UNFC အနေနှင့်သာ အစိုးရနှင့် ဆွေးနွေးလိုဟု KIO ထုတ်ပြန် | ဧရာဝတီ
သတင်း

UNFC အနေနှင့်သာ အစိုးရနှင့် ဆွေးနွေးလိုဟု KIO ထုတ်ပြန်

Hits:3,095
  | |

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလလယ်က တွေ့ရစဉ် (ဓာတ်ပုံ- Steve Tickner/ ဧရာဝတီ)

ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA)ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်တွင် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အနေနှင့်သာ အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)က ထုတ်ပြန်လိုက်သည်။

“လဂျားယန် စစ်ဆင်ရေးကို ရပ်လိုက်ပြီလို့ ပြောပေမယ့် ၁၉ ရက်၊ ၂၀ ရက်တွေမှာ တိုက်ပွဲပြင်းထန်တဲ့ အခြေအနေရှိနေတယ်။ ဒီလို အခြေအနေမှာ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ သီးခြား ၂ ဖွဲ့တည်း တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ UNFC အနေနဲ့သာ တွေ့ဆုံမယ်”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီကို ပြောသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံနက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်း ထားမည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇန်န၀ါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သော်လည်း ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀ ရက်နေ့အထိ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲများ ဆက်လုပ်ပြုလုပ်နေကြောင်း KIO ၏ ဇန်န၀ါရီ ၂၀ ရက် သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် KIO သို့ ဇန်န၀ါရီ ၁၉ ရက် က ကမ်းလှမ်းချက်ကို ဇန်န၀ါရီ ၂၀ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“တရားဝင် သတင်းထုတ်ပြန်ချက်မှာ လဂျားယန် ဒေသမှာ စစ်ဆင်ရေး ရပ်ဆိုင်းမယ်လို့ပဲ ပါတယ်။ အစိုးရဘက်က မီဒီယာ ကနေ ပြောတဲ့အခါမှာ သူတို့ဘက်က ထိုးစစ်အားလုံး ရပ်လိုက်သလို ပြောတယ်။ အဲဒီလို ပြောနေပေမယ့် လဂျားယန်မှာကိုပဲ တိုက်ပွဲပြင်း ထန်နေတယ်။ ဖားကန့်နဲ့ မိုးမောက်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်”ဟု ဦးလနန်က ဆိုသည်။

နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးကျရောက်မှု မရှိတော့သော်လည်း တိုက်ပွဲပြင်းထန်နေမှုကို
ကြားသိနေရကြောင်း ၎င်းက ဆက်ပြောသည်။

UNFC ကလည်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို နှစ်သိမ့်စေရုံ ၀ါဒဖြန့်မှု သက်သက်သာဖြစ်ပြီး KIA ကို ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဇန်န၀ါရီ ၂၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

UNFC အဖွဲ့ဝင်များ အနေဖြင့် အပတ်အခတ်ရပ်စဲရေးကို တဖွဲ့ချင်း လုပ်ဆောင်ထားသော်လည်း နိုင်ငံရေးအရ ဆွေးနွေးမှုကိုမူ UNFC အနေဖြင့်သာ ဆောင်ရွက်သွားမည်ဟု အဖွဲ့ခေါင်းဆောင်များ က ပြောဆိုထားသည်။

စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

UNFC ၌ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသား တပ်ဦး(CNF) ၊ KIO ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) စသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၆ ဖွဲ့ အပါအ၀င် ဆက်စပ် အဖွဲ့များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

KIO နှင့် အစိုးရ သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလက တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လအကြာ စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာပြီး လဂျားယန် ဒေသရှိ ပွိုင့် ၇၇၁ စခန်းကို အစိုးရစစ်တပ်က လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက်တွင် အစိုးရတပ်များက လိုင်ဇာမြို့ လူနေ ရပ်ကွက်များထဲသို့ လက်နက်ကြီးဖြင့် မနက်ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး စုစုပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် က အစိုးရ စစ်တပ်အနေဖြင့် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ကြောင်း ဇန်န၀ါရီ ၂၀ ရက် ရန်ကုန်မြို့တွင် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ကျင်းပသည့် ပြည်သူ့လွတ်တော် အစည်းအဝေးတွင်လည်း ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးပြန်စရန်အတွက် အရေးတကြီး အဆိုတရပ် တင်သွင်းခဲ့ရာ ထိုနေ့တွင်ပင် အတည်ပြုခဲ့သည်။

(ဧရာဝတီ သတင်းထောက် လဖိုင် ပူးပေါင်းရေးသားသည်)


11 Responses

Leave a Reply

  1. We think KIO should not attack police station. Although we don’t like police ,they are human beings. We think they don’t deserve to die. If KIO continue attacking just like that event, the war will never end. Please take care of the people.

