၈၈ နုတ်ထွက်ခြင်း မှာ ဖြစ်ရပ်မှန်ကို လွတ်လပ်စွာ ဖော်ထုတ်ရန်ဟု ပြော | ဧရာဝတီ
သတင်း

၈၈ နုတ်ထွက်ခြင်း မှာ ဖြစ်ရပ်မှန်ကို လွတ်လပ်စွာ ဖော်ထုတ်ရန်ဟု ပြော

Hits:1
  | |

မန္တလေးဆေးရုံကြီးတွင် မီးလောင် ဒဏ်ရာဖြင့် ဆေးကုသခံယူနေသည့် မဖြူဖြူဝင်းကို အားပေးရန် မုံရွာမှ အစ်မဖြစ်သူ မသွဲ့သွဲ့ဝင်းနှင့် မအေးနက်တို့ လာရောက် ကြည့်ရှုအားပေးစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုနှင့် ပတ်သတ်၍ ၈၈ မျိုးဆက်ကျောင်းသားများက ဖြစ်ရပ်မှန်ကို လွတ်လပ်စွာဖြင့် ပြည်သူ့ အသံနားထောင်ပြီး ဖော်ထုတ်မည် ဖြစ်သောကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ယနေ့ ပြောကြားလိုက်သည်။

လက်ပံတောင်းတောင် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ မပါဝင်ဘဲ ဆောင်ရွက် သွားလျှင်လည်း ထိရောက်မှု ရှိနိုင်ကြောင်း၊ အဓိကအားဖြင့် ဒေသခံ ပြည်သူများ၏ အသံကို နားထောင်ကာ အခြေအနေကိုကြည့်ပြီး အနယ်နယ် အရပ်ရပ်ရှိ တက်ကြွလှုပ်ရှားသူများ၏ သဘောထားများကိုလည်း ကြည့်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် သံဃာတော်များ၏ စိတ်တွင်း၌ အနာတရ ဖြစ်ကာ ကြီးကျယ်သည့် တပြည်လုံး အုံကြွမှုမျိုး ထပ်မံ ဖြစ်သွားပါက ယခု လျှောက်လှမ်းနေသည့် ဒီမိုကရေစီ လမ်းစဉ် ပျက်ပြယ်သွားနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးခန်းတွင် ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ယနေ့ ပြောဆိုခဲ့သည်။

“လက်ပံတောင်းတောင် အရေး စုံစမ်းရေး ကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း ဦးဆောင်နေတယ်ဆိုတော့ ပြည့်စုံနေပြီပါပြီ။ အပြင်က အနာက ကုသရင် ပျောက်သွားနိုင်တယ် သံဃာတော်တွေရဲ့ စိတ်ထဲ အနာတွေဖြစ်နေရင် တပြည်လုံး အုံကြွမှု ဖြစ်သွားနိုင်တယ်။ သံဃာတော်တွေရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ ဆန္ဒတွေကို အပြည့်အ၀ လေးစားပြီး စိတ်ကျေနပ်သည် အထိ ၀န်ချတောင်းပန်ဖို့ လိုအပ်ပါတယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။

ထိခိုက် ဒဏ်ရာရသည့် သံဃာတော်များ၊ ပြည်သူများကိုလည်း ထိတွေ့ခဲ့ကြပြီး ပြင်းထန် ဒဏ်ရာရ သံဃာတော် တချို့ကို မန္တလေး ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ မသွားသည့် ဒေသခံများကိုလည်း ဆေးရုံသို့ သွားနိုင်ရန် အတွက် လုပ်ဆောင်ပေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ ကိုဂျင်မီက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“ငြိမ်းချမ်းစွာ ပြီးစီးသွားအောင်၊ ကော်မရှင် အားကောင်းအောင်လည်း ကြိုးစားသွားမှာပါ။ ပြီးတော့ အခု မျက်ရည်ယိုဗုံးက သာမန်မဟုတ်ဘူး။ ကျနော်တို့လည်း အဲဒါကို ကြုံဖူးတယ်။ ကျန်ခဲ့တဲ့ အပိုင်းအစတွေ၊ ပစ္စည်းတွေကိုယူပြီး၊ စုဆောင်းပြီး ဖော်ထုတ် သွားပါမယ်” ဟု ကို ဂျင်မီက ဆိုသည်။

