ဦးအောင်မင်း၏ တရုတ် ကြောက်ရကြောင်း ပြောဆိုချက် ဝေဖန်ခံနေရ | ဧရာဝတီ
သတင်း
ဦးအောင်မင်း၏ တရုတ် ကြောက်ရကြောင်း ပြောဆိုချက် ဝေဖန်ခံနေရ
Hits:1
  | |
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရကို ကြောက်နေရသည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်မှုအပေါ် လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများနှင့် ပညာရှင်များက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေသော မှတ်ချက်အဖြစ် ဝေဖန်လိုက်ကြသည်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြနေကြသော ဒေသခံများနှင့်တွေ့ဆုံစဉ် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ၏ Citizen Journalist ရုပ်သံအစီအစဉ်တွင် ထုတ်လွှင့်သွားသည်။
ဝန်ကြီး ဦးအောင်မင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယခင်အစိုးရလက်ထက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း ဖျက်သိမ်းမည်ဆိုပါက လျှော်ကြေး ဒေါ်လာဘီလီယံချီ၍ ပေးရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ကျေးဇူးရှိပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အတော်စိတ်ဆိုးနေပြီး မြန်မားအစိုးရသည် တရုတ်နိုင်ငံကို ကြောက်နေရကြောင်း ဦးအောင်မင်းက သံဃာတော်များ အပါအ၀င် ဒေသခံများကို ပြောဆိုသွားသည်။
“တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။ နှစ်ချက်ရှိတာပေါ့။ ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ တပည့်တော်တို့ စားစရာမရှိဘူး။ စားစရာမရှိတဲ့အခါမှာ တရုတ်ဆီကနေ မူဆယ်လမ်းကြောင်းကနေ သွင်းရတယ်။ သွင်းရတဲ့ အခါကျတော့ မူဆယ်လမ်းကြောင်းကသွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ရတယ်။ အဲဒီကျေးဇူးလေးတော့ သူ့ကိုပြန်ပြီးတော့ကြည့်ရမယ်” ဟု ဦးအောင်မင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ ခြိမ်းခြောက်မှုရှိခဲ့ပြီး ယင်းအဖွဲ့ကို တရုတ်က ထောက်ပံ့ ပေးခဲ့ဖူးကြောင်း၊ တရုတ်အထောက်အပံ့ ရပ်ဆိုင်းသွားမှသာလျှင် ဗမာပြည်ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းသွားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတွင် ထောက်ပံ့မှုများပြုလုပ်ပြီး မတည်ငြိမ်အောင် လုပ်ဆောင်နိုင်သဖြင့် တရုတ်နိုင်ငံက မြန်မာအပေါ် စိတ်ကွက်မည်ကိုစိုးရိမ်ကြောင်း၊ ရပ်ဆိုင်းလိုက်သည့် မြစ်ဆုံစီမံကိန်းအတွက် တရုတ်နိုင်ငံက တောင်းဆိုလာပါက ဒေါ်လာသုံးဘီလီယံခန့် လျှော်ကြေးပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တရုတ်နဲ့လည်း ရန်မဖြစ်ရဲဘူး။ တရုတ်နဲ့ စိတ်ဆိုးသွားလို့ရှိရင် အကယ်၍ တရုတ်က နယ်စပ်ဒေတွေမှာ ဟိုကနေ ထောက်ပံ့၊ ဒီကနေ ထောက်ပံ့လုပ်နေရင် စီးပွားရေးလုပ်ဖို့အတွက်ကို နောက်ကို ပြန်လှည့်ကြည့်နေရမယ်။ ဒါကြောင့်မို့လို့ အရင်တုန်းက လုပ်ခဲ့တဲ့ ဒီမြစ်ဆုံစီမံကိန်းတောင် တပည့်တော်တို့ကို တရုတ်အစိုးရက တော်တော်စိတ်ဆိုးနေပြီ” ဟု ဦးအောင်မင်းက ပြောဆိုသွားသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး ပြည်တွင်းအသိုင်းအ၀ိုင်းက ၀န်ကြီးတပါးအနေဖြင့်  နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်လိုက်ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ နာယကတဦးဖြစ်သူ ဦးတင်ဦးက ၀န်ကြီးဦးအောင်မင်း၏ ပြောဆိုချက်အပေါ် ဘ၀င်မကျဘဲ နိုင်ငံကို အုပ်ချုပ်နေသော အစိုးရ၀န်ကြီးတဦးအနေဖြင့် သိက္ခာကျလွန်းသော စကားကိုပြောဆိုမှု ဖြစ်သည့်အပြင် နိုင်ငံသူနိုင်ငံသားတို့၏ သိက္ခာကိုလည်း ထိခိုက်စေကြောင်း၊ ကြေးနီတောင်စီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိခဲ့သော စီမံကိန်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရ၀န်ကြီး တယောက်အနေနဲ့ မပြောသင့်တဲ့ စကားကိုပြောတာပဲ။ သိက္ခာ အရမ်းကျတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်စေတယ်။ သူလည်း အချုပ်အခြာအာဏာပိုင် နိုင်ငံ၊ ကိုယ့်နိုင်ငံလည်း အချုပ်အခြာအာဏာပိုင် နိုင်ငံ၊ ကမ္ဘာမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဘာတို့ရှိနေတာပဲ။ ကြေးနီတောင် စီမံကိန်းနဲ့ပတ်သက်လို့ စာချုပ်ချုပ်တုန်းကလည်း ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘူး။ ဒါတွေနဲ့ပတ်သက်လို့ မြင်သာထင်သာရှိရှိ ရှင်းပြ၊ ပြောပြရမယ်။ မရှင်းရဲဘူးဆိုရင် တိတ်တိတ်လေး ယူထားတာတွေရှိလို့လား၊ မပြောတတ်ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို သွားလေ့လာဖို့ရှိတယ်” ဟု  ဦးတင်ဦးက ပြောသည်။
အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးပမ်းရမည်ဖြစ်သော်လည်း ဆက်ဆံရေး ကောင်းမွန်စေရေး ဟုဆိုကာ နိုင်ငံကို ရောင်းစားရန် မလိုအပ်ကြောင်း၊ ဦးအောင်မင်း၏ ပြောဆိုမှုကို သဘောမတူကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံထက် သေးငယ်သော်လည်း စည်းလုံးညီညွတ်မှုရှိလျှင် မည်သည့်နိုင်ငံကြီးကိုမျှ ကြောက်ရန်မလိုအပ်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဆိုသည်။
“ဆက်ဆံရေး မပျက်အောင်ဆိုပြီးတော့ နိုင်ငံကို သူများလက်ထဲအပ်မလား၊ ရောင်းစားရမလား။ ဆက်ဆံရေးလည်း မပျက်၊ နိုင်ငံလည်း ဂုဏ်သိက္ခာမထိခိုက်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စည်းကမ်းနဲ့ ခွင့်ပြုရမယ်။ တရုတ်ကို ကြောက်တယ်လို့ပြောတာ ဘ၀င်မကျဘူး။ ဘာလို့ကြောက်ရမှာလဲ။ ငယ်ပင်ငယ်သော်လည်း အားရှိတယ်။ ညီညွတ်ရင် အားရှိမယ်။ ဘာကြောက်စရာရှိမလဲ။ ဘယ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကိုမှ လက်မခံနိုင်ဘူး” ဟု ကိုမြအေးက ဧရာဝတီသို့ ပြောသည်။
စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ၌ လယ်ယာမြေ အသိမ်းခံထားရသည့် ဒေသခံပြည်သူများ၊ ရဟန်းသံဃာများ၊ လူထုအခြေပြု အဖွဲ့အစည်းများမှ အင်အား ၁၀၀၀ ကျော်ကလည်း သပိတ်စခန်း ၅ ခုအထိ တိုးမြှင့်ကာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ၀မ်ပေါင်ကုမ္ပဏီ ထွက်သွားရေး၊ ဦးပိုင်ကုမ္ပဏီ ဖျက်သိမ်းရေး ဆန္ဒပြနေကြသည်။
လွှတ်တော် ကိုယ်စားလှယ်များကလည်း လက်ပံတောင်းတောင် ဒေသခံများကို ပြောဆိုခဲ့သော ၀န်ကြီး ဦးအောင်မင်း၏ စကားများအပေါ် အထူးစိတ်ပျက်မိသည်ဟု ထုတ်ဖော်ပြောဆိုကြသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ရာထူးမှ နုတ်ထွက်သင့်သည်ဟု ပြောသည်။
“၀န်ကြီးတယောက်အနေနဲ့ စကားပြောရင်တော့ သံတမန်ဆန်ဆန် ပြောတတ်ရမယ်။ တရုတ်ကို ကြောက်နေရပါတယ် ဆိုပြီး ပြောလိုက်တာက နိုင်ငံကို ဦးဆောင်နေတဲ့ ၀န်ကြီးတယောက်အနေနဲ့ မပြောသင့်ဘူးလို့ မြင်တယ်။ ပြောချင်တာက ဦးဆောင်တဲ့သူဆိုတာ ရှေ့က မားမားမတ်မတ် ရပ်တည်ရတာလေ။ ၀န်ကြီးကို ကြောက်ရင်၊ သတ္တိမကောင်းရင် မလုပ်နဲ့၊ ကိုယ့်အိမ်ကိုယ့်ရာလေးမှာပဲ အေးအေးလူလူ အနားပြန်ယူပါလို့ပဲ ပြောချင်တယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ တသီးပုဂ္ဂလ လွှတ်တော်အမတ် ဦးကြည်မြင့် (လသာ) တို့ကလည်း ဦးအောင်မင်း၏ စကားများအပေါ် သဘောမတူဟု ပြောဆိုကြသည်။
“တရုတ်အစိုးရက အရင် စစ်အစိုးရဟောင်းအပေါ်မှာ ကူညီခဲ့တယ်ဆိုတာကလည်း အသားလိုလို့ အရိုးပေးတာပါ။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတပါးက အဲလိုပြောတော့ သူများကြိုးဆွဲရာ ကနေရတဲ့သဘော သက်ရောက်သွားတယ်။ အဲလိုမပြောဘဲ ဒေသလူထုအတွက် ဖြစ်သင့်ဖြစ် ထိုက်တာတွေ ဘာတွေ လုပ်ပေးရမလဲဆိုတာပဲ ဆွေးနွေးသင့်တယ်” ဟု သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးရဲထွန်းက ပြောသည်။
