သတင်း

ပြည်သူကိုလည်း တရုတ် ဆက်ဆံတော့မည်

Hits:8,166
  | |
Print This Post

တရုတ်-မြန်မာ ၂ နိုင်ငံ အစိုးရချင်း၊ ပြည်သူချင်း ထိတွေ့ဆက်ဆံခြင်း၊ အကျိုးတူ ပူးပေါင်းဆက်ဆံရေး အရှိန် မြှင့်တင်နိုင်ခြင်းများ ပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း တရုတ်သံအမတ်ကြီးက ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ယခင် ကျင့်သုံးခဲ့သည့် အစိုးရချင်း ဆက်ဆံရေးမှသည် နိုင်ငံရေးပါတီများနှင့် ပြည်သူချင်း ဆက်ဆံရေး များပါ အလေးထားလုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံ တကာ ရေးရာဌာန ဒုတိယ အကြီးအကဲ မစ္စတာ အိုင်ပင်း(Mr. Ai Ping) နှင့် အဖွဲ့က ပြောကြားလိုက်သည်။

ရန်ကုန် မြို့ရှိ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) ရုံးချုပ်တွင် စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၀န်းကျင် က ပါတီ ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ထိုကဲ့သို့ ပြောဆိုလိုက်ကြောင်း NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ဧရာဝတီကို ပြောသည်။

မစ္စတာ အိုင်ပင်းနှင့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“သူတို့ဘက်က ဒါ ပြန်စဉ်းစားလာတာပါ။ အရင်လိုလည်း သွားလို့ မဖြစ်ဘူးဆိုတာသိလာတာဖြစ်မယ်။ အရင်တုန်းက တော့ နိုင်ငံအစိုးရချင်း ဆက်ဆံရေးကိုသာ အဓိကထားတယ် ပေါ့။ အခု ဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံတာရော၊ NGO တွေနဲ့ ဆက်ဆံတာရော၊ ပြည်သူချင်း ဆက်ဆံတာရော ဒါတွေကို သူတို့ အလေးပေးပြီးလုပ်သွားဖို့ ရှိတယ်ဆိုပြီးတော့ ပြောပါတယ်” ဟုလည်း ဒေါက်တာ သန်းငြိမ်းက ပြောဆိုသည်။

NDF ပါတီဘက်ကလည်း ယခင်က တရုတ်နိုင်ငံကဆက်ဆံခဲ့သည့် စစ်အစိုးရသည် ပြည်သူထောက်ခံသည့် အစိုးရမဟုတ် ကြောင်း၊ ပြည်သူလူထု ထောက်ခံမှုဖြင့် ဒီမိုကရေစီလမ်းကို ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အစဉ်အလာ ဆက်ဆံနေသည့် နိုင်ငံဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးပါတီများနှင့် ထိတွေ့ ဆက်ဆံမှု ရှိလာသည်ကို ကြိုဆိုကြောင်း ပြောဆိုဟု ဒေါက်တာ သန်းငြိမ်းက ဆက်ပြောသည်။

“ကျနော်တို့ အနေနဲ့ကတော့ ဘယ်နိုင်ငံမဆို၊ ဘယ်ပြည်သူမဆို မိမိတို့ ကြိုက်နှစ်သက်တဲ့ နိုင်ငံရေး လမ်းကြောင်း၊ စနစ် တခု ကို လွတ်လပ်စွာ ကျင့်သုံးခွင့် ရှိတဲ့အတွက် ကိုယ်နိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ်တခုကို သူများနိုင်ငံကို တင်ပို့ဖို့ဆိုတာ ကျနော် တို့ မစဉ်းစားပါဘူးလို့ အဲဒီလို ပြောလိုက်ပါတယ်”ဟုလည်း သူက ပြောဆိုသည်။

တရုတ် ကိုယ်စားလှယ်အဖွဲ့ကလည်း အာရှနိုင်ငံများတွင် အာဏာရပါတီ၊ အတိုက်အခံပါတီများဖြင့် စုစည်းထားသည့် အာရှ နိုင်ငံရေးပါတီများ အဖွဲ့အစည်းတွင် မြန်မာနိုင်ငံက နိုင်ငံရေးပါတီများကလည်း အဖွဲ့ဝင်ဖြစ်သည့်အတွက် ယခုကဲ့သို့ လာရောက် ခြင်းဖြစ်ကြောင်း ပြန်လည် ဆွေးနွေးသည်ဟု ဆိုသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရှိသကဲ့သို့ အခြား သော နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရသည်။

