ရခိုင်အရေးသည် ပြုပြင်ပြောင်းလဲရေး အတွက် နိမိတ်ဆိုး | ဧရာဝတီ

ရခိုင်အရေးသည် ပြုပြင်ပြောင်းလဲရေး အတွက် နိမိတ်ဆိုး

Hits:8,973
  | |

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေးတပ်များ တိုးချဲ့ချထားသည်ကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း မရပ်ဘူးဆိုရင် မြန်မာပြည် တည်ငြိမ်ရေးကိုရော ဒေသတွင်း တည်ငြိမ်ရေးကိုပါ ပြင်းပြင်းထန်ထန် ဂယက်ရိုက်လိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုအနေ နဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ မမျှော်လင့်တာတွေနဲ့ ဆိုးဆိုးဝါးဝါး ကြုံရမှာမို့ ဒီအတိုင်း လက်ပိုက်ကြည့်မနေသင့်ပါဘူး။

ဒါပေမယ့် ပြည်တွင်းက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့ ယူဆနေသလိုမျိုး လက်ရှိပဋိပက္ခကို နိုင်ငံရေးအသိုင်းအဝိုင်းမှာ ရှိတဲ့ သဘောထား တင်းမာသူတွေက တကယ်တမ်း တွန်းပို့နေတယ်ဆိုရင်တော့ မကြာသေးခင်က နိုင်ငံရေးလမ်းစ ပွင့်လာတာတွေ နောက်ပြန်ဆုတ်သွားမယ့်အပေါ် ကျနော်တို့ မအံ့သြသင့်ပါဘူး။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ “လူတစုက အခြားလူတစုအပေါ် ကိုယ့်သဘောကိုယ်ဆောင် တိုက်ခိုက်နေမှုတွေ၊ ပစ်မှတ်ထား ခြိမ်းခြောက်နေမှုတွေနဲ့ အစွန်းရောက် ထုတ်ဖော်ပြောဆိုမှုတွေကို ရပ်တန်းက ရပ်ရပါလိမ့်မယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

“မြန်မာအစိုးရအနေနဲ့ရော၊ ဒီကိစ္စအပေါ် အလေးထားသူ အားလုံးအနေနဲ့ရော အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့နဲ့ လူစုကြီး နှစ်စုကြားက တင်းမာမှုတွေ ဒီ့ထက် ပိုမဆိုးသွားအောင် ထိန်းဖို့ အရမ်းအရေးကြီးပါတယ်” လို့လည်း  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ကြာသာပတေးနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းနေတဲ့အချိန်မှာ ပြောပါတယ်။

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်န်ကလည်း စိုးရိမ်မှုကို ထုတ်ဖော်ခဲ့ပါတယ်။ “အခြေအနေက ပိုဆိုးလာနေတဲ့အပြင် အခုဆိုရင် ရိုဟင်ဂျာတွေကို အမြစ်ကလှန်မယ့် အန္တရာယ်ရှိနေတယ်။ ဒီအနေအထားက ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူး” လို့ သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။

“ဒီပဋိပက္ခက အစ္စလာမ်ဘာသာနဲ့ ဆိုင်တဲ့ကိစ္စလို့ မဟုတ်ဘဲနဲ့ ပြောနေကြတယ်။ ဒါက နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကိစ္စဖြစ်တယ်။ ပြီးတော့ ဒီကိစ္စက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအပေါ် တိုက်ရိုက် ဂယက်ရိုက်မှုရှိတယ်” လို့လည်း  ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က အကြမ်းမှုကြောင့် အာဆီယံဒေသထဲ ပိုမိုကျယ်ပြန့်တဲ့ သေနင်္ဂဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေ ရှိသွားလိမ့်မယ်လို့လည်း သူက သတိပေးပါသေးတယ်။

သူသတိပေးတာ မှန်ပါတယ်။ ဒီဆူပူအုံကြွမှုတွေကြောင့် ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးကြမှာမို့ စိုးရိမ်ရတဲ့ လူသားချင်းဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေ အနာဂတ်မှာ ဖြစ်လာမှာပါ။

ဆူရင် ပစ်ဆူဝမ်န်က သြဂုတ်လမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဆီ စာတစောင် ပို့ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလမ်ဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တိုက်တွန်းထားတဲ့ စာပါ။

အာဆီယံ လက်ရှိဥက္ကဌ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟုံ (Hor Nam Hong) က နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေး ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေကို ထိန်းနိုင်တယ်ဆိုပြီး မြန်မာအစိုးရဘက်က အစည်းအဝေးတက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ အခုအချိန်မှာ လာမယ့် အာဆီယံအစည်းအဝေးမှာ ရခိုင်ပြည်နယ်ကိစ္စကို ဆွေးနွေးကြပါစေလို့ပဲ မျှော်လင့်ရပါတော့တယ်။

တကယ်ဖြစ်နေတာကို အစိုးရက ဘယ်လိုပဲ ငြင်းပယ်နေနေ သိသာတာကတော့ အောက်ခြေမှာ အခြေအနေတွေ ပိုဆိုးလာနေတာပါပဲ။ အဲ့ဒါကြောင့်လည်း အစိုးရက ရခိုင်ပြည်နယ်ထဲကို လုံခြုံရေးတပ်ဖွဲ့တွေ ထပ်ပြီး စေလွှတ်ခဲ့တာပါ။

အကြမ်းဖက်မှုတွေဖြစ်တဲ့အချိန်မှာ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြပြီး မြန်မာပြည်ရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေက အသိအမှတ်မပြုတဲ့  ရိုဟင်ဂျာ ၈ သိန်းလောက်ကိုချည်း သက်သက် မဟုတ်ဘူးလို့ သိရပါတယ်။

“ဒီကိစ္စက ရိုဟင်ဂျာတွေကိုချည်း အကြမ်းဖက်တဲ့ကိစ္စ မဟုတ်တော့ဘူး။ မွတ်ဆလင် ဆန့်ကျင်တဲ့ အကြမ်းဖက်မှု ဖြစ်သွားပြီ” လို့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ ရခိုင်စီမံကိန်းအဖွဲ့ (Arakan Project) ဒါရိုက်တာ ခရစ် လဲဝါး (Chris Lewa) က ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။ ကျောက်ဖြူမြို့မှာ အဓိက နေထိုင်တဲ့ ကမန် (Kaman) မွတ်ဆလင်တွေလည်း အကြမ်းဖက်မှုတွေနဲ့ ဝေးရာကို ထွက်ပြေးခဲ့ကြရတာကိုး။

ရခိုင်ပြည်နယ်ထဲမှာ ပြန်ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေဟာ အိုးအိမ်တွေကနေ စွန့်ပြေးရတဲ့ ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation – OIC) က မြန်မာပြည်မှာ ရုံးဖွင့်မယ့်ကိစ္စကို အစိုးရက ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာ ဖြစ်လာတာပါ။

သေချာတာကတော့ ဒီပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေ နှေးနေတာပါပဲ။ တချိန်တည်းမှာ လည်း ဒီကိစ္စအပေါ် ဘယ်လို ကိုင်တွယ်သွားမယ်ဆိုတာကို သမ္မတရုံးက ပြည်တွင်းမှာရော နိုင်ငံတကာမိသားစုကိုပါ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

