လေကြောင်း ထိုးစစ်ဆင်မှု ကုလနှင့် အမေရိကန်တို့ စိုးရိမ်ကြောင်း ပြောဆို | ဧရာဝတီ
သတင်း

လေကြောင်း ထိုးစစ်ဆင်မှု ကုလနှင့် အမေရိကန်တို့ စိုးရိမ်ကြောင်း ပြောဆို

Hits:6,266
  | |

၂၀၁၃ ဇန်န၀ါရီလ ၃ ရက်နေ့ နေ့လည် ၁ နာရီတွင် အစိုးရတပ်က လိုင်ဇာအနီး ဂန်ဒေါင်ယန်၊ လဂျားယန် ဒေသသို့ လေကြောင်းဖြင့် ထိုးစစ်ဆင်နေစဉ် (ဓာတ်ပုံ – လဖိုင် / ဧရာဝတီ)

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်များကို အစိုးရစစ်တပ်က လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများအပေါ် စိုးရိမ်ကြောင်း၊ အမြန်ဆုံး ရပ်တန့်ရန်နှင့် အကောင်းဆုံး နည်းလမ်းရှာ၍ တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် မတူညီမှုများကို ညှိနှိုင်း အဖြေရှာကြရန် ယမန်နေ့တွင် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က တိုက်တွန်းလိုက်သည်။

မြန်မာအစိုးရ၏ လေကြောင်းအင်အား အသုံးပြု ထိုးစစ်ဆင်မှုကို ၀န်ခံပြောကြားလာမှုလည်း ရှိပြီး လေကြောင်း တိုက်ခိုက် ထိုးစစ်ဆင်မှုအပေါ် အလွန်အမင်း စိတ်ပျက်သည်ဟု အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောဆိုလိုက်သည်။

“လေကြောင်းအင်အား အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျမတို့ အလွန်အမင်း စိတ်ပျက်မိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ မစ္စ ဗစ်တိုးရီယား နုလန်းက ဗုဒ္ဓဟူးနေ့က သတင်းထောက်များကို ပြောသည်။

ဆက်လက်၍ သူက “မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကို ပဋိပက္ခစစ်ပွဲတွေ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့၊ ဒီအပြင် တခြား ပဋိပက္ခစစ်ပွဲဖြစ်ရာ ဒေသအားလုံးမှာလည်း ဒေသတည်ငြိမ် အေးချမ်းမှုတွေ ရရှိစေရေး မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်နိုင်မှာတွေအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာဖို့ ကျမတို့က ဆက်ပြီး တိုက်တွန်းနေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာအစိုးရနှင့် KIO, ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီး ၂၀၁၁ ဇွန်လမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် ဒေသခံပေါင်း ၇၅၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေကြရသည်။

“အခုအထိ ကျမတို့ မြင်တွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် ကိစ္စပြီးရင် ဒီတခုက နောက်ဆုံးတခုပဲ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တလျှောက်လုံး စဉ်ဆက်မပြတ်  စိုးရိမ်တဲ့အကြောင်း ထုတ်ပြောနေတာပဲ။ အခု ဒီလို လေကြောင်းသုံး တိုက်ခိုက်မှုကိစ္စကတော့ တော်တော် ဆိုးဆိုးဝါးဝါး စိုးရိမ်စရာဆိုတာ ရှင်းပါတယ်။ ကျမတို့ ဒီကိစ္စ မြန်မာအစိုးရနဲ့ ဆက်လက် ဆွေးနွေးနေမှာပါ” ဟု ဗစ်တိုးရီယားက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကချင်လက်နက်ကိုင် အဖွဲ့များအပေါ် မြန်မာအစိုးရ စစ်တပ်က လေကြောင်း အင်အားသုံး တိုက်ခိုက်ခြင်းကို အလေးအနက်ထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း သူ၏ ပြောခွင့်ရသူက ထုတ်ပြန်ကြေညာသည်။

