ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို | ဧရာဝတီ

ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို

Hits:1
  | |

လက်ပံတောင်း စီမံကိန်း ဖျက်သိမ်းရေး ရန်ကုန်တွင် ထောက်ခံဆန္ဒပြစဉ် (ဓာတ်ပုံ – ဧရာဝတီ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း လှုပ်ရှားမှုမှာ မပြီးဆုံးသွားဘဲ ဒေသခံများနှင့် အဖွဲ့အင်အားများ စုစည်းကာ ဆန္ဒထပ်ပြမည်ဟု သပိတ် အဖွဲ့ ခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။

စီမံကိန်းရပ်တန့်ရေး တောင်းဆိုနေသော သပိတ်စခန်းများကို အစိုးရအာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း ရဟန်းသံဃာများ၊ ဒေသခံလူထုများနှင့် အနယ်နယ်အရပ်ရပ်မှ လက်ပတောင်းတောင် အရေး စိတ်ဝင်စားသူများနှင့် ပူးပေါင်းကာ ထိုစီမံကိန်း ရပ်တန့်သွားသည်အထိ လုပ်ဆောင်သွားမည်ဟု သပိတ်ခေါင်းဆောင်များက ပြောသည်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရှိလို့ ကျနော်တို့တွေ ခဏငြိမ်မှာပါ။ ကွဲသွားတဲ့ လူစုတွေလည်း ပြန်စုရင်းနဲ့ပေါ့၊ နောက် တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အသီးသီးကို အကြောင်းကြားပါမယ်၊ ပြီးရင် အထွေထွေသပိတ်ကို အင်နဲ့အားနဲ့ပြန်စမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ကျနော်တို့ကို ခုလိုဖြိုခွင်းတဲ့အပေါ် သမ္မတကို ကျနော်တို့ နားလည်ရခက်သွားပြီ” ဟု သပိတ်ခေါင်းဆောင် တဦးက ဧရာဝတီသို့ ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သွားရောက်နေပြီး ပြည်သူလူထုကို စကားမပြောမီ မီးလောင်ဒဏ်ရာ ရသူများကို ဦးစွာ သွားရောက်တွေ့ဆုံမည်ဟု သိရသည်။

သပိတ်စခန်းများကို ယနေ့မနက် ၃ နာရီခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံ အာဏာပိုင် အဖွဲ့များက ဝင်ရောက် ဖြိုခွဲခဲ့သဖြင့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း NLD မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြ သပိတ်စခန်းများထဲသို့ အာဏာပိုင်အဖွဲ့များက မီးသတ်ပိုက်များဖြင့်ထိုးခွဲခြင်း၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခွဲခြင်း၊ မီးဗုံးများဖြင့် ပစ်ခွဲခြင်းပြုလုပ်ပြီးနောက် အင်အားအလုံးအရင်းဖြင့် “တွေ့တဲ့လူ အကုန်ရိုက် အကုန်ဖမ်း” ဟုဆိုကာ ဝင်ရောက်ရိုက်နက် ဖြိုခွဲ ခဲ့ကြောင်း အခင်းဖြစ်ပွားရာတွင် ကြုံတွေ့ခဲ့ရသော သပိတ်အဖွဲ့ဝင်များထံမှ ဧရာဝတီသို့ ပြောဆိုကြသည်။

ထိုအထဲမှ အတွင်းလူနာအဖြစ် သံဃာတော် ၂၂ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး မီးစွဲလောင်ဒဏ်ရာများ၊ ထိခိုက်ဒဏ်ရာများဖြင့် မုံရွာ ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရပြီး ဒဏ်ရာပြင်းထန်လွန်းသည့် သံဃာတော် ၂ ပါးကို  မန္တလေး ဆေးရုံကြီးသို့ NLD ၏ အကူအညီဖြင့် ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

“သပိတ်စခန်းတွေကို သူပုန်စခန်းဝင်စီးသလို မီးသတ်ပိုက်တွေနဲ့ထိုး၊ မျက်ရည်းယိုဗုံးတွေနဲ့ ပစ်ခွဲ၊ မီးလာင်ဗုံးတွေနဲ့ အရင်ပစ်ခွဲပြီး တွေ့တဲ့လူ အကုန်လုံးရိုက်ဖမ်းဆိုပြီး ညာသံပေးပြီးဝင်ရိုက်တော့ မိတဲ့လူတွေလဲအရိုက်ခံ၊ အဖမ်းခံကြရတယ် ကျနော်တို့တွေ အကုန်ထွက်ပြေးကြပြီး လူစုတွေကွဲကုန်တယ်” ဟု သပိတ်အဖွဲ့ထဲတွင် ပါဝင်သူ တဦးက ဧရာဝတီသို့ ပြောသည်။

