဆွေးနွေးတင်ပြလိုပါသည်။
အပေါ်ကဆွေးနွေးသွားတဲ့ Ko nay myo နဲ့  Jackiechan.than ရဲ့ဆွေးနွေးချက်ကို ထောက်ခံပါတယ်. လက်ရှိ မြို့ ပြင် ဆင်ခြေဖုန်းရပ်ကွက်တွေ
မှာလည်း ယာဉ်တိုက်မှု့များ အန္တာရာယ်ကြီးမားပြီး၊ လုံခြုံရေးလည်း ထိခိုက်နိုင်ပါတယ်။
စည်းကမ်းလိုက်နာရန် တော်တော်ကို အချိန်ယူ ကြိုးစားရပါလိမ့်မယ်.
လမ်းပြပလိပ်နဲ့ ရဲတွေကို အလုပ်များများလုပ်ဖို့ ပညာအရင်ပေးလိုက်ပါ။ သင်တန်းတွေပေးပါ။ လာဘ်မစားအောင် သူတို့ ကို ဆုပေးဒဏ်ပေး လုပ်ပါ။ လစာသာမကအိမ်ယာ၊ ကား စတဲ့ဝန်ထမ်းခံစားခွင့်တွေကို အဆင့်အလိုက်ပေးပါ။ အပစ်လုပ်သူတွေကို တရားဥပဒေအရ တပြေးညီလိုက်နာခိုင်းပါ။ တရားဥပဒေ စိုးမိုးအောင်လုပ်ဆောင်ပါ။
လမ်းတွေကို အဆင်ပြေအောင်အရင်လုပ်ပါ။ ကောင်းအောင်ပြင်ပါ။ ပြည်သူတွေကို စည်းကမ်းလိုက်နာတတ်အောင် ပညာပေးပါ။ ထိမ်းကြောင်းပြုပြင်ပေးပါ။ နားမထောင်သူတွေကို ထိရောက်စွာအပြစ်ပေးပါ။
စည်းကမ်း စနစ်ကျတဲ့မြို့ ဖြစ်အောင်လုပ်ပါ။ စနစ်အရမ်းရေးကြီးပါတယ်။ ကား ယဉ် ရပ်နားတဲ့ နေရာတွေ သေချာလုပ်ပေးပါ။
ပြီးမှ ဆိုက်ကယ်စီးခွင့် ပေးသင့်ပါတယ်။
စည်းကမ်းဆိုတာ လူက လုပ်တာ-လုပ်တဲ့လူက စည်းကမ်းဖေါက်ရင် စည်းကမ်းအတိုင်း အတိအကျ အရေးယူပါ- လမ်းစည်းကမ်း -ယာဉ်စည်းကမ်းဖေါက်မှာစိုးလို့  ပိတ်ပင်ထားရင် စည်းကမ်းလိုက်နာသူတွေအတွက် နစ်နာတာပေါ့- မြန်မာနိုင်ငံမှာ ဆိုင်ကယ် စီးတဲ့ လူ-၉၀% လောက် များသောအားဖြင့် စည်းကမ်း မရှိတာများတယ်။ ဥပမာ ဆိုင်ကယ်စီးလျှင် ဦးထုတ် ဆောင်ရမယ်ဆိုတာ ဦးထုတ်မဆောင်းဘူး- စည်းကမ်းဖေါက်ဖျက်သူကို မျက်နှာ မလိုက်ဘဲ အတိအကျ အရေးယူ အပြစ်ပေးလိုက်စမ်းပါ- တလ အတွင်း စည်းကမ်းရှိစေရမယ်။
Oo nout shi shi sin sar kya par
Motorcycle shi lo ma ya tae Myo daw sol tar pae thine pyi ma ma shi fu
Myanmar, Yangon ga lway lo pop
yin see kan nalt anyi kwint pyu thint par tel
lat yar kat maung lae Myanmar pae shi tel
edar ko lae pyan pyin thint par tel…
ဆိုင်ကယ်ကတော့ ခွင့်ပြုလိုက်ယင် အပေါ်က မိတ်ဆွေများပြောတဲ့ အတိုင်းပဲ air pollutionကတ ပိုင်း၊ အုပ်စုဖွဲ့ရမ်းမဲ့အဖွဲ့က တပိုင်း၊ နဂိုရ်ထဲကမှ လမ်းတွေပြည့်သိပ်နေတာ ပိုဆိုးလာမှာကတပိုင်း၊ ဒါ ကြောင့် ဒီအတိုင်းပဲ ကောင်းပါတယ်၊ ခွင့်ပြုပြီးမှဗီယက်နမ်တို့၊ လာအိုတို့လို မနိုင်မနင်းဖြစ်ယင် နောက်ပြန်ဆုတ်ဖို့လည်းမလွယ် ၊ဆုံးဖြတ်ချက် မှားသွား ယင်တော့ပြင်ဖို့ တော်တော်ခက်မှာ အမှန်ပါပဲ၊
It should be allowed in the rural area.From Eastern townships(Pazuntaung,Botataung,Mingalartaungnyunt) to western townships(Kyauktadarr,Pabetann,Lanmataw,Lathar,Dagon,) should not be allowed.People are also controlled with strict rules & law.