ပဋိပက္ခစစ်ပွဲများ ဖြစ်ပွားရာဒေသရှိ ဒေသခံ အရပ်သားများ၏ ဘ၀နှင့် အသက်အန္တရာယ် ထိခိုက်ပျက်ဆီးစေမည့် လုပ်ရပ်များ၊ ပဋိပက္ခ ကြီးထွားလာစေမည့် လုပ်ရပ်များကို မြန်မာအစိုးရ တာဝန်ရှိသူများ အနေဖြင့် ရှောင်ရှားကြရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ အိုးအိမ်များစွန့်ခွာ ထွက်ပြေးနေရသူ စစ်ဘေး ဒုက္ခသည်များ တိုးပွားလာသည့်အတွက် လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးအတွက် လိုအပ်နေသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ကြေညာချက်တွင် သတိပေးထားသည်။

ပြည်တွင်းငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက တပ်မတော်အနေဖြင့် ၎င်းတို့၏ စခန်းတခု ပြန်လည် ရရှိရန် တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း AFP သို့ ပြောဆိုထားသည်။

မြန်မာအစိုးရ သတင်းမီဒီယာများက ယမန်နေ့က ကြေညာခဲ့ရာတွင် “တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှ လွဲ၍ စခန်းများအား စတင် တိုက်ခိုက်ခဲ့ခြင်း မပြုခဲ့သော်လည်း ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လဂျားယန် စခန်းသို့ ရိက္ခာ ပို့သည့် လမ်းကြောင်းရှိ မြစ်ကြီးနား – ဗန်းမော် ကားလမ်းအား အဓိက ပိတ်ဆို့နှောက်ယှက် တိုက်ခိုက်နေသည့် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့် -၇၇၁ တောင်ကုန်းနှင့် ပတ်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တက်ရောက် သိမ်းယူနိုင်ခဲ့သည်။ ထိုသို့သိမ်းယူရာတွင် လေကြောင်း အကူအညီကို အသုံးပြုခဲ့ရသည်” ဟု ဖော်ပြထားသည်။


10 Responses

Leave a Reply

  1. ဒီလိုမျိုးစစ်ပွဲတွေဖြစ်နေတာကို မထောက်ခံပါဘူး။ စစ်ပွဲဖြစ်လာမှသာ ဟိုက၀ိုင်းပြော ဒီက၀ိုင်း ပြောဖြစ်နေကြတာ။ ဗမာစစ်သားတွေအများကြီးသေလို့ဒီလိုမျိုးစစ်ပွဲတွေဖြစ်လာ တာပါ။ အကောင်းဆုံးကတော့ ဗမာပြည်မှာ လက်နက်ကိုင်အဖွဲ့ဆိုရင် တစ်ဖွဲ့ထဲရှိတာမျိုးကိုပဲ ကြိုက်ပါတယ်။ ကချင်ကလဲလက်နက်ကိုင်မယ်၊ကရင်ကလဲလက်နက်ကိုင်မယ်၊ကယားကလဲ လက်နက်ကိုင်မယ်ဆိုရင်…သေသေချာချာစဉ်းစားတွေးကြည့်ကြပါ။ဗမာပြည်ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်တော့ပါဘူး။

  2. Thein Sein and Suu Kyi have successfully cheated the UN and the West. Sanctions have been lifted. Suu Kyi is now getting what she wants. Thein Sein is still protecting the welfare of his fellow corrupt generals and ex-generals. They keep seizing lands for their own families. Resources have been emptied and filling their own pockets. Human rights abuses have been still going on. Fighter Jets and Helicopters have been used to assault fellow Union members who have different views in building the Union. Thein Sein is not lover of democracy. When a man who is not motivated to democracy lead us, how can we achieve democracy? He is not leading us to get there but he hang on there for his survival. So sad. I wish Thein Sein was dare to say “No” to Than Shwe when he was asked to be the president. His look is not presidential. He looks more like just an idiot man.