အာဏာပိုင်များက သပိတ်စခန်း ၆ ခုရှိသည့်အနက် စီမံကိန်းအတွင်း ဝမ်ပေါင်ကုန်မ္ပဏီရှေ့မှ သပိတ်စခန်းအပါအဝင် အဓိက စီမံကိန်း အဝင်အထွက် လမ်းကြောင်းပေါ်ရှိ သပိတ်စခန်းကြီး များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သပိတ်စခန်းများတွင် ဆန္ဒပြနေသော ဒေသခံများနှင့် ပူးပေါင်း သပိတ်အဖွဲ့ဝင်များ ကိုယ်လွတ်ရုန်းထွက်ပြေး ခဲ့ကြရသည်ဟု ကာယကံရှင်များက ပြောသည်။

အခင်းဖြစ်ပွားစဉ်တွင် ရဲတပ်ရင်းများ အလုံးအရင်းဖြင့် ဝင်ရောက် ရိုက်နက်ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် သံဃာတော် အနည်းဆုံး ၆ ပါးနှင့် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးနေသူများလည်း ရှိကြောင်း သိရသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များက သပိတ်စခန်း လာရောက်သူများ စီးနင်းလာသော ဆိုင်ကယ်များနှင့် သတင်းထောက်တချို့ စီးနင်းလာသော ကားများကို စုပုံကာ မီးရှို့ပစ်ခဲ့ ကြောင်း မျက်မြင်များကပြောသည်။

ယင်းသို့ ပစ်ခတ်ဖြိုခွဲရာတွင် အသုံးပြုသော မီးဗုံးများမှာ ရေစိုနေသော အရာဝတ္ထုများနှင့် အသားအရေကို စွဲလောင်ခြင်းကို သပိတ်အဖွဲ့ဝင်များက နားမလည်နိုင်ဖြစ်ရကြောင်း မူလပက်ဖြန်းခဲ့သည့် ရေ သို့မဟုတ်၊ မီးဗုံးများတွင် ဓာတုပစ္စည်းများ ပါဝင်နိုင်ဟု သပိတ်အဖွဲ့ဝင်များက သံသယ ရှိနေကြသည်။

“အံ့သြစရာကောင်းတာက သူတို့ပစ်တဲ့ မီးဗုံးတွေက ရေစိုနေတဲ့နေရာတွေကို ပိုပြီးစွဲလောင်တာတွေ့ရတယ်၊ ဦးဇင်းတွေဆိုရင် အသားတွေ မီးစွဲလောင်ပြီးကို ကွာကျတယ်၊ ပြေးနေတုန်း မိတဲ့လူတွေရော၊ ဦးပဉ္ဇင်းတွေရော အကုန်ရိုက်တယ်၊ ဖမ်းသွားတယ်၊ ဘယ်နှစ်ယောက်မိလဲ၊ သေလည်းဆိုတာ ကျနော်တို့လည်း လှည့်မကြည့်နိုင်ဘူး” ဟု သပိတ်အဖွဲ့ဝင် ဒေသခံတဦး က ဧရာဝတီသို့ ပြောသည်။

ယခု အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုသော မီးလောင်ဗုံးမှာ ဖော့စ်ဖောရပ်စ် ပါဝင်သည့် မီးလောင်ဗုံးဖြစ်နိုင်သည်ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောကြောင်း မုံရွာ အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဧရာဝတီကို ပြောသည်။

မြန်မာအစိုးရ စစ်တပ်ဗိုလ်ချုပ်များ ဦးစီးထားသော ဦးပိုင် ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေ သော အဆိုပါ ကြေးနီစီမံကိန်းကြောင့် သဘာဝတောင်တန်းများ ပျက်စီးခြင်း၊ ဒေသခံတို့၏ လယ်ယာမြေများ အဓမ္မ သိမ်းပိုက် ခံရခြင်း၊ စီမံကိန်းအညစ်အကြေးများမှ ကျန်းမာရေးထိခိုက်စေခြင်းနှင့် အခြားဆိုးကျိုးများကို ထောက်ပြကာ ဒေသခံ ကျေးရွာ ၂၆ ရွာက ယခုနှစ် မေလမှစတင်ကာ နှစ်ဝက်ကျော်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့မနက်ပိုင်းက အကြမ်းဖက်နှိမ်နှင်းခြင်း ခံခဲ့ရသည်။

အဆိုပါစီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရေးပေါ် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း အာဏာပိုင်များဖက်က ညှိနှိုင်းပြောဆိုခြင်းမရှိဘဲ ယခုကဲ့သို့ ဖြိုခွင်းခဲ့သည်။


17 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. i like update news

  2. We should have calm and courage. Don’t fell in the trap. We should unite with Daw Suu. She knows the trick of politic.

