ဆောင်းပါး

ဦးအောင်သောင်းနှင့် သားများ အနာဂတ် ဘာဖြစ်လာမလဲ

Hits:1
  | |
Print This Post

ယခင် စစ်အစိုးရလက်ထက်၌ စက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးကြီး ဟောင်း ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်သောင်းသည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခြင်း မရှိတော့ဟု ယခု ရက်သတ္တပတ်အတွင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

တရုတ်နိုင်ငံ ရွှေလီမြို့၌ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ် ဦးအောင်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားတို့ ဆွေးနွေးချက်များ အပြန်အလှန် ဖလှယ်နေစဉ် (ဓာတ်ပုံ - KIO)

ထိုဖြစ်ရပ်သည် အကျင့်ပျက်ခြစားမှုအရှိဆုံး ထိပ်တန်းအရာရှိတဦးဟု သတ်မှတ်ခံထားရသူ၏ ဘ၀အလှည့်အပြောင်း တခုပင်ဖြစ် သည်။

ဦးအောင်သောင်းသည် ကျန်းမာရေး အခြေအနေအရ သမ္မတ ဦးသိန်းစိန် ဦးဆောင်မည့် ငြိမ်းချမ်းရေး အဖွဲ့အသစ်တွင် ပါဝင်နိုင်ခြင်း မရှိတော့ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိတဦးအား ကိုးကား၍ AFP သတင်း တွင် ဖော်ပြထားသည်။ ဦးအောင်သောင်း၏ ယခု သတင်းသည် မကြာသေးခင်က ထွက်ပေါ်လာသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦးလည်း ကျန်းမာရေးကြောင့် ရာထူးမှ အနားယူသွားသည်ဟူသော သတင်းနှင့် အလားတူ ဖြစ်နေသည်။

KIO နှင့် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် နေရာမှ ဦးအောင် သောင်း အား ဖယ်ရှားလိုက်ခြင်း အတွက် မေးခွန်းများစွာ ရှိလာသည်။

ထိုမေးခွန်းများအနက် ဦးအောင်သောင်းအနေနှင့် အစိုးရအပေါ် လွှမ်းမိုးမှု မည်မျှ ရှိနေသေးသည်နှင့် ယခင်စစ်အစိုးရ အကြီးအကဲ ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ လက်အောက်ငယ်သားများကို လာမည့် အစိုးရသစ်တွင် ထိပ်တန်းသြဇာရှိသောနေရာမှ နောက်ထပ် ဖယ်ရှားသွားဦးမလား ဆိုသည့် မေးခွန်းများရှိနေသည်။ ငြိမ်းချမ်းရေးအဖွဲ့အတွင်း အပြောင်းအလဲများ လုပ်လိုက်ခြင်း သည် အစိုးရ နှင့် KIO အကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးဆီသို့ ဦးတည်သွားခြင်း ရှိမရှိသည်လည်း မရေရာပေ။

KIO အပေါ် ထိုးစစ်ရပ်ရန် သမ္မတ ဦးသိန်းစိန်၏ အမိန့်ကို ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ကွပ်ကွဲမှု

အောက်တွင် ရှိသော မြန်မာ့ တပ်မတော်က လွန်ခဲ့သော ခြောက်လအတွင်း နှစ်ကြိမ်တိုင် ဆန့်ကျင်အံတုခဲ့သဖြင့် သမ္မတ ဦးသိန်း စိန် နှင့် သူ့ မဟာမိတ်များသည် စစ်တပ်အပေါ် ထိန်းချုပ်မှု မဆိုသလောက်ပင် ရှိသည်ဟု အခိုင်အမာ ပြသလိုက်ခြင်းလည်း ဖြစ် သည်။

ဦးအောင်သောင်းသည် သူ့သားများပိုင်သည့် စီးပွားရေးလုပ်ငန်းများအပါအ၀င် အကျင့်ပျက်ခြစားသော စီးပွားရေးလုပ်ငန်းများမှ တဆင့် အကျိုးအမြတ် တနင့်တပိုး ရထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် လူသိများသူဖြစ်သော်လည်း တွေ့ဆုံဆွေးနွေးရေး အတတ် ပညာပိုင်းတွင်တော့ လူသိနည်းလှသည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလ၌ ပြင်ပသို့ ပေါက်ကြားခဲ့သော အမေရိကန် သံတမန်ကြေးနန်း တခုတွင် ဦးအောင်သောင်း အား “နာမည်ဆိုးဖြင့် ကျော်ကြားသော ခေါင်းမာသူ”တဦး အဖြစ် ပုံဖော်ထားပြီး ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေနှင့် အလွန်နီးစပ် သော ရင်းနှီးမှုကိုပါ ဖော်ပြထားသည်။

လွန်ခဲ့သော ခြောက်လအတွင်း ဦးအောင်သောင်းသည် တရုတ်နိုင်ငံ ရွှေလီမြို့တွင် KIO နှင့် အစည်းအဝေးပေါင်းများစွာ ပြုလုပ် ခဲ့ သော်လည်း စစ်တပ်နှင့် KIOအကြား ၁၁ လကြာ ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်နိုင်သော သဘောတူညီချက် တစုံ တရာ မရခဲ့ပေ။

ဦးအောင်သောင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့သည် အင်အား သေးငယ်သော အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တို့နှင့် သဘောတူညီချက်များ အောင်မြင်စွာ ရရှိခဲ့သော်လည်း KIO နှင့် သဘောတူညီချက် ရအောင်မယူနိုင်၍ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် ယှဉ်ကြည့်ပါက သိသိသာသာကြီး ကွဲပြားနေသည်။

ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့သည် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့ သည့် ဇန်န၀ါရီလ မှစ၍ ဒါဇင်ဝက်ထက် မနည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် များစွာ ရခဲ့ပြီး ဖြစ်သည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)နှင့် သဘောတူညီချက်ရပြီးသည်နှင့် တဆက်တည်း ချင်းအမျိုးသား တပ်ဦး(CNF)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP) စသည့် အဖွဲ့များနှင့်ပါ ဆက်တိုက်ဆိုသလို သဘောတူညီချက်များ ရယူနိုင် ခဲ့သည်။

KNU နှင့် ယာယီသဘောတူညီချက်တခု ဦးအောင်မင်း ရယူနိုင်ခဲ့ခြင်းသည် ကမ္ဘာပေါ်တွင်သက်တမ်းအရှည်ဆုံး ပဋိပက္ခများ အနက် တခုအား ခေတ္တ ရပ်နားလိုက်နိုင်သဖြင့် နိုင်ငံတကာ၏ အာရုံစိုက်မှု၊ အနောက် နိုင်ငံများ ၏ ချီးကျူး ထောမနာပြုမှုကို ရရှိခဲ့သည်။

မကြားသေးမီက ဦးအောင်မင်းသည် ဆွစ်ဇာလန် နှင့် နော်ဝေးနိုင်ငံများသို့ သွားရောက်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ရပ်စဲနိုင် သည့် နည်းလမ်းများ ဆွေးနွေးနေချိန်တွင် ဦးအောင်သောင်းနှင့် အဖွဲ့ကိုတော့ အနောက်နိုင်ငံ အစိုးရများက သိသိသာသာ အရေး မလုပ် လျစ်လျူရှု ထားလိုက်ကြသည်။