ဒီမိုကရက်တစ် ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကမူ ယခင်ကလည်း အစိုးရချင်းဆက်ဆံရေး၊ ပါတီချင်းဆက်ဆံရေးအရ တရုတ် အစိုးရသည် မြန်မာ အစိုးရနှင့် လည်းကောင်း၊ တရုတ် ကွန်မြူနစ် ပါတီသည် ဗမာပြည် ကွန်မြူနစ် ပါတီနှင့်လည်းကောင်း ထိတွေ့ ဆက်ဆံမှုများ လုပ်ခဲ့ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ပြီးခါစ နိုင်ငံရေးပါတီများနှင့် ပြန်လည်ဆက်ဆံခဲ့ပြီး စစ်အစိုးရ က အာဏာမအပ်ဟု သိပြီးနောက်ပိုင်း ဆက်ဆံမှုမလုပ်ခဲ့တော့ကြောင်း၊ ပထ၀ီ နိုင်ငံရေးအရ တရုတ်နိုင်ငံကို မြန်မာ့ နိုင်ငံရေး အင်အားစုများ က မိတ်ဖက် အိမ်နီးချင်းဆက်ဆံရေး လိုလားကြောင်း ထောက်ပြပြောဆိုသည်။

လွန်ခဲ့သည့် ၂ လခန့်က တရုတ်-မြန်မာ ချစ်ကြည်ရေး အဖွဲ့တဖွဲ့ကလည်း လာရောက်၍ ၎င်းတို့ ပါတီနှင့် နိုင်ငံရေး ပါတီတချို့မှ ခေါင်းဆောင်များကို တရုတ်နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်ခဲ့ကြောင်း သို့ဖြစ်၍ ယခုလအတွင်း သွားရောက်ရန် ရှိကြောင်း ဦးသုဝေက ဆက်ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ လီယန်ဟွာ(Li Junhua) ကလည်း ဆင်ဟွာသတင်း ဌာနနှင့် အင်္ဂါနေ့က သီးသန့် မေးမြန်းခန်းတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ရင်းနှီးမှုရှိကြောင်း၊ လွန်ခဲ့သည့် နှစ် က သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ် သမ္မတ ဟူကျင်းတောင်နှင့် တွေ့ဆုံစဉ်ကလည်း တရုတ်-မြန်မာ ၂ နိုင်ငံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေး အခိုင်အမာ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ပြောဆို ထားသည်။

ဆက်လက်ပြီး သူက တရုတ် ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သည့် အမျိုးသား ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ၀ူဘန်ဂိုး သည်လည်း စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ကိုယ် စားလှယ်အဖွဲ့ကို ဦးဆောင်၍ရောက်လာပြီး မြန်မာ အစိုးရတာဝန်ရှိသူများအပြင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံရန် ရှိကြောင်း၊ ခရီးစဉ်အတွင်း ၂ နိုင်ငံဆိုင်ရာ ကဏ္ဍအသီးသီးတွင် ခိုင်မာသည့်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြင့်မားမည်ဟု ယုံကြည်ကြောင်း ပြောသည်။

တရုတ်-မြန်မာ ၂ နိုင်ငံ အစိုးရ၊ ပါလီမန်များ၊ တရားရေး ဌာန၊ နိုင်ငံရေးပါတီများနှင့် ပိုမိုခိုင်မာသည့် ပူးပေါင်းလုပ်ဆောင်နိုင် မည်ဖြစ်ပြီး ၂ နိုင်ငံ ပြည်သူချင်း ထိတွေ့ဆက်ဆံခြင်း၊ အကျိုးတူပူးပေါင်းဆက်ဆံရေး အရှိန် မြှင့်တင်နိုင်ခြင်းများ ပြုလုပ်နိုင် မည်ဟု ယုံကြည်ကြောင်းလည်း တရုတ်သံအမတ်ကြီးက ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ ခိုင်မာသည့်၂ နိုင်ငံကုန်သွယ်မှု၊ စီးပွား ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန်ကိုလည်း ထိုစဉ်က၂ နိုင်ငံ သဘောတူခဲ့ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။