    • မြန်မာ တိုင်းရင်းသူ

      Khin ပြောတာကို ကျွန်မလဲ လက်ခံတယ်။ ပြည်သူ လက်မခံနိုင်တာကို လုပ်ပြီး တတိုင်းပြည်လုံး ဆူအောင်ဖွပြီး စစ်တပ်က ၀င် အာဏာသိမ်းမှာ စိုးရတယ်။ အန်တီစု က အကွက် ကြိုမြင်တယ်။ သည်တော့ သူပြောတာ နားထောင်ပြီး သူ ဖြစ်စေချင်တာ လုပ်ကြပါ။ တခုရှိတာက တခါတလေ သူရောက်နေတဲ့ နေရာ၊ အခြေအနေအရ အန်တီစုက ပွင့်လင်းစွာ ပြတ်ပြတ်သားသား ပြောလို့ မရဘူး။ သည်တော့ သူ့ စကားကို အသေအချာ နားထောင်ပါ၊ သဘော ပေါက်အောင် ကျိုးစားပါ။ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကလဲ အန်တီစု သွယ်ဝိုက် ပြောလိုတာကို ဖြည့်စွက် ပြောတတ်ပါတယ်။ သူတို့ သုံးယောက်စလုံး ဘာတွေ ပြောသလဲ အသေအချာ နားထောင်ပြီး ညီညွတ်စွာ ၀န်းရံ လုပ်ကြသင့်တယ် မြင်ပါတယ်။

  3. တရုတ်ကုမဏ္ဏီတစ်ခုအတွက်မြန်မာပြည်သူတွေအကြမ်းဖက်နှိမိနင်းခံရတာပါ

  4. Black money circulation is a lot at MEC and UMEHL.

  5. ခွန်စိမ်းမောင်(တောင်ကြီး)

    တရုတ်ပစ္စည်း မှန်သမျှ မ၀ယ်နဲ့
    တရုတ်တွေကိုပါ ဆန့်ကျင်တိုက်ခိုက်ကြ
    တရုတ်သံရုံးတွေမှာ ဆန္ဒပြကြ

    • Yes, right…………man.

    • ခွန်စိမ်းမောင်ပြောတာမှန်တယ်တစ်ရုတ်ပစ္စည်းမဝယ်နဲ့မသုံးနဲ့သပိတ်မှောက်ကြ။
      သူတို့တစ်ရုတ်တွေလည်းဂျပန်ကိုပြီးခဲ့တဲ့လတွေတုန်းကဒီလိုဘဲဆန္ဒပြခဲ့ကြတာဘဲလေ။
      ဂျပန်ကုန်တိုက်တွေတောင်ခဏပိတ်သွား၇တယ်။ဒါတောင်ပြည်မနဲ့ဝေးတဲ့ကျွန်းလေး
      တစ်ကျွန်းပြဿနာကြောင့်။သူတို့ကိုယဉ်ယဉ်လေးအကြမ်းမဖက်တဲ့နည်းနဲ့ဆန္ခပြခြင်းက
      ဒိတစ်နည်းကအကောင်းဆုံးနဲ့အထိရောက်ဆုံးဘဲ။ဘယ်လိုလည်းကျွန်မတို့တိုင်းသူ
      ပြည်သားတွေညီကြမှာလား။

  6. မင်းမျိုးနိုင်

    စိန်နားကပ်အရောင်နဲ့ပါးပြောင်နေတဲ့ထိပ်ပြောင်ကြီးရေ။ ခုပြသနာဘယ်လိုရှင်းမှာလဲ။တခြား
    တိုင်းပြည်မှာပြသနာတွေကိုင်တွယ်မဖြေရှင်းနိုင်ရင်ရာထူးကနုတ်ထွက်ပြီ။ခင်ဗျားဘယ်တော့
    နုတ်ထွက်မှာလဲ။သခင်အားရ(တယုတ်)ကျွန်ပါးဝဆိုတာခင်ဗျားတို့အုပ်စုကိုပြောတာ။တိုင်း
    ပြည်ရောင်းစားတဲ့အစိုးရတဖွဲ့လုံးနုတ်ထွက်စာတင်သင့်ပြီ။