လက်ပံတောင်းတောင် ကိစ္စ ဆန္ဒပြသူများအား အကြမ်းဖက် ဖြေရှင်းခဲ့မှုနှင့်ပတ်သတ်၍ ထိခိုက် ဒဏ်ရာရရှိသူ ရဟန်း၊ ပြည်သူများအား ထိရောက်သော ဆေးဝါးကုသမှုပေးရန်၊ ထိခိုက်ဒဏ်ရာရခဲ့သည့် သံဃာတော်များအား ၀န်ချ တောင်းပန်ရန်၊စုံစမ်းရေး ကော်မရှင်မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည် စစ်ဆေး သုံးသပ်ရန်၊ စုံစမ်းစစ်ဆေး နေစဉ်အတွင်း တူးဖော် ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်နှင့် ဖမ်းဆီး အရေးယူမှုများကို ရပ်တန့်ကာ ထိန်းသိမ်း ထားသူများကို ပြန်လည် လွှတ်ပေးရန်၊ ပြဿနာများကို ညှိနှိုင်း ဖြေရှင်းရန် ၈၈ မျိုးဆက် ကျောင်းသားများက ယနေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်အဖွဲ့ အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျှက်ရှိသော ဖြစ်စဉ်များနှင့် ယင်းစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်၊ မသင့် အခြေနေမှန်ကို သိရှိရန်အတွက် လည်ကောင်း၊ ကြေးနီစီမံကိန်းအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြုကာ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်းကောင်း ယင်းစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများကို လည်းကောင်း၊ ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိ၊ မရှိ ပြန်လည် စိစစ်ရန်နှင့် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်း၊ ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှု၊ သံဃာတော်များ ထိခိုက်ဒဏ်ရာ ရရှိသည့်အပေါ် သုံးသပ်ချက် အစရှိသည်များကို လည်းကောင်း နိုင်ငံတော် သမ္မတရုံးသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အစီရင်ခံ တင်ပြရမည်ဟု သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် စီမံကိန်း ပတ်ဝန်းကျင်ရှိဝက်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတော စသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခံထားရခြင်းကို မကျေနပ်ရာမှ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ တောင်းဆိုမှုများ ယခုနှစ် မေလမှစ၍ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ၀မ်ပေါင် ကုမ္ပဏီ အနီးဝန်းကျင်ရှိ သပိတ်စခန်းများကို ၀မ်ပေါင်ကုမ္ပဏီ ၀န်းထဲတွင် လုံခြုံရေး တာဝန်ယူထားကြသည့် လုံထိန်း ရဲများက မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့သည်။

ယင်းအတွက်ကြောင့် ဒဏ်ရာရရှိသူများ များပြားခဲ့ပြီး ဒဏ်ရာရရှိသူများတွင် သံဃာတော်များ အများဆုံးဖြစ်၍ တချို့ သံဃာတော်များမှာ အသားအရေများ လောင်ကျွမ်း ပျက်စီးကုန်ကြသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သမ္မတရုံး သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ဆန္ဒပြမှုကို ဖြိုခွဲမှုသည် ဒီမိုကရေစီ စနစ်ကျကျ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အရေးယူ ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း၊ မျက်ရည်ယိုဗုံးကိုသာ သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ထားပြီး မီးလောင်ဗုံး မသုံးစွဲခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါ ကြေညာချက်ကို နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းသွားခဲ့ကြောင်းသိရသည်။


WSJ LIVE VIDEO:

23 Responses

Leave a Reply

  1. It seems like the government tries to leave its wastes(Poops) everywhere and makes Suu Kyi clean it. I agree with the decision made by the 88 Generation Group. Cover-ups might be at every corner, therefore independent investigators may do a better job than Thein Sein’s handpick commission.

    • Watch what you are saying. Daw Su is not stupid. If she has accepted it, she must have the trust in herself that she can resolve it. As for 88 generation, they do have courage to defy the government but i pretty much doubt their ability or willingness to resolve issues especially when there is slight chance of people hating them.

  2. How 88 generation? You want to do the speaking only.
    Not interesting in the praticle.

  3. Sorry,
    We are students in university, college, or high school, we must support
    AMAY SU. Why you guy out. We think if Amay (mother) does something ,
    all of families must do and support together to AMAY. WHY?