IT IS SIMPLE….EVERY CITY ALLOW TO USE MOTORCYCLE…WHY WE ARE NOT….
DON’T TALK ABOUT PROS AND CORNS…NOT NECESSARY…
BECAUSE EVERYTHING HAS PROS AND CORNS…
အခုလိုကာလမှာ…ရန်ကုန်မြို့ထဲ ဆိုင်ကယ်စီးမယ်ဆိုရင် .. အဲဒီလူဟာ ရူးနေလို့ (ဒါမှမဟုတ်) သေချင်နေလို့သာဖြစ်ပါလိမ့်မယ်
that’s right
ဆိုင်ကယ်စီးခွင့်ပေးသင့်ပါတယ်။ စည်ပင်နယ်နိမိတ်အပြင်ကိုပြောတာပါ။ ရန်ကုန်စည်ပင်နယ်နိမိတ် အတွင်းထဲကတော့ ပေးမစီးတာကောင်းပါ လိမ့်မယ်။ အခုစီးတဲ့သူတော်တော်များများဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းလို့ပါ၊ အခုတောင် မနည်းရှောင်ရှားသွားလာနေရပါတယ်။ ခွင့်ပြုချက်သာပေးလိုက်လို့ ကတော့ တိုက်ခိုက်နိုင်တဲ့နည်းလမ်း တွေ ပိုဖြစ်လာနိုင်မယ်ထင်ပါတယ်။ ခွင့်ပြုတဲ့ဧရိယာမှာလည်း စည်းကမ်းတကျဖြစ်ဖို့လိုပါတယ်၊ ဆိုလိုတာက စည်းကမ်းမလိုက်နာရင် ဖမ်း (မျက်နှာကြီးငယ်မရွေးပေါ့) ဒါဏ်ရိုက်၊ အရေးယူ၊ လိုင်စင်မဲ့ တရားမဝင်တာတွေ ဖမ်း၊ ဒါဆိုရင် လမ်းလျှောက်သူတွေအတွက် အဆင်ပြေနိုင်မှာပါ၊ ကားစီးနိုင်တဲ့သူက လမ်းပေါ်ကလူကို ဂရုမစိုက်သလို၊ ဆိုင်ကယ်စီးတဲ့လူကလဲ လမ်းလျှောက်သူကို မထေမဲ့မြင်ရှိတတ်ကြပါတယ်။ ဆိုင်ကယ်ပေါ်ခွပြီးပြီဆိုတာနဲ့  ဇာတ်လိုက်မင်းသားဖြစ်ကုန်ကြတော့တာပါပဲ။ ခုတောင်တရားမဝင်ဆိုက်ကယ်တွေသာ လိုင်စင်ပေးမယ်ဆို မနည်းမနောထွက်လာမှာပါ၊ ဘယ်အချိန်ကတည်းက ဘယ်လိုရောက်လာသလဲဆိုတာ စဉ်းစားမရနိုင်အောင်ဖြစ်သွားပါလိမ့်မယ်။ တာချီလိတ်မှာ ကြားဘူးတာတော့ ဆိုင်ကယ်တွေများများစီးနိုင်တော့ ဥပဒေမဲ့လုပ်ရပ်တွေ လွယ်လွယ်ကူကူလုပ်နိုင်တာကို တွေ့ ရပါတယ်၊ ဆိုင်ကယ်ပေါ်ကနေ လုယက်ပြီးပြေးတာတို့ ၊ လူသတ်ပြီး အလွယ်တကူထွက်ပြေးတာတို့ ပိုလွယ်ပါတယ်။ လမ်းကြိုလမ်းကြားကအစ ဝင်ပြေးလို့လွယ်တာကိုး။ လိုက်မယ့်ရဲကလည်း သူများနယ်ထဲကို အလွယ်အကူ ချက်ချင်းမလိုက်နိုင်ဘူးလေ။ လိုက်ရင် အသတ်ခံရနိုင်တာကိုး။ ပြိုင်ကားမောင်းသမားတွေ ပြီးတော့ ဆိုင်ကယ်ပြိုင်သမားတွေ ပေါ်လာပါလိမ့်မယ်။ နေရာတကာကို နိုင်ငံတကာအတိုင်း လိုက်ကြည့်နေလို့တော့မရပါဘူး။ သူ့ အရပ်နဲ့ သူဇာတ်နဲ့ ဆိုတာလည်း ရှိပါတယ်။ အခု စီးခွင့်ရနေတဲ့မြို့ တွေမှာတောင် (၂)ယောက်ထက်ပိုမစီးရဆိုတာ၊ ဦးထုပ်ဆောင်းပါဆိုတာတွေက အစ လိုက်နာကြလို့လား။ ပြန်ကြည့်သင့်ပါတယ်။ သေချာတာတစ်ခုကတော့ ယာဉ်ထိန်းတွေ စားပေါက်တိုးလာ တာပဲရှိမှာပါ။ ဥပဒေမဲ့လုပ်ရပ်တွေ၊ ယာဉ်တိုက်ခိုက်မှုတွေ၊ လာဘ်စားမှူတွေ၊ အကျင့်ပျက်မှုတွေပါ ဆိုင်ကယ်တွေတိုးလာတာနဲ့အမျှ တန်းတူတိုးလာမှာအသေအချာပါပဲ။ တရုတ်လိုနိုင်ငံမှာက အရင်ကတည်းက လမ်းတည်ဆောက်တဲ့စနစ်မှာ ဆိုင်ကယ်၊ စက်ဘီးသွားဖို့ လမ်းပါပြီးသားပါ၊ ရန်ကုန်မြို့ လိုနေရာမှာ ထပ်ပြီးတိုးချဲ့ဖို့ဆိုတာ မလွယ်တော့ပါဘူး။ အဲဒီအတွက် လမ်းသတ်မှတ်ပေးရင်လဲ ကားလမ်းပိုကြပ်သွားတာပဲ ရှိမှာပါ၊ ဆိုင်ကယ်မရှိရင် စက်ဘီး၊ ဆိုက်ကားနဲ့ သွားလို့ရကြပါတယ်။ ဝေးရင် လိုင်းကားစီးပေါ့လေ။ အခုတောင် ရဲခေတ်ဖြစ်နေတော့ ရဲစခန်းတစ်ခုလုံးကရဲတွေစီးတဲ့ဆိုင်ကယ်တောင် မနည်းရှောင်နေရတာပါ။ အများပြည်သူသာ စီးခွင့်ပေးလိုက်လို့ကတော့ လမ်းလျှောက်တာတော့ ရဲရဲလျှောက်နိုင်မယ်မထင်ပါဘူး။ မရှိတဲ့ ဖြစ်ရပ်တစ်ခုဟာ ဆက်မရှိလဲ ရပါတယ်။ ပေးစီးခွင့်ပြုပြီးတော့မှာ ပြန်ရုတ်သိမ်းလို့ မရတော့ပါဘူး။ စည်းကမ်းလိုက်နာမှုအားနည်းတဲ့ မြန်မာပြည်သားတွေအတွက်က ရန်ကုန်မြို့ မှာ ပေးမစီးတာ အကောင်းဆုံးလို့ ထင်တာပါပဲ။ ခုတောင် ကားလမ်း တစ်ခါကူးဖို့  လမ်းလျှောက်သူတွေခမျာ အချိန်ပေး မနည်းစောင့်နေရတာ၊ ဆိုင်ကယ်တွေသာရှိလို့ကတော့ လမ်းကို ကူးလို့ရတော့မယ်မဟုတ်ပါဘူးဗျာ။
စီးခွင့်မပေးသင့်ပါ