  7. ပါကြီးဖိုး

    ဦးပိုင်ဆိုတာ ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုတွေပါ။ အဲဒီဦးပိုင်ထဲမှာ ဦးသန်းရွှေရဲ့ ရှယ်ယာ ဘယ်လောက်ပါနေမှန်းမှ မသိတာ။ သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာရင်တော့ ဘာကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူးဆိုတာ လက်ပံတောင်းတောင် အရေးအခင်းမှာ ထပ်မံပြသလိုက်ပါပြီ။ သူတို့အတွက် လူ့အခွင့်အရေးတို့ လူသားချင်းစာနာမှုတို့ ဒီမိုကရေစီတို့ဆိုတာဟာ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုလောက် အရေးကြီးမှာမဟုတ်ဘူးဆိုတာကိုလည်း သက်သေပြလိုက်တာပါ။ ငရဲဘဝက လာကြတဲ့ စစ်အာဏာရှင်တွေဟာ ငရဲကိုပဲ မုချပြန်သွားကြမှာပါ။ ပြည်သူ့ဘဏ္ဍာတွေကိုခိုး၊ လယ်သမားတွေရဲ့ လယ်ယာတွေကို အဓမ္မလိုက်သိမ်း၊ လူသတ်၊ ညှင်းပန်းနှိပ်စက်၊….ဒီလူတွေအတွက် ငရဲမှတစ်ပါး အခြားမရှိပါ။ အကြမ်းဖတ်နှိမ်နှင်းမှုမှာ ပါဝင်ကြတဲ့ ရဲတွေဟာ ဘယ်ဗိုလ်ချုပ်ရဲ့ ဆွေမျိုးသားချင်းတွေထဲကလည်း ဟုတ်မယ်မထင်ပါဘူး။ ရဲတွေဆိုတာ အောက်ခြေလူတန်းစား မိသားစုတွေက လာကြသူတွေသာ များမှာပါ။အခုတော့ ရဲတွေဟာ အာဏာရှင် ဗိုလ်ချုပ်တွေ ခိုင်းသမျှ လိုက်လုပ်နေကြရတယ်။ ဥာဏ်မရှိရဲလုပ်နေကြရပေမယ့် သူတို့ခမျာ စစ်အာဏာရှင်တွေရဲ့ အသုံးချခံဘဝ ရောက်နေကြရတယ်။

  8. ယခင်အစိုးရလက်ထက်က စာချုပ်ကို နိုင်ငံတကာ ရင်းနှိးမြုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့ ယခုအချိန်မှာ မဖျက်သင့်တာမှန်ပါတယ်။ နိုင်ငံအနေနဲ့ ငွေကြေးအကျိုးအမြတ် မရှိဆိုရင်တောင်မှ ကတိက၀တ်ကြောင့် ဆက်လုပ်သင့်ပါတယ်။

    ဒေသခံပြည်သူတွေရဲ့ ရေရှည် (လူမှု၊ စီးပွား၊ကျန်းမာရေး) အကျိုးစီးပွားကိုထိခိုက်မှုရှိတယ်၊ သဘာဝပန့်ဝန်းကျင်ကိုလည်း အမှန်တကယ် အစားထိုးမရတဲ့ ထိခိုက်မှုဖြစ်စေတယ်၊ ဆိုပေမဲ့ ဒါတွေကို လုံးဝမဖြစ်ပေါ်အောင် ကုစားဖို့ နည်းလမ်းလည်းရှိမယ် တာဝန်ခံဆောင်ရွက်မယ့် အဖွဲ့အစည်းလည်းရှိမယ် ပွင့်လင်းမြင်သာမှုလည်းရှိမယ် ဆိုရင် ဆက်ပြီးခွင့်ပြုသင့်ပါတယ်။ ဒါကို လွှတ်တော်ကဦးဆောင်ပြီး ပြည်သူထဲက သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူများပါဝင်တဲ့ စုံစမ်းရေးကော်မရှင်က စစ်ဆေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။