ဦးအောင်သောင်း၊ ဦးအောင်မင်း နှင့် ဦးသိန်းစိန်တို့ သုံးဦးစလုံးသည် နာမည်ဆိုးနှင့်ကျော်ကြားသော နိုင်ငံတော် အေးချမ်း သာ ယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ) စစ်အစိုးရအဖွဲ့တွင် ထိပ်တန်းအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြသော် လည်း ဂုဏ်သိက္ခာ ပြန်အဖတ်ဆယ်ရေး လုပ်ငန်းတွင်တော့ ဦးအောင်သောင်း အတွက် ပိုခက်ခဲ ခဲ့သည်။

ကနဦးတွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)ဟု ခေါ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်း ထားသည့် လက်ရှိအာဏာရ ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သော ဦးအောင်သောင်းအား ဒီပဲယင်း လူသတ်ပွဲတွင် အဓိက ကြိုးကိုင်ခဲ့သူအဖြစ် အတိုက်အခံအင်အားစုများက သတ်မှတ်ထားသည်။

မြန်မာပြည် အထက်ပိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် တုတ်များကိုင်ဆောင် ထားသော ကြံ့ဖွံ့ကေဒါများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို အကြမ်းဖက်တိုက်ခိုက်သော လူသတ်ပွဲ ဖြစ်သည်။

အသေအချာပြင်ဆင်ထားသော ၎င်းတိုက်ခိုက်မှုကြောင့် NLD အဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသက်မသေဘဲ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ယင်း ဖြစ်ရပ်သည် မြန်မာနိုင်ငံ သမိုင်း၌ အမည်း စက် ထင်ခဲ့ရသည်။

ဦးအောင်သောင်း အပါအ၀င် ဒီပဲယင်းတိုက်ခိုက်မှုကို စီစဉ်ခဲ့ကြသူများသည် တရားရင်ဆိုင်ရခြင်း မရှိသော်လည်း ဦးအောင်သောင်း သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံတကာ ဧည့်သည် အနည်းငယ်နှင့်သာ တွေ့ခွင့်ရသည့်အခြေအနေတွင် ရှိ နေခဲ့သည်။

တချိန်တည်းတွင် ၀န်ကြီးဦးအောင်မင်း လူတကာ၏ နှုတ်ဖျားတွင် ရေပန်းစားနေသည်။ နော်ဝေအစိုးရသည် ကရင်ပြည် နယ် နှင့် တခြားမြန်မာနိုင်ငံအရှေ့ဖက်ခြမ်းဒေသများတွင် ၀န်ကြီးဦးအောင်မင်း ဦးဆောင်မည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် နောက်ဆက်တွဲ ငါးနှစ်စာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေါ်လာသန်းပေါင်းများစွာ ကူညီမည်ဟု သတင်းများထွက်နေသည်။

ဦးအောင်မင်း နှင့် ဦးအောင်သောင်းအကြား အားပြိုင်မှုနှင့်ပတ်သက်ပြီး ထွက်ပေါ်လာသော အစီရင်ခံချက်များအပြင် ယင်းသို့ အားပြိုင်မှုများသည် မြန်မာပြည်ကို အုပ်စိုးနေသည့် လူနည်းစုတစုအတွင်း မည်မျှအထိ တင်းမာနေသည်ဆိုခြင်းကို သိရန်ခက်ခဲကြောင်း၊ ဦးအောင်သောင်းကို ရာထူးမှ ဖယ်ရှားသည်အထိ တင်းမာမှုများ ဖြစ်ပွားခြင်း ဟုတ်၊ မဟုတ်ကိုလည်း မသိရှိရန် မလွယ်ကူကြောင်း သတင်းများက ဆိုကြသည်။

စင်ကာပူ စထရိတ်တိုင်းမ် သတင်းထောက် Nirmal Ghosh က“ဦးအောင်သောင်းသည် ဦးအောင်မင်းအား တိုင်းရင်းသား အဖွဲ့များနှင့် သဘောတူညီချက် အများအပြားယူနေခြင်းနှင့် ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုများရှိနေသည်”ဟု မေလ ၃ ရက်နေ့က ရေးသား ခဲ့သည်။

KIO နှင့် အစိုးရအကြား ၁၇ နှစ်တာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် အဆုံးသတ်ခင် တင်းမာမှုများသည် ခေါင်းမာသော ဦးအောင်သောင်းကြောင့် ပိုပြင်းထန်ခဲ့ရသည်ဟုလည်း ယူဆနေကြသည်။

၂၀၁၀ ပြည့်နှစ် အစောပိုင်း တွေ့ဆုံဆွေးနွေးမှုများတွင် ဦးအောင်သောင်း နှင့် ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဇော်တို့က KIO အား ထိုနှစ် ဇူလိုင်လထက် နောက်မကျဘဲ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် ရာဇသံ ပေးခဲ့သည်။ နယ်ခြားစောင့် တပ် ကို ငြင်းပယ်ခဲ့သဖြင့် နှစ် ၅၀ ကျော်ရပ်တည်လာခဲ့သော KIO ကို အကြမ်းဖက်သောင်းကျန်းသူ အုပ်စုတခုအဖြစ် အစိုးရမီဒီယာများက ရေးသားခြင်း ခံခဲ့ရသည်။ စစ်တပ်မှ ပါလီမန်အတွင်းသို့ ကူးပြောင်းသွားခဲ့သည့် ဦးသိန်းဇော်သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးအဖွဲ့တွင် လတ်တလော ဒုတိယ အဆင့် တာဝန်ယူထားသည်။

သားများကို သန်းကြွယ်သူဌေး ဖြစ်လာရန် ဦးအောင်သောင်း ဘယ်လို ကူညီခဲ့သလဲ

ဦးအောင်သောင်းသည် စက်မှု (၁) ၀န်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ နအဖ ၏ တရားဝင် အာဏာသက်တမ်းကုန်သည့် အချိန်အထိ ၁၄ နှစ်ကြာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် ဦးအောင်သောင်း၏ သားများအပါအ၀င် စစ်ခေါင်း ဆောင်ပိုင်းနှင့် နီးစပ်သော စီးပွားရေးသမားတစု၏ လက်ဝါးကြီးအုပ် အသုံးချခံဘ၀ ဆိုက်ရောက်ခဲ့ရသည်။

ဘီလီယံနာ သူဌေးကြီး ဦးတေဇ ကဲ့သို့ စီးပွားမဖြစ်သော်လည်း ဦးအောင်သောင်း၏ သားနှစ်ဦးဖြစ်သူ ဦးပြည်အောင် နှင့် ဦးနေ အောင် တို့သည် ဦးသန်းရွှေ စစ်အစိုးရတွင် ပါဝင်သော ဖခင်၏ အရှိန်အ၀ါကို အသုံးချ၍ သန်းကြွယ်သူဌေးများ ဖြစ်သွားခဲ့ကြသည်။

ဦးပြည်အောင် နှင့် ဦးနေအောင် တို့ နှစ်ဦးပိုင်သော စီးပွားရေးလုပ်ငန်းများတွင် သစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ် အားလိုင်း သွယ်တန်းမှုဆိုင်ရာ ပစ္စည်း၊ ဘဏ် လုပ်ငန်း၊ ဟိုတယ် နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သည်။

