သတင်း

အာဏာပိုင်က ခွင့်မပြုသဖြင့် နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ

Hits:15,204
  | |
Print This Post

နိုင်ငံခြားသား အသွားအလာများသော အင်းဝ မြို့ဟောင်းရှိ ဗားကရာကျောင်းတိုက် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ အကျိုးစီးပွားဟု အစိုးရက ဆိုသော်လည်း စက်ဘီးစီး ကမ္ဘာလှည့် ခရီးသွား မိသားတစုကို မန္တလေးတိုင်း တံတားဦးမြို့ရှိ တည်းခိုခန်းတွင် တည်းခိုခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သဖြင့် ရပ်ကွက် ဓမ္မာရုံက လက်ခံ တည်းခိုခွင့် ပေးလိုက်ရကြောင်း သတင်းရသည်။

အဆိုပါ မိသားစုတွင် အသက် ၁၀ နှစ်မှ ၁၃ နှစ်အကြား ကလေး ၂ ဦးပါဝင်ပြီး ရှမ်းပြည်တောင်ပိုင်း ရပ်စောက် – ရွာငံမှတဆင့် ကျောက်ဆည်မြို့ကို ဖြတ်ကာ မိုင် ၅၀ ခန့် ဝေးသည့် ရှေးဟောင်း နယ်မြေတခု ဖြစ်သည့် အင်းဝကို လေ့လာရန် တံတားဦးမြို့သို့  ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ခန့်တွင် စက်ဘီးဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ကလေးများပါဝင်ပြီး ခရီးပမ်းသည့်အတွက် ယင်း ကမ္ဘာလှည့် ခရီးသွားမိသားစုက မြကေသီ တည်းခိုခန်းတွင် တည်းခွင့်ပြုရန် ပြောဆိုရာ လက်ခံခဲ့ကြောင်း၊ ည ၉ နာရီခန့် တွင် တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဤတည်းခိုခန်းသည် နိုင်ငံခြားသားများ တည်းခိုရန် လိုင်စင်မရှိသဖြင့် ခွင့်မပြုနိုင်ကြောင်း တားမြစ်သည့်အတွက် ရပ်ကွက် ဓမ္မာရုံသို့ အကူအညီ တောင်းကာ ပို့ဆောင်ခဲ့ရကြောင်း တည်းခိုခန်းပိုင်ရှင် ဒေါက်တာ အောင်စိုးမြင့်က ပြောသည်။

“ခရီးပမ်းပြီး ကလေးတွေလည်း ပါတယ်၊ မန္တလေးကို ထပ်သွားရမယ် ဆိုပြန်တော့ အဝေးကြီး။ ဒါကြောင့် စာနာလို့ လက်ခံ လိုက်တာပါ” ဟု သူက ဆိုသည်။

တံတားဦး – အင်းဝ ဒေသသည် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတခု ဖြစ်သော်လည်း နိုင်ငံခြားသားများ တည်းခိုနိုင်သည့် ဟိုတယ်၊ မိုတယ်၊ အင်းများ မရှိကြောင်း၊ လာရောက် လေ့လာသည့် ကမ္ဘာလှည့် ခရီးသွားများသည် ၁၆ မိုင် ဝေးသည့် မန္တလေးမြို့တွင်သာ တည်းခိုရကြောင်း ဒေါက်တာ အောင်စိုးမြင့်က ရှင်းပြသည်။

ယခင်ကလည်း မြကေသီ တည်းခိုခန်းတွင် ဂျပန်၊ အမေရိကန်နှင့် ထိုင်းလူမျိုးများကို မြို့နယ်ရဲတပ်ဖွဲ့က အကူအညီတောင်းသည့် အတွက် လက်ခံခဲ့ဖူးသည်ဟု သိရသည်။

အစိုးရက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက်သည့် နယ်မြေများတွင် “နိုင်ငံခြားသားများကို ကူညီပါ” ဟူသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲကာ လှုံ့ဆော်ထားသည်။