  2. Yes,I understand you lanan.Kia men are fghting and wife ,kids and parents are in refugee camp.Don’tworry for them.Blankets and foods are on the way.Refugee camp is second Laiza for broken kia men.You still trust UNFC too?UNFC said,if MM army fight one of our group,we all will fighting back…yes?Did MM army scared,afraid?Lanan,they don’t care all of you.They can fight all of your lovely groups at the same time.Anyway, think about for other people living in kachin state.kachin state is not only for kia and kio men.You can not control and can not takecare even for Laiza, how can you control all kachin state?That is Lanan.Enjoy your life and safe well in china.Enjoy chinese new year in there.Happy NewYear.

  3. ကချင်လေး

    ဗန်းမော်သားပါ။ဗန်းမော်မှာစတိုက်တာက KIA ပါ။စိတ်ထားမှန်ဖို့လိုပါတယ်။ဖမ်းထားတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးပါ။သတင်းထောက်များ သတင်းမှန်သိချင်ရင် ဗန်းမော်လာခဲ့ပါ။

  4. လိမ်လည်နေသော ဒီအစိုးရ၊ သိန်းစိန်သည်ပင်လျှင်၊ DSA အတွေးအခေါ်ပါနေသေးကြောင်း၊ သူပြောတာနဲ့ တစ်ခြားစီပါ။ ပြောင်လိမ်နေသောသိန်းစိန် မြန်မာပြည် လိမ်ညာရင်းနဲ့ အုပ်ချုပ်တော့မှာ ပေါ့။ သိန်းစိန်ရယ် မင်းအောင်လှိုင် တောင်မဆုံးမတတ်ရင် ၊ သေလိုက်ပါတော့။ အမိန့်နာမခံတဲ့ မင်းအောင်လှိုင် ဒုက္ခအပေါင်းနဲခညောင်းနိုင်ပါစေလို့ ဆုချွေပေးလိုက်တယ်

  5. ဦးသိန်းစိန် ရဲ့ ဗမာကြီးစိုး အစိုးရ နှင့် ဗုဒ္ဒစစ်တပ်တွေက ကချင်ပြည်သူတွေကို ဘာသာရေး ၊ လူမျိုးရေးအရ မျိုးပြုတ် တိုက်ခိုက်နေတာဖြစ်ပြီ ကချင်ပြည်သူတွေကို ဗမာကျူကျော်သူတွေရဲ့ရန်မှကာကွယ်နိုင်ရန် တိုင်းရင်းသားညီကိုများ အားလုံးပူးပေါင်းလက်တွဲကြပါ….

  6. not finished, if you hold the gun they will hold the gun. BOTH don’t look population.
    No burma, no cachin, no cayin, no mon, no shan ……. etc.
    MUST BE UNITED STATE OF MYANMAR. All are together.
    Look population, some are rich, most are poor, in democracy country.
    Rich guy more pay tax, poor guy no or low pay tax correctly to government.
    FEDERAL GOVERNMENT WILL SUPPORT POPULATION .
    ALL WILL BE HAPPY

  7. ကချင်အရေးနှင့်ပတ်သက်ပြီး ကျွန်တော်အနည်းငယ်အကြံပြုဆွေးနွေးချင်ပါတယ်။ ကချင်လူမျိုးတွေသတိထား ရမည့်အရာတခုက လက်ရှိမြန်မာ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံ ထိပ်တန်းခေါင်းကြီးပိုင်းရဲ့ တာဝန်ခွဲဝေမှူတွေကြည့်လိုက်ရင်အသိသာကြီးပါ။အဲဒီ ထိပ်ပိုင်းတာဝန်ရိသူတွေထဲမှ အုပ်ချုပ်ရေးတာဝန်ဟာ အဓိက အကျဆုံးဖြစ်ပေမည့် ဒီ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ရဲ့ အမျိုးသားရင်ကြားစေ့ရေး ၊ စစ်မှန်တဲ့ ဒီမိုကရီစီ နိုင်ငံတည်ဆောက်ရေး တွင် ကန့် လန့် ပြိးအနှောင့်အရှက်ပေးချင်နေသူ ၊ နောက်ကြောင်းပြန်လည့်ချင်နေသူ ၊ ကိုယ်ကျိုးရှာသူ ၊ လက်တစို့ စာကောင်းစားရေးအတွက် နောက်ဆံသင်းနေသေးသူများ စသည်များဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်ပြည်တိုးတက်ရေး၊ ဒီမိုကရီစီ နိုင်ငံ တည်ဆောက်ရေးများအတွက်နှောင့်ရှက် ဖျတ်ဆီးလိုသူများလည်း ပါရိနေပါသည်။