    ဒါပေမဲ့ ကုစားဖို့ နည်းလမ်း မလုံလောက်ဘူး၊ တာဝန်မခံဘူး၊ ပွင့်လင်းမြင်သာမှုလည်းမရှိဘူးဆိုရင်တော့ နိုင်ငံတော်( ပြည်သူနဲ့ ရေမြေသဘာဝ) အကျိုးစီးပွားကိုထိခိုက်မှုရှိတယ် ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ဒီစီမံကိန်းကို ဖျက်သိမ်းရမှာပဲ ဖြစ်ပါတယ်။ ၀မ်ပေါင်ကုမ္ပဏီကို လျော်ကြေးပေးရုံ၊ အကျိုးအကြောင်း ထုတ်ပြန်ရှင်းပြရုံပဲ ရှိပါတယ်။ ယခု အစိုးရလက်ထက်နဲ့ ဥပဒေ၊ ကော်မရှင်၊ အစီုးရ၊ လုပ်ထုံးလုပ်နည်း မတူတာကြောင့် လာမည့် နိုင်ငံတကာ ရင်းနှိးမြုပ်နှံမှုတွေ အပေါ် လွမ်းမိုးမှု တိုက်ရိုက်တော့ ရှိမယ် မဟုတ်ပါ။

    ဦးပိုင်အဖွဲ့အစည်းက ပြည်သူ့အကျိုးစီးပွားနဲ့ စီးပွားရေးအရ အခြေခံဥပဒေပါ တန်းတူညီမျှမှု အခွင့်အရေးကို ဘယ်လို လက်ဝါးကြီးအုပ်၊ အခွင့်ထူးခံ ချိုးဖောက်သလဲဆိုတာကတော့ သီးခြားဖော်ထုတ်ဖြေရှင်းရမှာဖြစ်ပါတယ်။

  9. ဒီတစ်ခါဆန္ဒပြကြရင်တော့ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ဝတ်စုံတွေဝတ်ထားသင့်တယ်။
    ဥပမာ ခေါင်းကိုရိုက်တဲ့အခါလွယ်လွယ်နဲ့မကွဲအောင်မာကြောတဲ့ဦးထုပ်ကိုဆောင်းထားဖို့
    ရဲတွေလိုဒိုင်းလွှားတွေဆောင်ထားဖို့။မဟုတ်ရင်လည်းသူတို့ဒိုင်းတွေကိုအမြန်လုပြီးကိုယ့်ကို
    ကိုယ်ကာကွယ်နိုင်ဖို့လုနည်းလေ့ကျင့်ထားဖို့။အမျိုးသမီးများထမီမဝတ်ဘဲဂျင်းဘောင်းဘီလို
    ခပ်ထူထူဘောင်းဘီရှည်ဝတ်ထားဖို့။(အဲ့ဒါအရှက်တစ်ကွဲအကျိုးနည်းမဖြစ်ရအောင်ပေါ့)
    ရေနဲ့ဆေးဝါးတွေလည်းအယောက်တိုင်းဆောင်ထားသင့်တယ်။
    ဥပမာ ထိခိုက်ဒဏ်ရာရရင်သုံးဖို့ပတ်တီးတို့သွေးတိတ်ဆေးတို့၊ပလာစတာတို့။အကိုက်အ
    ခဲပျောက်ဆေးတို့ပေါ့။

