သတင်း
ပြုပြင်ပြောင်းလဲရေး နှေးကွေးသူများ ချန်ခဲ့မည်ဟု သမ္မတပြော
Hits:9,299
  | |
Print This Post
ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း မေလ ၁၁ ရက်က ကျင်းပသော အစည်းအဝေး၌ ပြောကြားနေသည့် သမ္မတ ဦးသိန်းစိန်(ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးများကို မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိရာ နှေးကွေးနေသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန်က ထပ်မံ ပြောဆိုလိုက်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် နှေးကွေးစွာ ဆောင်ရွက်နေသူများ အစိုးရအဖွဲ့အတွင်းနှင့် လွှတ်တော်ထဲတွင် ရှိကြောင်း၊ ယင်းသို့ ပြောင်းလဲရေး ခရီးမတွင်သူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း ဦးသိန်းစိန် က ပြည်ပအခြေစိုက် VOA သတင်းဌာန မြန်မာ ပိုင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခြင်း ဖြစ်သည်။
“ဒီလူတွေကတော့ သူတို့ကို ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်၊ ဒီလို လေးလေးပင်ပင်နဲ့ လုပ်နေတဲ့သူတွေကတော့ နောက်ချန် ထားခဲ့ရမှာပဲ၊ ဒါလည်း ကျနော်တို့ လုပ်ရမယ့် ကိစ္စပါ။ ကျနော်ကတော့ ကိုယ့်အစိုးရ အတွင်းမှာတော့ ကျနော် လုပ်ပိုင်ခွင့် ရှိတာပေါ့လေ၊ လွှတ်တော်ကျတော့ ကျနော်က လုပ်ပိုင်ခွင့် မရှိဘူး။ အစိုးရအဖွဲ့အတွင်းမှာ ဒီလို ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါတွေ ကိုတော့ တဖြည်းဖြည်း ချန်ထားခဲ့မယ် ဆိုပြီးတော့ အတိအလင်းလည်း သူတို့ကို ကျနော် ပြောထားတာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန် က ပြောသည်။
ခေါင်းမာဂိုဏ်းသားအဖြစ် နာမည်ထွက်ခဲ့သော ဒု သမ္မတ ဟောင်း ဦးတင်အောင်မြင့်ဦး နုတ်ထွက်ပြီးနောက် လစ်လပ်နေသော ဒုသမ္မတ နေရာအား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ယခုလ ၁၅ ရက်နေ့က အစားထိုး ခန့်အပ်ခဲ့ပြီး ယခင်လဆန်းပိုင်းကလည်း အစိုးရအတွင်း ဒုဝန်ကြီးများအပြောင်းအလဲ ပြုလုပ်ခဲ့သည်။
ဒုသမ္မတ နေရာအား ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို မခန့်အပ်မီ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း အခြေခံ စည်းကမ်းချက်တချို့နှင့် ငြိစွန်းသည့် အတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား တပ်မတော်သား ကိုယ်စားလှယ်များက အမည်စာရင်း ပြောင်းလဲ တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒု သမ္မတ ထိပ်စည်းကနေ ထွက်လာတာနဲ့အမျှ ကျန်တဲ့အပိုင်းတွေမှာလည်း ပြုပြင်စရာတွေ၊ ပြောင်းလဲစရာတွေ ရှိပါတယ်။ ဒါတွေလည်း ကျနော် ထင်ပါတယ်၊ ဆက်တိုက် ဆက်ပြီး လုပ်သွားဖို့ ရှိလာမှာပါ”ဟု ဦးသိန်းစိန် က ပြောဆိုထားသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးလှထွန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်တို့သည် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး၌ ခေါင်းမာသူများ စာရင်းတွင် ပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဝန်ကြီး ဦးကျော်ဆန်းကမူ ၎င်းသည် အစိုးရအဖွဲ့အတွင်း၌ သဘောထားတင်းမာသည့် ခေါင်းမာဂိုဏ်းသားတဦး မဟုတ်ကြောင်း ဧရာဝတီ နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။
“ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် ဘယ်လိုယုံကြည်လဲဆိုရင် ကျနော် Hard-liner လည်း မဟုတ်ဘူး၊ Soft-liner လည်း မဟုတ်ဘူး။ ကျနော်က ဘာလဲဆိုလို့ရှိရင် Pragmatist (လက်တွေ့သမား)။ သို့သော် ကျနော်က ဘာကို အမြဲတမ်း ဦးစားပေးလဲ ဆိုရင် Rules and regulations ပဲ”ဟု ဦးကျော်ဆန်းက ပြောသည်။
မြန်မာပြည်သူများသည် ယခင်အစိုးရများ၏ လုပ်နည်းလုပ်ဟန်များကို လက်မခံဘဲ အပြောင်းအလဲများ အထူးလိုလားသည်ကို ကြားဖြတ် ရွေးကောက်ပွဲတွင် သက်သေပြခဲ့ပြီး အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ် နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း ယခုနှစ် မေလ ၁၁ ရက်နေ့ကလည်း သမ္မတ ဦးသိန်းစိန်က ပြော ဆိုခဲ့သေးသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် နီးစပ်ပြီး ပြုပြင်ပြောင်းလဲရေး တင်းမာသူဟု လူပြောများသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်သောင်း က ၎င်းသည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၌ နှေးကွေးသူ မဟုတ် သကဲ့ သို့ လောကြီးသူလည်း မဟုတ်ကြောင်း ပြည်ပ အခြေစိုက် DVB သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
“ကျနော်က နှေးကွေးတဲ့အထဲလည်း မပါဘူး၊ လောကြီးတဲ့အထဲလည်း မပါဘူး၊ ကျနော်ကတော့ ပုံမှန်ပေါ့လေ၊ အားလုံး ပါနိုင် အောင် လို့ သွားချင်တယ်၊ လောကြီးတဲ့လူလည်း ထိန်းမယ်၊ နှေးကွေးတဲ့လူလည်း ဆွဲသွားမယ်၊ ဒီလိုအထဲမှာ ကျနော်တို့အဖွဲ့က ပါပါတယ်၊ ကျနော်တို့သွားနေတာလည်း အဲဒီအတိုင်းသွားနေတာ၊ အဲတော့ အမှားလည်းနည်းတာပေါ့”ဟု ဦးအောင်သောင်းက ပြော သည်။
သို့သော်လည်း ယခင်က တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် တာဝန်ပေးအပ်ခြင်း ခံ ထားရသော်လည်း အစိုးရ၏ ဧပြီလပိုင်းက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ဦးအောင်သောင်း ပါဝင်ခြင်း မရှိတော့ပေ။
နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာ၌ ငွေကြေးလိုအပ်ကြောင်း၊ အစိုးရတွင် ငွေကြေးပြည့်စုံမှုမရှိသဖြင့် လုပ်ဆောင်နေမှုများ နှေးကွေးရကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှ ထိန်းသွားနေရကြောင်းလည်း ဦးအောင်သောင်းက ပြောသည်။
မြန်မာနိုင်ငံတွင် တနှစ်အသားတင် ထုတ်ကုန်တန်ဖိုး(GDP)မှာ အမေရိကန် ဒေါ်လာ ၅၅.၉ ဘီလီယံသာရှိကြောင်း၊ နိုင်ငံတကာချေးငွေမှာ လည်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၆.၃၈၁ သန်း၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၀.၀၁၈ သန်း သာရရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလည်း တနှစ်လျှင် အမေရိကန်ဒေါ်လာ ပျမ်းမျှ ၃ ဘီလီယံသာရှိကြောင်း ဦးသိန်းစိန်က မေလ အတွင်း ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားထားသည်။
ဒုသမ္မတ တာဝန်အား တပ်မတော် (ရေ) မှ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ခန့်အပ်ပြီးနောက် အစိုးရအတွင်း ပြုပြင် ပြောင်းလဲရေးများ ပိုမို လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းတွင် ပြောဆိုသံများ ပေါ်ထွက်လာခဲ့သည်။
နောက်ဆုံးရ ရုပ်/သံများ
14 Responses
Leave a Reply
Your email address will not be published. Required fields are marked *
*
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>
  1. ပြောနေတာတွေအကုန်ကောင်းပါတယ်..လက်တွေ့မျာဘာမှဖြစ်မလာတော.ဘယ်သူ့ကိုမှမယုံ၇ဲတော့ဘူး..လူကြီးတွေဘယ်ကစပြောင်း၇မလဲစဉ်းစား၇င်းအချိန်တွေကုန်သွားပါလိမ့်မယ်
