သတင်း

မောင်တော ဒုက္ခသည်များ နိုင်ငံတကာ ကူညီသူများကို ငြင်းပယ်

Hits:1
  | |
Print This Post

ရခိုင်ပြည်နယ် မောင်တောမြို့ အဝင်ဝ မုခ်ဦး (ဓာတ်ပုံ – နိရဉ္စရာ)

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ရခိုင်ဒုက္ခသည် စခန်းများက နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီ အထောက်အပံ့များ ကို ငြင်းပယ်လိုက်ကြောင်း သိရသည်။

“NGO က လာတော့ ဘာလုပ်ပေးမလဲလို့ မေးတော့၊ ဘာလုပ်ပေးရမလဲလို့ လာကြည့်တာတဲ့၊ ဒီတော့ မင်းတို့မှာ ဦးတည်ချက် ပျောက်နေတယ်၊ မင်းတို့ အကူအညီလည်း ကျုပ်တို့ မလိုအပ်ဘူးလို့ ပြန်ပြောလိုက်တယ်”ဟု အလိုတော်ပြည့် ကျောင်းတိုက်မှ  ဆရာတော် ဦးမဏိစာရ က မိန့်ကြားသည်။

မောင်တော အခြေစိုက် နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့(INGO) တချို့မှ တာဝန်ရှိသူများသည် ကူညီထောက်ပံ့ပေးရ မည့် အခြေအနေများကို လာရောက်မေးမြန်းရာ မလိုအပ်ဟုဆိုကာ ငြင်းပယ်လိုက်ကြောင်း ဆရာတော် က မိန့်သည်။

ဘူးသီးတောင်၊ မောင်တော ဒေသ၌ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ ဖြစ်သည့် UNHCR ၊ WFP ၊ Maltesar (မာတေဇာ) နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ကြက်ခြေနီ စသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့များရှိကြောင်း၊ ၎င်းတို့ အနက် မိမိနိုင်ငံသားများ ဦးစီးသည့် ကြက်ခြေနီ အဖွဲ့တခုသာ ဒေသခံ တိုင်းရင်းသားများ အပေါ် ခွဲခြား ဆက်ဆံမှု နည်းပါးကြောင်း ဒေသခံများ က ပြော ဆိုကြသည်။

ဘူးသီးတောင်မြို့၌ ဒုက္ခသည် စခန်း ၂၀ ခန့် ရှိခဲ့ပြီး ယခုမရှိတော့ကြောင်း၊ ဒုက္ခသည်စခန်းရှိစဉ်ကလည်း နိုင်ငံတကာ အဖွဲ့များ က လာရောက် ကူညီထောက်ပံ့မှုမရှိခဲ့ကြောင်း၊ ပြည်တွင်းမှ လူမှုရေးအဖွဲ့ တချို့နှင့် အလှူရှင်များ လာရောက် ကူညီခဲ့ကြောင်း၊ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ်(WFP) မှ ဆန်အိတ် အနည်းငယ်ကို နိုင်ငံတော်၏ အကူအညီ ဖြင့် လှူဒါန်းမှုရှိကြောင်း ဘူးသီးတောင် ဒေသခံ ဦးသန်းလှိုင် က ပြောသည်။

NGO အဖွဲ့များ အပေါ် ယုံကြည်မှု မရှိကြောင်း၊ လူသားချင်း စာနာထောက်ထားသည် ဟု ပြောဆိုနေကြသော်လည်း ဒေသခံ တိုင်းရင်းသား လူမျိုးများအပေါ် ခွဲခြားဆက်ဆံမှုများ ရှိကြောင်း ဆရာတော် ဦးမဏိစာရ က မိန့်ကြားသည်။

“မယုံကြည်လို့ လက်မခံဘူးလို့ ပြောရမှာပေါ့၊ ဒေသခံတိုင်းရင်းသားတွေကို နည်းနည်းလေး ကူညီပေးပြီးတော့ ဒီဒေသတွေ ကို
ပြန်ဝင်ဖို့ ကြိုးစားနေတယ်လို့ မြင်တယ်”ဟု ဆက်လက် မိန့်ကြားသည်။