  4. Aung San Suu Kyi as judge and jury is of such relief to Thein Sein for sure.

    Even though 88′s are moving and voicing right move and noise, when the penny drops they WILL side with Thein Sein as usual.

    Nowadays, every one does. Including all the “media”.

    They simply pacify the people for Thein Sein to make the sharp edges smooth.

    Both Aung San Suu Kyi an 88′s are united with Thein Sein for the Lapadaung to GO AHEAD.

    In fact as fa as stopping the project goes, NO ONE is going to help the locals. They will simply make a lot of noises but will come down on the Ta-yoke’s side., The international BUSINESS PEOPLE’s side. All of them.

  5. The truth cann’t be hidden. Any people who command to make brutal attack on unarmed people must be punished. Who is responsible for this???

  6. လက်ပံတောင်းတောင်ကိစ္စ ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုကရေစီ
    သည် သည်လိုမျိုးစစ်အုပ်ချုပ်ရေးမှ လူအယုတ်တမာတွေပါဝင်ပတ်သက်နေသရွေ့
    စစ်မှန်သောဒီမိုကရေစီဖြစ်မလာနိုင်ပဲ ယခင်ထက်ပိုဆိုးဝါးသောအခြေနေသို့ပင်ပြန်လည်
    ရောက်ရှိသွားပေတော့မည်။

  7. အစိုးရအဖွဲ့ရဲ့ အထိကရုံးနှိမ်နင်းရေး ရဲအဖွဲ့ ရက်စက်တဲ့အမှားကိုကျူးလွန်လိုက်ပါပြီ။ညာဖို့ဖုံးကွယ်ဖို့မဖြစ်နိုင်လောက်အောင် ထင်ရှားသွားပြီဖြစ်တဲ့အတွက် တဖြေးဖြေး မကျေနပ်မှုကိုဆန္ဒဖေါ်ထုတ်လာတဲ့ တပြည်လုံးက ရဟန်းရှင်လူတွေကို ဥပဒေတွေအမျိုးမျိုး တပ်ပြီးလိုက်ဖမ်းနေမဲ့အစား အမှားကိုဝန်ခံပြီး ကြီးမားတဲ့ လူထုအုံကြွမှုကိုမဖြစ်စေပဲ ပြည်သူလူထုအားလုံးကျေနပ်မဲ့တောင်းပန်မှူနဲ့ လုပ်သင့်တာကိုအမြန်ဆုံးမလုပ်နိုင်ယင်တော့ ဒီမိုကရေစီလမ်းကြောင်းကောက်ကွေ့သွားနိုင်တဲ့အပြင် တုံ့ဆိုင်းဆိုင်းဖြစ်နေတဲ့ တိုင်းရင်းသားလက်နှက်ကိုင်တွေနဲ့လုပ်မေတဲ့တ၀က်တပြက် Peace Fund Process ပါ ပြက်စီးသွားနိုင်တယ်။

  8. အစိုးရအဖွဲ့ရဲ့ အထိကရုံးနှိမ်နင်းရေး ရဲအဖွဲ့ ရက်စက်တဲ့အမှားကိုကျူးလွန်လိုက်ပါပြီ။ညာဖို့ဖုံးကွယ်ဖို့မဖြစ်နိုင်လောက်အောင် ထင်ရှားသွားပြီဖြစ်တဲ့အတွက် တဖြေးဖြေး မကျေနပ်မှုကိုဆန္ဒဖေါ်ထုတ်လာတဲ့ တပြည်လုံးက ရဟန်းရှင်လူတွေကို ဥပဒေတွေအမျိုးမျိုး တပ်ပြီးလိုက်ဖမ်းနေမဲ့အစား အမှားကိုဝန်ခံပြီး ကြီးမားတဲ့ လူထုအုံကြွမှုကိုမဖြစ်စေပဲ ပြည်သူလူထုအားလုံးကျေနပ်မဲ့တောင်းပန်မှူနဲ့ လုပ်သင့်တာကိုအမြန်ဆုံးမလုပ်နိုင်ယင်တော့ ဒီမိုကရေစီလမ်းကြောင်းကောက်ကွေ့သွားနိုင်တဲ့အပြင် တုံ့ဆိုင်းဆိုင်းဖြစ်နေတဲ့ တိုင်းရင်းသားလက်နှက်ကိုင်တွေနဲ့လုပ်နေတဲ့တ၀က်တပြက် Peace Fund Process ပါ ပြက်စီးသွားနိုင်တယ်။