  2. u khin mg myint ko lei change tint pyi
  3. ကျွန်တော်တို့အဖွဲ့ဆိုတော့
    ခင်ဗျားတို့အဖွဲ့ကဘယ်သူတွေလဲဗျ
    မောင်အောင်တောင်းရဲ့
  4. It is very good for our country and people. I am very respect to our president.
    Entire people are always hope the changes. But, may I request , I hope the right and equality changes. It is should not be present case of constitutional tribunal.
  5. တိုင်းပြည်၇ဲ့ ဘဏ္ဍာငွေတွေ သ၇ံဇာတတွေ ကို မတ၇ား ခိုးယူ ခဲ့ကြသူခြင်းအတူတူပါဘဲ အဲဒီပုဂ္ဂိုလ်တွေကိုအမျိုး
    အစားခွဲကြည့်ကြ၇အောင်(၁)တသောင်လုံးခိုးဆိုးလုယှက်စားသောက်ခဲ့ပြီးတေ၇ွှတမျိုးလုံးဆယ်သက်စားမကုန်
    သောစီးစိမ်တွေနဲ့ အပူအပင်မ၇ှိစားမြုတ်ပြန်နေကြတဲ့ ဗိုလ်ချုပ်ကြီး(ငြိမ်း)များ (၂)ဘောင်းဘီ အစားချိတ်ထမိန်
    ပေပြီ၊ဆင်း၇ဲမွဲတေ၊ဒုက္ခေ၇ာက်နေကြတဲ့ပြည်သူလူထုကိုကယ်တင်တော့မယ် လို့ စိတ်ထားကောင်းနဲ့ သတိတ၇ား
    ၇ ကြတဲ့လက်၇ှိအာဏာ၇ ပုဂ္ဂိုလ်ကြီးများ လို့ ဘဲအကြမ်းဖျင်းခွဲလိုက်ကြ၇အောင်အသေးစိပ်မခွဲတော့ဘူး ဒီသုံးမျိုး
    ထဲ ဘယ်သူတွေဘယ်ထဲပါကြတယ်ဆိုတာ လူအများအသိပါ၊ အမှတ်(၃)စိတ်ထားကောင်းသူများ အချိန်၇ှိတုံး
    အာဏာ၇ှိတုံး(ဘယ်သူ့ မျက်နှာမှမထောက်ဘဲ)မြန်မြန်(နံပါတ် ၂ )ကိုဖြုတ်ထုတ်သတ်လုပ်မှ၇မယ်၊အားလုံးက
    စောင့်ကြည့်နေကြပါတယ်။
  6. ယခုလက်ရှိ ပြည်သူတွေတောင်းဆိုနေသော ပြုပြင်ပြောင်းလည်းရေးများမှာ ပညာရေးပြုပြင်ပြောင်းလည်းရေးကလွဲလို့ ငွေအများကြီးကုန်မဲ့ဟာမျိုးကို ဇွတ်တောင်းဆိုတာ မတွေ့မိသေးပါ။ ငွေအများကြီးကုန်မဲ့စီမံကိနးတွေက သူတို့လုပ်ချင်လွန်းလို့ လုပ်နေကြတာပါ။အခုလက်ရှိ နောက်ကျန်နေခဲ့တဲ့သူတွေကလည်း တိုင်းပြည်ဘတ်ဂျက်ထိခိုက်မှာစိုးလို့မဟုတ်ပါဘူး သူတို့ ဘတ်ဂျက်ထိခိုက်မှာစိုးလို့ပါ။ လွှတ်တော်မှာ ပိုင်ဆိုင်မှုစာရင်းတင်ရေးအဆို ရှုံးနိုမ့်တယ်ဆိုကတည်းက အလွန်အောက်တန်းကျတဲ့သူတွေ အစိုးရတည်းမှာကော လွှတ်တော်မှာကော ကြက်ဖွတ်ပြည်သူ့ချည်ဖတ်ပါတီမှာပါ အများကြီးပဲဆိုတာ သိနိုင်ပါတယ်။
    • ရှင်ပြောတာမှန်တယ်။ ပြည်သူတွေတောင်းဆိုတာပညာရေးတစ်ခုဘဲပိုက်ဆံနည်းနည်းကုန်
      မှာ။ ကျန်တာဘတ်ဂျက်မလိုတဲ့ တရားဥပဒေစိုးမိုးရေးနဲ့လူလူချင်းတန်းတူအခွင့်အရေးရရေးဘဲ
      တောင်းတာ။မလုပ်ပေးဘဲနဲ့ သူလိုချင်တဲ့ပိုက်ဆံကိုဘဲလျှောက်ပြောနေတယ်
      အောင်သိန်းလင်းအရူးလည်းဒီလိုဘဲsanction ဘာကြောင့်ပေါ်လာလည်းမကြည့်ဘဲsanction ကြောင့်
      သူတို့ပိုက်ဆံရသင့်သလောက်မရဒါဘဲပြောနေတယ်။
      sanction မရှိအောင်U,N ကလုပ်ပေးလို့ရတာမဟုတ်ဘူး သူတို့နိုင်ငံရေးအကျဉ်းသား
      တွေကိုလွှတ်ပေးရမယ့်ဟာကိုသူများကိုအပြစ်လျှောက်ပြောနေတယ်။
  7. အခြေခံဥပဒေကိုက တိုးတက်ဖို့မှ မဖြစ်နိုင်တာ… အခြေခံဥပဒေ အရင် ပြင်ပြီးမှ အစစ်အမှန် တိုးတက်မှာပါ… ဒီ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး မဖြစ်နိုင်ဘူး…