တံတားဦး မြို့ခံတဦးဖြစ်သည့် ကိုသန့်ဇင်ကလည်း အဆိုပါ အဖြစ်အပျက်မှာ မှန်ကန်ကြောင်း၊ မိမိကိုယ်တိုင် ဓမ္မာရုံတွင် လက်ခံပေးခဲ့ရကြောင်း၊ ဥပဒေများ ရှိသည်မှာ မှန်သော်လည်း အဆိုပါ မိသားစုသည် လေ့လာရေး လာရောက်ခြင်း ဖြစ်သည့်အတွက် နိုင်ငံခြားသားများ အနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင်  အထင်အမြင် လွဲမှားသွားနိုင်ကြောင်း ပြောသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသွား မိသားစုနှင့် ပတ်သက်၍ တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေး ရုံးကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဟိုတယ်အများစုမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ဒေသများတွင်သာ တည်ရှိကြပြီး မကြာသေးမီက နိုင်ငံခြားသားများ သွားရောက်ခွင့် ပြုခဲ့သည့် ချင်းပြည်နယ် ဟားခါးမြို့၊ မင်းတပ်၊ ကန်ပက်လက် စသည့် တိုင်းရင်းသား နယ်မြေ များတွင်လည်း မရှိသလောက် နည်းပါးပြီး Home Stay ခေါ် ရပ်ရွာများရှိ ဒေသခံ နေအိမ်များတွင် အခပေး တည်းခိုနေထိုင်သည့် စနစ်လည်း ကျင့်သုံးခြင်း မရှိသေးပေ။

မကြာသေးမီကလည်း ဟိုတယ်နှင့် တည်းခိုခ ဈေးနှုန်းများ အဆမတန် မြင့်တက်သွားသည့် အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည့်အတွက် အစိုးရ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီဌာန ၀န်ကြီး ဦးတင့်ဆန်းကိုယ်တိုင် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည်။

ကလောမြို့နယ် မြင်းမထိတောင် အပါအဝင် ရပ်စောက်မြို့နယ် အတွင်းရှိ ရွာငံ၊ ပင်းတယ စသည့် ဒေသများကို နိုင်ငံခြားသားများ အလွန်နှစ်ခြိုက်ကြောင်း၊ တောင်တက် စက်ဘီးစီးခြင်း၊ သဘာဝ ပတ်ဝန်းကျင် လေ့လာခြင်း၊ တောင်တက်ခြင်း စသည်ဖြင့် လုပ်ဆောင်လေ့ ရှိကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။

နောက်ဆုံးရ ရုပ်/သံများ

17 Responses

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. အော်ငါတို့ မြန်မာတွေတောင်သွားချင်တိုင်းသွားလို့ ရတာဘာကြာသေးလို့ လဲလေနိုင်ငံခြားသားဧည့်သည်ဆိုတော့နိုင်ငံတော်အသစ်စနစ်သစ်အတွေးသစ်အမြင်သစ်အစိုးရသစ်အနေနဲ့ ဧည့်ဝတ်ကျေပွန်ဖို့ လိုသလိုနားလည်မူ့ စာနာမူ့ တွေယုံကြည်မူ့ တွေဉပဒေတွေပြင်ပြီးကမ္ဘာကိုသိစေချင်ပါသည်

  2. Uneducated people.he need to learn and live.sorry for those foreigner .wrong time wrong place.

  3. လ၀က ၀န်ထမ်းတွေက အရိုင်းအစိုင်းတွေများတယ်။ အထက်အရာရှိနဲ့ စကားပြောရင် စစ်သားသံပေါက်အောင်၊ လေသံမမာ, မာအောင် ပြောကြရတယ်။ နယ်တွေမှာ ပိုဆိုးတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံလို့ မရတဲ့ အရိုင်းအစိုင်းတွေဖြစ်နေပြီ။
    လူ့လောကမှာတော့ ပိုက်ဆံမပေးရင် မှတ်ပုံတင်ထုတ်မပေး၊ နိုင်ငံခြားသား မတည်းခိုင်းရတာနဲ့။ လူ့လောကမှာ တိုင်းပြည်မြေကြီးကို ပိုက်ဆံမပေးရင် မောင်ပိုင်စီးထားချင်တဲ့သူတွေ။ မင်းတို့သေရင် ကောင်းရာမွန်ရာ ရောက်ပါ့မလား? စဉ်းစားနော်။ ၀ဋ်လည်တတ်တယ်။ တမလွန်မှာ မင်းတို့ကို မှတ်ပုံတင်စစ်ချင်, စစ်နေမှာ။ ဘုံပျောက်နေမယ်။