  10. ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို သေချာမေးခွန်း ထုတ်ရမယ့် အချိန်ဖြစ်တယ်။ကျွန်တော်တို့ပြည်သူတွေရဲ့ဆန္ဒ အမှန်ကို သေချာမသိဘဲနဲ့ ဘယ်လို ဒီမိုကရေစီဖြစ်မလဲ။ဒီမိုကရေစီတကယ်မြတ်နိုးတန်ဘိုးထားတယ်ဆိုရင် ပြည်သူကို တန်ဘိုးထားရမယ်။ပြည်သူတွေရဲ့ အသက်စည်းစိမ်တန်ဘိုးထားတတ်ရမယ်။ ပြည်သူတွေဆန္ဒပြတယ်ဆိုတာက သူတို့ ထမင်းတစ်လုပ်စာအတွက်ပါ။ သူများတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေဘို့မဟုတ်ပါဘူး။ဒီမိုကရေစီ စနစ်မှန်ရင် ဥပဒေကို လေးစားရပါမယ်။ လုံခြုံရေးဆိုတာ နိုင်ငံတကာမှာ ၇ှိပါတယ်.။ဒါပေမယ့်လို့ ကိုယ်လုပ်ချင်သလိုလုပ်ဘို့မဟုတ်ပါဘူး။လူတိုင်းလူတိုင်းရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပေးဘို့သာဖြစ်တယ်။ခုတော့ ဆန္ဒပြရင် အမိန့်ခံရမယ်.အမိန့်ရရင် ဆန္ဒပြရမယ်.ဒါဟာ တစ်ဘက်သက်ဥပဒေပါ။အဲဒီအချက်ကို လွှတ်တော်မှာ သေချာဆွေးနွေးရမှာဖြစ်ပါတယ်။ ပြီးတော့ လုံခြုံရေး ။ လုံခြုံရေးကို အကြောင်းပြပြီးတော့ ကိုယ်လုပ်ချင်သလို တစ်ဘက်သက်လုပ်ခွင့် ပေးလို့မရပါဘူး။ ဥပဒေကို ကျော်လွန်ပြီးတော့ လူရမ်းကားဆန်ဆန် သတ်ဖြတ် ညှင်းဆဲတာတွေကို ထိထိေ၇ာက်ရောက် အရေးယူပေးဘို့လိုပါတယ်။ဒီမိုကရေစီ ပြည်သူဆိုတာ ဥပဒေကို အားကိုးပြီးတော့ ဘဝကို လုံခြုံစွာ နေချင်တာပါ ဥပဒေကမှ အကာကွယ်မပေးနိုင်ဘူးဆိုရင်တော့ သေချာပြောလိုက်ပါရစေ ဒီမိုကရေစီ ဘယ်တော့မှ မစစ်ဘူးဆိုတာပါပဲ ။

  11. အလွန်စက်ဆုပ်စရာကောင်းတဲ့ နှိမ်နှင်းမှုပါ။ သံဃာသွေးမြေကျ ရပြန်ပြီ။

  12. တရုတ်နဲ့ပေါင်းစားနေတဲ့ အမျိုးသားသစ္စာဖေါက်ကြီးများ၊ အစိမ်းပုတ်အရောင်ချွတ် လူရောင်ဆောင်နေကြသော
    သတ္တ၀ါအကောင်ကြီးများ၊ ထားစရာမရှိအောင် ခိုးပြီးသော်လည်း ခိုးမစားဘဲ မနေနိုင်လောက်အောင် လောဘတက်
    နေ၍ ဗမာပြည်ကို တရုတ်လက် အပ်လိုသူ များအား ငရဲပြည်မှ ကြိုဆိုနေပါသည်။
    ခွေးနက်ကြီးများက သင်တို့ ကြွရောက်လာသောအခါ ငရဲမီး ဖျော်ရည်ဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်ပြီး အ၀ီစိအောက်ဆုံး အဆင့် ၌ ကမ္ဘာ ၁၅သိန်းထား၍ အခမဲ့ လက်ခံထားမည်ဖြစ်ကြောင်း သတင်းစကားနှင့် ဖိတ်ကြား
    လိုက်ပါသည်။ အဆင်သင့်ပြင်ထားကြပါလော။

  13. ဘယ်လိုရည်ရွယ်ချက်နဲ့ဘယ်လိုစိတ်ကူးနဲ့လုပ်နေတာလဲ။ အခုလိုအချိန်မှာဒီလိုလုပ်ရဲတဲ့သတ္တိမှားလို့ ရွှေဥာဏ်တော်စူးရောက်ပုံငကိုနားလည်နိုင်ဘူး။မြန်မာအစိုးရကအဲလိုအရိုင်းအစိုင်းတွေမို့ရှက်မိတယ်။

  14. သမတ ကို နားလည်ရ မခက်နဲ့ လေ- သူဟာ ဘောင်းဘီချွတ်တယောက်-စစ်တပ်လာတာ- စစ်သားအတွေးဘဲရှိမှာပေါ့- ဘယ်လိုလုပ်ပြီး လူလို တွေးတတ်မှာလဲ- သူတွေးတာက ဆန့် ကျင်လျှင် ဖမ်းမယ် ဆီးမယ် သတ်မယ် ဖြတ်မယ်- ဒါဘဲပေါ့-စစ်သားညာဉ်မှ မပျောက်သေးတာ။ ပျောက်ဘို့ မလွယ်သလို-ပျောက်မယ်လဲ မထင်ပါဘူး။ အရိုးစွဲ ခေါက်ရိုးကျိုးနေတာကိုး။