  8. mr president
    i m really shame of u
    u twist words
    please have ur words
  9. Well come Mr. president. Your government is so hard on working in peace processing and reconciliation with ethnic minorities. All of the hard liners and old guys were need to replace with ethnic minorities. We all knew that there were so many well educated ethnic minorities in Myanmar. In the past, all of the ethnic were treated like outsiders, now is a time to change our old ideology and your government have to uplift the ethnic minorities.
    We all want to be apart in this society. We all knew that Myanmar representative have some gap in international relationship. The first thing is , language barrier , second thing is, culture shock. As for embassy and embassarrow representative , they need to be selected for the country he/she have to appoint. In the mean time the country is moving so fast than we all expected, we have unbelievable guest from various countries and all of this guest will meet defferances part of government department officer. Some of the government department officer could not speak fluently to comunicate our guest and they couldn’t afford to hire interpreter all the time or it’s not convinien to hire interpreter the time they need. Since ,we have some ethnic minorities were well educated, let them work where they will be in suitable position. the government has making peace and mature understanding with ethnic minorities groups, now is the time to build our home land , at the same time now is the time work for our home land. We all want to be in apart of the nation building and the nation servant.
    Lets forget and forgive the past. Let us joint our hands, our heart and our soul for the sake of the people and for the country benefit. The world is moving so fast than your imgination. We all need to unite as one nation, one future, one hope and one people. Let us make it for a better world. Our generation need to be strong but we, our self have to do it.
    Thanks for irrawaddy news maker. Giving us a little space for sharing our littel idea.
  10. Please, we will forgive but one must never forget. Theoretically those things should be kept as archives so that the generations must learn the bad things and when, how and why that had taken place so that those scandals won’t be happened again.