နိုင်ငံတကာ NGO များ၏ ထောက်ပံ့မှုများအား လက်မခံလိုခြင်းသည် ဆရာတော်၊ သံဃာတော်များ၏ ဆန္ဒ တခုတည်း မဟုတ် ကြောင်း၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ ၏ ဆန္ဒအရလည်း ဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများ အနေဖြင့် မိမိနိုင်ငံမှ တိုင်း ရင်းသား ပြည်သူများကိုသာ ယုံကြည် အားကိုးကြောင်း ဗဟိုကျောင်းတိုက်မှ သံဃာတော် တပါးကလည်း မိန့်သည်။

ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မောင်တော၊ စစ်တွေဒေသတို့၌ ဒုက္ခသည် စခန်း ၆၀ ၀န်းကျင်ကျန်ရှိနေပြီး ဒုက္ခသည် ဦးရေ ၅ သောင်းဝန်းကျင် ရှိနေသေးကြောင်း ဒုက္ခသည် အရေးဆောင်ရွက်နေသူများ က ပြောသည်။ ထို ပဋိက္ခများ ကြောင့် လူ ၈၀ ၀န်းကျင် သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၃၀၀၀ ကျော် မီးလောင်ပျက်စီး ခဲ့သည်။

ရခိုင်ဒေသတွင်း ပဋိပက္ခကြောင့် ဒုက္ခရောက်နေကြသည့် ဒုက္ခသည်များ အတွက် ရေရှည်နေထိုင်ရန် အမိုးအကာများနှင့်အစား အသောက်များ၊ အ၀တ်အထည်၊ စောင်၊ ခြင်ထောင် စသည်တို့ လိုအပ်မည် ဟု ကုလသမဂ္ဂက ပြောဆိုထားသည့်တိုင် WPF မှ လှူဒါန်းသည့် ဆန်အိတ် တချို့သာရသေးကြောင်း သိရသည်။

ဒုက္ခသည်များ ရေရှည်နေထိုင်စားသောက်နိုင်ရေး အတွက် ရခိုင်ပြည်နယ်အစိုးရ အပါအ၀င် ဒေသခံ အာဏာပိုင်များ၊ အဖွဲ့အ စည်းများ နှင့် ကုလသမဂ္ဂ တာဝန်ရှိသူများက ဆွေးနွေးထားကြောင်း ရခိုင်ဒေသ ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
မြန်မာမွတ်စလင် အိုလမာ အဖွဲ့ချုပ်ကမူ ၎င်းတို့အနေဖြင့် မည်သည့်အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များ၊ လှူဒါန်း မှုများကိုဖြစ်စေ လက်ခံမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များအတွက် စားသောက်ကုန်နှင့်အ၀တ်အထည်များ လိုအပ်နေကြောင်း ပြော ဆိုသည်။

“ကျနော်တို့ အစ္စလမ်ဘာသာဝင်တွေလည်းပဲ WFP က လှူတဲ့ ဆန်လောက်ပဲ ရပါတယ်၊ ဒုက္ခသည်တွေက လိုအပ်တာတွေများ တော့ ကျနော်တို့ကလည်းပဲ အလှူခံတာတွေ လုပ်နေဆဲပါ”ဟု အိုလမာ အဖွဲ့ချုပ်မှ ဦးရဲနောင်သိမ်း က ပြောသည်။

WFP က ရခိုင်ဒေသ ဒုက္ခသည် ၁၀၀၀၀ ခန့်အတွက် အစားအသောက် အကူအညီများ ပေးထားကြောင်း ထုတ်ပြန်ထားသည်။

မောင်တော၊ စစ်တွေဒေသများ၌ ယခင်နှစ်များကပင် အခြေစိုက်၍ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် မာတေဇာ (NGO) အဖွဲ့ အား အထက်ပါ ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းရန် ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

ရခိုင်ဒေသတွင်း ပဋိပက္ခများ ကြောင့် ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့များ ၌ ည မထွက်ရ အမိန့်ထုတ်ပြန်ထားကာ ရခိုင်ပြည်နယ်ကိုလည်း အရေးပေါ် အခြေအနေတရပ် အဖြစ် နိုင်ငံတော် သမ္မတ က ကြေ ညာ ထားသည်။

မောင်တော၊ ဘူးသီးတောင် မြို့နယ်တို့၌ စာသင်ကျောင်းများ ပိတ်ထားကာ၊ စစ်တွေမြို့၌လည်း ကျောင်းတချို့ပိတ် ထားဆဲ ဖြစ် ကြောင်း သိရသည်။

နောက်ဆုံးရ ရုပ်/သံများ

10 Responses

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. ကိုအောင်

    ဒုက္ခသည် ခြင်းအတူတူ ဘာလို.ခွဲခြားရတာလဲ။မောင်းတော က NGO ဆိုတာဒီလိုလား???

  2. ရခိုင်ဘက်တော်သား

    မှန်ကန်သောဆုံးဖြတ်ချက်မို့လေးစားစွာဖြင့်ထောက်ခံပါသည်။

  3. UN ဆိုတာ ဒီခေတ်ကြီးမှာ ဘာမှ မဟုတ်သလိုဖြစ်နေတာကိုတွေ့လာရတယ်။ ရတဲ့ အလှူငွေတွေကို သူတို့ဝန်ထမ်းတွေ အတွက် ဝန်ဆောင်မှုတွေမှာဘဲ ကုန်သွားတာပါ။ ဒုက္ခသည်ဆိုတဲ့ လူတွေကတော့ UN ဝန်ထမ်းတွေ ဝန်ဆောင်မှု စရိတ်တွေ အဆင်အောင် တစာခံတွေပါဘဲဗျာ။

    • မှန်ပါတယ်… ကိုငြိမ်းချမ်းပြောတာ ကိုလုံးဝထောက်ခံပါတယ်… UN ဟာ Reliable မဖြစ်တော့ပါဘူး… သူတပါးဒုက္ခတွေပေါ်မှာ မှီခိုပီး လုပ်စားနေတဲ့အဖွဲအစည်း ဖြစ် မှန်းမသိ ဖြစ်နေပါပြီ… ရှင်းရှင်းပြောရရင် မြန်မာပြည်အတွက် UN ဟာ အသုံးမ၀င်တဲ့ မလိုအပ်တဲ့အဖွဲအစည်းပါ.. ဘာမှလည်း ထိထိရောက်ရောက်မကူညီနိုင်ပါဘူး.. “စိုးရိမ်တယ်” ဆိုတဲ့ စိတ်ရင်းမပါဘဲ လျှာဖျားကပြောတဲ့စကားဟာ လူ့ အသက်တွေကို မကယ်တင်နိုင်ပါဘူး.. ငတ်နေတဲ့ လူတွေကိုလည်း ၀လင်မလာစေပါဘူး.. စိတ်ရင်းအတိုင်း ပြောရရင်တော့ ကျွန်တော်တို့နိုင်ငံကို UN ရဲ့လုပ်စားနေတဲ့ နိုင်ငံ စာရင်းထဲ ကအမြန်ဆုံးထုတ်ပီးတော့ ကိုယ်ဖျာကိုယ်လိပ်ပီး ပြည်တော်ပြန်ကြ တာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်…

  4. Saw David Ye Myint

    I’m interesting news of recent situation in Arakan State.When I read above new I’m Cheerful and respectfully to Sayadaw Ahshin Manisara and all of patriot Arakannese brothers and sisters in there, They could mentioned their brave blood to the world.I’m totally support and agree with them.
    Some UNHCR and international NGOs staffs was most concerned and care with Bengali.We should ask to UNHCR and NGOs intention and definition for human being.

    So I propose to Arakanese should to send Complaint letter and Signature Campaign to -

    Daw Aung San Suu Kyi
    US President
    EU Commission
    UN Head Quarter New York
    UNHCR Head Quarter Swiss Land
    UN General Secretary Who named Ban Ki Moon
    Yours
    Saw David Ye Myint

    My Opinion for anger to near future.

    To all of our ethnicity in Burma. Recently we faced terrible event in our Rakhine state in Myanmar.There are still happening in some places.We have to United and protect our
    land, culture and National.If we neglect or careless to Terrorist they will continuously destroy our Mothers,Daughters and Sisters in Nationwide.First Time Terrorist was raped and murdered
    to inocent Rakhine lady Ah-mi-chay Thida Htwe.If we could not save or protect in time that will be again for Lon-ma Thida Htwe,Nan Thida Htwe,Naw Thida Htwe,Mai Thida Htwe,
    Jain-phaw Thida Htwe and Mi Thida Htwe so on so ….

    When Rakhine State have wild fire we have to extinguish and stop it.If we could not stop it that wild fire will come to all of us place by place and then burnt to our land.
    Let’s watch-out and take care each other for ever.

