AGD ဘဏ်ကို အများပိုင်အဖြစ် ပြောင်းလဲရန် ပြင်ဆင်နေ | ဧရာဝတီ
စီးပွားရေး

AGD ဘဏ်ကို အများပိုင်အဖြစ် ပြောင်းလဲရန် ပြင်ဆင်နေ

Hits:52,193
  | |

ရန်ကုန်မြို့တွင် ကျင်းပသည့် Barcamp Yangon 2013 တွင် ပြသထားသည့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက် ပြခန်းတခု (ဓာတ်ပုံ – AGD ဘဏ် / Facebook)

မြန်မာနိုင်ငံ၏လူသိများသည့်စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက၎င်းပိုင်ဆိုင်သောအာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်(AGD) လုပ်ငန်းကိုအများပိုင်အဖြစ် ပြောင်းလဲရန်ပြင်ဆင်နေပြီဖြစ်ကြောင်းယင်းဘဏ်၏ တာဝန်ရှိသူထံမှ သတင်းရရှိသည်။

AGD ၏ အင်တာနက်လူမှု ကွန်ယက်စာမျက်နှာfacebook ပေါ်တွင်လည်းထိုအစီအစဉ်နှင့် ပတ်သတ်ပြီးတရားဝင် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

အများပိုင်အဖြစ် ပြောင်းလဲရန် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ကို ရရှိပြီးဖြစ်၍ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်းအဆိုပါဘဏ်၏ တာဝန်ရှိသူ တချို့က ပြောကြားသည်။

ယခင် စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ဟုလူသိများ ကျော်ကြားသည့်ဦးတေဇ၏AGD ဘဏ်သည်၎င်းတို့၏ဘဏ်ဝန်ထမ်းများ အားလုံးကိုဘဏ်၏ပိုင်ဆိုင်မှု တစိတ်တဒေသအားရှယ်ယာစနစ်ဖြင့် ပေးအပ်မည်ဖြစ်ကြောင်း၊ဘဏ်အတွင်း အစုရှယ်ယာဝယ်ယူခြင်းဖြင့် ဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

ထို့အပြင်မြန်မာနိုင်ငံ၏ စတော့ရှယ်ယာ စင်တာများတွင်အများပိုင် ကုမ္ပဏီတခု အနေဖြင့် ပါဝင်ဆောင်ရွက် နိုင်ရန်ကြိုတင် ပြင်ဆင်ခြင်းလည်း ဖြစ်ကြောင်းAGD ၏တာဝန်ရှိသူတချို့က ရှင်းပြသည်။

AGD ဘဏ်သည် မြန်မာပြည်တွင် ၆ ခုမြောက် အများပိုင်ဘဏ် ဖြစ်လာသည့်လုပ်ငန်းစုတခု ဖြစ်လာမည်ဟု သိရသည်။

အဆိုပါ ဘဏ်သည်ပြည်တွင်း ပုဂ္ဂလိကဘဏ်တချို့ အပြိုင်အဆိုင် လုပ်ဆောင်နေသည့်အီလက်ထရွန်းနစ် နည်းပညာသုံးငွေပေးချေရေး ကတ်များ ဖြစ်သည့် Visa နှင့်Master လုပ်ငန်းများတွင်ပါဝင်လာခြင်း မရှိခဲ့ပေ။

AGD ဘဏ်သည်လက်ရှိအချိန်တွင်တနိုင်ငံလုံး၌ဘဏ်ခွဲပေါင်း၂၅ ခုကို ဖွင့်လှစ်ပြီးဖြစ်ကာလာမည့်လ အတွင်းတွင်၂၉ ခုအထိ ရှိလာမည်ဟု သိရသည်။


WSJ LIVE VIDEO:

2 Responses

Leave a Reply

  1. Public ပဲလုပ်လုပ် Private လုပ်လုပ် နိုင်ငံတကာနဲ.ချိတ်ဆက်ပြီးပဲလုပ်လုပ် Manager များရဲ. အရည်ချင်း အမူအကျင့် ကောင်းတွေမရှိလို.ကတော့ အတူတူပဲ ဘာဖြစ်လိုပြောရတာလဲဆိုတော့ (Post Paid Phone အတွက် AGD Bank မှာ Account သွားဖွင့်တယ် ကျပ်ငွေ Account ကတော့ အဆင်ပြေပါတယ် FEC Account အတွက် Currency Conversion လုပ်မယ်ပြောတော့ ကမာရွက် ဘဏ်ခွဲမှာပဲရမယ် ဆရာစံဘဏ်ခွဲမှာ မရဘူးတဲ့ ကယ်ဒီတော့ FE Bank မှာလုပ်နေတဲ့ သူငယ်ချင်းကိုဖုန်းဆက်ပြီး FEC ၀ယ်ရတာပေါ့ ၀ယ်ပြီး Deposit သွားလုပ်တော့ အဲဒီအထည်က FEC 10 တရွက် ဆေးစွန်းနေတယ် လက်မခဲနိုင်ဘူးတဲ့) စိတ်လဲဆိုးဆိုးနဲ. ပြောပြီး ” သုံးဖို.ထုတ်ထားတဲ့ ငွေလာ သိမ်ဖို.ထုတ်ထားတဲ့ငွေလာ သုံးဖို.ထုတ်တာဆိုရင် ဟောင်နွမ်းမယ် ညစ်ပေးမယ် စွန်ထင်မယ် ဒါတွေကို ငွေသုံးစွဲတဲ့သူတိုင်သိတယ် ဘဏ်လုပ်ပြီး ငွေအသစ်မှလက်ခံရမယ် လို. အထက်ကညွှန်ကြာထားရင် ဘဏ်အလုပ်လုပ်မနေ ညွှန်ကြာချက်မရှိရင်လဲ Manager တွေ ခြေခံကြတဲ့ လည်ပတ်သုံးစွဲငွေရဲ. သဘောတရားကို မသိရင် Manager လုပ်မနေကြနဲ. လက်မခံန်ုင် FEC 10 ကိုလဲ လက်မခံနိုင်ကြောင်းစာထုတ်ပေး အခွန်ဘဏ်ဏာ ၀န်းကြီးထံသွားမယ်လို.။ Bill တွေအပေါ်စီပွားရှာချင်လဲ ကောင်ကောင်ရှာစားကြ ပြည်သူတွေကို စိတ်ညစ်အောင်တော့ မလုပ်နဲ.” အယ်ဒီတော့မှ အချင်ချင်ဘာတွေ ပြောနေကြလဲမသိဘူး ခဏနေတော့ လက်ခံထားလိုက်ပါပြီလို.ပြောပြီး Deposit Slip ကိုလဲထုတ်ပေးလိုက်တယ်

  2. If you do things right, you will benefit and grow. But if you do not know how to run business then you kill yourself and die. Under the regulation from the government, let the private companies to run businesses, then the people will have choices to choose banks, schools, hospitals, markets, etc. Picking a group out of a few may not provide quality choice to the public. Give us choices. Let them compete to give us quality products and services. I do not care what you do but I do care how you do. So far, you guys are not doing things right. You are still doing things dictator’s way. You guys need to come out of darkness into the light. We are watching you. We know where you are. You are not here yet. You are not fit to lead the nation and to lead us. You guys need to sit down and let us do the job. We can do many times better than you guys are doing.