၂၀၁၁ ခုနှစ်က တရုတ်-မြန်မာ ၂ နိုင်ငံ ကုန်သွယ်မှု သည် ၄၆.၃ ရာခိုင်နှုန်းတိုးမြင့်လာပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၆.၅ ဘီလျံ ရှိကြောင်း၊ လွန်ခဲ့သည့် နှစ်ကုန်ပိုင်းစာရင်းများအရ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၂၀.၂၅ ဘီလျံထိ ရောက်ခဲ့ကြောင်း သူက ဆက်လက် ပြောဆိုထားသည်။

ထိုသို့တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ တရုတ်ကိုယ်စားလှယ် မစ္စတာ အိုင်ပင်း ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ ဆုံရာ တွင် သတိပေးတိုက်တွန်းမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒေါက်တာ သန်းငြိမ်း က ဆိုသည်။

“တရုတ်နိုင်ငံအနေနဲ့ လာပြီးရင်းနှီးမြှုပ်နှံတဲ့အခါ ကျနော်တို့ဆီက သယံဇာတတွေချည်းပဲ ယူသွားတာမျိုး မလုပ်ဘဲ ကျနော် တို့ နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ဘာတို့က အစပေါ့၊ သတိထားပြီး ရင်းနှီးမြှုပ်နှံကြဖို့ ပြောပါတယ်”ဟု ဒေါက်တာ သန်းငြိမ်းက ပြောဆိုသည်။

တရုတ်-မြန်မာနယ်မြေချင်း ထိစပ်နေသည့် ဒေသများ၏ တည်ငြိမ်အေးချမ်းမှု လိုအပ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ရာ၌ ကချင်ပြည်နယ် ကျန်ရှိနေသေးကြောင်း၊ တရုတ်အနေနှင့် ၀ိုင်းဝန်ကြိုးပမ်းပေးမည်ဆိုက ကျေးဇူးတင်ကြောင်း၊ စစ်ပြေးဒုက္ခသည်များကို ကြည့်ရှု စောင့်ရှောက် ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ နယ်မြေမငြိမ်းချမ်းခင် ဒုက္ခသည်များ ထွက်ပြေးလာမှုကို စောင့်ရှောက် ကူညီပေးစေလိုကြောင်း တရုတ် ကိုယ်စားလှယ်အဖွဲ့ကို တိုက်တွန်းပြောဆိုခဲ့ သည်ဟုလည်း သူက ပြောသည်။

“ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးသည် ကျနော်တို့ မြန်မာနိုင်ငံအတွက်သာ မကဘူး တရုတ်ပြည်ကြီးအတွက်လည်း အရေးကြီးပါတယ်လို့ ပြောလိုက်ပါတယ်”ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။

သြဂုတ်လ ၁၆ ရက်နေ့က မန္တလေးမြို့ရှိ မြစ်ဖျားဧရာ ဟိုတယ်တွင်တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများအပေါ် မြန်မာပြည်သူတို့၏ သဘောထားကို သိရှိရန်အတွက် တရုတ်ထိပ်တန်း တက္ကသိုလ်များမှ ပညာရှင် ၅ ဦးသည် မြန်မာလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်ပညာရှင်များကလည်း ထိုဆွေးနွေးချက်များကို တရုတ်အစိုးရနှင့် ကုမ္ပဏီများသို့ တင်ပြပေးမည် ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ ရုပ်/သံများ

14 Responses

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. Don:t believe Stupid China.

  2. လာပြန်ပြီနောက်ခြေလှမ်း မြန်မာတွေ ငအ ငန ငတုံး တွေဖြစ်နေကြပြီလား
    စစ်အုပ်ချုပ်ရေးကာလက ပြည်သူတွေကို ရှိတယ်လို့တောင်မထင်
    အာဏာရှင်လူတစ်ခုကို ငွေနဲ့ပေါက်ပြီး တိုင်းပြည်ကိုအချောင်နှိုက်တဲ့ကောင်တွေ
    အခုအခြေအနေပြောင်းတော့ လေသံပြောင်း ပါတီလူအဖွဲ့အစည်းကိုပြန်ချည်းကပ်လာတယ်
    စိတ်ဓါတ်မမှန်ကန်တဲ့ အခွင့်ချောင်းအလစ်သုတ်တဲ့ အောက်တန်းစားအကျင့်တွေ
    ဘယ်တော့မှ မယုံကြည်ပါနဲ့ တိုင်းပြည်အနာဂတ်အတွက် တယုတ်နဲ့ ဘင်္ဂလားဒေ့ရှ် ကို
    မျက်ခြေမပြတ် အထူးစောင့်ကြည့်ပြီး ဆက်ဆံဖို့လိုတယ်