OIC ရုံးဖွင့်မယ့်ကိစ္စကို အများအားဖြင့် သံဃာတော်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာပါ။ နောက်ဆုံး အကြမ်းဖက်မှုတွေ မတိုင်ခင်ကဆိုရင် OIC ဆန့်ကျင်တဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါသေးတယ်။

OIC ရဲ့ လုပ်ငန်းဆောင်တာတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် ရိုဟင်ဂျာတွေ အစွန်းရောက်တွေ ဖြစ်လာစေမယ့်အပြင် နိုင်ငံထဲမှာ အစ္စလာမ်ဘာသာပြန့်ပွားဖို့ပဲ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သံဃာတော်တွေနဲ့ သာမန် ဗုဒ္ဓဘာသာဝင် အတော်များများက ယုံကြည်ထားကြတာပါ။ ဒီလို စိုးရိမ်မှုမျိုးတွေရဲ့အားကို ပေါ့ပေါ့တန်တန် မစဉ်းစားသင့်ပါဘူး။

“အစိုးရအနေနဲ့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေအတွက် တာဝန်ယူသွားမယ်၊ ဒါပေမယ့် တိုင်းရင်းသား မဟုတ်တဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုဖို့တော့ လုံးဝ မဖြစ်နိုင်ပါဘူး” လို့ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူးတားရက်စ် (Antonio Guterres) ကို ဇူလိုင်လမှာ ပြောခဲ့ပါသေးတယ်။ သြဂုတ်လမှာတော့ ရိုဟင်ဂျာတွေ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာအောင် သူ့ အစိုးရက ကျောင်းတွေ ဖွင့်ပေးသွားမယ်လို့ ဦးသိန်းစိန်က ဗီအိုအေသတင်းဌာနကို ပြောပါတယ်။

ဝေဖန်သူတွေကတော့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ စတင်ဖြစ်လာချိန်ကစလို့ ဒုက္ခရောက်ရသူတွေရဲ့ ကံကြမ္မာနဲ့ အကြမ်းဖက်မှုကို တို့မီးရှို့မီးလုပ်သူတွေအပေါ် လုပ်ငန်းပိုင်းအရ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အခုထိ ဘာမှမရှိသေးဘူးလို့ ထောက်ပြကြပါတယ်။

အခြေအနေကို ဂဃနဏသိသူတွေကလည်း အစိုးရထဲမှာရှိတဲ့ သဘောထား တင်းမာသူဂိုဏ်းတဂိုဏ်းက ရခိုင်ပြည်နယ် ပဋိပက္ခရဲ့ နောက်ကွယ်မှာ ရှိနေတယ်၊ အခုလို လနဲ့ချီပြီး အကြမ်းဖက်မှုတွေ ဖြစ်နေတာလည်း သူတို့ ဆွပေးတာဖြစ်မယ်လို့ ထုတ်ဖော်ပြောဆိုကြပါသေးတယ်။

အဲဒီလိုသာ မှန်မယ်ဆိုရင်တော့ တိုင်းပြည် တကယ် ထိခိုက်နစ်နာစေရေးအတွက် လုပ်ဆောင်ရာမှာ သူတို့တွေ အောင်မြင်မှုရခဲ့တယ်လို့ ပြောရမှာပါ။

စိတ်ပျက်စရာ ကောင်းတာကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားထင်ရှားသူတွေ အပါအဝင် မြန်မာအတိုက်အခံ အင်အားစုက ဒီအခြေအနေအပေါ် ဝင်ရောက် စွက်ဖက်တာဖြစ်စေ၊ တည်ငြိမ်သွားအောင် လုပ်တာမျိုး ဖြစ်စေ မလုပ်ကြတာပါပဲ။ ဒီမိုကရေစီလှုပ်ရှားမှုကို ကိုယ်စားပြုတယ်ဆိုတဲ့ အဲ့ဒီလူတွေ ဘာမှထိထိရောက်ရောက် မလုပ်ကြတဲ့အပေါ် အထူးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းဝင် အတော်များများက စိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။

တဖက်မှာလည်း စိတ်ဝင်စားစရာကောင်းတာ ရှိပါသေးတယ်။ အဲ့ဒါကတော့ အကြမ်းဖက်မှု လှုံ့ဆော်သူတွေကို အရေး ယူမယ်လို့ အစိုးရအရာရှိတွေက ကတိထပ်ပေးတာပါပဲ။ အစိုးရအနေနဲ့ အဲ့ဒီအကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို တရားစွဲဖို့ ကြိုးစားနေတယ်လို့လည်း သမ္မတရုံး ပြောခွင့်ရသူက ဆိုပါသေးတယ်။

အဲ့ဒီလိုဆိုရင် အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေက ဘယ်မှာလဲ၊ သူတို့က ဘယ်သူတွေလဲ မေးစရာ ဖြစ်လာပါပြီ။

“အစိုးရအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့နဲ့ ပြည်သူလူထုအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာ အခုလိုမျိုး မတည်မငြိမ်ဖြစ်မှုက နိုင်ငံတော်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အပေါ် အမှန်တကယ် ထိခိုက်စေပါလိမ့်မယ်” လို့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကတော့ သတိပေး ပြောဆိုပါတယ်။

တကယ်တမ်း ပြောရမယ်ဆိုရင် ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး သီအိုရီ အမျိုးမျိုး ရှိကြတာပါ။ သီအိုရီတခုက ဘယ်လိုလဲ ဆိုရင် သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားနည်းသွားစေဖို့အတွက် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီထဲမှာရှိတဲ့ သဘောထားတင်းမာသူတွေက အကြမ်းဖက်မှုတွေဖြစ်လာအောင် တွန်းပို့ကြတာပါတဲ့။

ဒုတိယ သီအိုတွေကတော့ ဒီပဋိပက္ခဟာ တပ်မတော် အာဏာပြန်ရလာအောင် ရည်ရွယ်ပြီး လုပ်ခဲ့တာပါတဲ့။ အတိတ်မှာတုန်းကလည်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတချို့ စစ်အစိုးရက ဆောင်ရွက်ခဲ့ဖူးပြီး စစ်ဆင်ရေးတိုင်းမှာ မြန်မာပြည်သူတွေ စစ်တပ်နောက်ကနေ ရပ်ခဲ့ကြပါတယ်။