ရန်ကုန်မှာ ကျွန်တော်တို့ရွယ်တန်း ၂၅-၃၀ လူငယ်တွေပေါ့ဗျာ.. Freelance လို ကိုယ်ပိုင်ရပ်တည်တဲ့ လုပ်ငန်းငယ်လေးတွေနဲ့ အစပြုနေကြသူတွေ အတွက် အဓိက ပြသနာက မြို့တွင်းခရီးသွားလာရေး ဖြစ်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ကျွန်တော်တို့မှာ လိုင်းကားစီးဖို့ အများအားဖြင့် အဆင်မပြေကြဘူး။ လိုအပ်တဲအချိန် ရောက်အောင် သွားနိုင်ဖို့ရယ် ဘစ်ကားပေါ်မှာ အချိန် ၁ နာရီ ၂ နာရီ ၃ နာရီ မဖြုန်းနိုင်တာကြောင့်ရယ်ဖြင့် ကားလည်း မဝယ်နိုင်သေးတဲ့ အားယူနေဆဲ လူငယ်တွေမှာ ကိုယ်ရှာသမျှ ပိုက်ဆံရဲ့၃၀% ကနေ ၆၀% လောက်ဟာ အငှားတက်ဆီခနဲ့တင် ပြုတ်ပြုတ်ပြုန်းပါတယ်။ ဒီအချိန်မှာ ရန်ကုန်မှာ ဆိုင်ကယ်လေးများ စီးခွင့်ရရင် မလိုလားအပ်တဲ့ ငွေကြေးအကုန်အကျ အတော်လေး သက်သာမယ်လို့ တွေးမိပါတယ်။
လုံးဝစီးခွင်မပြုသင့်ပါ။ဆိုင်ကယ်စီးပြီး အမှန်တကယ်တာဝန်ထမ်းဆောင်သင့်သူများ(ဥပမာ-ရဲ-လျှပ်စစ်နှင့်ဆက်သွယ်ရေး ပြုပြင်သူများ) ကိုသာ အဆင့်ရှိရှိ ဆိုင်ကယ်များဖြင့်သာခွင့်ပြုသင့်ပါသည်။ ခွင့်ပြုခဲ့ပါကလည်း လမ်းဘေးဈေးသည်/ပလက်ဖေါင်းဈေးသည်/လမ်းဘေး ရပ်ကား/မီးပှိုင့်အပျက်များနှင့် အရှိန်မလျော့သည့်ကားများ အကြား အပြေးအလွား သွားနေရသည့် သူများအတွက် မိုးပျံ ကျောပိုးစက်များ အခမဲ့ထုတ်ပေးသင့်ကြောင်း ရေဝေးနှင့်ထိန်ပင်တို့ အားလည်း ပိုမိုစွမ်းအားမြှင့်ထားရန်လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။အားလုံးကို ကျေးဇူးတင်ပါသည်။
မြန်မာလူမျိုးတွေရဲ့ပြောင်းလဲပျက်စီးလာတဲ့စိတ်ဓာတ်တွေကြောင့် ရန်ကုန်မြို့မှာ
ဆိုင်ကယ်ပေးစီးဖို့နေနေသာသာ
ကားတောင်မှ အချိန်ပိုင်းနဲ့ ပေးစီးရမလိုဖြစ်နေပါတယ်။
နယ်မြို့တွေမှာတောင် ဆိုင်ကယ်တွေကို စည်းကမ်းနဲ့အညီ လုံးဝမထိန်းချုပ်နိုင်တာ တွေ့ရတယ်။ အဓိကပြဿနာကတော့ တရားဥပဒေ စိုးမိုးမှု
မရှိသေးလို့ နေရာတိုင်း မကောင်းမှုတွေ စိုးမိုးနေတာကြောင့်ပါ။
ဘန်ကောက်လိုကားအရမ်းကြပ်တဲ့နေရာမှာတောင်ဆိုင်ကယ်စီး လို့ရတာ ဘာဖြစ်လို့လဲ
လူတွေစည်းကမ်းကောင်းကြလို့ပေါ့။
ယာဉ်တိုက်မှုကတော့ ဆိုင်ကယ်စီးမှမဟုတ်ပါဘူး။ ပလက်ဖောင်မှာထိုင်နေရင်နဲ့တောင်
ကားကတက်တိုက်တာကြားဖူးမှာပါ။ ဘယ်နေရာ နယ်ပယ်မှာပဲဖြစ်ဖြစ် စည်းကမ်းနဲ့ အညီ