ထိုညီအစ်ကိုနှစ်ဦးပိုင် စီးပွားရေး အင်ပါယာကြီးသည် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ချိတ်ဆက်ထားသော လုပ်ငန်းကြီးတခုဖြစ် သည်။ အဓိကအားဖြင့် IGE Co Ltd သည် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများ အုပ်စု နှင့် IGE Pte Ltd. ၏ အောက်တွင် ရှိသည်။ ကုမ္ပဏီ လက်ကမ်းစာစောင်အရ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတွင်း လုပ်ငန်းများ လုပ်ကိုင်သော UNOG Pte Ltd (UNOG Co Ltd နှင့် United National Oil & Gas ဟုလည်း ခေါ်သည်။) သည် IGE ကုမ္ပဏီ အုပ်စုအောက်တွင် ရှိပြီး ကျွန်းသစ်စီးပွားရေး လုပ်သော MRT Co. Ltd သည်လည်း IGE အောက်တွင် ရှိသည်။

၂၀၀၈ ခုနှစ် သံတမန်ကြေးနန်းတခုတွင် United International ကျွန်းသစ် ကုမ္ပဏီပိုင်ရှင် ဦးဝင်အောင်က အမေရိကန် သံတမန် တဦးအား“IGE သည် မြန်မာနိုင်ငံ ကျွန်းသစ်လုပ်ငန်းတွင် ဒုတိယအကြီးဆုံးကုမ္ပဏီ တခုဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ၀င်ငွေရှိသည်”ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

IGE စီးပွားရေး အုပ်စုတွင် အခြေခံဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်သည့် FCGC ကုမ္ပဏီ နှင့် လောလောလတ်လတ် နိုင်ငံတကာ အစည်းအဝေး များစွာကျင်းပခဲ့သည့် နေပြည်တော်ရှိ အမရာ ဟိုတယ် တို့လည်း ပါဝင်သည်ဟု ကုမ္ပဏီ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။ ဦးအောင်သောင်း မိသားစုသည် ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ယူနိုက်တက် အမရာ ဘဏ် ကို လည်း ပိုင်ဆိုင်သည်။

နအဖ စစ်အစိုးရ အာဏာလွှဲပြောင်းခါနီးတွင် အစိုးရပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင် အဖြစ် ထုတ်ရောင်းချရာတွင် IGE သည် ရန်ကုန်မြို့တွင် ယခင်က အစိုးရပိုင် အဆင့်မြင့် ဟိုတယ် ၃ ခုဖြစ်သော စထရင်း ဟိုတယ်၊ ဒူးဆစ် အင်းလျားလိတ် နှင့် သမတ ဟိုတယ်များတွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအထိ ၀ယ်ယူရရှိခဲ့သည်။ အောင်ရဲဖြိုးကုမ္ပဏီဟု အမည်ရသော စိုက်ပျိုးရေး ထုတ် ကုန်များ ရောင်းချသော ကုမ္ပဏီသည်လည်း ဦးအောင်သောင်းမိသားစုပိုင်ပင်ဖြစ်သည်။

၂၀၀၈ ခုနှစ်အတွင်း ပြင်ပသို့ ပေါက်ကြားခဲ့သော အမေရိကန်သံတမန် ကြေးနန်းတခုတွင် IGE ကုမ္ပဏီကို ၁၉၉၄ ခုနှစ်၌ တည်ထောင် ပြီး ၂၀၀၁ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည်ဟု သိရသည်။ UNOGအား မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံ နှစ်နိုင်ငံစလုံးတွင် မှတ်ပုံတင်ထားပြီး ၂၀၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

“ဦးနေအောင်၏ အရင်းနှီးဆုံးသူငယ်ချင်း ဦးဝင်းကြိုင်သည် IGE ကုမ္ပဏီ နှင့် UNOG ကုမ္ပဏီတို့၏  မန်နေဂျင်းဒါရိုက်တာဖြစ် သည်”ဟု ၂၀၀၈ ခုနှစ် ကြေးနန်းတခုတွင် ရေးသားထားသည်။ မြန်မာအစိုးရပိုင် သတင်းမီဒီယာတွင် မကြားသေမီက ဖော်ပြ ခဲ့သော သတင်းများအရ ဦးဝင်းကြိုင်သည် လာမည့်လေးနှစ်ကြာသည်အထိ IGE ၏ မန်းနေဂျင်းဒါရိုက်တာအဖြစ် ဆက်လက် တာဝန်ယူနေမည်ဖြစ်ပြီး သူ့သူငယ်ချင်း ဦးနေအောင်ကတော့ IGE နှင့် UNOG တို့တွင် ကုမ္ပဏီ ဥက္ကဌအဖြစ် ဆက်လက် တာဝန်ယူနေမည်ဟု ဖော်ပြထားသည်။ ယခုနှစ် ဇန်န၀ါရီလအတွင်းက ထုတ်ဝေသော အစိုးရ မြန်မာ့အလင်း သတင်းစာတွင် သဇင်အောင်ဟူသော အမျိုးသမီးတဦးအား UNOG ၏ မန်နေဂျင်းဒါရိုက်တာအဖြစ် ဖော်ပြထားသည်။

အပြင်သို့ ထွက်လာသည့် အမေရိကန်သံတမန် လျှို့ဝှက်ကြေးနန်းများတွင် ဦးအောင်သောင်း၏ သားနှစ်ဦးစလုံးကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် အလွန်နီးစပ်သူများဟု ဖော်ပြထားပြီး ဦးသန်းရွှေကလည်း ၎င်းတို့ကို မိသားစုသဖွယ် သဘောထား သည်ဟု ဖော်ပြထားသည်။ ထိုညီအစ်ကိုနှစ်ဦးသည်“မိသားစု အဆက်အသွယ်၊ စစ်အစိုးရနှင့် အနေနီးစပ်ခြင်း တို့ကိုအသုံးချပြီး အလွန်ချမ်းသာ သွားကြသည်”ဟုလည်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦး၏ ပြောစကားကို ကိုးကားပြီး ကြေးနန်းတွင် ရေးသားထားသည်။

ဦးပြည်အောင်သည် နအဖ စစ်ကောင်စီတွင် နှစ်ပေါင်းများစွာကြာ ဒုတိယ သြဇာအကြီးဆုံးဖြစ်သူ ဒု ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးမောင်အေး ၏ သမီးဖြစ်သူ ဒေါ်နန္ဒာအေး၏ ခင်ပွန်းလည်းဖြစ်သည်။ ၂၀၀၉  ခုနှစ် ဇွန်လအတွင်း ဖော်ပြထားသော အမေရိကန် သံတမန် ကြေးနန်းတစောင်တွင် ဦးမောင်အေးသည် မျိုးမျိုးမြတ်မြတ်ရနိုင်သော စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်များ ချပေးရာတွင် ဦးတေဇ ထက် သူ့သားမက်ကို ပိုဦးစားပေးသည်ဟု ရေးသားထားသည်။

ကြည်း၊ ရေ၊ လေ ကွပ်ကဲညှိနှိုင်းရေးမှူး နှင့် ဗိုလ်ချုပ်ကြီး ဟောင်း ဦးရွှေမန်း နှင့် ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးတို့နှစ်ဦး သည် လုပ်ငန်းအသစ်များ၊ လိုင်စင်အသစ်များ ချပေးရာတွင် ၎င်းတို့အတွက်ပါ ဝေစားမျှစားလုပ်သော ဦးနေအောင်၊ Max Myanmar ကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော် နှင့် ဦးရွှေမန်း၏သား ဦးအောင်သက်မန်းတို့ကို ပိုဦးစားပေးသည်ဟု အမေရိကန် သံတမန် များကို ပြန်လည်ဖောက်သည်ချခဲ့သော ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦးကို ကိုးကား၍ ၂၀၀၉ ခုနှစ် လျှို့ဝှက်ကြေးနန်း တခုတွင်လည်း ရေးသားထားသည်။