မြန်မာဘုရင်တွေဟာ ဗုဒ္ဓဘာသာကို ကာကွယ်ရာမှာ အမြဲတမ်း အဓိက အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူထုထောက်ခံမှုရဖို့အတွက် လက်ရှိ ဗိုလ်ချုပ်ကြီးတွေက မွတ်ဆလင် ဒါမှမဟုတ် ရိုဟင်ဂျာ ဖဲချပ်ကို အမြဲတမ်း ထုတ်ကစားလေ့ရှိတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်အရေးကို စဉ်းစားတဲ့နေရာမှာ တခြား အရေးကြီးသူတွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့ ရိုဟင်ဂျာတွေအပေါ် စာနာသူတွေပါပဲ။ အဲ့ဒီလူတွေထဲမှာ ကိစ္စရပ်တွေကို အောက်ခြေကစပြီး ပြောင်းချင်တဲ့ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်တွေနဲ့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ရိုးရိုးလေး အဖြူအမည်း ခွဲချင်တဲ့ ကန်ပိန်းအဖွဲ့တွေလည်း ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ဓမ္မဓိဌာန်ကျရပါလိမ့်မယ်။ ရခိုင်လူမျိုးတွေရဲ့ အသံကို နားထောင်ဖို့လို သလို ရိုဟင်ဂျာတွေရဲ့ အသံကိုလည်း နားထောင်ရပါလိမ့်မယ်။ ဒီလူစုကြီး နှစ်စုအနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူလက်တွဲနေနိုင်အောင် လေ့လာသင်ယူရပါလိမ့်မယ်။

မြန်မာပြည်ရဲ့ အနောက်ဖက်နယ်စပ်ဟာ ပြိုကျနေပြီလို့ သာမန် ရခိုင်တွေ၊ မြန်မာတွေနဲ့ တပ်မတော်သားတွေက ယူဆခဲ့တာ ကြာပြီမို့ လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက မွတ်ဆလင်တွေ အလုံးအရင်းနဲ့ မဝင်လာနိုင်အောင် သူတို့ရဲ့ အမိမြေကို သူတို့ အမြဲတမ်း ကာကွယ်ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား အတော်များများက ဆိုကြတာကိုး။

မြန်မာပြည်မှာ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အလိုရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ လူနည်းစုတွေကို အသိအမှတ်ပြုပြီး သူတို့တွေအားလုံး ကျနော်တို့ လူအဖွဲ့အစည်းမှာ တန်းတူမှုရှိရှိနဲ့ အပြည့်အဝပါဝင်လာရေးကို လိုလို လားလား လက်ခံရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေ အားလုံးဟာ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်မှာရော အခုအစိုးရလက်ထက်မှာပါ ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံခံကြရတာပါ။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ မြန်မာတွေ အတော်များများ ယူဆထား ကြတဲ့ ရိုဟင်ဂျာကိစ္စကို စဉ်းစားတဲ့နေရာမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်

မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိန်းဘာ့ဂ် (David Steinberg) က သူရဲ့ စာအုပ် “ဗမာ/မြန်မာပြည် – လူတိုင်းသိဖို့လိုသည်များ (Burma/Myanmar – What Everyone Needs to Know)” ထဲမှာ အခုလို ရေးခဲ့ဖူးပါ တယ်။ “မြန်မာပြည်ရဲ့ အန္တရာယ်အရှိဆုံး နယ်စပ်ဒေသက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ ဒေသလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယူဆပါတယ်” တဲ့။

အများထင်ခဲ့ကြသလို တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့ ဒေသမဟုတ်ပါဘူး။ သူက အဲ့ဒီလို ယူဆခဲ့တယ်ဆိုရင် သူ့နောက်က ထိပ်တန်း စစ်ခေါင်းဆောင်တွေ (ဦးသိန်းစိန်လည်း ပါကောင်းပါနိုင်) လည်း အဲဒီလိုယူဆခဲ့ကြမှာ အသေအချာပါပဲ။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိရှိ ဝမ်းနည်းစရာကောင်းတာကတော့ အခုအချိန်မှာ သာမန်မြန်မာပြည်သူ အတော်များများလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယူဆခဲ့တဲ့အတိုင်း လိုက်ယူဆနေကြတာပါပဲ။

 (Aung Zaw ၏ Fresh Arakan Strife Bad Omen for Reform ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)


47 Responses

Leave a Reply

  1. မောင်ကြီး

    ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိရှိ ဝမ်းနည်းစရာကောင်းတာကတော့ အခုအချိန်မှာ သာမန်မြန်မာပြည်သူ အတော်များများလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယူဆခဲ့တဲ့အတိုင်း လိုက်ယူဆနေကြတာပါပဲ။

    “မဟုတ်ဘူးကိုအောင်ဇော်။ ၀မ်းသားစ၇ာကောင်းတာ။”

    • မောင်ကျော်

      မှန်တယ်။ ထောက်ခံတယ်။

    • သူ့ဟာသူ ပဲကြီးဟင်း အသောက်များတာ ဘာဆိုင်လို့ဒီဘက် ကို မစင်လာစွန့်သလဲ မစင်လာပုံသလဲ အခုခောတ် လုပ်စားရတာ လုစားနေရတာ ကြလို့ အဲဒါ မသိပဲ အားတိုင်းမွေး နေတယ်။

  2. ကိုအောင်ဇော်ရဲ့ဆောင်းပါးကိုမြန်မာတနိုင်ငံလုံးကပြည်သူတွေဖတ်မိပါစေလို့စုတောင်းပါတယ်။ရခိုင်ပြည်ကပြည်သူတွေပိုပြီးနားလယ်ပါစေ၊စဉ်းစားနိုင်ကြပါစေလို့စုမွန်ကောင်းတောင်းလိုက်ပါတယ်၊တနိုင်ငံလုးံအေးချမ်းပါစေ။

  3. သို့……ကိုအောင်ဇော်…ဒီဆောင်းပါလေးကိုကြည့်ရင်အပေါ်ယံသဘောကတော့ဟုတ်သလိုလိုပါဘဲ။ဒါပေမဲ့မြန်မာတ္ဗေရဲ့ရင်ထဲကနှစ်ပေါင်းများစ္ဗာခံစားခဲ့ရတဲ့ခံစ်းချက်ကိုလည်းထည့်စဉ်းစားဖို့လိုသလို ကိုယ်တနိုင်ငံလုံးအတိုင်းအတာနဲ့လည်းထည့်တ္ဗက်ဖို့လိုပါတယ်။မြန်မာလူမျိုးတ္ဗေရဲ့ရင်ထဲကိုနာကျင်သ္ဗားစေခဲ့တဲ့ဇာတ်လမ်းရဲ့အစကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်။ဒီလူမျိုးတ္ဗေဟာမြန်မာလူမျိုးတ္ဗေကိုမထီမဲ့မြင်ပြုနေတာလည်းကြာပြီ တဖြည်းဖြည်းနဲ့လည်းအတင့်ရဲလာတယ် ပြီးတော့ လူမျိုးရေးဝါးမျိုမူ့နဲ့ စီမံကိန်းရှိရှိနဲ့လုပ်ဆောင်နေတဲ့ဘာသာရေးသ္ဗပ်သ္ဗင်းမူ့တ္ဗေဟာ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတ္ဗက်ဘယ်လောက်အန္တရာယ်ရှိလည်းဆိုတာလည်းထည့်တ္ဗက်အုံးမှပေါ့ဗျာ။အိမ်နီးချင်းနိုင်ငံတ္ဗေနဲ့လည်းဆင်ကြည့်ပါအုံး ကိုယ့်လူမျိုးတ္ဗေအဖိနှိပ်ခံနေရတာကြီးပါပဲ။ဒါတ္ဗေဟာစစ်အာဏာရှင်ရဲ့ဆိုးကျိုးတရားတ္ဗေပါပဲ။ကိုယ့်ရဲ့ကိုယ်ကျိုးအတ္ဗက်ဆိုရင် တိုင်းပြည်ကိုပါရောင်းစားရဲတဲ့စစ်အာဏာရှင်တ္ဗေကြောင့်ဒီအကျိုးတရားတ္ဗေဖြစ်ခဲ့ရတာပါ။အခုချိန်မှာ ရခိုင်လူမျိုးတ္ဗေရဲ့ ရင်ထဲကခံစားချက်ပေါက်က္ဗဲမူ့ကိုတော့တဖက်သတ်အပြစ်မမြင်ကြပါနဲ့လို့မေတ္တာရပ်ခံပါရစေ……။

  4. Patriotism is just like salt (Ko Ko Gyi), now too salty and spoiled the dish (civilization). But second disputes clearly show the ugly men.