စီးပွားရေးပညာရှင်တဦးဖြစ်သူ ရန်ကုန်အဝေးသင်တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးကမူ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်း၏ အဆင်အခြင်မဲ့သော စကားများကြောင့် အစိုးရသွားနေသည့် ဒီမိုကရေစီလမ်းကြောင်း သွေဖည်မည်ကို စိုးရိမ်သည်ဟု ဆိုသည်။
“အစိုးရအနေနဲ့ တရုတ်ကို ကြောက်ရမယ့် အကြောင်းအရင်းက ဘာတွေလဲ။ သူတို့ကိုယ်တိုင်ပဲ သိမှာပေါ့။ တကယ်တော့ ဒီနိုင်ငံအနေနဲ့ နိုင်ငံရေးချိန်ခွင်လျှာ ညှိတတ်ရင်၊ ကစားတတ်ရင် အများကြီး အကျိုးဖြစ်ထွန်းတယ်။ မြန်မာဆိုတာ ကိုယ့်ထီးကိုယ်နန်းနဲ့ နေလာခဲ့တာပဲ။ ကြောက်တယ်လို့တော့ မသုံးသင့်ဘူး။ ထုတ်လည်း မပြောသင့်ဘူး။ ၀န်ကြီးတွေ နိုင်ငံရေးသမားပီသဖို့ လိုတယ်” ဟု ဒေါက်တာ မောင်မောင်စိုးက ပြောသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီစီမံကိန်းတခုဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက်တွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီ (Ivanhoe Mines) တို့ ပူးပေါင်းဖွဲ့စည်းထားသော မြန်မာ အိုင်ဗင်ဟိုး ကြေးနီကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited – MICCL) က လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
WSJ LIVE VIDEO:
58 Responses
Leave a Reply
  1. [email protected]
    • ခင်ဗျားးတို့က မယုံဘူးလား ကချင်တောင့်ခံနေတာသူ့ ကိုပေး
      မဲ့သူမရှိဘူးလား။
  2. I totally agree with you U Aung Min.
    You said the truth clearly. It is the good thing.
  3. “၀န်ကြီးတယောက်အနေနဲ့ စကားပြောရင်တော့ သံတမန်ဆန်ဆန် ပြောတတ်ရမယ်။ တရုတ်ကို ကြောက်နေရပါတယ် ဆိုပြီး ပြောလိုက်တာက နိုင်ငံကို ဦးဆောင်နေတဲ့ ၀န်ကြီးတယောက်အနေနဲ့ မပြောသင့်ဘူးလို့ မြင်တယ်။ ပြောချင်တာက ဦးဆောင်တဲ့သူဆိုတာ ရှေ့က မားမားမတ်မတ် ရပ်တည်ရတာလေ။ ၀န်ကြီးကို ကြောက်ရင်၊ သတ္တိမကောင်းရင် မလုပ်နဲ့၊ ကိုယ့်အိမ်ကိုယ့်ရာလေးမှာပဲ အေးအေးလူလူ အနားပြန်ယူပါလို့ပဲ ပြောချင်တယ်”
  4. Irrawaddy is the life-blood of myanmar
  5.ုကိုကိုစိုး
    သူပြောတာမှန်တယ်၊အရင်အစိုးကပေးခဲ့တဲ့အမွေလေ၊ လူကြီးမင်းတို့ကတရုပ်ဘက်ကနာနေတာလား၊
    • နေပါဦး ။ အရင်အစိုးရဆိုတာ ဘယ်သူတွေလဲ ။ သူတို့ပဲ မဟုတ်လား ။
      • အော်ကလား
        အရင်အစိုးရဘောဘီဝတ်လယ်လေ။ခုအစိုးရကလုံခီဝတ်လယ်လေ။အရင်နဲ့
        အခုတူတူဘဲ၊ တယုတ်နဲ့ပေါက်ဖေါ်လိုပေါ့။ပါမှ
        မီထူးပါဘူး။တီကောင်တွေငါတို့ပိုက်ဆံယူပြီးလူလယ်လို့နေဘီ။အရင်အစိုးရနဲ့
        ငါတို့ဘာမှမဆိုင်ဘူးပြောချင်သေးတယ်။
  6. ဖိုးသိ
    ပြောပြန်ရင်လည်း အောင်မင်းလွန်ကျပြန်ပြီ။ ၁၉၈၈ အရေးအခင်းကြောင့် တိုင်းပြည်မပျက်ပါ။ မဆလပျက်သွားတာပါ။ ဗကပချုပ်ငြိမ်းတာက သခင်သန်းထွန်းကို(၇)နှစ်အယုံသွင်းပြီး ကိုယ်ရံတော်ဖြစ်မှ လုပ်ကြံခဲ့လို့ပါ။ စစ်တပ်လက်ချက်ပါ။
    မြစ်ဆုံစီမံကိန်းက ဘယ်သူဘာပြောပြော တရုတ်က ဆက်လုပ်နေတာကို ဖုံးဖိချင်လို့ စိတ်ဆိုးနေတယ်လို့ တမင်ပြောနေတာပါ။ မြစ်ဆုံကိုသွားကြည့်ပါ။ မြစ်ဆုံစီမံကိန်း၊ ကြေးနီစီမံကိန်း၊ ရခိုင်ဓါတ်ငွေ့စီမံကိန်းတွေအားလုံး ရပ်ဆိုင်းသင့်ပါတယ်။
  7. ၀င်ကြီး (အရာရာကို ၀င် ရောက်ပြီး ကြီးကျယ်သောစကားပြေားကြားသူ)
    သမီးပေးလို. သ္မက် ရတာ… ဒါတောင် ကျေးဇူးတရားတွေရှိသေးတယ်ဆို….