၂၀၀၈ ခုနှစ် ကြေးနန်းတစောင်တွင်တော့ IGE သည် နေပြည်တော်တည်ဆောက်ရေးအတွက် တာဝန်ယူသော ကုမ္ပဏီ ၈ခုအနက် တခုဖြစ်သည်ဟု ရေးသားထားသည်။ မြို့တော်သစ်အတွင်း အစိုးရဌာန အဆောက်အအုံပေါင်း များစွာ တည်ဆောက်ပေးရသည့်အပြင် ဘန်ဂလိုပေါင်း ၃၀ ပါဝင်သော ကြယ်လေးပွင့်အဆင့်ရှိ IGE ဟိုတယ် Hotel Amara ကိုပါ တည်ဆောက်ခဲ့သည်။ တခြား ဆောက်လုပ်ရေး ကုမ္ပဏီများကဲ့သို့ပင် မြန်မာအစိုးရသည် IGE အား ၀န်ဆောင်မှုအတွက် အခကြေးငွေမပေးဘဲ ကားတင်ပို့ခွင့် လိုင် စင် ၁၅ ခုချပေးခဲ့သည်။ လိုင်စင်တခုသည် အမေရိကန်ဒေါ်လာ နှစ်သိန်း တန်သည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အစောပိုင်းတွင် IGE သည် အစိုးရ၏ ကုန်သွယ်ရေး မူဝါဒကောင်စီ (TPC) ထံမှ ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်း တည်ဆောက်ရေးအတွက် အသုံးပြုရန် ပိုက်လိုင်းများ တင်သွင်းခွင့်ရထားသည်ဟု မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး သတင်း အရင်းအမြစ်များက ဧရာဝတီသို့ မနှစ်က ပြောကြားခဲ့သည်။

ရွှေဂက်စ်ပိုက်လိုင်းသည် ရခိုင်ကမ်းရိုးတန်းမှ လောင်စာများကို မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သယ်ယူပေးမည့် အစီအစဉ်ဖြစ်သည်။ ဒေါ်လာဘီလီယံနှင့် ချီ၍ တန်ဖိုးရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးစလုံး ပါဝင်သည့် အဆိုပါ စီမံကိန်းအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် တရုတ်နိုင်ငံ အမျိုးသား ရေနံကုမ္ပဏီ(CNPC) တို့ တွဲဖက်လုပ်ကိုင်မည် ဖြစ်သည်။

ပိုက်လိုင်း လမ်းကြောင်းသည် KIO ထိန်းချုပ်သော ရှမ်းပြည်မြောက်ပိုင်းနယ်မြေ တချို့ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး အဆိုပါဒေသ သည် ကချင်စစ်တပ်နှင့် အစိုးရ စစ်တပ်အကြား တိုက်ပွဲများပြင်းပြင်းထန်ထန် ဆက်ဖြစ်နေသော ဒေသလည်း ဖြစ်သည်။

KIO နှင့် ဦးအောင်သောင်းတို့ အကြား ဆွေးနွေးပွဲများတွင် ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းအတွင်း IGE ပတ်သက်နေမှုနှင့် သက်ဆိုင်သော ဆွေးနွေးပွဲ ခေါင်းစဉ်တခု ပါဝင်ခြင်း ရှိမရှိကိုတော့ မသိနိုင်ပေ။

IGE နှင့် UNOG သည် မြန်မာနိုင်ငံ၏ ရေနံစီးပွားရေးလုပ်ငန်းတွင် အဓိက အရေးပါသူများ မဟုတ်သည့်တိုင် အကယ်၍ UNOG က ပူးတွဲပိုင်ဆိုင်သည့် ပိုက်လိုင်းများ အသက်ဝင်ပြီဆိုပါက ပိုက်လိုင်းများမှတဆင့် စီးဆင်းသွားမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် အကျိုးအမြတ် မြိုးမြိုးမြက်မြက် ရရှိမည့် အခြေအနေ ဦးအောင်သောင်း မိသားစု အင်ပါယာကြီးတွင် ရှိနေသည်။

၂၀၁၂ ခုနှစ် ဧပြီလတွင် UNOG နှင့် မလေးရှားအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ၏ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးလက်ခွဲ ဖြစ်သော Petronas Carigali ကုမ္ပဏီများသည် RSF 2 နှင့် RSF 3ကုန်းတွင်းပိုင်း လုပ်ကွက်များ ရရှိထားသည်။ ထို့အပြင် Petrnoas Carigali နှင့် UNOG သည် အလားတူ လုပ်ပိုင်ခွင့်မျိုးဖြစ်သည့် မုတ္တမပင်လင်ကွေ့၊ MD-4 ၊ MD-5 နှင့် MD-6ကမ်းလွန်လုပ်ကွက် များလည်း ရရှိထားသည်။ UNOG သည် နောက်ထပ် နိုင်ငံခြားကုမ္ပဏီတခုနှင့် တွဲဖက်၍ M-1 ကမ်းလွန်လုပ်ကွက်တခုလည်း ပူးတွဲရရှိထားသည်။

ဦးအောင်သောင်း သားများကို ဒဏ်ခတ်ပိတ်ဆို့မှု လျစ်လျူရှု သည့် နော်ဝေ ကုမ္ပဏီ

၂၀၁၁ ခုနှစ် မေလနှင့် ဇွန်လများတွင် Seadrill ဟူသော နော်ဝေကုမ္ပဏီတခုသည် ဦးအောင်သောင်း၏ သားများပိုင် M-1 ကမ်းလွန် လုပ်ကွက်ကို စမ်းသပ် လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ ဦးအောင်သောင်း၏ သားများကို ဥရောပ သမဂ္ဂ(EU)က ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားကြောင်း သိသော်လည်း Seadrill က လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

နော်ဝေးနိုင်သည် EU အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို တရားဝင် အသိအမှတ်ပြုထားသော နိုင်ငံတခု ဖြစ်သည်။ ထိုစည်းမျဉ်းသည် ပြီးခဲ့သည့်လအထိ သက်ရောက်မှု ရှိခဲ့သည်။

ဦးအောင်သောင်းနှင့် သူ့သားများသည် အမည်ပျက်စာရင်းဝင် ဖြစ်သော်လည်း Seadrill က ၎င်းတို့နှင့် တွဲဖက်လုပ်ကိုင်နေရခြင်း အပေါ် စိုးရိမ်မှု တစုံတရာရှိပုံ မရခဲ့ပေ။

၂၀၁၁ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် ရွှေပြည်တန် အမှတ် ၁ဟုခေါ်သော M-1  လုပ်ကွက် စမ်းသပ်မှု စတင်ခြင်းအထိမ်းအမှတ်အဖြစ် Seadrill ၏ West Juno စမ်းသပ်စင်တွင် ကျင်းပေသော အခမ်းအနားသို့ Seadrill ၀န်ထမ်းများတက်ရောက်ခဲ့သည်ဟု မြန်မာ့ အလင်း သတင်းစာက ဖော်ပြရေးသားခဲ့သည်။ M1 လုပ်ကွက်သည် အလွန်ရှားပါးလာနေပြီဖြစ်သော ဧရာဝတီလင်းပိုင်များ ကျက် စားရာ ဂေဟတည်ရှိမှုအရ အလွန်ပျက်စီးလွယ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိနေသည်ဟူသော အချက်ကိုတော့ နိုင်ငံပိုင် သတင်းမီဒီယာများက ဖော်ပြရန် ပျက်ကွက်ခဲ့သည်။