    ဥပမာ ၊ ရခိုင် အရေး ကြည့်မည်ဆိုရင် မျက်ဝါးထင်ထင်တွေ့ နေရပါသည်။ ဒေသခံ ရခိုင်များ မှ မိမိ ဒေသမှ အဖိုးတန် ရတနာများရောင်းရသည့်ငွေ တွေအား ဒေသဖွင့်ဖြိုးရေး အ တွက် ရာခိုင်နုန်းအနည်းငယ် တောင်းဖို့ ကြံစေတာပဲရှိသေးတယ် ။ မလိမ့်တပတ် နည်းမျိုးဆုံ များ သုံးကာ ရခိုင်လူမျိုးများမှ ဘာမှ တောင်းခွင့်မရတော့ပဲ ကယ်ကြပါ ကယ်ကြပါ လို့ ဖြစ်လာအောင် ရခိုင် ၊ ဘင်ဂါလီ အရေးစတော့တယ်။ ကျောက်နီမှော် အဖြစ်အပျက်အားပြန်ကြည့်လိုက်ရင် ၊ အခင်းဖြစ်ပြီ နေ့ မကိုးခင် အန်တာ နက်စာမျက်နာတွင် တခါတည်း ဖြန့် ခြင်း ၊ မင်းမဲ့စရိုက်ဆံ စွာ နေ့ ခင်းကြောင်တောင်ကြီး တောင်ကုတ် လူသတ် ပွဲကြီး များသည် နောက်ကြောင်း ပြန်လှည့်ချင်တဲ့ လက်တစုပ်စာ တရုတ်အားကိုးသူများ၏ ပတ်စက်သည့် အကြံ များ ဖစ်ပါသည် ။ အရှေ့ကိုပဲ ဆက်ဆက်သွားချင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ များ၏ အကြံမဟုတ်ကြောင်း မျက်ဝါးထင်ထင် တွေ့နေရပါဥည်။

    ကချင်အရေးလည်း ထိုနည်းလည်းကောင်းပဲ အုပ်ချုပ်ရေးပိုင်းမှ အပစ်အခတ်ရပ်ဖို့ အကြိမ်ကြိမ် ညွန်ကြားထားရဲ့ သား နဲ့ ၊ မိမိအာဏာ ၊မိမိ အရှိန်အ၀ါ များဆက်လက်ပြချင်တာတပိုင်း ၊ တရုတ်တွေဆီမှ အဆိုးမြန် အမွေများ ဆက်လက်ထိန်းသိမ်းချင်တာတကြောင်း ၊ ယခင် အာဏာ များဖြစ်သည့် အထူးအခွင့်ခံ အယူအဆများ အပြင် နောက်ဆံ သင်းနေသူ တချို့ နှင့် အုပ်ချုပ်ရေးမဏ္ဍန် အဖွဲ့ များ၏ အာဏါ လွန်ဆွဲပွဲကြောင့် အခုလို ကချင်အရေး ကြံ့ကြာသွားခြင်းဖြစ်ပါသည်။

    နောက်ဆုံးအနေနဲ့  ၊ ကချင် များသည် စစ်မှန်ပြီးတရားမျှတတဲ့ ဒီမိုကရီစီနိုင်ငံတော်ကြီးဆီ ဦးတည်နေသည့် ဦး
    သိန်းစိန် အစိုးရ ဦးဆောင်မှူအောက်ရှိ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့်အမြန်ဆုံးတွေဆုံကာ ထာဝရ ငြိမ်းချမ်းရေး ရနိုင်အောင် အမြန်ဆုံးပြုလုပ်ဆောင်ရွတ်စေချင်ကြောင်း အကြံပြုချင်ပါသည် ။ ထိုသို့ ပြု လုပ်ဆောင်ရွတ်ခြင်းကြောင့် အထက်ပါ နောက်ဆံသင်းနေသူများ အတွက် နေစရာနေရာများတဖြီးဖြီးပျောက်ဆုံးကာ ဖွင့်ဖြိုး သာယာသည့် အနာဂတ် နိုင်ငံတော်ကြီး တည်ဆောက်နိုင်ပြီး မိမိတိုင်းရင်းသူ တိုင်းရင်းသား များ အေးအတူ ပူအမျှ ထာဝရ နေနိုင်မည်ဖြစ်သည် ။

  8. Absolutely. 1994 Cease Fire was just a waste of time and later KIO got manipulated. It never bore the political solution, instead KIO received pressure to transform the KIA into border-guard position. Now, how nay lies and cheats we have seen and witnessed in a few days? Used of helicopters, use of fighter jets, shelling of Laiza which killed civilians, declaration to stop war by Thein Sein. How many times they lied and cheated even in a week? How can the ethnics trust this nonsense words from Burmese junta? Instead, KIA must keep standing on its ground and belief firmly. Political Talk(Dialogue) through mediator(any government outside of Burma) is needed to make sure Burmese government is sincere. This time, we have seen the seriousness of KIO/KIS’s willingness to achieve political goal. UNFC needs to take its stand and demand with urgent voice.

  9. The stand of KIO is right. In Fact, burma army generals and leaders are the same group, they are Liars…

  10. This is very wise idea. We should never allow the Burmese junta to bully us around. Union is strength. United we stand, divided we fall. We the ethnics need to stick together to confront this idiot bully. We allowed this bullshit to bully us for too long. This time, the bully must be tamed. Let’s ride this stupid bull around. This is our turn.