    မြေး မြစ် တွေက လက္မခံ ဘူးဘာဆက်လုပ်မလဲ …?
    မဆလ လုပ်လို. တိုင်းပြည် ဂျောက်ထဲကျရတယ်…
    န၀တ လုပ်လို. အဆင်းရဲဆုံး စာရင်းဝင်ပြီ…
    တစည လုပ်လို. တရုပ်ကိုအာဏာရောင်းပြီး ကိုယ်စားလှယ်လုပ်ချင်သေးတယ်ပေါ.
    ကိုယ်. ကိုယ်ကျင်.တရားတွေကို…ပြည်သူ/သားတွေအား အမွေဆိုးတွေပေးခဲ.ပါနဲ.
    တိုင်းပြည်ကောင်းဘို. ဘယ်လိုရှေ.ဆက်ကြမှာလဲ????ရင်လေးရတယ် ကွယ်တို.ရယ်
  8. ပြည်သူ
    ဟားဟားဟား..စကားစကား ပြောပါများစကားထဲကဇာတိပြတဲ့။
    စစ်အစိုးရ လက်ထွက်တွေဆိုတော့ကြောက်နေရတာပေါ့ဗျာ။
    ဒါပေမဲ့အဲဒီအထဲမှာကျုပ်တို့ပြည်သူတွေမပါဘူး။
    စီမံကိန်းဖျက်လို့ လျှော်ရမယ်ဆိုရင်လည်း စစ်အာဏာရှင်ကြီးတွေ ဘုန်းထားတဲ့နိုင်ငံပိုင်ငွေတွေကို ပြန်သိမ်းပြီးပေးလိုပေါ့။ ဒါလည်းကြောက်ရတာပဲမဟုတ်လား။
    ခင်ဗျားတို့ရဲ့ပြုပြင်ပြောင်းလဲရေးကအတုကြီးနဲ့တူတယ်နော်။
    ၈၈တုံးက တရုတ်ကထောက်ပံ့ခဲ့တယ်ဆိုတာမှန်တာပေါ့…စစ်အစိုးရကိုလေ..ပြည်သူကိုနှိပ်ကွပ်နိုင်ဖို့ မြန်မာစစ်တပ်ကိုကောင်းကောင်းထောက်ပံ့ခဲ့တာလေ။ အဲဒါကို ကျုပ်တို့ပြည်သူတွေကပါကျေးဇူးလိုက်တင်ရအုံးမှာလား။ ကျေးဇူးဆပ်ရအုံးမှာလား။
  9. ကိုအောင်မင်းရေ ခင်ဗျား ဘာတွေပြောနေတာလဲဗျာ။ ဝန်ကြီးချုပ်ဦးနု လက်ထက်က မြန်မာပြည်မှာ ဒီမိုကရေစီ ကိုကျင့်သုံးနေပေမယ့် တရုတ်ပြည်က ဗကပ ကို ထောက်ပံ့ခဲ့တာ မဟုတ်ဘူးဗျ။ တော်လှန်ရေး ကောင်စီ လက်ထက် အစပိုင်းတုံးက လည်း မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေ သောက်တလွဲ လုပ်နေတာ လည်း တရုတ်က လက်ပိုက်ကြည့် နေခဲ့တာပဲ၊ တရုတ်–ဗမာ အရေးအခင်း လုပ်ပြီး အနောက်တိုင်းရဲ့ လောင်းရိပ်အောက် ကို ခြေဆုန်ပစ် ဝင်ဖို့ကြိုးစားခဲ့တာတွေ ဆိုရှယ်လစ် စနစ် ဆိုပြီး စစ်အာဏာရှင် စနစ်ကို တည်ဆောက်တာတွေကို တရုတ်ပြည်က တော်တော် သည်းခံခဲ့တာပဲလေ။ နောက်ပိုင်း အဖိနိုပ်ခံ ဗကပ တွေ လက်နက်သွားတောင်းတော့လည်း လက်နက် အစုတ် တွေနှင့် နည်းပြ အရာရှိတွေ လောက်ပဲပေးတာလေ။ ဗီယက်နမ်မှာ တရုတ် ဗော်လန်တီယာ ၂သန်းလောက် သေသွားပေမယ့် ဗမာပြည် ကို ဘယ်သူတွေ လွှတ်ခဲ့လို့လဲ။ နဝတ လက်ထက် ရောက်တော့လည်း နဝတ အစိုးရ အလိုကျ ဗကပ ကို ဖျက်ပေးခဲ့တာလည်း တရုတ်ပဲလေ။ ဒီပဲယင်း အရေးအခင်းလို သောက်တလွဲတွေ လုပ်ထားလို့ အနောက်တိုင်းက တပ်တွေ လာမှာစိုးလို့ ဗမာပြည်မှာ အစိုးရ အသက်ရှုချောင်အောင် ပိုက်ဆံ ထုတ်ပေးတဲ့ အနေနဲ့ စီးပွားရေး ဝင်လုပ်တာပါ။ ဒါတောင် နအဖ က တရုတ်ဆီက ပိုက်ဆံကြိုယူပြီး နေပြည်တော်စီမံကိန်းဆိုတဲ့ တလွဲ စီမံကိန်းကို လုပ်လိုက်သေးတယ်။ တရုတ်တွေကို ပရောဂျက်ပေးတယ် ဆိုပြီး ကိုယ်ပွဲစား ကို မိုနိုပိုလီလုပ်ခိုင်းပြီး တရုတ်နာမည်နဲ့ ပွဲခတွေ ဘုန်းသွားတာတွေ တရုတ်ပြည်ကသိပေမယ့်လည်း ဘာမှ ပြောတာမဟုတ်ပါ။ ယခုစီမံကိန်း ထက်ဆိုးတဲ့ စီမံကိန်းတွေတောင် တရုတ်တွေ အရှုံးခံနိုင်သေးတာ။ အမှန်တကယ်တော့ မြန်မာက တရုတ်ကို ကြောက်နေရတာမဟုတ်ဘူး။ တရုတ်အစိုးရ က မြန်မာပြည်က တလွဲ အစိုးရ ကို ကြောက်နေရတာကွ။ တိုင်းပြည်ကို အကြောက်တရားနှင့် ခြောက်တဲ့ခေတ်က ကုန်သွားပြီ။ မြန်မာပြည်က အချုပ်အခြာ အာဏာပိုင်နိုင်ငံပါ။ ဆန္ဒပြသူများ ခင်ဗျား လူထု အခွင့်အရေး အတွက် ဆက်သာဆက်လုပ် ပါ။
  10. တရုပ်ကျေးဇူး တိုင်းပြည်အပေါ်မှာသော်လည်းကောင်း-လူထု အပေါ်မှာသော်လည်းကောင်း ဘာတခုမှ မရှိပါ။ အာဏာရှင်တွေ အပေါ်မှာတော့ ကုလသမဂ္ဂ မှာ ဗီတို အာဏာနဲ့ အကာအကွယ်ပေးတဲ့ အရာတော့ရှိပါတယ်။ ဒါကိုလဲ အာဏာရှင်တွေအနေနဲ့  ကျေးဇူးတင်စရာမလိုပါ- အာဏာရှင်တွေက တိုင်းပြည်ပိုင် သဘာဝ အရင်းအမြစ်တွေကို ဈေးပေါပေါနဲ့  ပေးလို့  ဗီတို သုံးပြီး အာဏာရှင်တွေကို ကာကွယ်ပေးတာပါ- အပေးအယူရှိလို့  အကာအကွယ်ပေးတာပါ။ တမင်းသက်သက် အာဏာရှင်တွေကို အလကားနေရင်း လူမုန်းခံပြီး ဗီတို မသုံးပါ။ ဦးအောင်မင်း- ရှက်တတ်လျှင် တရုပ်ကို ကြောက်ရတယ်လို့ ပြောမည့်အစား-ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တာက ဂုဏ်သိက္ခာရှိပါဦးမယ်။
    • မင်းမျိုးနိုင်
      ပအို့တွေဘာလုပ်ကြလဲဆိုတော့အာဏာပိုင်တွေကိုအယုံအကြည်မရှိလို့ကိုယ့်တရားကိုယ်
      စီရင်ကြတယ်။ဉပမာတရားရုံးကလဘ်စား၊ရဲကလည်းမသိသလိုလုပ်နေ၊ စိတ်မရှည်တော့
      တဲ့ပအို့ယောက်ျားတသိုက်ကပြစ်မှုကျူးလွန်ထားတဲ့တရားခံကိုဈေးထဲကဆွဲထုတ်သွားကြ
      ပြီး———–။အဖြစ်အပျက်ကကြာပါပြီ။ တောင်ကြီးမြို့လည်ကောင် ကိုယ့်မျက်စိရှေ့မှာ
      ဖြစ်သွားခဲ့တာ။အာဏာရှင်တွေကိုလည်းဘယ်သူကမှလာပြီးအရေးမယူကြရင်တော့ပအို့
      တို့ထုံးနှလုံးသွင်းကြဖို့အချိန်ရောက်ပြီ။
  11. အရည်အချင်းကစကားပြောပါတယ်။ ဘာကြောင့် ဝန်ကြီးဖြစ်လာတာလဲ?