  5. ကျုပ် အထင်ကတော့ ပထမဆုံးက ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေနဲ့ နိုင်ငံတကာ သတင်းဌာနတွေက ရခိုင်အမျိုးတွေရဲ့ သဘောထားကို လုံးဝဂရုမစိုက်ဘဲ စစ်အစိုးရလုပ်ရပ်တွေကို မနှစ်သက်တာတစ်ခုတည်းနဲ့ မြန်မာပြည်က တဆင့်ထွက်သွားတဲ့ ဘင်္ဂလီအုပ်စုတစ်ခုရဲ့ လူ့အခွင့်ရေး အရေခြုံပြီး ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုနာမည်နဲ့ နယ်မြေပိုင်ဆိုင်ရေး ကြိုးစားမှုတွေကို အလိမ်ခံပြီး လက်ခံ ဖော်ပြလာကြတာပါပဲ။ အဲဒါကို ရခိုင်အမျိုးသားအများစုက အိမ်ရှင်က ဧသည့်ဖြစ်ရမည့်ကိန်းဆိုက်နေတယ်ဆိုပြီး ခံပြင်းနေကြတယ်။ ဒါကြောင့် ဒီကိစ္စမှာ ပြည်ပအခြေစိုက် သတင်းဌာနတွေ လူ့အခွင့်အရေး တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေ (လူ့အခွင့်အရေးတိုက်ပွဲဝင်တာကို အပြစ်ပြောတာ မဟုတ်ပါဘူး၊ ဘက်နှစ်ဘက်စလုံးကို ထည့်မတွက်ပဲ gaffe နမော်နမဲ့ တိုက်ပွဲဝင်မှုတွေကို ဆိုလိုတာပါ) ကလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ဒီပဋိပက္ခရဲ့ လုံဆော်ပေးတဲ့နေရာမှာ ပါနေတယ်။ ရခိုင်အမျိုးသားတွေက အနောက်တံခါးကို ထိမ်းသိမ်းသူတွေဆိုတာကို ကျနော့်အထင်က အဲဒီလို ၀င်ရောက်လာတဲ့ ဘင်္ဂလီ အမျိုးသားတွေကို မြန်မာပြည်အနှံ့ ဘယ်နေရာမှ သွားခွင့်မရှိဘဲ ရခိုင်ပြည်နယ်မှာပဲ ၀န်ထုတ်ဝန်ပိုးကြီးတစ်ခုကို ထမ်းထားရသလို့ ဖြစ်နေတယ်လို့ ထင်တယ်။ အဲလူတွေကို ဘယ်ဥပဒေနဲ့ပဲ ဖြစ်ဖြစ် မြန်မာပြည်သားအခွင့်အရေး ပေးလိုက်ရင် ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ စုပုံမထားဘဲ သူတို့ကို မြန်မာပြည်အနှံ့ ဘယ်နေရာပဲသွားသွား လွတ်လပ်စွာ သွားလာ အခြေချနေထိုင်ဖို့ အခွင့်အရေးပေးဖို့လိုအပ်ပါတယ်။ ဒါမှ နိုင်ငံတကာရဲ့ စံချိန်စံညွန်းနဲ့ ညီပြီ၊ ရခိုင်အမျိုးသားတွေကို မတရား ၀န်ထုပ်ဝန်ပိုးကို ထမ်းစေရာ မရောက်စေပဲ မြန်မာပြည်အတွက် တရားမျှတပါလိမ့်မယ်။ဒီလူတွေကို ခရီးသွားခွင့်တောင် မရှိအောင် လုပ်ထားတာ ရခိုင်အမျိုးသားတွေ မဟုတ်ပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီလူတွေကို သနားတာနဲ့ ဒေသအာဏာပိုင်တွေနဲ့ပေါင်းပြီး ဆယ်စုနှစ်နဲ့ချီ အလုပ်လုပ်သွားကြတဲ့ နိုင်ငံတကာ NGO (AZG, UN လက်အောက်ခံ အဖွဲ့) တွေပါပဲ။ အဲဒီအဖွဲ့တွေကို ရခိုင်အမျိုးသားတွေက တံခါးမခေါက်ပဲ အတင်းဝင်လာတဲ့ မကြိုဆိုသင့်တဲ့ ဧသည့်တွေ အဖြစ်မြင်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဖွဲ့တွေက ဒေသခံ ရခိုင်ပြည်သူတွေအတွက် ကျိုးမရှိသလို သူတို့ လုပ်ပုံကိုင်ပုံ သွားလာပုံတွေကို အိမ်ရှင်ကို လုံးဝ ဂရုမစိုက်တဲ့ ပုံတွေ ပေါက်နေလို့ပါပဲ။ ဒါပေမယ် အဲဒါတွေဟာ အဲဒီအဖွဲ့ကြီးရဲ့ မူလရည်ရွယ်ချက် ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒေသ အဖွဲ့ခွဲက သက်ဆိုင်ရာဒေသမှာ အကောင်အထည်ဖော်သူတွေရဲ့ ချွတ်ယွင်းချက်များ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

  6. Very sad to see all these fatal clashes between the two communal groups.
    I’m sure there are certain groups who are profiting out from this crisis while the two communities are losing their love ones.
    According to this article, as much as Arakanese claim that they have always protected their homeland to deter an influx of Muslims from neighboring countries and/or Rohingya sympathizers—some radical elements both in and outside the country as well as campaign groups who want to simplify the issue into black and white terms, these kind of crises are never simple. It is always driven by greedy individuals and Burma is not the only country which has fallen into these sorts of systematic traps.
    But this is also a test for the people of Burma whether we are ready to walk into a bigger and wider society. If we are rigidly defined ourselves by the man-made boundaries of so-called maps, we should never leave from those boundaries. Don’t travel abroad or the regions out from that boundary. Don’t learn or use science or technology that was discovered by other nationalities. Don’t dream for the ideas of democratic society that other nationalities had first developed and enjoyed.
    If we look at the maps of African countries, we will see a lot of straight lines. Is this possible for a tribe to live on a straight line pattern? The answer is “NO”. They were colonial countries and those messed-up maps were drawn by European countries. They are never natural borders but man-made which explained why ethnic cleansing and civil wars are still going on in Africa. The map of Burma was also drawn by the British and it has never been perfect as any other colonial countries.
    On the websites and facebook pages, the propagandas from both sides are posted every day. Although some will claim themselves nationalists, fighting for the religions or human rights, don’t forget that there are also people who are paid to spread the vicious rumors by greedy individuals/groups so that they could continue to enjoy the resources of the country if Burma is ever derailed from the current progress.
    I really want to urge the people who have genuine concerned for the development of Burma, “think first before you post or share these propagandas”. Even some acts or words meant innocently, they are no longer served the true intentions. Don’t let the greedy people take advantage on you!!!