၂၀၀၇ ခုနှစ် မတ်လတွင် UNOG Pte Ltd သည် ဗြိတိန်နိုင်ငံပိုင် ဗာဂျင်ကျွန်း (Virgin Islands) တွင် မှတ်ပုံတင်ထားပြီး MOGE နှင့် လက်တွဲထုတ်လုပ်ရေး သဘောတူညီချက် ရယူထားသော Rimbunan Petrogas ကုမ္ပဏီ(RH Petrogas ဟုလည်း လူသိများသည်) နှင့်လည်း သဘောတူညီချက်ရယူခဲ့သည်။

မြန်မာနိုင်ငံ၏ မှတ်တမ်းများအရ “MOGE နှင့် ကုမ္ပဏီ နှစ်ခုသည် မုတ္တမကမ်းလွန်ပင်လယ်ပြင်တွင်ရှိသော M-1 လုပ်ကွက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ စမ်းသပ်ခွင့် နှင့် တူးဖော်ထုတ်လုပ်ခွင့် ရရှိမည်ဟု ဆိုသည်။ ၂၀၀၇ ခုနှစ်တွင် လက်မှတ်ထိုး ထား သော သဘောတူညီချက်အရ UNOG နှင့် ၎င်း၏ ဖက်စပ်ကုမ္ပဏီများကို M-1 လုပ်ကွက်တွင် နှစ်ပေါင်း ၃၀ကြာ လုပ်ခွင့်ပေးထား သည်” ဟု ပြင်ပသို့ ပေါက်ကြားခဲ့သော အမေရိကန် သံတမန် ကြေးနန်းများတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် သြဂုတ်လတွင် MOGE က ထွက်ပေါ်လာသော အစီရင်ခံစာတွင် UNOG အား ၎င်း၏ ဖက်စပ်ကုမ္ပဏီဖြစ်သော Rimbunan Petrogas နှင့်တွဲဖက်၍ M-1 ကမ်းလွန်လုပ်ကွက်၏ ပူးတွဲ ပိုင်ရှင်အဖြစ် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၏ US Securities and Exchange Commission (SEC) သို့တင်သွင်းသော Seadrill ၏ စည်းမျဉ်းပိုင်းဆိုင်ရာ တင်ပြချက်များအရ  မလေးရှားနို်င်ငံပိုင် ကုမ္ပဏီ နှင့် UNOG အကြား စီးပွားရေးလုပ်ငန်းတွင် Rimbunan Petrogas သည် အဓိက အကောင်အထည်ဖော်သူဖြစ်သောကြောင့် စည်းမျဉ်းအရကြည့်ပါက အမည်ပျက်စာရင်းအသွင်းခံထားရသော ဦးအောင်သောင်း၏ သားများနှင့် စီးပွားရေး အတူလုပ်ပိုင်ခွင့် ကန့်သတ်ချက်တွင် ဥပေဒကြောင်းအရ အကျုံးမ၀င်ဟု ရေးသားထားသည်။

၂၀၁၁ ခုနှစ် သြဂုတ်လရက်စွဲနှင့် ရေးသားခဲ့သော Seadrill ၏ 6 K တင်ပြချက်တွင် ၂၀၁၁ ခုနှစ် မေလ ၁၁ ရက်နေ့မှ စ၍ West Juno လုပ်ကွက် စင်အား Rimbunan Petrogas အား တလ ကန်ထရိုက်အတွက် တနေရာလျှင် အမေရိကန်ဒေါ်လာ ၁၂၄၅၀၀ နှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း ဖော်ပြထားသည်။ ထိုနှုန်းသည် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီ ထံမှ Seadrill ငှားရမ်းခဲ့သည့် နှုန်းထက် အနည်းငယ်ပိုသက်သာသည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ လေးလစာ စမ်းသပ်တူးဖော်ခြင်း ကန်ထရိုက်အတွက် Seadrill က PTTEPအား တနေ့လျှင် ဒေါ်လာ၁၂၉၅၀၀ နှုန်းဖြင့် ငှားရမ်းအသုံးပြုခဲ့သည်။ Rambunan Petrogas ကုမ္ပဏီ၏ ကျော်ထောက် နောက်ခံ မလေးရှား သစ်နှင့် မီဒီယာလုပ်ငန်း၏ ဂုဏ်သိက္ခာသည်လည်း UNOG နောက်ကွယ်မှ မိသားစု ဂုဏ်သိက္ခာနှင့် ပို၍ ထူးခြားခြင်း မရှိပေ။ ဗြိတိန်နိုင်ငံပိုင် ဗာဂျင်ကျွန်းတွင် မှတ်ပုံတင်ထားပြီး Rimbuanan Petrogas ကုမ္ပဏီသည် Tiong Hiew King ပိုင် Rambunan Hijau Group ၏ တစိတ်တပိုင်းဖြစ်သည်။

တရုတ်တိုင်းရင်းသား ဘီလီယံနာ Tiong Hiew King သည် မလေးရှားနှင့် ပါပူဝါနယူးဂီနိ တွင် သူ့ကုမ္ပဏီ၏ စည်းမဲ့ကမ်းမဲ့ သစ် ထုတ်လုပ်ခြင်း လုပ်ငန်းများကြောင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်အဖွဲ့များ၏ ထပ်ခါတလဲလဲ စုံစမ်းစစ်ဆေးမှုခံနေရသည်။ ထိုနေရာနှစ်ခုစလုံးတွင် Tiong Hiew King သည် သူ၏ စီးပွားရေးလုပ်ငန်းအကျိုးစီးပွားအတွက် လက်ဝါးကြီးအုပ်ချယ်လှယ်နိုင် သော ဒေသခံမီဒီယာ ကို အသုံးချထားသည်။ မီဒီယာလုပ်ငန်းရှင်ကြီး ရူးပတ်မာဒေါ့ လုပ်ဟန်မျိုးဟု သူ့ကို ဝေဖန်ကြသည်။

Greenpeace သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အသက် ၇၅ နှစ်အရွယ် Tiong Hiew King အား အရှေ့တောင် အာရှ ရှိ မုတ်သုံသစ်တောကြီးများ ပျက်စီးရာတွင် တာဝန်ရှိသော“ကမ္ဘာတလွှား သစ်လုပ်ငန်း အင်ပါယာ”ကြီးကို ဦးစီးဆောင်ရွက်နေသူ တဦးအဖြစ် ဖော်ပြလေ့ရှိသည်။

ဦးအောင်သောင်း သားများ အခွင့်ထူးရ ကမ်းလွန် လုပ်ကွက် စည်းမျဉ်းများ

၂၀၀၉  ခုနှင် ဇွန်လ ၅ရက်နေ့ ရက်စွဲဖြင့် ရေးသားထားသော အမေရိကန်အစိုးရ၏ ကြေးနန်းတခု၌၂၀၀၈ ခုနှစ် နှောင်းပိုင်းတွင် မလေးရှားနိုင်ငံမှ ဖက်စပ်လုပ်ငန်းကုမ္ပဏီဖြစ်သော Rimbunan Petrogas က A5 ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ ထွက် သွားသည့်တိုင် အမြတ်အစွန်းကောင်းကောင်းရနိုင်သည့် A5 လုပ်ကွက်ကို IGE က မည်သို့ ဆက်လက်ထိန်းထားနိုင်သည်ကို ဖော်ပြ ထားသည်။