  12. သခင်သန်းထွန်း was dead in 1968, but BCP totally destructed in 1990.
    မြစ်ဆုံစီမံကိန်း၊ ကြေးနီစီမံကိန်း၊ ရခိုင်ဓါတ်ငွေ့စီမံကိန်းတွေအားလုံး ရပ်ဆိုင်းသင့်ပါတယ်။
    Developmet or Die ??
    U Aung Min bravely and openly said what he trusted, he knew well people won’t prferon it.
    “ကိုယ့်အိမ်ကိုယ့်ရာလေးမှာပဲ အေးအေးလူလူ အနားပြန်ယူပါလို့ပဲ ပြောချင်တယ်”
    In New York audience meeting 2012, he said I ‘ve requested to quit but U Thein Sein replied you must leave with me. No one wish to stay on sinking boat.
  13. တကယ်ကြောက်နေရလို့..လွတ်ခနဲ့ပြောလိုက်မိတာ။ တောသူမလေး..တောကလူတွေနဲ့စကားပြောနေရလို့..သံတမန်ဆန်ဆန်..ပြောရင်နားမလည်မှာစိုးလို့…အရပ်သားဆန်ဆန်…ပြောလိုက်တော့..အရှိကို..အရှိအတိုင်း..ပေါ်ရတာပေါ့..။
  14. တပ်ကလာတဲ့ ကောင်တွေက..လူသတ်ဖို့ နဲ့ လူမိုက်စကားအမြဲတမ်းပြောတဲ့ ကောင်တွေ..အခုတော့ ကြောက်ရမယ့် သူပေါ်လာပြီ။ခင်ဗျားတို့ တကယ်ကြောက်ရမှာက..တယုတ်မပာုတ်ဘူး။အ၀ီစိငရဲ ကိုကြောက်ရမှာ..စားတော့ တစ်မိသားစုလုံး၊ခံတော့ တစ်ယောက်တည်း။ဘာတဲ့ ..လယ်တီဆရာတော်ကျောင်းမှာ..ထီးတော်တင်လှုမလို့ တဲ့ ၊မှတ်ထားပါ..လှုတယ်ဆိုတာ..အလှုခံတဲ့ သူ နဲ့ အလှုပေးတဲ့ သူ နှစ်ဦးလုံးစင်ကြယ်မှ..အလှုမြောက်တာ..အလှုခံတဲ့ သူကစင်ကြယ်ပြီးသားပါ..အလှုပေးတဲ့ ခင်ဗျားက ပြည်သူ့ ငွေတွေ ခိုးပြီးလှုတော့ …သာသနာတောင်ညစ်နွမ်းပါတယ်ဗျာ…ဘာကြောင့် လဲဆိုတော့ ကိုယ်ကိုးကွယ်တဲ့ ဘာသာ သာသနာကိုတောင် ခင်ဗျားတို့ အာဏာရှုးတစ်သိုက် ဖျက်စီးခဲ့ ကြပြီးပြီဘဲ…
  15. ဦးအောင်သိန်းလင်း ကလည်း တရုတ်ကို အားကိုးတကြီးရှိနေတဲ့ အခြေအနေမျိုးကို အင်တာဗျူး မှာ ပြောခဲ့ပါတယ်။
    သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ကလည်း တရုတ်ကို ကြောက်နေရကြောင်း၊ အင်တာဗျူးမှာ ပြောလာတာဖြစ်ပါတယ်။
    -င်းေ-ာင် -ှိုင် ကလည်း မြန်မာ့ တပ်မတော် နိုင်ငံကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် တရုတ်ကို သာအားကိုးနေရကြောင်း၊ ကြောက်နေရကြောင်း (သူ့ကို အင်တာဗျူး ခဲ့ရင်) ပြောမှာ ဘဲ ဖြစ်ပါတယ်။
    ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေ ကလည်း သူ့သမီး ငယ် သန္တာရွှေ နဲ့ သူ့ သမက် ဇော်ဖြိုးဝင်း တို့ မြေးတွေနဲ့ အတူ တရုတ်နိုင်ငံ ကူမင်းမြို့မှ နေ ထိုင်နေဆဲဖြစ် တဲ့ အတွက် တရုတ်ကို ကြောက်နေရကြောင်း (သူ့ကို အင်တာဗျူးခဲ့ရင်) ပြောမှာပါဘဲ။
    မြန်မာအစိုးရ အဖွဲ့ ၀င် ၀န်ကြီးအားလုံးနီးပါး ဟာ ရန်ကုန်မှာ ရှိတဲ့ တရုတ် သံအမတ်ကြီး ကို တောင်ကြောက်နေကြရကြောင်း နေပြည်တော်နေ အစိုးရ ဌာန အကြီး အကဲ အားလုံး အသိ ဖြစ်ပါတယ်။ ရန်ကုန်တရုတ်သံရုံးက သံတမန်တွေ ဟာ မြန်မာ အစိုးရ အရာ ရှိတွေကို အမြဲ အထက်စည်းကနေဆက်ဆံ နေတတ်ကြကြောင်းလည်း ကြားသိနေရပါတယ်။