  9. ကောင်းတာပေါ့ ၊ ရတိုင်းဆန္ဒတွေပြကြ ၊
    အဖွဲ့ပေါင်းစုံထောင် ခေါင်းဆောင်တွေ လူစွမ်းကောင်းတွေလုပ်ပြီး မြှောက်ပေးကြ ၊
    အရင်ရပြီးသားလျော်ကြေးတွေကုန်တော့ အခုဈေးနဲ့ ထပ်တောင်းကြ ၊
    လုပ်သမျှ စီမံကိန်းတွေ ရပ်ခိုင်းကြ ၊
    ပြည်သူရာခိုင်နှုန်းဘယ်လောက်များ ဆန္ဒွပြသူတွေဘက်ကရှိလဲ ?
    လူနည်းစုအခွင့်အရေးရလိုတဲ့ ဆန္ဒွပြသူတွေကြောင့် ပြည်သူရာခိုင်နှုန်းများစွာ ကိုယ်၊စိတ် ဒုက္ခရောက်နေကြရတာရော ?
    လူသန်း ၆၀ အတွက် ကြည့်မလား ?
    ဘာလို့များ လက်ရှိ နေထိုင်နေတဲ့ မြို့ပြအိမ်ယာတွေ ပြန်ဖျက်ပြီး သဘာဝကို ပြန်မထိန်းကြတာလဲ ?
    ဒါဆိုရင် အတိတ်ကိုပြန်ကြမယ် ၊ ကျောက်ခေတ်လို နေကြပြီး လွတ်လပ်တဲ့ဒီမိုကရေစီအပြည့်နဲ့ (အာမခံတယ် ၊ အစိုးရမရှိဘူး) သဘာဝကို ထိန်းသိမ်း ကြစို့လား ရွှေမြန်မာများ ။

    • Dear Kumudra,
      Now you write whatever you want in internet.
      You must know that is democracy system.
      ” Freedom of write, speak.”

      PLs…. read more and try to get more knowledge.

  10. ရက်စက်လိုက်ကြတာ
    မင်းတို့…..
    ဘယ်အမေမျိုးက မွေးတာလဲ
    အမျိုးဘာသာသာသနာ သွေးစွန်းခဲ့ပြီ
    မင်းတို့……
    ကျူးလွန်ခြင်းကို
    လောကမှာရော၊နောင် သံသရာမှာရော
    ခံကြရတော့မယ်
    ခံကြရမယ်
    မျှော်လင့်နေစရာမလိုဘူး
    အသေအချာ ရောက်လာလိမ့်မယ်။

    သာကီသွေး
    ယဉ်ကျေးမှုရဲ့ နောက်ဆုံးခံတပ်မြို့မှာနေတယ်။

  11. ဒီမိုကရေစီနိုင်ငံသစ်တဲ့…………ခုတိုင်းဆို ဘာထူးတော့မလဲ …။သန်း ၆၀ သောပြည်သူတွေအတွက်တဲ့ သမ္မတသစ်စကား အကြွင်းကတော့ သုံည ဖြစ်သွားပြီစိတ်မကောင်းစရာပဲ

  12. ၈၈ အနေနဲ့ ဒီကိစ္စကို သူတို့ထိရောက်စွာ ဘယ်လိုလုပ်ပေးနိုင်မလဲ။ အနည်းဆုံး အကြမ်းဖက်မှုကို သူတို့ ဘယ်လိုဖော်ထုတ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်။ ဘာမှ ဖြစ်မလာရင်တော့ ၈၈ရဲ့ ဆုံးဖြတ်ချက်ဟာ အကျိုးမရှိတဲ့ အကျိုးယုတ်စေတဲ့ သုံးစားလို့ မရတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။

  13. 88-Students Leaders-
    You guy think you are too smart to follow Daw Suu leadership?
    There is a chance & opportunity to not only get involved, you will be investigating what went wrong & who responsible under DawSuu’s supervision.
    Now you guys decide it is the right time(you think you already got enough support) to show who you really are, what is your true intention .
    You 88Students should understand Protesting against the government is one thing, and leading people to build a country is totally another different subject which you guys should go back study.