    • လုံးဝဥဿုံမှန်သောစကားပါဘဲ။ပြည်သူများ နောက်ထပ်အလိမ်မခံရဘို့ အရေးကြီးပါသည်။

    • That’s right. China is a liar.

    • that’s exactly how I feel. If we easily forgive & forget how those scumbags had been treating us in the past years, we would be idiots. China is the last country we should be doing business together or trusting. I don’t care how much money other countries owe China. They never give shit about how myanmar public has been suffered. Now they want to pretend like they care. Nice try! But I ain’t buy it.. ;-)

  3. သတင်းထူးသတင်းဦးချင်တယ်

  4. “The Chinese are doing more than the G8 to make poverty history. If a G8 country had wanted to rebuild the stadium, we’d still be holding meetings! The Chinese just come and do it. They don’t hold meetings about environmental impact assessment, human rights, bad governance and good governance. I’m not saying its right; just that Chinese investment is succeeding because they don’t set high benchmarks.”
    Sahr Johnny, Sierra Leone’s ambassador to China, 2005

  5. အရည်အသွေးအနိမ့်ကျဆုံးလူသုံးကုန်နှင့်စစ်လက်နက်တွေကိုရောင်းစားလို့၇တဲ့မြန်မာပြည်ဈေး
    ကွက်ကြီးကိုအကောင်းဆုံဂုတ်သွေးစုပ်သွား၊အသိညဏ်မရှိ၊ပညာမတတ်တဲ့စစ်ခေါင်းဆောင်အ
    စိုးရကအဟုတ်ထင်ခဲ့တော့ပြည်သူဆင်းရဲမွဲတေခဲ့ရတာပေါ့၊စားလို့ဝတော့တရုတ်ကလေ
    သံပြောင်းပြီးဂုတ်သွေးစုပ်ဖို့ကြံပြန်ပြီ၊ ချလို့ချမှန်းမသိတဲ့ ပညာမဲ့အရပ်ဝတ်လဲစစ်သားလူထွက်
    ဦးသိန်းစိန်ဘယ်လိုဆောင်ရွက်မလဲဆိုတာစောင့်ကြည့်ရအုံးမယ်နော်။

  6. ငါတို့ နိုင်ငံ မဆင်းရဲဘဲနဲ့ ပြည်သူတွေဆင်းရဲနေတာ ရင်နာသဟ။အဲဒါကြောင့် ရှေးလူကြီးတွေ
    ပြောထားခဲ့တာနေမှာ။ဘုရားလက်ထက်တုန်းက ခေါင်းဆောင်ကောင်းမဖြစ်ထိုက်တဲ့
    စဉ်းစားဥာဏ်မရှိတဲ့ ပညာမတတ်တဲ့ လူနောက်လိုက်မိတဲ့ ငယ်သားတွေအားလုံး ဘီလူးစားခံရတယ်ဆိုတာ လေ။အဲဒီတော့ တို့ ပြည်သူတွေ ဘီလူးစားမခံရဖို့ အလွန်အရေးကြီး
    တယ်။ပြည်သူတွေကို ပညာတတ်ပြီး ဘာမှ လူရာမ၀င်အောင်(နိုင်ငံတကာမှာမျက်နှာငယ်ရအောင်)လုပ်ထားကြတာဆိုတော့။သတိတော့
    တော်တော်ထားရမယ်။ပြဿာနာတစ်ခုကို သေချာစဉ်းစားကြဖို့ ။ကိုယ့်မြေကိုယ့်ရေကို ချစ်တတ်ဖို့ ။ငါတကော မကောဖို့ ပေါ့။အစိုးရရော ပြည်သူမှာပါ တာဝန်ရှိတယ်။အစိုးရက ကြီး
    ဘဲ ရှေ့ တက်နေရင်လည်း မဖြစ်သလို ပြည်သူတွေရဲ့ ခံစားချက်ကိုလည်း လျစ်လျူရှုနေရင်
    မဖြစ်ပါဘူး။အစိုးရရော ပြည်သူရော အားလုံး သတိဝီရိယနဲ့ ဒီမိုကရေစီလမ်းကြောင်းကို
    အနှောင့်အယှက်တွေကို တွန်းလှန်ပြီး လက်တွဲလျှောက်လမ်းမှ ဖြစ်မှာပါ။