အဆိုပါ ကြေးနန်းများတွင် MOGE က ချမှတ်ထားသော စည်းမျဉ်းများအရ Rinmbunan Petrogas သည် စမ်းသပ်တူးဖော်ရေး လုပ်ကွက်မှ ထွက်သွားပါက MOGE သည် နောက်ထပ် လုပ်ငန်းရှင်အသစ်ရှာဖွေရမည်ဟု ပါရှိသည်။ သို့သော် တဦးတည်း ဆက် လက် ချုပ်ကိုင်ထားပြီး ၂၀၀၉  ခုနှစ်အစောပိုင်းတွင်မှ အိန္ဒိယနိုင်ငံ Reliance Industries ကုမ္ပဏီ နှင့် တူးဖော်မှုလုပ်ငန်း လုပ် ဆောင် ရန် သဘောတူညီချက်ရယူခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဧပြီလတွင် ထိုလုပ်ကွက်အား Korean-Myanmar Development  Co Ltd နှင့် Brilliant Oil Corporation Pte. ကုမ္ပဏီတို့က လွှဲပြောင်းယူခဲ့သည်။

Brilliant Oil Corporation Pte. ကုမ္ပဏီ ဆိုသည်မှာ စစ်အစိုးရ လက်ဝေခံ စီးပွားရေးသမား ဦးတေဇ ၏ ဟန်ပြ ပုဂ္ဂိုလ်တဦးဖြစ်သူ Silver Wave Energy အရာရှိချုပ် ဦးမင်းမင်းအောင်က ထိန်းချုပ်ထားသော စင်ကာပူ ကုမ္ပဏီတခုဖြစ်သည်ဟု အမေရိကန်အစိုးရ ကြေးနန်းများက ဆိုသည်။

သစ် နိုင်ငံခြား တင်ပို့မှု အရှုပ်တော်ပုံတွင် IGE ပါဝင်ပတ်သက်မှု

အစိုးရပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) သည် အစိုးရနှင့် အလွမ်းသင့်သော ကုမ္ပဏီများသို့ “မဖြတ်ရသေးသော သစ်လုံးများကို ဈေးကွက်ပေါက်ဈေးထက် နိမ့်သော ဈေးဖြင့် ရောင်းချပေးနေသဖြင့် IGE ကုမ္ပဏီသည် ဗြောင်ကျကျချိုးဖောက်သော အကျင့်ပျက်ခြ စားမှုစနစ်အောက်တွင် အမြတ်အစွန်းများရနေသည်” ဟု၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ထွက်ပေါ်လာသော အမေရိကန်အစိုးရ သံတမန်ကြေးနန်းတွင် ဖော်ထုတ်ရေးသားထားသည်။

နောက်ထပ် အမေရိကန်ကြေးနန်းတခုတွင်လည်း ဦးတေဇ ၏ ထူးကုမ္ပဏီ၊ ဦးဝင်းအောင်၏ ဒဂုန် သစ်ကုမ္ပဏီ၊ ဦးတင်ဝင်း၏ တင်ဝင်းထွန်း ကုမ္ပဏီတို့ အပါအ၀င် တခြားသော လက်ဝေခံစီးပွားရေးကုမ္ပဏီများနှင့်တူ IGE သည် ၎င်းတို့အဆက်အသွယ်များကို အသုံးချ၍ အရည်အသွေးအကောင်းဆုံး သစ်များကို အရယူနေကြ သကဲ့သို့ တခါတရံတွင် မြန်မာ့သစ်လုပ်ငန်း ကိုယ်စား ၎င်းတို့ကို်ယ်တိုင် ၀င်ရောက်၍ သစ်ခုတ်ယူမှုများပင် လုပ်တတ်သည်ဟု ဖော်ပြထားသည်။

IGE နှင့် အခြားသောကုမ္ပဏီများသည် နိုင်ငံခြားသို့ သစ်အားလုံးကို မြန်မာ့သစ်လုပ်ငန်းအမည်ဖြင့် ပို့ဆောင်နေပြီး သစ်ရောင်းချရ သည့် အကျိုးအမြတ်အားလုံးကို စီးပွားရေးကုမ္ပဏီများကပင် ရယူသည်ဟု အဆိုပါ ကြေးနန်းတွင် ရေးသားထားသည်။တခြားစက်မှုလုပ်ငန်းများတွင် လုပ်ကိုင်သော ကုမ္ပဏီများကဲ့သို့ပင် ၎င်းကုမ္ပဏီများသည် မြန်မာ့သစ်လုပ်ငန်းအမည်နှင့် သစ်လုံးများကို နိုင်ငံခြား သို့ တင်ပို့ရောင်းချသော်လည်း မြန်မာ့သစ်လုပ်ငန်းက တပြားတချပ်မှ ရယူခြင်းမရှိပေ ဟုလည်း ကြေးနန်းတွင် ပါရှိသည်။

၂၀၀၉ ခုနှစ် ဇွန်လတွင် ထွက်ပေါ်လာသော နောက်ထပ်ကြေးနန်းတစောင်အရ သစ်တောဝန်ကြီးဌာနမှ အကြီးတန်း ၀န်ထမ်း ဟောင်း တဦး က အမေရိကန်သံရုံးဝန်ထမ်းတဦးအား ပြောကြားရာတွင် အစိုးရအနေနှင့် ထူးကုမ္ပဏီ နှင့် IGEတို့အား သစ်တောပြန် လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းများလုပ်ရန် လုပ်ပိုင်ခွင့်များ ချပေးထားသော်လည်း ထိုကုမ္ပဏီနှစ်ခုစလုံးက စိုက်ခင်းများသာ စိုက် နေကြသည် ဟု ဆိုသည်။

“သစ်တော ပြန်လည်ပြုစုပျိုးထောင်ရေးကို မြှင့်တင်ဆောင်ရွက်ရမည့်အစား အဆိုပါကုမ္ပဏီများ(ထူး နှင့် IGE) သည် ကျွန်းသစ်များ ပြန်လည်စိုက်ပျိုးနေကြသည်။ ကျွန်းသစ်စိုက်ပျိုးခြင်းသည် သစ်တောပြန်လည်ပြုစုပျိုးထောင်ခြင်းမဟုတ်ဟု ထိုအရာရှိက ငြင်းပယ် ထားသည်။ ၎င်းစိုက်ခင်းများ၏ ရည်မှန်းချက်သည် အနာဂတ်တွင် ကျွန်းသစ် နိုင်ငံခြားတင်ပို့ရောင်းချရေး အတွက်သာဖြစ်သည်ဟု သူက မှတ်ချက်ပေးထားသည်”ဟု အဆိုပါ သစ်တော အရာရှိဟောင်းကို ကိုးကား၍ ကြေးနန်းတွင် ရေးသားထားသည်။

What Does the Future Hold for Aung Thaung & Sons? By Seamus Martov ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

နောက်ဆုံးရ ရုပ်/သံများ

38 Responses

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. all are they own in our country and they all are the rich man .

  2. ပြည်သူပိုင်ကိုပြည်သူတွေအတွက်ပြန်ရအောင်ကျိုးစားပေးကြဖို.တိုက်တွန်းပါတယ်။

  3. တိုင်းပြည်ရဲ့သဘာဝသယံဇာတများကိုခိုးယူကြတဲ့
    သူခိုးကြီးတွေအကြောင်းဖတ်ရတာစိတ်မကောင်းပါ
    ဘူး၊ဒီအကျင့်ဆိုးများကိုမြန်မာပြည်သူများအနေနင့်
    တွန်းလှန်ရမည်။

  4. I can:t continue to read , let:s follow to LIBYA .

  5. He’s the real hell of our country. There are many other men and their families taking many benefits from us and the country we belong! U Win Aung, UMFCCI si the hell too, why is he involved in the President’s New Advising Committee & Hold the post of Chairman of UMFCCI? This is irrepective way on public, President..Be meticulous about that, Mr. President!!