    တရုတ်အစိုးရနဲ့ တရုတ်သူဌေး များဟာ မြန်မာ အစိုးရ အဖွဲ့ခေါင်းဆောင်များနဲ့ အစိုးရအဖွဲ့ဝင် အားလုံး နီးပါး ကျိကျိတက်ချမ်းသာစေရန် နည်းမျိုးစုံနဲ့ လာဘ်ပေးဆောင်ရွက် ပေးထား ခဲ့ပြီး အကျိုးအမြတ်ကို ရယူခဲ့ တဲ့အတွက် မြန်မာလူထု က ဆင်းရဲ ဒုက္ခရောက် မြဲရောက် နေတာဘဲဖြစ်ပါတယ်။
    မြန်မာနိုင်ငံ မှ သယံဇာတ များကို ထိုက်သင့် တဲ့ ဈေးနှုန်းနဲ့ထုတ်ယူ ရောင်းချပြီး ရငွေ ကို ပြည်သူ လူထု အကျိုးအတွက် ပြန်လည် အသုံးချနေကြောင်း ကို ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ အစိုးရက ရှင်းလင်းတင်ပြနိုင်မည်ဆိုပါက လူထုကလက်ခံနိင်မှာ ဖြစ်ပါတယ်။
    ဓနဗလ
  16. သြော်…အခုမှဘဲငါတို့ တိုင်းပြည်ကခေါင်းဆောင်တွေ..လက်အုပ်ချီပြီးရှိခိုးနေတာ..ဂေါတမမြတ်စွာဘုရားမပာုတ်ဘဲ..တယုတ် ကြီးမှန်းသိတော့ တယ်၊
  17. ဦးအောင်မင်းနဲ့ဆွေးနွေးသည့်အမျိုးသမီးက ရဲရဲတောက်မည့်အမျိုးသမီးအဖြစ်ချီးကျူးထိုက်ပါသည်။သူမဦးအောင်မင်းကိုပြောတာက-တရုပ်ကိုကျမတို့ကြောက်စရာမလိုဘူး၊ကိုယ့်အားကိုကိုးမှာပေါ့၊တရုပ်ကျေးဇူးကိုဆပ်လို့ပဲခူးရိုးမကြီးတခုလုံးလဲပြောင်ပြီတဲ့။အမျိုးသမီးနာမည်ကိုမသိပါ၊ဒေသခံရွာသူဖြစ်ပါသည်။
    • ဟေ့ကောင်တိုင်းပြည်အတွက်ဦးအောင်မင်းပြောတာ
      ကြောက်ရတယ်ဆိုတာ နယ်စပ်က လူတွေကိုမြှောက်ပေးရင်တိုင်းပြည်နစ်နာလို့ကတိတည်အောင်နိုင်င့ရေးအ၇ပြောတာ
      သူမကြောက်လို့စစ်ထဲဝင်ခဲ့တာလေ၊
  18. စိုင်းကျော်
    ဒါဆိုလဲ..ဒေသခံတွေဖွံ့ဖြိုးတိုးတက်အောင်တမျိုးမျိုးစီစဉ်ပေးပါလား…ဒေါ်လာဘီလျံချီမကုန်ပါဘူး
  19. အစိုးရ ရဲ့တာဝန်ရှိဝန်ကြီးရဲ့ပြောဆိုချက်တွေ ကအရေးကြီးပါတယ် အရင်အစိုးရအနေနဲ့တ
    ရုတ်နိုင်ငံ နဲ့ဘယ်လောက်ပတ်သတ်ခဲ့လဲဆိုတာလူတိုင်းသိနေ ကြတဲ့အကြောင်းပါ ဒါပေမယ့်
    ပြည်သူတွေရဲ့ ထောက်ခံမှုရယူပြီး လုပ်ခဲ့တဲ့အကြောင်းတခုမှမပါပါဘူး ဘယ်လိုအပေးအယူ
    တွေ ဘယ်လိုကတိက၀တ်တွေနဲ့ လုပ်လာတယ်တိုတာပြည်သူတရပ်လုံးမပြောနဲ့ သက်ဆိုင်
    ဌာနက၀န်ထမ်းတွေတောင်မသိနိုင်ခဲ့အောင်ပါပဲ တရုတ်နိုင်ငံကိုပစ်ပယ်ဖို့တိုက်တွန်းနေကြတာ
    မဟုတ်ပါဘူးဒါပေမယ့်တိုင်းပြည်အကျိုး နဲ့ပြည်သူလူထုရဲ့အကျိုးအမြတ် ကျန်ဖို့အတွက် အားလုံးကသတိပေးနေကြတာပါ နှစ်ပေါင်းများစွာတရုတ်နိုင်ငံနဲ့လက်တွဲခဲ့ပေမယ့် တိုင်းပြည်ရဲ့အကျိုးအမြတ်အနေနဲ့လက်ညှိုးထိုးပြစရာနိုင်ငံတကာစံချိန်မီ တိုးတတ်မှုမရှိခဲ့ပါဘူး ပြန်လည်သုံးသပ်ဖို့လိုအပ်နေပါတယ် အရင်အစိုးရရဲ့အကြောင်းအရာတွေ ပေါ်ကုန်မှာစိုးရိမ်
    နေပြီးတရုတ်ကိုကမ်းထားတဲ့လက်ကိုပြန်မရုတ်ရဲဘူးလို့အများကထင်ကြေးတွေပေးနေတာကလဲမှားယွင်းတဲ့အတွေးအခေါ်တွေတော့မဟုတ်ပါဘူး လက်ရှိအခြေအနေကအဲဒီလိုကိုဖြစ်
    နေတယ်
  20. ဥိးအောင်မင်း ကို မြန်မာထင်နေတာ…အခုမှဘဲ တရုတ်ဆိုတာ သိရတော့တယ်….မျက်နှာကျ က တရုတ်နဲ့ တူတယ်လို့တော့ အစက ထင်ထားတာ…အခုတော့ သေချာသွားပြီ….သွေးပုချိ…နော်