နေထိုင်သွားလာနိုင်ရင် အန္တရာယ်ကင်းပါတယ်။ တစ်ဦးတစ်ယောက်တည်း လိုက်နာရုံနဲ့
မရတဲ့အတွက် အများပါစည်းကမ်းလိုက်နာနိုင်အောင် သက်ဆိုင်ရာကထိန်းကျောင်းပြုပြင်
ပေးလာမှသာ နောင်လာနောက်သားတွေရန်ကုန်မှာဆိုင်ကယ်စီးနိုင်မှာပါ။
ဝမ်းစာရေးဖြေရှင်းနေရတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့အရာတခုဖြစ်ပါတယ်၊ဥပဒေကိုလိုက်နာကျင့်သုံးတဲ့ပြည်သူတွေငါးဆယ်ရာခိုင်နှုန်းအထက်မှာရှိပါတယ်၊အဓိကအရေးကြီးဆုံးမှာအကျင့်ပျက်ချစား၊ဖော်လန်ဖား၊အထက်ဖားအောက်ဖိ၊ရာထူးဂုဏ်အရှိန်အ၀ါတွေနဲ့မောက်မာတဲ့လူတွေ(ဌာနဆိုင်ရာပုဂ္ဂိုလ်များ)ကိုကျူပင်ခုတ်ကျူငုတ်ပါမကျန်အမြစ်ပါအရင်းကဆွဲနှုတ်ပြစ်အပြတ်ရှင်းသင့်ပါသည်၊ပြည်သူတွေအတွက်အစစအရာရာအဆင်ပြေသောစက်တပ်ယာဉ်ဖြစ်ပါသည်၊မဆလခေတ်၊န၀တခေတ်အစောပိုင်းရန်ကုန်မြို့တွင်း/ပြင်အချိန်တိုတိုနှင့်လွယ်ကူသောစက်တပ်ယာဉ်ဖြစ်သောကြောင့်ရန်ကုန်မြို့တွင်း/ပြင်ရှိသင့်ပါသည်၊အချိန်တိုလူသက်သာအစစအရာရာအဆင်ပြေပါသည်၊
ကားကလဲဝယ်မစီးနိုင်၊ မြို့ပါတ်ရထား ကလဲအားကိုးလို့မရ၊ လိုင်းကားစီးရတာကအချိန်ကုန် လူပန်း၊ ဆိုင်ကယ်ကလဲ ပေးမစီးချင်ကြ၊ ဘယ်လိုနိုင်ငံမှာ လူလာဖြစ်ပါလိမ့်ဗျာ၊၊
အင်း ပြောရတာတော့ တော်တော်ခက်ပါတယ်
ပေးစီးသင့်တယ်လို့ပြောပြန်ရင်လဲ ဆိုင်ကယ်ကြောင့် ဖြစ်လာမယ်ဒုက္ခရယ်( ပြိုင်ကားတွေထက်ဆိုးသွားနိုင်တယ်နော်-ပြိုင်ကားတွေက ည လူမရှိတဲ့အချိန်မှ ပြိုင်ကြတာ ဆိုင်ကယ်တွေက နေ့ခင်းကြောင်တောင်ပြိုင်ကြလိမ့်မယ် / စတန့်ထွင်ကြလိမ့်မယ် သေရင် ဆိုင်ကယ်သမားတစ်ယောက်တင်မဟုတ်ဘူး ဘေးကလူတွေရော သွားလာနေတဲ့ ကာတွေကိုလည်း ဒုက္ခပေးနိုင်ပါတယ် )
မပေးစီးသင့်ဘူးလို့ ပြောပြန်ရင်လဲ ကိုယ်ချင်းမစာရာရောက်လိမ့်မယ်
ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့ ဖြစ်နေတာကိုဗျ——
No for ride the motorcycle in Yangon. Its very bad in talking that case.Do not discussion again. No need to talk.