  6. Wipe out those corrupted people, President! Wipe out U Win Aung! Your government is needed to have dignity, now is so funny., people at your government, you need to reorganise!!

  7. နက်နက်နဲနဲ သတင်း အချက်အလက်များ သိရလို့
    များစွာကျေးဖူးတင်တယ်။

  8. စီးပွားရေးတခုတည်းတွင်မဟုတ်ပါရေတပ်မှပြည်အောင်သည်ကြည်းတပ်မှတပတ်စဉ်တည်းသူငယ်ချင်းများထက်ပင်ဒုဗိုလ်မှုးကြီးစောဖြစ်သည်

  9.ုkyaw Thaung

    ဒါက ဧရာဝတီသတင်းဌာန ကသိထားတာလောက်ပဲရှိတယ်။နှစ်ပေါင်းငါးဆယ်
    ကျော်အတွင်း စစ်အာဏာရှင်တွေ ကိုယ်ကျိုးဘယ်
    လောက်ရှာခဲ့ကြသလဲ။ စစ်ယူနီဖေါင်းနဲ့ ဗိုလ်မြင်ရင်
    ထိုင်ကန်တော့ချင်တတ်ကြတဲ့ ကျွန်စိတ်တွေကို
    ဖျောက်ဖို့လိုပြီလို့ မြန်မာလူမျိုးတွေကို ကျနော်ပြောချင်တယ်။

  10. စိန်မြင့်

    မင်းတို့ဘဲ့ လုပ်ကြ မျိုကြ ဆို့ကြ သေရင်ဘာမှမပါဘူး
    ဒါပေမဲ့ ပြည်သူတွေ မီးရအောင် စီစဉ်ပေးပါ။

  11. Wipe out those people., Aung Thaung! Take out Win Aung too, President! They are the people who take benefits from public and the country we belong, not the country only his eg, Aung Thaung or Win Aung Father owns! Be meticulous President, you have to cleanse out people from your government structure with thorough management!! Keep the belongings of Corrupted Governors and Business men like Tay Za, Zaw Zaw!

  12. WHAT WILL HAPPEN AUNG THAUNG AND SONS IN THE FUTURE?
    NOTHING, THEY WILL BE RICHER. This is the ugly truth.

  13. All are thief but the different thing is little thief and big thief that is.

  14. This is good article.

  15. ဒီမိုကရေစီလမ်းကိုအမှန်တကန်လျှောက်လှမ်းမည့်
    အစီအစဉ်ရှိမယ်ဆိုရင်အနှစ်၂၀အတွင်းပြင်ဆင်ထား
    သင့်တာကိုမပြင်ဆင်ကြပဲခုမှစလုပ်တာချက်ချင်း
    မအောင်မြင်နိုင်ဘူးလို့မသုံးနှုံးလိုက်ပါနဲ့.
    ချက်ချင်းမအောင်မြင်နိုင်တာအစကတည်းကသိသင့်ပါတယ်တိုင်းပြည်မှာအထက်ဖေါ်ပြတဲ့အကြောင်းတရားတွေက
    ဘယ်လိုတိုင်းပြည်တိုးတက်နိုင်မလဲ
    ကိုယ့်အတွက်ကိုယ်လုပ်နေကြသောခေါင်းဆောင်ဆိုးကြောင့်
    ချွတ်ခြူံကျတာမဆန်းဘူး။ရင်နာပါတယ်။
    ဒီမိုကေ၇စီအတွက်ထိုသို့သောအတ္တသမားများကျဆုံးပါစေ
    သယံဇာတတွေကိုတိုင်းပြည်တိုးတက်ေ၇းအတွက်
    အသုံးချမယ်ဆိုရင်တောင်သဘာဝပျက်စီးမယ်။

  16. လူတွေကိုတုတ်နဲ့ရိုက်သတ်ဖို့စတင်အကြံဥာဏ်ပေး
    တာကသူဘဲပေါ့သူ့ယောက်ဖတစ်ယောက်ကိုတောင်
    အဲ့ဒီလိုဘဲသတ်ခဲ့တာဘဲဆိုဘဲ။ ဦးအောင်မင်းနှင့်သမ္မတကြီးကိုလေးစားပါတယ်ဆက်လက်ငြိမ်းချမ်းေ၇းယူနိုင်ကြပါစေ။

  17. ဒီလောက်ထိ ခိုင်လုံတဲ့ အထောက်အထားတွေ ၇ှိနေပြီဆိုတော့ ဦးအောင်သောင်းနဲ့ အပေါင်းပါ မိသားစု တွေကို ဘာလို့ တရားစွဲလို့မရနိုင်တာလဲ…ခုလောက်ထိအကျင့်ပျက်ခြစားလာဘ်စားမှုတွေကို ခုံရုံးတင်စစ်ဆေးပြီးပြစ်ဒဏ်ချလို့မရနိုင်ဘူးလား….

  18. country borrow many alouth ther are rich U Thein sein how we utside people cameback.

  19. ကိုအောင်အောင်

    အဖေတွေက သေနတ်အားကိုးနဲ. လူသတ်၊ တိုင်းပြည်အာဏာကို ဓါးပြတိုက် လုယူ။ သားတွေက တိုင်းပြည်ရဲ့ သယံဇာတတွေကို ခိုးယူ။ အခွင့်အရေးတွေကို အနုကြမ်းစီး။ သူခိုး ဓါးပြ လူသတ်သမားဆိုတဲ့ လူဆိုး လူယုတ်မာတွေဆိုတာ ရုပ်ရှင်ထဲက လူကြမ်းတွေတင် မဟုတ်ဘူး။ အပြင်မှာလဲ ရှိတာဘဲဆိုတာ အောင်သောင်းတို. ရွှေမန်းတို. မိသားစုတွေက မြင်အောင် ပြနေတာဘဲ။ သူခိုး ဓါးပြကို ငြိမ်ခံနေရင် ကိုယ့် ထမင်း၊ ကိုယ့်စည်းစိမ် ပြုတ်တာဘဲ ရှိမယ်။ ပြန်ချကြ။

  20. they goinh to 1134 (hell)

  21. come a round go a round ok

  22. အော် … လုပ်ရကိက်ကြတာ နော်..၊ တဘဝာ အျတွက် နိုင်ငံ နဲ့ ပြည်စွူေကဆင်းရလိ့

  23. nay aung is also publishing weekly newspaper,The trade news

  24.ိdrsoesoemar

    မျိုဆို့ပြီး နင်ပြီးသေနေဦးမယ်

  25. Not sure whether the news with KNU was mentioned publicly. According to my maid, at least 4 myanmar army groups involving more than 10k soldiers in each army were defeated and died in the battle. The first one is due to hunger because KNU hit one or two airplanes carrying food for soldiers. Every battle was recorded from Kachin satallite and transmitted among Kachin people. I am very sympathized with the family members of deceased myanmar army soliders and cursed the gov leaders who has no brain

  26. Many people,do not understand,that,Now,the Burma,is marching on the ways,drawn by Than Shwe.Every people thinks that is reforms of Democracy way,NO…100%Wrong.The way of Burma,running on is the way of Protecting Their Junta’s Families, all, of their Power, and Wealth ,Till now,who can dare to take action upon them ? Still they or their partners,are the only ones,who welcomes to the Foreign Investors,from all over the World.Please think it carefully, and consider deeply.