  4. တံတားဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဆိုတဲ့ကောင် က ၀ မရှိပဲ ၀ိလုပ်ချင်တာထင်တယ်။ လိုင်စင်က ဘာလိုလို့လည်း။ အဲဒီ အုပ်ချုပ်ရေးမှူးဆိုတဲ့ကောင် နရင်း ၁၇ ချက်လောက်ရိုက်ပေးစမ်းပါဗျာ။ ကျုပ်အားလို့ အင်းဝ တံတားဦးဖက်ရောက်ရင် ၀င်ခဲ့အုန်းမယ်။ တော်တော်ရိုင်းတဲ့ကောင် ။ အိမ်ရှင်မပီသဘူး။ နိုင်ငံခြားသားခရီးသွား ဥစ္စာ ကလေးတွေလည်းပါတယ်။ ရာဇ၀တ်သားမှ မဟုတ်တာ သက်သက် မာန်တက်တဲ့ကောင် …ပြောရင်းဒေါသကထွက်လာပြီ ..နောက်ထပ် နရင်း ၄ ချက်လောက်ထပ်အုပ်ပေးပါဦး..တောက်…ငါလုပ်လိုက်ရ …နာတော့မယ်။

  5. When I went to Burma 2006 I still in my parent house in Mandalay But in the middle of night some people from Immigration department and police come to my parent house and took us to Immigration office they said we (foreigner) not allow to still in the house we (foreigner) have to still in the hotel. They kept us about 2 and half hours in the Immigration. Believe me.

  6. Airport also same go back myanmar ask

  7. အုပ်ချုပ်ရေးမှူး တွေ လူမှု့ရေး မပြော နဲ့ ဘာသာ သာသနာ အရေးတောင် ငွေ မရရင် မလုပ်ပေးဘူး သူတို့ ရာဌူး ပြုတ်မှာ က ကြောက်သေး

  8. မှန်တယ် လ၀က ဆိုတဲ့ကောင်တွေကိုအပြစ်ပေးအရေးယူမှုတွေလုပ်သင့်တာကြာပြီ၊ရခိုင်ပြည်နယ်
    စစ်တွေ၊ဘူးသီးတောင်၊မောင်တောစတဲ့နယ်တွေမှာဖြစ်ခဲ့ကြရတဲ့အုပ်စုလိုက်အပြန်အလှန်သတ်ဖြတ်
    မှုတွေရဲ့တကယ့်မူလတရားခံကအဲဒီ လ၀က တွေပါပဲ။အဆမတန်မမြင်ဘူးတဲ့ငွေကြေးတွေပေးပြီး
    မသမာတဲ့နည်းနဲ့ငါတို့နိုင်ငံထဲခိုးဝင်/နိုင်ငံသားကဒ်တွေကိုင်ထားပြီးတော့ငါတို့တိုင်းရင်းသားတွေကို
    နှိပ်စက်၊တိုင်းရင်းသူတွေကိုသိမ်းပိုက်ဒါတွေရဲ့တရားခံကဒီကောင်တွေမဟုတ်လို့ဘယ်သူရှိအုံးမလဲ။
    ဒါတောင်မနေ့တနေ့ကမှဝန်ကြီးဖြစ်လာတဲ့လူကဆင်သေကိုဆိတ်ရေနဲ့ဖုံးချင်သေးတယ်။
    မ ယ က ဥက္ကဌဆိုတဲ့လူကလဲ၊လုပ်ပိုင်ခွင့်လေးတထွာတမိုက်နဲ့ရမ်းချင်သေးတယ်ဒီလိုလူမျိုး
    တွေကတိုင်းပြည်နာမည်ဖျက်မဲ့လူတွေပဲ၊အောကိချေဆင့်မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေမှာဒီ
    လိုလူမျိုးတွေမပါသင့်မရှိသင့်တော့ပါဘုး။