  11. နိုင်ငံတော်အစိုးရမှာငွေကြေးမပြည့်စုံဘူးဆိုတော့ အနှစ်(၂၀) ကျော်လုံး ရောင်းချခဲ့တဲ့ နိုင်ငံ
    ရဲ့သယံဇာတတွေ အလကား သုံးကုန်သွားရတာပေါ့။ စီးပွားရေးသမားတွေ အစားတော်တဲ့ နိုင်ငံ
    တော်ရဲ့ဝန်ထမ်းတွေလက်ထဲရောက်ကုန်တာပေါ့။
    အရေးကြီးဆုံးက နိုင်ငံတော်အတွက် အခွန်ငွေအပြည့်မရဘဲ မှောင်ခိုစီးပွားရေးတွေ နယ်စပ်
    ဘက်မှာကြီးစိုးနေတာပဲ။ ဥပဒေ နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်နေကြတဲ့ အစိုးရ ၀န်ထမ်း
    တွေ၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့စည်းတွေရဲ့ အခွင့်ရေးကိုတလွဲ အသုံးချနေကြတဲ့ ၀ိသမလေဘ သားတွေ ၄င်းတို့တွေကြောင့်လည်းပါ ပါတယ်။
    မြန်မာပြည်ရဲ့ထူးခြားချက်တစ်ခုကတော့ ပြည်သူတွေကိုလည်းအခွန်သိပ်မကောက်ချင်းဘူး
    ကောက်သလောက်အခွန်တွေလည်း နိုင်ငံ့ဘဏ်ဏာထဲလည်းအရောက်ဘူး။ တိုင်းပြည်တိုး
    တက်လာသလောက် အခွန်မရဘူး။ နိုင်ငံတော်ကတော့မချမ်းသားဘူး၊ အုပ်ချုပ်သူတွေနဲ့
    အခွင့်အာဏာရှိသူတွေကတော့ အချမ်းသာဆုံးတွေပဲ။ တပည့်မကောင်း ဆရာခေါင်း တော့
    အဖြစ်မခံစေချင်ပါဘူး။
  12. ထက်ကောင်း
    ဘုန်းကြီးလူထွက် စစ်လူတွက်တွေ ရှေးဆရာတော်တစ်ပါးက သင်ခန်းစာကောင်းကောင်းလေး
    ကြုံခဲ့ဘူးကြောင်း လက်ရှိဦးသိန်းစိန်ကလဲ သုံးနှစ်ကြာမှာ ပြုပြင်ပြောင်းနည်း လမ်းစ စတွေ.မှာ
    သူသည်ယခုအပင်မြင့်လေ လေတိုက်ခံလေဘဲ
  13. ဦးအောင်သောင်းကတိုင်းပြည်မှာပိုက်ဆံမရှိဘူးပြောတော်တော်အံ့သြတယ်။ အရင်ကအုပ်
    ချုပ်သူတွေအားလုံး(အောင်သောင်းသားသမီးအပါအဝင်) ရဲ့သားသမီးတွေကိုကြည့်လိုက်
    ကြစမ်းပါ စိန်တွေရွှေတွေ။မြေတွေသီးလို့ ။ တိုင်းပြည်ကိုတစ်ကယ်ချစ်ရင်ရောင်းပြီးတိုင်းပြည်
    ကိုကယ်တင်ကြစမ်းပါ။ ကိုယ့်ကိုကိုယ်တိုင်းပြည်ကိုချစ်လွန်းလို့သူများလက်ထဲရောက်သွား
    ရင်ပျက်စီးသွားမှာစိုးလို့ဆိုတာတွေကိုလျှောက်ပြောမနေနဲ့ဒီကနေ့ခေတ်မှာမရတော့ဘူး။
    လေခေတ်ကုန်သွားပြီ။လက်တွေ့ခေတ်ရောက်နေပြီဟေ့။ဒေါ်စုပြောသလိုဘဲဆင်းရဲမှာကြောက်
    တဲ့ငကြောက်တွေ။မြန်မြန်ပျောက်ကွယ်သွားမှအေးမယ်။