  7. ကြီးတော်

    တိုင်းရင်းသားအစ္စလမ်ဘာသာဝင် ကမန်လူမျိုးတွေက ဘာဖြစ်လို့ရောပြီးထွက်ပြေးကြရတာလဲ။ ရခိုင်တွေက ဘင်္ဂါလီဖြစ်ဖြစ်၊ကမန်တိုင်းရင်းသားဖြစ်ဖြစ် မူဆလင်မှန်မျှ ဒို့ရန်သူလို့ကြွေးကြော်နေကြလို့လား။ ဒါမှမဟုတ် ကမန်လူမျိုးတွေက လူမျိုးရေးကျုးကျော်ရန်စမှုကို ဘာသာတူတွေဘက်ကနာပြီး ဘာသာရေးပြဿနာအသွင်ဆောင်ချင်လို့ဒီလိုလုပ်တာလား။

  8. Every body told, needs PEACE – thinks PEACE and Good for other people, very good comments but why can’t say clearly to solve these problems. You all think they are weak & poor people also you all knew they coming from other place and they needs our land, shared our food & made many problem in our country. We didn’t think about Muslim or other religion, many religion & many races are living in our country long long ago especially many many Bali (Muslim temple) in our country we never made the problem. If they living quietly & peaceful mean no problems came out.
    All you are pity & want to good on those people please call to your country we will shipment for all & donate everything. No country accept those people, you can ask all country in globalization who be share those ROHINGER.
    NO need to point out to army side or other side.
    Thinks as yourself. [ Can you accept in your house “thief, pirate and rage”

  9. ကိုအောင်ဇော် ဆောင်းပါးလေးကိုသဘောကျပါတယ်… ရိုဟင်ဂျာဆိုတာ တရုတ်လောက်တော့သြဇာမရှိသေးပါဘူး… ဒါကိုရခိုင်တွေက သူတို့ကပဲနိုင်ငံတော်အတွက်အကာအကွယ်ပေးနေတယ်ဆိုပြီးဟုတ်လှပြီမှတ်နေတာ… ရိုဟင်ဂျာဆိုတာလက်တဆုပ်စာပါ…တရုတ်ကဖြင့်အချက်အချာနေရာအတော်များများမှာတောင်ခြေဆန့်ပြီးနေပြီ… ၀မ်းနည်းစရာကောင်းလေစွရခိုင်အမျိုးသားတို့… မင်းတို့ဒေသဆိုတာဆင်းရဲမှုမှာဒုတိယလိုက်နေတာ အဲ့ဒါကမ္ဘာ့နိုင်ငံရဲ့အဆင်းရဲဆုံးတိုင်းပြည်မှာအပါအ၀င်ဖြစ်တဲ့နိုင်ငံမှာနော်…အဲ့ဒီတော့ နိုင်ငံတိုးတက်ဖို့ကိုပဲ အဓိကထားကြပါလို့တိုက်တွန်းချင်ပါတယ်…

    • ဒီကိစ္စမှာရခိုင်လူမျိုးတွေဟာနိုင်တော်ကာကွယ်တဲ့နေရာမှာတကယ့်ကိုတာဝန်ကျေတယ်။ ခင်ဗျားမှာနိုင်ငံရေးခံယူချက်သိပ်ကိုအားနည်းနေသလိုပဲ။

    • Feel sorry for rakhine people?If so,use your mouth to help them.Chinese are everywhere in the world.They work hard.they dont f… to local people.Burmese can live with chinese forever.Not with Bingali.Mind your self.

  10. “Buddhism, the greatest religion in history because it has had the smallest element of persecution.” (Bertrand Russell, Nobel Prize winner, The British mathematician, philosopher)
    Persecution means harassment, bullying, discrimination and if Russell were alive, he got regret on his word.

    • This simply is a “Cause and Effect” matter. As a Buddhist, taught to love our neighbors but not to kill the labelled infidels. We are grateful to Bertrand Russell that he had an attempt to explain it. Unfortunately we can not have many Bertrand Russell so it is not surprised a lot may share such this one sided sight. The 20th century’ great philosopher would regret that our residents under Buddha’ umbrella can no longer live in peace and forced to use the counter acts to defend their sole rights.

  11. ဘင်္ဂလားဒေရှ့် နိုင်ငံရဲ့ လူဦးရေပေါက်ကွဲနေတာကို ဘယ်နိုင်ငံမှမမြင်ဘူး။ ရခိုင်လူမျိုးကို အကြမ်းဖက်သမားသဖွယ် အရေးအသား
    တွေကိုရပ်တန့် ကရပ်ပါ။ အကြမ်းဖက်ကုလားကို ဒီပြသနာမှာ ရိုဟင်ဂျာနာမည်တခုကိုသုံးကာ ဇတ်လိုက်သဖွယ် ပြည်တွင်း
    ။ပည်ပအဖွဲ့ တွေက ပွဲထုတ်လာကြတယ်။ ရခိုင်ဘယ်အဖွဲ့ အစည်း နိုင်ငံနဲ့ မျှအဆက်အသွယ်မရှိပါ။ မွတ်ဆလင်များသာ OIC. RSO အယ်ကိုင်ဒါူ အားကိုးနဲ့ လည်ဖြတ် မီးလောင်တိုက်သွင်းနေကြတယ်။ ဒါကိုသိလျက်နဲမျက်ကွယ်ပြုပြီး ရခိုင် မျိုးပျောက်အောင်
    မြန်မာပြည်ပြိုကွဲ အောင်ကြံဆောင်လုပ်နေတာကိုအစိုးရသတိတရားနဲ လုပ်ဆောင်ပါ။ ရန်သူ မိတ်ဆွေ သဲကွဲအောင်ကြည့်ပါ။

  12. Kill the invaders who are not our national.

  13. ဘင်္ဂလီတွေမြန်မာပြည်မှာလူဦးရေအရရောစီပွားရေးအရရောတဖြည်းဖြည်းလွှမ်မိုးလာတာပြီးတော့သူတို့ ဘာသာပြန့် ပွားထွန်းကားဖို့ နည်းမျိုးစုံသုံးနေတာကိုအောင်ဇော်မသိဖူးထင်တယ်မြန်မာပြည်မှာသူ့ အမျိုးတွေမရှိလို့ လား၊ဒါမှမဟုတ်ကုလားထောက်ပံ့ကြေးနဲ့ စားနေရလို့ လားကိုယ့် ပြည်ကိုယ့်ဘာသာ၊ကိုယ့်အမျိုးပျောက်မှာမပူဘဲကုလားဘက်လိုက်ရေးတာဖတ်ရတော့စိတ်ပျက်မိတယ်။

  14. ကိုအောင်ဇော် ဆိုတဲ့ အယ်ဒီတာကြီးရေ….ဆောင်းပါးကကောင်းသလိုလိုတော့ရှိပါတယ်….
    ဒါပေမယ့်…..အတူလက်တွဲနေထိုင်ဖို့ရယ်…..OIC ရုံးဖွင့်ဖြစ်စေချင်တာရယ်….အဲဒါတွေက…
    တဖတ်သက်ဆန်လွန်းပါတယ်…..ခင်ဗျား အိမ်မှာ နေတဲ့အခြားသူတစ်ယောက်က….အိမ်သား ကိုလည်း စော်ကားမယ်…ဖျက်စီးမယ်….ဆိုရင်…ဘယ်လိုရင်ဆိုင်မှာလဲ….ပြီးတော့….လူမျိုးကို
    လူဦးရေးနဲ့ ဖုံးဖိပြီး…လူမျိုးပြုန်းအောင်လုပ်ပြီး…..သိမ်းယူထားတဲ့….ထိုလူမျိုးအကျင့်စာရိတ္တ….
    အကျင့် ဓလေ့တွေကို…..လှမ်းမြင်မိပါလား….အယ်ဒီတာ…..