    By
    Saw David Ye Myint

  5. NGO is a good agency which mission is to help the miseries but sometime It ‘s coded by under cover agent as CIA,MuslimAgent who include deeply to interfere in diplomacy and policy.so you consider it is good or not.

  6. အဲဒီဆရာတော်မှန်တယ် ..NGOဆိုပြီး ရခိုင်ဒေသကိုဝင်ပြီး စွတ်ဖက်ဖို့ကြိုးစားတာ လက်ခံစရာအကြောင်းမရှိဘူး ….သေချာတာတခုက NGO တွေဟာ ကူညီတာဘန်းပြပြီး သူတို့လုပ်ချင်တာလုပ်သွားနိုင်တယ်…ရခိုင်းအရေးလုပ်နေသူခေါင်းဆောင်တွေသတိထားပါ..ကျနော် နိုင်ငံရေးသမား ဘာသာရေးသမား စစ်တပ်က မဟုတ်ဘူး ..သေချာတာက ကိုယ့်နယ်မြေကိုယ်ဘဲပိုင်တယ်။

  7. ခွဲခြားမှာပေါ့ အဲဒီ NGO တွေက အာရပ်ကမ္ဘာက အကူအညီ ယူထားရှိမှာပေါ့။

  8. နိုင်ငံတကာမှာN.G.Oထဲဘာသာရေးအစွန်းရောက်တွေဝင်ေ၇ာက်နေရာယူပြီး
    အကြမ်းဖက်မှုကိုတွင်ကျယ်အောင်ခိုအောင်းနေခြင်းကြောင့်
    N.G.Oနာမည်ပျက်ပြီပဲ။နိုင်ငံတကာအကူညီပေးရေးအဖွဲ့ထဲဝင်နေခြင်းကသူတို့
    ရဲကလုပ်ဆောင်ချက်တွေကိုလူမသိအောင်ပေါ့။N.G.Oအဖွဲ့သားများကိုသေချာစီစစ်
    ပြီးပြောင်းလဲသင့်ပြီ။တချို့သောသူတွေကကိုယ်ကျိုးအတွက်ဝင်ပြီးအသုံးချနေကြတာ
    ရင်းနီးမြှုပ်နှံမှုကနောက်ကွယ်မှာအယ်ကိုင်ဒါးတွေပါလာမယ်ဆိုရင်
    ၇င်လေးစရာပါပဲ…
    ဆရာတော်ရဲ့ဆုံးဖြတ်ချက်လည်းမှန်ကန်ပါတယ်။
    ဘယ်အဖွဲ့အစည်းမဆိုရိုးသားမှုကိုအခြေမခံရင်ေ၇ရှည်မခံပါဘူး။
    ရခိုင်ဒေသကိုဘယ်လိုဒုက္ခသည်မှလက်မခံရင်ပိုကောင်းမယ်။
    ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးရေးတောင်အမျိုးမျိုးကွဲပြားခြားနားနေတာ
    ဘယ်လိုမှမနီးစပ်တဲ့ဘင်္ဂလားလူမျိုးတွေကိုလက်မခံကြပါနဲ့။
    တပူပေါ်နှစ်ပူဆင့်နဲ့..ဒီမိုကေ၇စီလမ်းကြောင်းကိုအထစ်အငေါ့
    အဖြစ်မခံနိုင်ဘူး။နိုင်ငံတကာဒုက္ခသည်စခန်းသာပို့လိုက်တော့
    လူသားချင်းစာနာချင်ပေမဲ့ကိုယ်မနိုင်တဲ့ဝန်မထမ်းတာအကောင်းဆုံးပဲ။
    နိုင်ငံတကာထောက်ပံ့ကြေးလည်းမမက်မောနဲ့။
    ရုပ်ရှင်သရုပ်ဆောင်နေတိုးလိုတနိုင်ငံလုံးလူသိရှင်ကြား
    အလှူငွေကောက်ပြီးကူညီပေးတာတကယ့်ကိုအားရစရာပါ။
    အလှူငွေကိုမတ၇ားဘက်လို့လည်းမရတော့ဘူး။
    ဘာလို့လဲလူထုသိအောင်ကောက်တဲ့အလှူမို့..
    ထိေ၇ာက်မှုရှိလိုက်တာ…ကိုယ်တိုင်ရာရောက်သါားရောက်လှူတန်း
    နိုင်တယ်။

  9. shameless
    no rice talk so much
    how much have you ever donate to un
    action and reaction