  7. တရုတ်စက် တစ်ရက်စုတ်တွေ ငြီးငွေ့လာပါပြီ ။ အပြောချိုချို လက်တိုတို စကားတွေ ရိုးနေပါပြီ ။
    ဂုတ်သွေးစုတ်ယုံမက ချင်ဆီပါထုပ်နေတာ လာလမ်းအတိုင်းပြန်ပါတော့ ။

  8. မယုံနဲ့ နော်- မြစ်ဆုံကိစ္စ အချောင်ရဘို့  ကြိုးပမ်းတုန်းဘဲ- လက်မလျော့သေးဘူး။မြစ်ဆုံကိစ္စ ကို ပြည်သူလူထုက ဒီလောက် ခုခံကာကွယ်နေတာတောင် လက်လျော့ဘို့ မစဉ်းစားဘဲ ဒေသခံတွေကို ဖျားယောင်းသိမ်းသွင်းပြီး မြစ်ဆုံကိစ္စ ဖြစ်မြောက်အောင် လုပ်နေတာ ပြည်သူလူထုကို စော်ကားနေတာ- သတိ -သတိ- သတိ-
    အခုဆို နိုင်ငံတကာ နဲ့  ကုန်သွယ်မှူ တွေပြုလုပ်လာပြီမို့ အရည်အသွေးမမှီတဲ့ မိတ်အင် ချိုင်းနား ကို မသုံးစွဲကြဘို့ လိုတယ်။ ဖြစ်နိုင်လျှင် နိုင်ငံတော် အစိုးရ အနေဖြင့် တရုပ် နဲ့  ကုန်သွယ်မှူ အသစ်တွေ မလုပ်ဘို့ လိုတယ်။

  9. စကားစပ်မိတုန်းပြောပါရစေ။ ထိုင်းနိုင်ငံမှာ ချာဘော်လစ် ရောင်ကြာယု အာဏာရစဉ်က တရုပ်စီက တင့်ကားတွေ သွားဝယ်တာ အကုန်လုံးနီးနီး အပျက်တွေ ဖြစ်နေဘူးပါတယ်။ အခုလည်း ဘက်ပေါင်းစုံ တရုပ်ဆန့်ကျင်ရေးကို ပြည်သူကစပြီဆိုတာ သူတို့ သိသွားပါပြီ။ အချောင်ရသမျှ ဒီတခါတော့ သွားပြီပေါ့။ (ဓါတ်ပုံထဲက တရုပ်အလံ ပြောင်းပြန်ဖြစ်နေပါလား။)

  10. ပြည်သူ

    တရုတ်က ဒီတခါတော့ တကယ်ပဲ မြန်မာပြည်သူတွေနဲ့ ဆက်ဆံမဲ့ပုံပါဘဲ။ ဒါပေမဲ့ သူဆက်ဆံမဲ့ပြည်သူက တေဇတို့လို ခရိုနီတွေနဲ့လေ။ ကျန်တဲ့မြန်မာပြည်သူတွေကိုကတော့ ကျွန်လိုဘဲသူတို့စိတ်ထဲမှာထားတယ်။ တရုတ်ကိုဘယ်လိုမှမယုံရပါ။

  11. သတိပိုထားကြတော့ဗျို့။တရုပ်ဒါးပျော့နှင့်ပြန်လာဖို့လုပ်နေပြီ။မောင်နှင်းဆွေတို့မိုးကျော်သူတို့ ၀င်းကြွယ်တို့ရေတစ်ကွက်လောက်တန်ပြန်အကွက်လေးဘာလေးထရေးကြပါဦး။နှစ်တစ်ထောင် အတွင်းအားမရှိလို့ကတော့ခံနိုင်မှာမဟုတ်ဘူး၊အတွင်းဒဏ်ရာတွေရကုန်မည်နော်။