    • Dont be knowing everything like stupid” I m Kachin Christain’ will explain you a bout your Burmese government, your millitary junta was muder at many ethnics lands. Rape, burn village, shell in to every where and rub thing from civilianc. Distroy our Christain Church, mass staft alot lot lot lot’s of to tell you how their bad thing but too tired for tell your own burmese bad. Stop talking just one side of nationallty bad. Maybe you are horrible than rohingya. just stoped, bring the peace, do not bring ??????????

  15. ဘယ်သူ့ လက်ချက်မှ မဟုတ်ပါဘူး။ အာဏာရှင်တွေ ကိုးကွယ်တဲ့ ဘုန်းကြီး တွေ လက်ချက်ပါ။ ဒါမှ သူတို့ ဆွမ်းဘုန်း အဆင်ပြေမှာလေ။ တရုတ်ပြည်က ဝင်လာပြီး မန္တလေး တမြို့လုံး သိမ်းပိုက်ထားတဲ့ တရုတ်တွေ၊ တရုတ်ပြည်မှာမွေးပြီး ရှမ်းပြည်မှာ လက်နက်ကိုင်နေတဲ့လူတွေ၊ တရုတ်ပြည်မှာ မွေးပြီး လွှတ်တော် ထဲ ရောက်နေတဲ့ လူတွေကျတော့ ဘာမှ မပြောဘဲနဲ့။ ဗိုလ်ချုပ်လို ဘဲ ပြောချင်တယ်။ နိုင်ငံရေးကို ဘာသာရေး နှင့် မရောပါနှင့်လို့။ ဘုန်းဘုန်းတို့ နိုင်ငံရေး လုပ်ချင်တယ် ဆိုရင်လည်း ကုလားကိုဆော်သလို တရုတ်တွေ ကပ်တဲ့ဆွမ်းကိုလည်း မစားပါနဲ့လို့။ ကျွန်တော် ခေတ်ပညာတတ် ဗုဒ္ဒဘာသာဝင်တစ်ဦးပါ။

  16. Fox ရေ မင်း မြန်မာစစ်စစ်ဟုတ်ပါတယ်နော် ရခိုင်တွေကိုအဲလိုပြောရအောင်မင်းကဘာအဆင့်ရှိလို့လဲ အဲတာဆိုမင်းသွားပြီးကာကွယ်ပါ့လား ရခိုင်လဲမြန်မာပြည်မြေပုံထဲမှာပါတာဘဲ မျှမျှတတတော့ပြောပေါ့ကွာ တရုတ်ကအမြတ်ရရင်ပြီးပြီကွ ကုလားကလူလဲယူ ငွေလဲယူမဲ့အပြင် တိုင်းပြည်ရော လူမျိုးပါ မ,သွားမှာ အဲဒိတော့မှ မင်းခွက်ဆွဲနေရမယ် နားလည်လား

  17.်မြန်မာပြည်သူ အတော်များများလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယူဆခဲ့တဲ့အတိုင်း “မြန်မာပြည်ရဲ့ အန္တရာယ်အရှိဆုံး နယ်စပ်ဒေသက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ ဒေသလို့ယူဆနေကြတာပါပဲ။

  18. မင်းကြီးညို

    Myat Linn ရဲ့ကွန်မင့်ကို သဘောမတူဘူးဟေ့။ ဘယ့်နှယ်ဗျာ ဘင်္ဂါလီတွေကို တနိုင်ငံလုံးအနှံ့
    ခရီးသွားခွင့်ပြုလိုက်ရင် မြန်မာပြည်နေရာအနှံ့ဘင်္ဂါလီတွေကြီးစိုးသွားနှိုင်တယ်။ ဒို့ကတော့
    လုံးဝသဘောမတူဘူး။ လူဦးရေပေါက်ဖွားနှုန်းကလဲ တအားများတယ်။ မိန်းမနားကပ်နေတဲ့
    အချိန်တွေကများတော့ ခလေးတွေတပြွတ်ပြွတ်မွေးတော့တာပေါ့။ မိန်းမတယောက်ထက်လဲ
    ပိုယူကြတယ်။စားစရာသာ မရှိတာ ရာဂစိတ်တွေကတော့ အမြဲတမ်းရှိနေတာပဲ။

  19. Blood of Aung Zay Ya

    ဒီဆောင်းပါးရှင်ဟာ မြန်မာနိုင်ငံနဲ့ တော်တော် အဆက်ပြတ်နေတယ် ဆိုတာ ကြည့်တာနဲ့သိသာပါတယ်။ ဒါမှမဟုတ်လည်း မူဆလင်တွေရဲ့ ဒေါ်လာထောင်ချောက်ထဲ ၀င်နေတာလည်း ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ ရခိုင်တိုင်းရင်းသားတွေ ရဲ့ ခံစားချက်ကို အလေးမထားတာ မြန်မာလူမျိုးတယောက်အနေနဲ့ တော်တော် ရှက်ဖို့ကောင်းပါတယ်။ရှက်တက်ရင် ကိုယ့်မျက်ခွက်ကို ဓါးနဲ့တောင်လှီးသင့်နေပါပြီ။ကျွန်တော်ကတော့ ဘာဘဲ ဖြစ်ဖြစ် ဒီဆောင်ပါးကို အပြင်းအထန်ရှုံ့ချပါတယ်။ ရိုဟင်ဂျာ ဘဲခေါ်ခေါ် ဘင်္ဂဂါလီ ပဲခေါ်ခေါ် မူဆလင်က မူဆလင်ပါပဲ ။အကျင့်စရိုက်တွေက မင်းမဲ့စရိုက်တွေပါ။မြန်မာတိုင်းရင်းသားတွေနဲ့ စိတ်ဓာတ်ချင်းက မိုးနဲ့မြေလိုကွာပါတယ်။ သူတို့ကို တိုင်းရင်းသားအဖြစ်လက်ခံမယ်ဆိုရင် ကျွန်တော် က ရှေ့ဆုံးကနေ အသေခံပြီး သူတို့ကို တိုက်ထုတ်ပစ်မှာဘဲ။

  20. Ko Aung Zaw or any professional organization, Please try to build up the census data of Rakhine state (i.e. British colony time in 1824-1826, 1952, 1975 and current data) compared with birth rate of the whole country.
    That could point out whether Bengali ingression or normal population. It needs accurate facts and figure rather than sentimental issues.