ရန်ကုန်မြိုတွှင်းဆိုင်ကယ်စီးခွင့်ပြုလျင်ကောင်းပါသည်သို့သော်မည်သည့်လမ်းမတွင်အေမာင်းရမည်နည်းအရမ်းအန္တရာယ်များပါသaည့်မိဘများငွေနေပါလျင်စီ.ခွှင့်ပြုသည့်ပါbသ.ည်
ဆိုင်ကယ်မကလို့  ၀ှီးချဲကို ဂျက်တပ်ပြီးပဲ စီးစီးပါ
စည်းကမ်းရှိဖို့ လိုပါတယ်…
ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားမလည်ပဲ
နဲနဲ လွတ်လပ်ခွင့် စိတယ် ဆိုတာနဲ့ 
လမ်းကြိုလမ်းကြား ပြည်လမ်းအပါအ၀င် ဂျိမ်းစဘွန်းအဖေခေါ်ရလောင်အောင် မောင်းတယ်
ရန်ကုန်ကလူတွေ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရကောင်းမှန်း မသိဘူး
ခလေးတွေကျောင်းသားတွေ သက်ကြီးရွယ်အိုတွေ တင်ပြီး ဦးထုပ်မပါပဲ ကယ်ရီဆွဲတာ.တွေ
လိုင်းကားတွေလိုပဲ အပြိုင် ဂိတ်ရောက်အောင် အချင်းချင်း နေရာလုတာတွေကြောင့် မျက်စိရှေ့ မှာတင်
မှောက်ကြတာ ခဏခဏ မြင်ခဲ့ရပါတယ်
ကြောက်လွန်းလို့  လမ်းသွားရင် ဘောဒိုင်လူကြီးလို မျက်စိကစားပြီး သွားနေရတယ်..
ခွင့်ပြုခြင်းရဲ့ မကောင်းကွက်တွေပါ..
စီးခွင့်ပိတ်ရင်တော့
အလုပ်လက်မဲ့တွေ ပေါလာပြီး သူခိုးဂျပိုးတွေ ပေါလာမယ်
နယ်နိမိတ်သတ်မှတ်ခွင့်ပြုသင့်ပါတယ်ဥပမာ။ အင်းစိန်ပန်းခြံကနေကျော်လွန်ပြီးရန်ကုန်ထဲမ၀င်ရ၊ဘု၇င့်နောင်တံတားမကျော်ရ။သံလျှင်တံ
တားမကျော်ရဆိုပြီးကန့်သတ်ချက်နဲ့ခွင့်ပြုသင့်ပါတယ်၇န်ကုန်မြို့တွင်းကိုလုံးဝပေးမစီးသင့်သေး
ပါ။လမ်းများအဆင့်မြှင့်ပြီးဆိုင်ကယ်စီးလမ်းများသတ်သတ်ပြုလုပ်မှသာစီးနင်းခွင်ြ့ပုသင့်ပါသည်
ဦးကျော်သူတို့မလိုအပ်ပဲအလုပ်မရှုပ်စေချင်ပါ။
ပေးစီးသင့်ပါတယ် ။ ကားမဝယ်စီးနိုင်တဲ့သူတွေ စီးစေချင်တယ်။ ခွင့်မပြုရင် လခစားတွေ အတွက် ဒီမိုကရေစီပြော လို့ရပါ့မလား။ သူတို့ခမျာ အိမ်လဲ မပိုင် ဘာယဉ်မှလဲ မပိုင်နဲ့။ယဉ်းစီးကမ်းနိုင်ငံတကာ အဆင့်မှီ ရေးဆွဲ ကျင့်သုံးသင့်ပါတယ်။ စီးကမ်းဖေါက်ရင် ထိထိရောက်ရောက် ဘက်မလိုက်တမ်း ဖြစ်ရမယ်။ နော်ဝေမှာ ဘုရင်သားတောင် အရက်သောက်ပြီးကားမောင်းတာ အချုပ်ကျသတဲ့။ မြန်မာမှာ ဥပဒေအထက် ဘက်သူမှ မရှိဆိုပေမယ့် တရားသူကြီး မိန်မက ခလေးက ကို မီးပူနဲ့ကပ်တာ။ လယ်သိမ်းခံ လယ်သမား