  27. They will be heavily protected by their own home made laws,their Constitution. Who can even touch them? Aung Thaung,that monsters,that Beast,is the worse of them all in every things.He gave all the bad advise which gives troubles to the people.He must be put on the International Tribune,at “The Hague”,when, Burma gets real Democracy.

  28. အန်ထွက်ခါနီးလာပြီ

  29. အင်း ဝေဘန်ကြတာလည်းစုံလို့ပါဘဲ နောက်ဆုံးလက်နက်ရှိတဲ့သူအာဏာရှိတာဘဲ စစ်အစိုးရကော တော်လှန်ရေးခေါ်နေတဲ့ လက်နက်ကိုင်တွေရော လက်နက်အာဏာ အားကိုးပီး လက်နက်မဲ့ လူ ဘုန်းကြီးပါမကျန် အနိုင်ကျင့်တာသဘာဝဘဲ အဲ့ဒီတော့ အာဏာလိုချင်ယင် လက်နက်ရှိအောင် ဒို့လိုလုပ်ကွာ နိုင်ယင် လက်နက်ရှိယင် ဒို့လိုခံစားရမှာပေါ့ …….

  30. They are ready to run to Singapore.
    Similarly MRTV4 and Sky Net is owned by former Information Ministers,
    Kyi Aung, Aye Kyaw and Kyaw San’s under table shares. Kyi Aung’s daughter is chief accountant of MRTV4.

  31. This is just part of U Ag Thoung involvement in the Burma economy, imagine the Industry (1) where he enjoyed for almost 2 decades. All projects were implemented according to his will and closely supervised by his trained PSOs who are promoted to CEO, MDs, DG of Ministry of Industry (1). Imagine how many projects and how much millions worth went into his pockets. Instead of enforcing the privatization principle contradictory he carried out the nationalization and tried to implement all the million dollars worth industrial projects such as Thar Paung Paper mill, Pyin Oo Lwin Pharmaceutical factory etc. It’s a pity for new Industry Minister cause nothing is left for him to survive.

  32. Righteous Ko Ko

    There are no place to hide for dictators and junta groups . Soon peoples property will come back to the people hands . Wait and see . How is the ending day of all dictators and their sons around the world ?

  33. အာဏာရှင်တွေအားလုံးအတူတူပဲ။တခြားသူတွေရဲ့ ခြစားမှု့

    လဲဖေါ် ပြပေးပါအုံး။အချိန်ကြရင်တရားရင်ဆိုင်ရမှာပါ။

    မကြာပါဘူး။မသန့်ရှင်းတဲ့ငွေတွေနဲ့သူတို့လဲကြောက်နေမှာ။

    ငွေပုံပေါ်ထိုင်ပြီးစိတ်မချမ်းသာပါဘူး။ကတွတ်ပီလိုကံမကောင်း

    တဲ့တနေ့ရောက်ရင်တော့။ ဟဲဟဲ။ အားလုံးစောင်ကြည့်ဟေ့။

  34.ု့khin zaw aung

    သာမန် ပြည်သူများ မသိနိုင်တဲ့ သတင်း အချက်အလက်များ သိရလို့
    အထူးကျေးဇူးတင်ပါတယ်။

  35. ၀င်းသူဇာ ဆိုတဲ့ နိုင်ငံပိုင် ဈေးဆိုင်လေး ကို အောင်မြင်အောင် မလုပ်နိုင်ပေမယ့် နိုင်ငံ တကာနဲ့  ပေါင်းပြီး ကိုယ်ပိုင်စီးပွားရေး ကို အကြီးအကျယ် လုပ်နေနိုင်ကြတာတွေ့ ရတော့ တညိုးကြီး ပဲနော်..

  36. ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အရေးမကြီးဘူး၊။ အမှားတွေဖြစ်ခဲ့တာကို နောင်ဒါမျိုးတွေမြန်မာနိုင်ငံမှာမဖြစ်ဖို့တော့လိုတယ်။ အတိတ်ကံကောင်းလို့ အဟောင်းစာကြတာပဲလေ၊ နောင်ဘ၀ဆိုတာရှိနေတာပဲ။ အရေးကြီးတာ လက်ရှိအခြေအနေကို ရည်ရှည် အတွက်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲ ဒါအဓိကပါ ဒါမှ မြန်မာနိုင်ငံရှေ့ရောက်လာမယ် အတိတ်ကိုကြည့် ဝေဖန်နေခြင်းရဲ့နောက်မှာ လုပ်ဆောင်ချက်တွေ လိုအပ်တယ်၊ အမှားပြင်စရာတွေရှိတယ်၊ အတုယူစရာတွေရှိတယ်။ ပြောင်းလဲခြင်းကိုလိုလားရင် စိတ်ထားတွေမြင့်မြတ်ဖို့၊ လုပ်ရဲကိုင်ရဲပြောရဲဆိုရဲဖို့လိုတယ်၊ မိမိတတ်နိုင်သလောက် ပါဝင်ဖို့ပေါ့ ခေါင်းဆောင်မှားရင် ပြင်အောင်လုပ်ရမယ်။ အဲဒိခေါင်းဆောင် အမှားကိုမပြင်ရင် နေရာကထခိုင်းရဲရမယ်။ လူမှာ လက်နှစ်ဖက်ခြေနှစ်ဖက်စီပါကြတာကြီးပဲ သူ့လက်ထဲမှာ ဘာလက်နက်ရှိသလဲ မတွေးနဲ့ အဲဒိလက်နက်နဲ့ ဘယ်နှစ်ချက်ပစ်နိုင်မှာလဲ ဘယ်နှစ်ယောက်ကျဆုံးပြီးနောက် သူကိုဖမ်းနိုင်မလဲ ပြည်သူဆိုတာ လူအများစုပါ ညီပြီးသတ်တိရှိဖို့နဲ့ ကိုယ်ဘက်ကမှန်နေဖို့ပဲလိုတယ်။ ဒုတ်ကိုင်မှုနဲ့ အုပ်ချုပ်ခဲ့တဲ့ စနစ်ဆိုးကို ယခုကျော်လွန်ခဲ့ပါပြီ ကျွန်တော်တို့တွေ အရှက်အကြောက်တရားကို နေရာမှန်ကောင်သုံးစွဲဖိုလိုအပ်ပါတယ်။ ကိုယ်နိုင်ငံ/ကိုယ်လူမျိုး တိုးတက်ဖို့ အမှန်ဖက်ကရပ်တည်ပြီး အပြုသဘောနဲ့ ရှေ့ဆက်လှမ်းကြရအောင်……….

  37.ှု I don’t know much about U Aung Thaung and his sons. However, according to the news of Internet, I don’t like them. They are the real destructive elements for our country, Myanmar. They should stop doing stupid things. They should also think about the people of Myanmar. If they continue to do their former styles, they will be punished by god. I’d like to tell U Aung Thaung and his sons that there is no time for stupid persons and you all are like the dogs which are blocking in a corner. So, try your best to apologize the people of our country. According to the teachings of Buddha, the people of Myanmar are not so rude and they will be very happy if you and your family will admit your mistakes. You are a rich man, however, you don’t have understanding on the people of Myanmar.