    • ခင်ဗျားတို့ သတင်းဌာနက ပြည်ပမှာအခြေစိုက်တာလား…..ပြည်တွင်းမှာအခြေစိုက်တာလား….ခင်ဗျားထက် သတိ ရှိလို့ မောင်းတောမှာ မိသားစုနဲ့ အသက်ရင်းပြီးအလုပ်လုပ်နေတာ…နောက်တခါ…အဲဒီလို မျိုးရေးရင် ခင်ဗျား ဘာကိုအခြေခံပြီးရေးတာလဲဆိုတာ ……..transparency ရှိအောင်ရေးပါ……

  21. ဒီဆောင်ပါးကိုဖတ်မိတဲ့အချိန်မှာ တော်တော်လေးကောင်းပါတယ်စိတ်ကပျက်ဖို့ ဘာကြောင့်လဲဆိုတော့ ကျတော်တို့ငယ်ငယ်တုန်းက တယောက်ကိုတယောက်အနိုင်ယူချင်ကြတော့ တယောက်ကိုယောက်စကားနိုင်လုကြတာပေါ့ အဲဒီအချိန်မှာ မနိုင်ရင်ဘာမှအပြစ်အရှိ ဖအေမအေတွေဝေါရောပါလာကြတယ်လည် နောက်ဆုံးကျတော်တို့အရွယ်တခုခုကိုရလာတဲ့အခါကြတော့ ကိုယ်တို့ရဲ့လုပ်ရပ်တွေကိုစဉ်စားမိရင် ဘာမှအသုံးမကျတဲ့လုပ်ရပ်တွေဆိုတာကို သိမြင်လာတာပေါ့နော်……….အဲလိုပဲ ဒီဆောင်ပါးရေးတဲ့ဆောင်ပါးရှင်က ကလေးကလားဆန်တာလား ဒါမှမဟုတ်လို့ရှိရင် ကမ်းမမြင်လမ်းမမြင် ဓနရာဂအားကြီးနေလို့လား အဲလိုမဟုတ်ရင် ဘယ်သူသေသေ ငတည်မသေရင်ပြီးရောဆိုတဲ့သဘောလား နောက်ဆုံးပြောချင်တာတခုကတော့ ကိုယ်ဟာလူသားတယောက်ပါဆိုတာကို သွားမမေ့ပါနဲ့ လူသားတယောက်ဖြစ်ရင် လူသားတယောက်မှာရှိသင့်ရှိတိုက်တဲ့ ကိုယ့်ကျင့်တရား(ethic)၊ ကိုယ်ချင်စတရား၊ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်တိုင်း ကုံကုံပြောရမယ်ဆိုရင် ပကတိအခြေအနေက သွယ်ဖယ်နေမယ်ဆိုလိုရှိရင် သင်ဟာတနေ့ လမ်းဘေးရောက်သွားပါလိမ့်မယ် အဲဒီအချိန်မှာ သင့်ရဲ့ဓနဆိုတဲ့အရာကလည်းဘဲ သင့်အတွက်ဘာတခုမှကယ်နိုင်တော့မှာမဟုတ်သလို သင့်ရဲ့လုပ်ရပ်တွေကို သေသေချာချာစဉ်စားသင့်ပါတယ် ပြီးရင်မှားသလား မှန်သလားပေါ့ မှားသွားရင်ဘာလုပ်သင့်…………..။

  22. နွားတံဆိပ်တွေပဲး. ဦးနှေက်နည်းနည်းသုံးပါဦး ကိုရွှေ ရခိုင်တို့
    စစ်အစိုးရ ဝှက်ဖဲးကိုသိ့ရက်နှင့် ဘာလို့မိုက်တွင်းနက်တာလဲး
    ယခု ကိုယ်ပြည်နယ်ကို စစ်အုပ်ချုပ်ရေးလုပ်လိုက်ပြီး
    ဘင်ဂလီကိတ်စ အေးအေးဆေးဆေး လှုပ်ရှားလိုရရက်သားနှင့်
    ယခုဘာထူးလာလည်း လူသေ မီးလောင် ကလွဲး ဘာမှအကျိုးမရဘူး
    အကျိုးရသွားတာ စစ်အုပ်စုပဲး ကိုယ်အိမ်ကိုသူများက လာအုပ်ချုပ်
    သွားပြီး. ယခုအချိန်ထိ့ မစဉ်းစားမိ့သေးဘူးလား. ရခိုင်သားတို့
    သိပ်မအနဲ့. သိပ်မတုံးကြနဲ့ ငါတို့ပိုင်တွင်းထွက် တွေကို ဒိကောင်တွေရ
    သလောက် နှိုက်ယူကြမယ်
    ဘင်ဂလိတွေက ငါ့တို့ အိမ်ထဲးမှာပဲး လူသူမသိအောင် အေးအေးဆေးဆေး
    စီမန်ကိန်းနဲ့ လုပ်လို့ရတဲ့ဟာကို
    ငါ့တို့မြေကြီးထဲးက ပိုက်ဆံတွေကိုဒီကောင်တွေတူးသွားပြီး

  23. ကိုရွှေကိုမျိုး ရခိုင်သားတို့ ကိုသတိ့ပေးချင်တယ်
    ငါတို့မှာရှိတာ တူမီးသေနပ်. သူတို့ကိုင်ထားတာ အမှန်အကန်သေနပ်
    သူတို့ဒံပေါက်စား. ငါတို့အရိုးပဲးကိုက်ရတော့မယ်

  24. ကိုအောင်ဇော်က ဗမာလူမျိုးစစ်စစ်ပဲး
    (ဗမာလူမျိုးများသည်စိပ်ထားဖြူစင်ကြပါသည်)

  25. ကိုမိုးသီးရဲ့စကားကိုသတိရမိပါတယ်
    ရခိုင်မှာထွက်တဲ့ တွင်းထွက်အားလုံး ရခိုင်သားတို့နှင့်ဆိုင်တယ်
    ရခိုင်နှင့်ဘင်ဂလီ ကမန်များ အသုံးချခံလိုက်ရတယ်
    သဘောမပေါက်သေးသောရခိုငများ

  26. ပြည်တွင်းပြည်ပ သတင်းဌာနများ
    ဧရာဝတီကိုအတုယူကြပါ

  27. ကိုအောင်ဇော်ရေ ရင့်ကျပ်မူ့မရှိ့သေးသော
    အရည်အချင်းမပြည့်ဝသေးသော. အဆင့်မမှီသေးသော
    ပြည်တွင်းသတင်းဌာနများကို သီတင်းနှင့်ပတ်သက်ပြီး
    သင်တန်းပေးစေလိုပါတယ်

  28. ဘယ်သူမဆိုကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်နိုင်ငံကိုချစ်ပါတယ်
    နာစရာရှိ့ရင်ရခိုင်ဘက်ကပဲးနာရမှုာပဲး. သတင်းသမားတယောက်
    အနေနှင့် မှန်မှန်ကန်ကန်ရေးသားတာကိုလေးစားပါတယ်
    သစ်ထူးလွင် the voice eleven myanmarexpress ect…:..
    တို့. ယူတတ်ရင်ခင်ဗျားတို့အတွက်. တက်လမ်းပဲး