  3. လူပေါင်းများစွာအသက်သေကြေခဲ့ရပါပြီ..ကချင်ပဲသေသေဗမာပဲသေသေကိုယ့်တိုင်းရင်းသားတွေမို့လိုဒီလိုတွေဖြစ်နေရတာစိတ်မကောင်းပါဘူး..သေတဲ့သူတွေထဲမှာကိုယ့်ဆွေမျိုးသားချင်းပါ၇င်ဘယ်သူမဆိုစိတ်မကောင်းဖြစ်ကြမှာပါပဲ..ငြိမ်းချမ်းရေးရစေချင်ပါတယ်..ပြည်သူတွေကလဲအစိုးရကိုသာတောင်းဆိုနေယုံနှင့်မရပါဘူးKIAဘက်ကိုလဲတောင်းဆိုမှရမှာပါ..ကျွန်တော်ကတိုင်းရင်းသားတစ်ယောက်ပါ..ဒါပေမယ့်ရခိုင်အရေးဖြစ်တော့ကိုယ့်တိုင်းရင်းသားဖြစ်တဲ့ရခိုင်လူမျိုးဘက်ကခံပြင်းခဲ့ပါတယ်..ကျွန်တော်တို့အားလုံးကတိုင်းရင်းသားတွေပါ..အားလုံးအတူတူလက်တွဲသင့်ပါတယ်..တစ်ဖက်နှင့်တစ်ဖက်အပြစ်တင်နေမယ်ဆိုရင် ကျွန်တော်တို့သားစဉ်မြေးဆက်အထိဘယ်လိုအေးချမ်းနိုင်တော့မှာလဲ..မြန်မာပြည်မြေပုံခေါင်းပိုင်းပြတ်တဲ့အဖြစ်မျိုးမလိုချင်ပါဘူး..ငြိမ်းချမ်းရေးအမြန်အကောင်းထည်ဖော်နိုင်ပါစေ..

  4. စစ်တပ်က စစ်တပ်နေရာမှာနေလျှင် မြန်မာနိုင်ငံမှာ စစ်ပွဲဖြစ်စရာ အကြောင်းမရှိပါ- အခုလိုဖြစ်ရတာ စစ်တပ်က နိုင်ငံရေးမှာ အာဏာ ရလိုမှူကြောင့် စစ်ဖြစ်နေတာပါ- နိုင်ငံရေးပါတီတွေ ပါလီမာန်ထဲမှာ ဖြေရှင်းကြပါလိမ့်မယ်-နိုင်ငံရေးမှာ စစ်တပ်-ပါဝင်စရာလုံးဝ အကြောင်းမရှိပါ။ မြန်မာနိုင်ငံရေးဟာ အိန္ဒိယ နိုင်ငံလောက် မရှူပ်ထွေးပါဘူး-အိန္ဒိယမှာ လူမျိုးစုံ ဘာသာပေါင်းစုံ နေထိုင်ကြတာပါ-နိုင်ငံရေးပါတီတွေက ဖြစ်ပေါ်လာတဲ့ ပြဿနာကို ပါလီမာန်ထဲမှာ ငြင်းခုံလိုက်-ပါတီတွေ ကွဲကြ-ပြဲကြ-နိုင်ငံရေးပါတီတွေ ပြန်ပေါင်းလိုက်ကြနဲ့  ဒီမိုကရေစီ ကျင့်စဉ်အတိုင်း လိုက်နာကျင့်သုံးနေတာ-အခုဆို အင်အားကြီးနိုင်ငံအဆင့်ကို တက်လှမ်းဘို့  တာစူနေပြီ-စီးပွားရေးမှာလဲ အတော်အောင်မြင်နေပြီ-ပို့ ကုန်-သွင်းကုန်တွေလဲ အတော်နေရာကျနေပြီ- ဒါပေမဲ့  ဂျမူးကက်ရှမီးယားနဲ့  အိန္ဒိယ အရှေ့ မြောက်ဒေသ ခွဲထွက်လိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့  တိုက်နေဆဲပါ- သူ့ ရဲ့  ပညာရေး စီးပွားရေး-ကျမ္မာရေးလုပ်ငန်းတွေက အောင်မြင်တိုးတက်ပါတယ်- စစ်တပ်က နိုင်ငံရေးမှာ ကန့် လန့် ကန့် လန့် နဲ့  ၀င်မရှုပ်ပါဘူး-ဆိုတာ မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင်တွေ သတိပြုဘို့ သင့်ပါတယ်။

  5. အောင်အောင်

    အမေရိကန်က သူများနိုင်ငံ လေကြောင်းက ထိုးစစ်ဆင်ရင်မကြိုက်ဘူး-သူတို့ လို ပြောင်သလင်းခါသွားအောင် ဗုံးမကျဲနိုင်လို့ ။
    အမေရိကန်က လေယာဉ်တွေ – ဒုံးတွေသုံးမှတရားတာ။ တစ်ခြာနိုင်ငံတွေကသုံးရင် ဒါဟာ မတရားလုပ်တာ- လူ့ အခွင့်အရေးချိုး ဖောက်တာပေါ့။ သူများတွေပါလာတာ ခင်ဗျားတို့ ဝမ်းသာမနေနဲ့ အဲဒါကိုယ်အချင်းချင်းမညီလို့ ဖြစ်တာ။ စကားနဲ့ ပြောရင်ရနေရဲ့  နဲ့  သေနတ်နဲ့ ဖြေရှင်းချင်ကြတာကို။ မူဝါဒတွေပြန်သုံးသပ်ကြပါ။ခင်ဗျားတို့ ခေါင်းဆောင်တွေ မာန်တက်နေတာနဲ့  ငယ်သားတွေ သေကြေ ကုန်တာကိုမမေ့ပါနဲ့ ။

  6. ချင့်ယုံ

    အဲဒီလိုပြောတဲ့ အမေရိကန်က ကမ္ဘာပေါ်မှာလေကြောင်းထိုးစစ်အသုံးဆုံး၊ လေကြောင်းကနည်း
    ပေါင်းစုံနဲ့တိုက်ရတာအားအသန်ဆုံးနော်၊ရီရတယ်။

  7. ကချင်ပြည်နယ်လာနေကြည့်ပါ။စစ်တပ်မရှိယင် ဘာဖြစ်သွားမလဲလို့
    ဦးသိန်းစိန် က တပ်ကို အပစ်ရပ် ခိုင်းတော့ ကေအိုင်အေက ဥပဒေ
    မရှိ လုပ်သမျှပြည်သူတွေခံရတယ်။ပြည်သူတွေမှာ အားကိုးရာမဲ့ ဖြစ်
    ကြရတယ်။ ကေအိုင်အေ လက်အောာက် ငယ်သားတွေကလည်း
    လုပ်ချင်တာလုပ်ကြတယ်။ဥပဒေလည်းမရှိတော့ ပ်ြညသူတွေက
    ကေအိုင်အေလုပ်သမျှခံနေရတာ ဘယ်သူမှမသိကြဘူး။

  8. တောင်ပေါ်သား

    စစ်ဖြစ်တာမကောင်းပါဘူး ပြည်သူလဲထိခိုက်တယ် စစ်ဖြစ်တဲ့သူတွေလဲ ထိခိုက်တယ်
    စစ်မဖြစ်တာအကောင်းဆုံးဘဲ
    မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေလို့ဆုတောင်းနေပါမယ်