  9. အာဏာပိုင်ဆိုတာ ဘယ်သူလဲ။ ပါတီတွေလား ရဲလား စစ်တပ်လား ဒါမှမဟုတ် အုပ်ချုပ်ရေးမှုးတွေလား ဘယ်သူလဲ အာဏာပိုင်ဆိုတဲ့ အသုံးနှုန်းကို ဆက်သုံးဖို့မသင့်တော်ပါဘူး။ မီဒီယာတွေမှာ အရိုးစွဲနေတဲ့ ဒီအသုံးနှုန်းကို ပြင်သင့်ပြီး။ ပိုပြီးတိကျတဲ့ သတင်းကိုပဲ လူနာမည်အလိုက်ဒါမှမဟုတ် အဖွဲ့ စည်းအလိုက် အခြားနိုင်ငံတကာ မီဒီယာတွေ ဖေါ်ပြသလို လုပ်ပါ။

  10. အမေမှာတဲ့ဆန်တစ်ခွဲသုံးစိတ်နဲ့မလဲတဲ့လူမျိုး၊အရည်အချင်းမရှိဘူး၊လ/ထညွှန်မှူးပေးဘို့တန်ရဲ့လား။

  11. ဒီကိစ္စက လ၀က နဲ့ သက်ဆိုင်သလို တခြားသက်ဆိုင်တဲ့သူတွေ ရှိနိုင်ပါသေးတယ်။

    ပထမက နိုင်ငံခြားသားကို လက်ခံနိုင်တဲ့ ဟော်တယ်က ဒေါ်လာ၊ FEC စသဖြင့်နဲ့ အခွန်ဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်။
    အလုပ်ရှုပ်ခံလို့၊ တခါတလေမှလာတဲ့ သူတွေအတွက် ဟော်တယ်တွေက ခေါင်းရှုပ်မခံချင်ကြဘူး။
    ဒုတိယက ဧည့်စာရင်းတိုင်ရမယ်ဆိုတဲ့ ပြဌာန်းထားချက်။
    ဒါကို ကနဦး ဘယ်သူက စစ်သလဲ။
    အဖြစ်နိုင်ဆုံးကတော့ ရပ်ကွက် တာဝန်ရှိသူနဲ့ ရဲစခန်း တခုခုဖြစ်မယ်။
    ပါလေသကြီး စစ်တပ်အာဏာပိုင်တွေကလဲ ဆရာ “၀င်” လုပ်ချင် လုပ်နေအုံးမှာ။
    သူတို့အားလုံးက အသီးသီး တာဝန်မယူကြလို့ လ၀က ဆီကို ပုတ်လွှတ်လိုက်တာ ဖြစ်နိုင်တယ်။

    ကျွန်တော်ရဲ့ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကလေးက တည်းခိုခန်း အတွေ့အကြုံလေးကို ဖောက်သည်ချပါရစေ။
    လမ်းကျယ်ကျယ် ရှည်ရှည်ဆိုလို့ နှစ်လမ်းသာရှိတဲ့ မြို့ကလေးမှာ တည်းခိုခန်းတွေကတော့ အားကြီးဗျ။
    လမ်းဆုံ မြို့ကလေးဖြစ်ပေတာကို။

    ကျွန်တော် တည်းခိုခန်းမှာ စပြီးတည်းတော့ တည်းခိုခန်းမှာရှိတဲ့ အခန်းဦးရေရဲ့ သုံးပုံတစ်ပုံလောက်ကို နိုင်ငံခြားသား (တရုတ်လူမျိုး) တွေ ရက်ရှည် တည်းခိုနေထိုင် နေကြတယ်။
    ကျွန်တော်ကလည်း ရက်ရှည် တည်းတာဆိုတော့ ကြာလေ သူတို့ နေပုံထိုင်ပုံကို စိတ်ဝင်စားလေ ဖြစ်လာတယ်။
    သူတို့က သူတို့က မနက်စာ ညစာကို သူတို့ဘာသာ ချက်စားကြတယ်။ မနက်ဆို စားသောက်ပြီးတာနဲ့ အထုပ်အပိုးတွေ ပြင်ပြီး ကြိုတင်စီစဉ်ထားတဲ့ ဆိုင်ကယ် ကယ်ရီတွေနဲ့ ထွက်သွားကြတော့တာပဲ။
    နေ့ချင်း ပြန်ရောက်လာတဲ့သူတွေ ရှိသလို ၂ ည၊ ၃ည အိပ်ပြီးမှ ပြန်ရောက်လာတဲ့သူတွေကိုလဲ မြင်နေရတယ်။
    လိုက်စပ်စုတော့လဲ အထည်ရောင်းတာလို့ အပြင်လူတွေက သာမန်ပဲ ဖြေကြတယ်။