ကိစ္စပြတ်ပြတ်တရားရုံးတွေက ခုထိ ဘက်လိုက်နေတာ စိတ်မကောင်းစရာပါ။ အော်စီမှာလဲ ဆိုင်ကယ်စီးကြပါတယ်။ ဒါပေမယ့် ဆိုင်ကယ်စီးကြပါတယ်။ ဆိုင်ကယ်စီးရင် ဝတ်စုံဝတ်ကြတယ် အနဲဆုံး ဦးထုပ်ဂျက်ကက် ဝတ်ရတယ်။ ကားလဲ အရက်သောက်ပြီးမောင်းလို့ကတော့ အချုပ်ကျတယ်။ ယဉ်မောင်းလိုင်စင်သိမ်းတယ်။ တရားရုံးတက်ရတယ်။ ၆လလောက် လိုင်စင်သိမ်းခံရတယ်။ ၆လပြီးရင်လဲ လိုင်စင်ကို အစက ပြန်လျှောက်ရတယ်။
အဲလို ဆိုတော့ တော်ရုံလူ စည်းကမ်းမဖေါက်ရဲတော့ဘူး။ ဘန်ကောက်မှာလို ဆိုင်ကယ်က ကားကြားကနေ ကျော်တက်ပြီး မီးစိမ်းတာနဲ့ အရင် ထွက်တာလဲ မမြင်ဖူးဘူး။
မြို့တွင်း တနာရီ ဘယ်လောက်နှုန်း။ မြို့ပြင် ဘယ်လောက်နှုန်း ။ စာသင်ကျောင်းရှေ့ဘယ်လောက်နှုန်းရှိတယ် မလိုက်နာလို့ကတော့ ဒဏ်ငွေဆောင်။ လူကူးမျဉ်းကြားဆို ကားကို လူကူးတာ စောင့်ရတယ် ရန်ကုန်မှာက လူကကားကိုစောင့်ရတယ်။ ကားစီးနိုင်သူက အခွင့်ထူးခံလိုဖြစ်နေတယ်။ မြို့တွင်းလမ်းစုတ်စုတ်မှာတောင် အသေမောင်းနေကြတယ်ပြန်မာမှာ speed limit ရှိမရှိမသိပါဗျာ။ မရှိရင် ရှိစေချင်တယ်။ ဒီမိုကရေစီသွားနေတယ်တဲ့ဗျာ ယဉ်းစီးကမ်းတောင် အစိုးရက မထိန်းနိုင်ရင် နိုင်ငံတခုလုံး ဘယ်လို ထိန်းမလဲ။အစိုးရကို အဆိုး မြင်တာတော့မဟုတ်ပါ။ ဝန်ထမ်းတွေ လခစားတွေ လူတိုင်း သွားလာရေးအဆင်ပြေစေချင်လို့ပါ။ ဘတ်စ်ကားက မလုံခြုံပါဘူး။စိတ်လဲ မချရဘူး။ မလုံခြုံတာက မိန်ကလေးတွေ မဖွယ်မရာ လုပ်တာခံရတယ်။ ပြီးတော့ အသေကြပ်တယ်။
ကားပေါ်တက်တော့ လဲ တက်တက်ဆိုပြီး တွန်းတင်၊ ဆင်းတော့လဲ ဆင်းဆင်းတွန်းချ။ အထဲမှာလဲ အသေကြပ် အသေပူ။ လိုင်းကားကို လဲ ပြိုင်ကားလိုမောင်း။ ဆိုင်ကယ်လေးသားစီးခွင့်ပြုလိုက်ရင် ကောင်းမှာ အိန္ဒြရရ လိုရာ ကို အချိန်ကုန်သက်သာစွာရောက်မှာပါ။ parking လဲကားထက် နေရာ သက်သာမှာပါ။ ဆိုင်ကယ်ကိုလဲ ပစ္စည်းတင် မသုံးစေပဲ။ လူစီးသတ်သတ်သာ ခွင့်ပြုသင့်ပါတယ်။ စီကမ်းဖေါက်ရင် လိုင်စင်သိမ်း ဒဏ်ရိုက် ဒါဆို နိုင်ငံ ဘဏ္ဍာလဲ တိုးမယ်။ စီးကမ်းမလိုက်နာတာ မသိလို့ပဲ။ ကျနော်ဆို အော်စီ ကားမောင်းလိုင်စင်ရဖို့ ဒေါ်လာ ၁၀၀၀ ကျော်ကုန်တယ်။ ဘယ်လောက်မောင်းတတ် လိုင်စင်ရဖို့ ၂ရက် စာတွေ့ သင်တန်းတက်ရတယ်။ သင်တန်းမှာ speed limit, alcohol စသည်ဖြင့် အကုန်ပါတယ်။