  9. နာမည်ကိုက စစ်သားပါဆို သတ်နေဖြတ်နေ ညစ်ပတ်နေရမှနေသာ ထိုင်သာရှိတဲ့ကောင်တွေ လူလိုပြောလို့ ဘယ်တော့မှ
    ရမယ့်ကောင်တွေ မဟုတ်ဘူး၊ နှစ်ပေါင်းခြောက်ဆယ် သက်သေ။တိရစ္ဆာန်တွေလို အမြဲရန်လို တိုက်ခိုက်ချင်နေကြတာ။ ။ ။

  10. လောဘ၊ ဒေါသ၊ မောဟ ဦးစီးပြီးပြုခဲ့တဲ့ အကြောင်းတရားများရဲ. ရလာဒ်ဟာဒါဘဲ။ ကြီးနိုင် ငယ်ညှင်း လုပ်ခဲ့တဲ့ အကြောင်းတရားတွေရဲ. ရလာဒ်ဟာလည်းဒါဘဲ။ မသိတတ်တဲ့ ရှေ.လူတွေလုပ်ခဲ့တဲ့ အမွေ မသိတဲ့ နောက်လူတွေခံပေါ. မခံနိုင်ရင် ထချကြပေါ. ဒါ မသိသံသရာဘဲ။ဗမာပြည်ကွန်မြူနစ်ပါတီလည်း ဒီလိုနဲ.ကျဆုံး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလည်း ဒီလိုနဲ.ကျဆုံး။.. လောဘ ဒေါသ မောဟ အုပ်ချုပ်တဲ့ဒေသ၊ အုပ်ချုပ်တဲ့လူမျိုး၊ အုပ်ချုပ်တဲ့ လူ တွေဟာ သေနတ်ကိုမကြောက်ဘူး၊ ဥပဒေကို မကြောက်ဘူး၊ ထောင်ကိုမကြောက်ဘူး၊ အဆိုးဆုံး ပါယ် ငရဲ ကိုလည်း မကြောက်ဘူး ဆိုတာ (သိပါ)။ (အနုမြူလက်နက်ထက် ကြောက်စရာကောင်းတာ လောဘ ဒေါသ မောဟ လောင်မီး ကိလေသာဘဲ)။ ဒါကြောင်. နိုင်ငံရေးလုပ်စားချင်တဲ့ ခလေးတွေ.. (မင်းတို.ကသူများကိုစားရင်၊ မင်းတို.ထက် ဆယ်ဆ မကကြီးတဲ. အကောင်တွေက မင်းတို.ကိုစားတဲ့ အလှည်.လာမယ်။) သေချာရဲ.လားလို.မေးရင်၊ ဘိုးတော်.. ငယ်ငယ်က စာကျေခဲ့ရဲ.လားလို. ပြန်မေးမှာကို စိတ်မဆိုးနဲ.။ ဒါကို တောကလူတွေလည်းသိတယ်၊ မြို.ကလူတွေလည်းသိတယ်၊ ကိုရီးယားကလူတွေလည်းသိတယ်၊ ပင်လယ်ထဲကလူတွေလည်းသိတယ်။ သင်လည်းသိပါ။ ။ တခုပြောချင်တာက နိုင်ငံရေးလုပ်တာကောင်းပါတယ်၊ လုပ်ကြပါ။ ဒါပေမဲ့ နိုင်ငံရေးနဲ.လုပ်စား မယ်ဆိုရင်တော့မဟန်ဘူး ။ လုပ်ခဲ့သမျှအကြောင်းတွေ ကြောင့် သံဝေဂ ရစရာတွေအများချည်းနော် ယခင်က ကချင်ရွာတွေ အဖျက်ဆီးခံရတာတွေ ပိုင်ရှင်မပေးဘဲယူချင်သလိုယူခဲ့တာတွေ၊ ဘာသာစကား အခက်အခဲကြောင့် ဘုမသိ ဘမသိ သူပုန်လို.