    မနေနိုင်တော့တာနဲ့ ခင်နေတဲ့ ဆိုင်ကယ် ကယ်ရီ မြန်မာလေးတယောက်ကို မေးကြည့်တယ်။
    မော်လိုက်မြို့ရဲ့ အထက်အောက်၊ အရှေ့အနောက်၊ ဆိုင်ကယ်သွားလို့ရသမျှ ရွာတွေကို အကုန်သွားကြပါသတဲ့။ ဘာလုပ်ကြသလဲလို့မေးတော့ သစ်တောထွက်ပစ္စည်း၊ ရှေးဟောင်းပစ္စည်း၊ အထူးအဆန်းပစ္စည်း မှန်သမျှကို သူတို့ယူလာတဲ့ အထည်ဖြတ်စ(စက်ရုံတွေမှာ ညှပ်လို့ ဖြတ်လို့ မရလောက်တော့လို့ ပိုနေတာ)တွေနဲ့ လဲယူတယ်တဲ့။ အထည်ကို ဈေးသတ်မှတ်ပြီး ရောင်းတာမျိုးက ရှားပါတယ်တဲ့။
    အလုပ်ဖြစ်နေကြတာများ တရွာထည်းကို နှစ်ခေါက်သုံးခေါက် ပြန်သွားရတဲ့သူနဲ့၊ သူတို့ရဲ့ ပင်မစခန်း(မူဆယ်ဟု ယူဆရသည်)ကနေ ဖြတ်စဘေထုပ်တွေ ဒိုင်နာ ၁၀ ပေကားနဲ့ ပြန်သယ်ရတဲ့သူနဲ့။
    ထောက်လှမ်းရေး (ခေတ်ပေါ် အခေါ်အဝေါ်ကို မသိ) ခဏခဏ လာတယ်၊ ဘာတွေလုပ်တယ် ပြောတယ် မသိ၊ ပြန်သွားကြတာပဲ မြင်တယ်။

    ကိစ္စက ဘယ်မှာ ပြတ်သွားသလဲဆိုတော့ တညသားလား လ၀က က ပြည်ဝင်ခွင့်စာရွက် စာတန်းတွေကို လာစစ်တော့မှ ကိုယ်တော်ချောများ နောက်တနေ့ အထုပ်အပိုးပြင်၊ ကားငှား၊ အပြင်ရောက်နေသူတွေကို စောင့်၊ ပြီးတော့မှ လာလမ်းအတိုင်း (ကလေးဝ၊ ယာကြီး၊ မုံရွာ၊ မန္တလေး၊ မူဆယ်) ပြန်ကြပါသတဲ့။
    သူတို့ ကိုင်ထားတဲ့ စာရွက်တွေက သူတို့အခုလုပ်နေတဲ့ အလုပ်မျိုးတွေ လုပ်လို့ မရဘူးဆိုပဲ။
    ဒါက ဘေးစကားပါ။ ကျွန်တော်ကိုယ်တိုင်ကတော့ လာစစ်တယ် ပြန်သွားတယ် ဆိုတာလောက်ပဲ သိပါတယ်။
    ပြောချင်တာက သူတို့ နေထိုင် လှုပ်ရှားသွားလာခဲ့တဲ့ ကာလအပိုင်းအခြားကို ခန့်မှန်း ယူနိုင်ဖို့ပါပဲ။