    • right. They were too old to be students even in 88 anyway. They may be communists as they were accused by MIs. U Mg Gyi, you are a genius.

  14. ဆန္ဒပြမှုကို ဖြိုခွဲမှုသည် ဒီမိုကရေစီ စနစ်ကျကျ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အရေးယူ ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း၊ မျက်ရည်ယိုဗုံးကိုသာ သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ထားပြီး မီးလောင်ဗုံး မသုံးစွဲခဲ့ကြောင်း ကြေညာချက် ထုတ်တယ်ဆိုတော့ မီးလောင်ဒဏ်ရာက တရုပ်ကလုပ်တာပေါ့

  15. Ko Min Ko Naing and 88s have already understood what the ending of that commission will be, I think. Everybody who is wise enough to see the foreseeable future can predict what the result of that commission will be.
    If you cannot understand, listen and listen again all the speech of Daw Aung San Suu Kyi at Latpandaung until you understand. Now, she is not at the side of public who have been suffering because of that project.
    Ko Min Ko Naing and 88s will stand at the side of public to explore the right thing.
    It is the reason why they do not want to participate in that commission.
    I believe Ko Min Ko Naing and 88s. They will be faithful to the public as they understand how much people believe them and expect them.

  16. အစိုးရဝန်ထမ်း

    အစိုးရဝန်ထမ်းလုပ်လာတာ နှစ်(၂၀)ကျော်ပြီ။ ကောင်းအောင်လုပ်ချင်တဲ့သူ ဆိုတာ အင်မတန်ရှားတယ်။ မတွေ့ဘူးသေးဘူး။ အားလုံး နားလှည့်ပါးရိုက် လုပ်နေကြတယ်။ မခံချင်တာတောင်မှ သားသမီး ထမင်းငတ်သွားမှာစိုးလို့ ငြိမ်ပြီးသည်းခံနေကြတာ လူတိုင်းလိုလိုဆိုတော့ စွန့်လွှတ်စွန့်စား ဆန္ဒပြသူတွေကို လေးစားမိတာတော့ အမှန်ပဲ။ ဌာနကို လူကြီးလာတယ်၊ အားလုံးကောင်းအောင်လုပ်နေကြတယ် ဆိုပြီးလိမ်တယ်။ ပြန်မပြောနဲ့ မင်းမိသားစု ထမင်းငတ်သွားချင်လားဆိုတဲ့ ပုံစံမျိုးနဲ့ပြောတာ။ ဆိုလိုချင်တာက ၈၈ တွေဆုံးဖြတ်ချက်ဟာလည်း နားလှည့်ပါးရိုက်လုပ်နေတဲ့ အစိုးရအတွက်တော့ မှန်ကောင်း မှန်နိုင်တယ်ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လည်းအားကိုးပါတယ်။ ဒါပေမဲ့ ကိစ္စတော်တော်များများမှာ နားလှည့်ပါးရိုက်လုပ်နေကြတော့။ လက်ပံတောင်က ဘုန်းကြီးတွေ နှိမ်နင်းခံရတာ ဒေါ်ဆောင်ဆန်းစုကြည်လာမယ့်အချိန်နော်…။ ပါးရိုက်ပြီးတော့ နားပြန်လှည့်ပေးလိုက်တယ်။ ဝင်ရောက်ဖြေရှင်းပါတဲ့။ ရှင်းတာကို ရှုပ်အောင်လုပ်နေကြတယ်။ ပါးရိုက်ခံရတဲ့ သူတွေက ဆေးရုံမှာ။ ပါးရိုက်တဲ့သူတွေကိုခေါ်ပြီး စစ်လိုက်ရင် ရှင်းနေတာကို ဘာကြောင့် ကွေ့ပတ်ပြီး သွားနေရတာလဲ။ အဲဒါပြောတာပေါ့။ ၈၈ တွေဆုံးဖြတ်တာ မှန်နိုင်တယ်ဆိုတာ။