စွတ်စွဲပြီး အသတ်ခံခဲ့ရတဲ့ ရွာသူရွာသားတွေ၊ ပြည်နယ်ကထွက်တဲ့ Jade ပြည်နယ်ကထွက်တဲ့ Ruby တွေတော့ယူ ၊ ပြည်နယ်ကခလေးတွေ ကျန်းမာရေး ခလေးတွေပညာရေး ပြည်သူအတွက်လမ်းပန်းဆက်သွယ်ရေး ကျတော့ မှုံဝါးဝါး လုပ်တယ်။ ကိုလိုနီ အစိုးရ အုပ်ချုပ်ခံရတာမှ ဟုတ်တုတ်တုတ်၊ ဆေးရုံတွေ ကျောင်းတွေ ရုံးကြီးတွေ ဘုရားကျောင်းတွှေ လမ်းတွေ တံတားတွေ ထည်ထည်ဝါ၀ါကြီး ကျန်ခဲ့သေးတယ်၊ ခုတော့ ရုံးတွေ အစည်းဝေးတွေ TV တွေမှာ စာတွေ ရွတ် အသံကောင်းတွေဟစ် မျိုးချစ်စိတ်လိုလို ဘာလိုလို ။ ဟုတ်နိုးနိုး ဟုတ်နိုးနိုး နဲ.၊ ကျနော်တို.တတွေ ဗမာပြည်မှာ လူစဖြစ်တဲ့ အချိန်ကနေ အခု ရေဝေးကနေ ဗမာပြည်ကို Abandon လုပ်ခါနီး အထိ။ ဒီကာလကို စာရင်းချုပ်လိုက်တော့ ခေါင်းဆောင်သွားတဲ့ သူများပြည်.စုံသွားကြရှာပါတယ်။ ပညာမဲ့ ဆင်းရဲသား ရွာသူ ရွာသား တွေက မလေးရှားထွက် ယိုးဒယားထွက် တရုတ်ပြည်ထွက်ပြီးလုပ်ကိုင်စားနေကြတာ အနှစ်( ၂၀ ) လောက်ရှိကြပြီ၊ လေဆိတ် Departure ပြည်ထဲရေး Passport ထုတ်ပေးတဲ့နေရာ၊ Medical Fit ပေးတဲ့ ဆေးခန်းတွေမှာဒီနေ. ဟိုမှာသွားအလုပ်လုပ်တော့မယ်ဆိုတဲ့ ကောင်လေးတွေ ကောင်မလေးတွေရဲ. Future Hope ကို ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်သည်၎င်း၊ ဦးသိန်းစိန်သည်လည်း မျက်ကွယ်ပြုနေရတယ် မဟုတ်လား။ အယင်က အကြောင်းကြောင်. ယခု ရင်နာစရာ ရလာဒ် တွေဘဲ။ ထပ်ပြီး Comment လုပ်စေချင်ရင်…သတိပေးပါရစေ၊ ( ၁)အပြောမကောင်းဘဲနိုင်ငံရေး ခေါင်းဆောင် မလုပ်ကြပါနဲ.။ ( ၂ ) အတွေးအခေါ် ဥာဏ် ပညာမပြည်.သေးသူတွေကိ ခေါင်းဆောင်မလုပ်ကြပါနဲ. ( ၃ ) လုပ်ရေ ကိုင်ရေး အားနည်း သူတွေ ခေါင်းဆောင်တက်မလုပ်ကြပါနဲ.။ ၀ါသနာပါရင် နောက်ကနေ ကောင်းအောင် ပံ့ပိုး အားပေးပါ။ Policy ဆိုတာကလည်း မမြဲပါဘူး။ တချိန်မှာ Democracy ထက်သာတဲ့ ကောင်းမွန်တယ်ဆိုတဲ့ စနစ်အသစ် တခု တချိန်မှာ ပေါ်ကိုပေါ်လာ ပါလိမ့်ဦးမှာပါ။ ဆင်းရြဲခင်း ကင်းကြပါစေ။