  29. ဧရာဝတီ. မှန်ပါသည်
    ဘင်ဂလီ. လေဝတီ
    ဒေဝါလီခံ. ခရစ်ယန်

  30. ဒေဝါလီခံ. ခရစ်ယန်
    လေဝတီ. ဘင်ဂလီ
    ရိုဟင်ဂျာ. အပိုတွေပါ

    • နိုးတူး နှင့် တိုးနိုင်

      ကဗျာကာ၇န်လေးတွေ တူလွန်းလှသဖြင့် တိုက်ဆိုင်လွန်းခြင်းလား ဒါမှမဟုတ် အမျိုးတော်သလား။ နာမည်များ မျိုးစုံသုံး၍ စာေ၇းနေကြလား။ ရိုဟင်ဂျာ အကြမ်းဖက်စစ်တပ်များ နယ်စပ်မှဖြတ်ဝင်လာသည်ဟု အတည်မပြုနိုင်သော သတင်းများကို ဇွန်လ၇ခိုင်အေ၇းအခင်းကာလအတွင်း ဖြန့်ဝေခဲ့သော သမ္မတရုံးမှ ညွှန်ကြားေ၇းမှုး ဦးဇော်ဝင်း ခေါ် မှုးဇော် ဆိုသူနှင့်ေ၇ာ ဆပ်ဆိုင်မှုရှိပါသလား။ လူမှုေ၇းကွန်ယက်များအား အသုံးချ၍ အန္တ၇ယ်များသောလှုံဆော်မှုများ ယခုတလောတောက်ရှောက်ဖြစ်လာ၇ခြင်းကြောင့် နာမည်မတူသောလည်း လူတစ်တည်းဖြစ်နေနိုင်ကြောင်း စဉ်းစားမိ၍ မေးမြန်း၇ခြင်း ဖြစ်ပါသည်။ မဟုတ်ခဲ့သော် သည်းခံပေးပါ၇န်။ ဖြေဆိုခြင်းအတွက် ကြိုတင်ကျေးဇူးတင်ပါမည်။

  31. TM ရေ. မူရင်းအမည် တိုးနိုင်ပါ
    နိုးတူး ဆိုတာ၂ခုမဟုတ်ပါဘူးတခုထဲးပါ
    ၂ ခုပေါင်း ၁ ခုထဲးပါ
    သိ့ချင်တာရှိ့ရင် မေးခွင့်ရှိ့ပါတယ်

    • ဘယ်လိုစိတ်ကူးကြောင့် ကဗျာတိုနှစ်ခုကို နာမည်နှစ်မျိုးသုံး၍ မှတ်ချက်ပေး၇ပါသလဲ။

  32. ကွန်ုပ်ကတော့ ဘုမသိဘသိပါဘူး ဒါပေမဲ့ ဧရာဝတီကိုမေးချင်တာက ဧရာဝတီသတင်းဌာနဟာ ရိုဟင်ဂျာ (ဘင်္ဂလီ) သတင်းဌာနလား။ သို့ မဟုတ် ဗမာသတင်းဌာနလား အဲဒါပဲသိချင်ပါတယ်။ သတင်းတွေကို ဖတ်ပီးတော့ ကွန်မန်းပေးရတာ ခက်နေလို့ ပါ။

  33. ပထမကဗျာနှင့် ဒုတိယကဗျာ ၁၀ မိနစ်ကွာပါသည်
    ပထမကဗျာရေးပြီးမှ စိပ်ကူးပေါ်လာလို့ ဒုတိယကဗျာရေးဖြစ်တာ
    ပထမကဗျာ ၂ကြောင်း နှင့် ဒတိယကဗျာ၂ကြောင်းတူပါတယ်
    စုစုပေါင်း ကဗျာ ၄ချောင်း
    နိုးတူးဆိုတာ. ၂ မဟုတ်ဘူး.

    ကဗျာတအားဆန်နေလို့ခင်ဗျားနားမလည်တာပါ

    ကဗျာတိုပေမဲ့လေးနက်မူ့ရှိ့တယ်
    အဓိပါယ်ကျယ်ပြန့်တယ်

  34. I really suggest that You should read more political books.
    And please consider with your brain.

  35. အယ်ဒီတာ ဦးဇော် ခင်ဗျား.ဒီဆောင်းပါးကိုဖတ်ပြီး ၇လာတဲ့ အသိကတော့ ကျွန်တော့် တို့ အသုံး ချခံလိုက်၇မှန်းသိတော့တယ်.အဆက်အစပ်တွေကို ပြန်တွေးကြည့်မိတယ်. ပထမ သတင်းဈာမှာ တ၇ားဝင် ကုလားလို့ေ၇းတယ်.နောက်ပြန်ပြင်တယ်. ပြသနာကို ပြီးပြတ်အောင် မဖြေ၇ှင်းဘူး. တစ်ဆင့်ပီးတစ်ဆင့် ပို၇ှုပ်ထွေးလာအောင်လုပ်တယ်.လူထုကို ခံစားချက်တွေ ဖြစ်လောအောင် ဖန်တီးတယ်. ၇ဟန်း၇ှင်လူ သွေးဆူလာအောင်လုပ်တယ်.ဒေါါ်စုနဲ့ ပြည်သူကို သွေးကွဲအောင် ဖန်တီးတယ်.ပြီးတော့ မှ သမ္မတက ကယ်တင်၇ှင်နေ၇ာမှာ နေ၇ာယူတယ်.လူထုအကြိုက် လိုက်သယောင်နဲ့ အခြေအနေကို ပို၇ှုတ်ထွေးလာအောင်လုပ်တယ်.ထိန်းမနိုင် သိမ်းမ၇ ဖြစ်လာတဲ့ပုံပေါက်အောင် ဖန်တီးယူတယ်. အချိန်ကိုက်ကဘဲ ကြံဖွံ့က လွတ်တော် မှာ လှုတ်၇ှားလာတယ်.ပြီးတပ်တွေ ၇ခိုင်ထဲ ဆွဲသွင်းလိုက်တော့တာပါဘဲ.၇ခိုင်အေ၇းကို ခုတုံးလုပ်ပြီး တပ်ကိုနာမည်ကောင်းပြန်ယူတယ်.သဘောကတော့ဗျာ ပြည်တွင်းမှာ ၇ှိတဲ့ အဖွဲ့အစည်း အားလုံးကိုကွဲအောင် သတ်လျှို လိုက်တာပါဘဲ.အချိန်ကိုက်ဘဲ တပ်မတော် အင်အား၇ှိမ တိုင်းပြည်အင်အား၇ှိမည်ဆို တဲ့ ဆောင်ပုဒ်ကို တဟုန်ထိုးဖေါ်ပြလာတာ သတိထားလာမိတယ်.၈၈ က ကို၈ျင်မီကို ဦးတည် တိုက်ခိုက်လာတာကိုလဲ သတိပြုမိလာတယ်.ဒါတွေဟာ တိုက်ဆိုင်မှု တော့ မဟုတ်လောက်ဘူးလေ.