ပြီးတော့ ဆရာ နဲ့ တနာရီ ဒေါ်လာ ၆၀ လောက်ပေးသင်ရတယ် လူအတော်များများ ၁၀ နာရီကနော် နာရီ၃၀ ကြားသင်ရတယ်။ ကျနော်ဆို နာရီ၂၀ကျော်တယ်။ အဲမှာ လက်တွေ့မောင်းရတယ်။ ဆရာက အနားမှာ ထိုင်ပြီး ကိုကမောင်းရတယ် ပြီးတော့ ဆရာမှာ လဲ ဘရိတ်တခုရှိတယ်။ ကိုမောင်းတာ မဟုတ်ရင် သူလဲ ဘရိတ်နင်းလို့ရတယ်။
ကားမောင်းတာ တင်မဟုတ်ဘူး။ ယဉ်းစီးကမ်းပါ သင်တယ်၊ စစ်တယ်။ ကားရပ်တာကအစ။ နောက်ဆုတ်ရပ်နည်း။ အကုန်ပါတယ်။ သူမကျေနပ်ရင် လက်မှတ်မထိုးရင် လိုင်စင်မရဘူး။ ကားမောင်း လိုင်စင် ရတာတောင် FULL LICENSE ရဖို့ PROVISIONAL လိုင်စင်နဲ့ ၃နှစ်လားမသိဘူး နေရတယ်။ ကားမောင်းလိုင် စင် ရပြီး ဆိုင်ကယ် မောင်းလိုင်စင်ရချင်ရင် ထပ်ဖြေရမယ် ထင် ပိုက်ဆံ ထပ် ကုန်ပါတယ်။ ဆိုလို တာက တိုင်ပြည် လဲ ပိုက်ဆံ ရသလို လူတွေ လဲ မလိုအပ်ပဲ ဆိုင်ကယ်တွေ မဝယ်စီးတော့ဘူး။ SPEED LIMIT ကိုလဲ ကင်မရာတွေ လမ်းမှာ တပ်ထားတယ်။ ကျော်လို့ကတော့ $$$$ကုန်ပြီသာမှတ် ။။။။
ဆိုင်ကယ်များကိုပြန်လည်စီးခွင့်ပြုသင့်ပါသည်။စည်းကမ်းဖေါက်ဖျက်သူများကို ပြင်းပြင်းထန်ထန်အရေးယူသင့်ပါသည်။သို့မှသာကားများကျတ်တည်းမှု၊လမ်းပိတ်ဆို့မှုများလွန်စွာသက်သာသွားမည်ဖြစ်ပါကြောင်း။
ရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပေးသင့်ပါတယ်ကမ္ဘာပေါ်မှာဆိုင်ကယ်မစီးရတဲ့မြို့ဆိုတာမရှိပါဘူး
ပေးသင့်တယ်။
ဒါပေမဲအခုတော့မဟုတ်ဘူး။ အချိန်တစ်ခုစောင့်ရလိမ့်မယ်။
လိုင်စင်မဲ့တွေ အကြောင်းကို ရှေ့ကလူတွေဆွေးနွေးပြီးဖြစ်လို့ မဆွေးနွေးတော့ပါ။ယာဉ်အသုံပြုသူ၊လမ်းအသုံးပြုသူ၊ယာဉ်ထိန်းရဲ တွေနဲ့လမ်းဘေးဈေးသည်တွေက အစ စည်ကမ်းနဲ့ အညီ အသုံးပြုသွားလာ ထိန်းညှိတတ်လာအောင်၊ ကျင့်သားရလာအောင် စည်းရုံး ဆောင်ရွက်ပြီးမှ စီးခွင့်ပေးသင့်တယ်။ အခုအချိန်ပေးလိုက်ရင် ယာဉ်မတော်တဆမှုတွေ ပိုများလာပြီး အသက်ဆုံးရှုံးမှုတွေပါ ပိုတိုးလာလိမ့်မယ်။ ပြောချင်တာတွေကတော့အများကြီးပါ၊ လုပ်သင့်တာတွေကိုပဲ ၀င်ရောက်ဆွေးနွေးလိုက်ပါတယ်။