    • အစိုးရဝန်ထမ်း ပြောတာနဲနဲလိုနေတယ်
      ကောင်းအောင်လုပ်တဲ့သူတွေရှိပါတယ် ဘယ်သူတွေလဲဆိုတော့ ကိုယ်ကျိုးအတွက်ကောင်းအောင်လုပ်တဲ့ ကိုယ်ကျိုးကြည့် သမားတွေပါ။ အခုဖြစ်ရပ်မှာ တာဝန်ရှိသူကတော့ သမတ ပါပဲ။ရှင်းရှင်းလေးကိုရှုတ်အောင် ကော်မတီဖွဲ့  တာတွေဘာတွေလုပ်နေ တာကို သိသာပါတယ်။ ဘယ်သူကမှတော့ အားအားယားယား ထလုပ်မှာ မဟုတ်ပါ။ ခိုင်းတဲ့သူ ရှိနေလိုပါ။ အခု အခိုင်းခံ တွေကို ထိုးချ စတေးပြီး သူတော်ကောင်း လုပ်အုန်းမှာပါပဲ။ ဝန်ထမ်းတွေကို ဂုဏ်သိက်ခါမဲ့အောင်လုပ်ပြီး အရေးယူပြပါလိမ့်မယ်။
      လစာနဲ့ ခံစားခွင့် မဝရေစာပေးပြီး ခိုင်းတော့ အချိန်အကန့် အသတ်မရှိ /ဖိအားတွေခြိမ်းခြောက်မှူတွေအမျိုးမျိုးပေး/အရေးယူတော့ လည်း အခုချိန်မှာ ငါမပါပြီးရောဆိုပြီး အလွန်ပြတ်သားပြနေတာလေ။ နိုင်ငံရေးသမားတွေ/စီးပွားရေးသမားတွေ/မီဒီယာတွေ အားလုံး အခုချိန်မှာ အခြေအနေကောင်းတယ် သူတို့ ပြောလိုက်ရင်တစ်ခွန်းပဲ အားလုံး ok ပဲ။ ဝန်ထမ်းကတော့ တစ်ခွန်းမှမဟနဲ အသံထွက်ရင် သေသွားမယ်/ဘဝပျက်သွားမယ်။ ဝန်ထမ်းအတွက်ပြောပေးသူ မတွေရသလောက်ပဲ။ ဦးရွှေမန်းလည်း တစ်ခွန်းပြောပြီး အသံတိတ် သွားတာပဲ။ ဘယ်သူနဲ့ ပဲဖြစ်ဖြစ် ဝန်ထမ်းကခံရတာချည်းပဲ။ အခုလည်း black lists company တွေကိုပြန်ပြီး white lists ပြန်ပေး လိုက်ပြန်ပြီလေ။ အဲဒီ မသမာသူတွေကြောင့် ကြားညပ်ပြီး အရေးယူခံရလို ဘဝပျက်ရတဲ့ ဝန်ထမ်းတွေကတော့ ခံနေရတုန်းပါပဲ။ ဘယ်တော့များမှသူတို့ ကို လှည်ကြည့်မှာပါလည်း? နိုင်ငံရေးသမားလိုလည်း ပါဝါမရှိ/စီးပွားရေးသမားလိုလည်း ဓနအင်အားမတောင့် တင်း/မီဒီယာလိုလည်း အဝန်းအဝိုင်းမကောင်းဆိုတော့ မျှော်လေဝေးလေပါပဲ။ အခုလိုရေးတာတောင်ခပ်ကြောက်ကြောက်ပါပဲ။
      နစ်နာသူများကိုယ်စား ဝန်ထမ်းတစ်ဦးအနေနဲ့ တင်ပြမိတာပါ။အမှားပါရင်ခွင့်လွှတ်ကြပါ။

    • So why are u still serving the government…. Waiting for your own big time while already corrupted yourself. If u hate the way your superiors do, you can’t survive 20 years. I bet you are already enjoying your fair share of corruption.

  17. ဒေါ်စု ပါလို့ လုံလောက်နေရင် သက်သက် ထပ်ပြီး စုံစမ်းစရာ လိုသေးလား ဒါမှမဟုတ် တာဝန်မယူချင်တာလား ၈၈ ကို အများကြီးမျှော် လင့်ခဲ့ မိတယ် ဘေးပြော ပြောမနေပါနဲ့ ကော်မရှင်ထဲဝင်ပါ ပြီးမှမကျေနပ် တာကို အချက်အလက် နဲ့ ပြည် သူ ကို တင်ပြပါ.
    By the way this kind of explain why Min Ko Naing was still student at 26 in 1988 while a normal student would already have had master degree and started working. Ko Ko Gyi was even older at 28 though he was doing master i think. Not as bad as the fo.rmer as far as their interest in education is concerned