    ဒီကိစ္စနဲ့ တံတားဦးမှာဖြစ်တဲ့ကိစ္စကို ယှဉ်ကြည့်။
    မြို့ ကျဉ်းတာ၊ သေးတာ အတူတူပဲ။ တာဝန်ရှိအဖွဲ့အစည်းတွေ ရှိတာ မော်လိုက်ကတောင် ပိုနိုင်သေး။
    အစိုးရ ငွေတိုက် ရှိနေတယ်လေ။ မြို့ပေါ်ရှိသမျှ အာဏာပိုင်အဖွဲ့အစည်းကလူတွေမှန်သမျှ အဲဒီ တည်းခိုခန်းနဲ့ မကင်းနိုင်ကြ။ မုံရွာကနေထွက်တဲ့ အရပ်အခေါ် “ရှော်တယ်” ဆိုက်ရတဲ့ နေရာက အဲဒီအနားမှာ။
    မော်လိုက်မြို့ရဲ့ မြောက်ဖက်ကို ခရီးဆက်ရမယ့်သူမှန်သမျှ ဒီဆိပ်ကမ်းနဲ့ ဒီတည်းခိုခန်းကို မသိတဲ့သူ မရှိ။
    တခုတော့ရှိတယ် မော်လိုက်က ကိစ္စဖြစ်တော့ တံတားဦးလေဆိပ်က ဆောက်တုန်း။

    ချုပ်ပြီးပြောချင်တာက တံတာဦးမှာ ဖြစ်တဲ့ကိစ္စမှာ လ၀ကတစ်ခုထည်း တာဝန်မကင်းတာ မဟုတ်ဘူး။
    အားလုံးပေါင်းပြီး အဝေမတည့်ကြတာ။ တာဝန် မယူရဲကြတာ။
    ခေတ်ပေါ် စကားလုံးကို သုံးရရင် မညီညွတ်ကြတာ။ မရှက်တတ်ကြတာ။
    ဘယ်လိုကိစ္စမျိုးကို ရှက်သင့်တယ်ဆိုတာ မသိကြတော့တာ။
    ၂၀၁၂ အနှုတ် ၁၉၆၂ ညီမျှခြင်း ၅၀ ဟာ အဖြေပဲဖြစ်မယ်။

  12. ထက်ကောင်း

    မြန်မာ ဥပဒေက ပြောင်းတိုင်းလဲ အောက်လူအတွက် စားကွက်ပါသမင်ချန်ပေးနေတာကိုး
    ဘယ်တော့မှ မအေးချမ်းနိုင်တော့ဘူး

  13. yamahta, 14 aug. 3:00 pm.
    မြို့နယ်အုပ်ချုပ်ရေးမှုးတို့ ခရိုင်အုပ်ချုပ်ရေးမှုး ဆိုတဲ့ ငတိတွေအားလုံးဟာ စစ်တပ်ကကောင်တွေချည်းပဲ။ ရေလာတဲ့ သေချာတဲ့အလုပ်ပဲ လုပ်တယ်။ အများတကာကို အနိုင်ကျင့်တဲ့ အလုပ်ပဲလုပ်တတ်ကြတယ်။ အပြစ်တင်မနေကြပါနဲ့တော့။ သူတို့အတွက်က ဘနဖူးတင်မကဘူး။ သိုက်တူးလို့ရမယ်ဆိုရင် မဟာမုနိဘုရားကြီးတောင် ဗိုက်ဖောက်ခဲ့ကြသေး တာပဲ။ သိတယ် မဟုတ်လား။

  14. လက်မခဲနိုင်ဖွယ်ခေတ်နောက်ကျမှုပါဘဲ၊ ပတ်ဝန်းကျင်နိုင်ငံတွေမှာ တည်းချင်တဲ့နေရာတည်းဘဲ၊ နိုင်ငံခြားသားတည်းဖို. လိုင်စင်လိုရတယ်လို.၊ ဖွတ်တိုင်းပြည်က ဘယ်တော့မှလွတ်ကြမှာပါလိမ့်………

  15.ေ-ာက်အသုံးမကျတဲ့ အုပ်ချုပ်ရေးမှူး

  16. မောင်မင်း

    ဥပဒေကို တိကျစွာလိုက်နာတာပါ။ လာဘ်စားလျှင်လည်း ဆော်ထည့်ဖို့ မမေ့နဲ့ဦး။