  21. The problem ith Burma is everyone is very good at boasting how brave they are.
    Please look back the history. When the General agreed peace treaty with Tar Tar, that Gneral was criticise as coward upon return to Palace.
    Now, U Aung Min has stated that fact, yet quite a lot of people criticise him.
    Please understand that Westerners or Chinese or whoever, Politics are dirty. So please don’t say who is better, all are the same. Everyone (including Bangalis aka Chitty) wants to suck Burma if given chance becasue Burma is Buddhist country and Burmese people are peace loving people.
    So all Burmese needs to realise that they are Vulnerable.
    Don’t fall on any trap
  22. မောင်မောင်သူရ
    စစ်တပ်ကနေတက်လာတဲ့(၀ံ)ဲကြီးဆိုတော့ လေသံကိုက လူကြီးလေသံမျိုးမဟုတ်ဘူး
    အရာရာကိုအပေါ်စီးကနေလိုချင်တဲ့ စစ်တန်းလျားလေသံနဲ့ – ဦးအောင်မင်းကြီး နေရာမှန် စစ်တန်းလျားကိုပြန် –
  23. ၀န်ကြီးတစ်ယောက်အနေနဲ.ကြောက်တယ်ဆိုတဲ.စကားဟာတိုင်ပြည်နှင်.လူမျိုးကိုစော်ကား
    လိုက်တာဘဲနုတ်ထွက်လိုက်ပါ။
  24. တကယ်တော့..ဦးအောင်မင်းမပြောခင်တော်မှာ..တိုင်းပြည်ကသိနေပြီး..စစ်အစိုးရက.. တယုတ်ကိုကြောက်နေရတယ်ဆိုတယ်။ ခုပွင့်လင်းရာသီရောက်လာပြီးဆိုတော့.. အစိုးရလည်း..ပွင့်လင်းလာတာပေါ့ဟာ..။ ဦးအောင်မင်းဝန်ခံလိုက်တယ်ဆိုတော့..သူ့ကို အပြစ်တင်စရာမလိုပါဘူး။ စစ်အစိုးရကကြောက်တယ်ဆိုတာဟာ.. အစိုးရနဲ့ဆိုင်တယ် ပြည်သူနဲ့တော့..လာပြီး.. အထိမခံဘူး။ ဒါပဲ.. ။ လျှော်လိုက်ရတယ်ဆိုတာ.. အဲဒီပိုက်ဆံတွေက. ဘယ်သူကယူထားတာလဲ..။ ယူထားတာကိုခု..ဘယ်ရောက်ပြီးလဲ။ ဘာတွေ လုပ်ခဲ့လဲ..။ ပြည်သူလက်ထဲမှာ..တပြားမှမရောက်သလို.. တယုတ်နဲ့ သဘောတူညီမှုတွေယူ ထားတယ်ဆိုတာ..ပြည်သူတွေနဲ့..ပွင့်ပွင့်လင်းလင်းရှိခဲ့လို့လား။
    ဦးအောင်မင်းငြိမ်းချမ်းရေးလုပ်တယ်ဆိုတာလည်း..လုံးဝယုံကြည်မှုကင်းတယ်။ ဒါပဲ
  25. အံ့သြစရာပဲ၊သူတို့ကြောက်တာနဲ့ပြည်သူကပါလိုက်ကြောက်ရမလိုဖြစ်နေပြီ။အကောင်းအဆိုးမခွဲနိုင်လောက်အောင်အမှောင်ဖုံးနေပြီ။
  26. Maung Minn said We need to be afraid of China??? why president thein sein said we listen the voice of myanmar people, that’s why we stop myitsone damm. Now U aung minn said we are afraid of china. How do we trust this government? Let’s see again Daw Aung Sann Su Kyi what she will say ??????
  27. ပြည်ပအားကိုး ပုစိန်ရိုး လို့ ပြောရမယ့် အစား တရုတ်အားကိုး မယ်လိုး လို့ ပြောတာ ပိုမှန်မယ်။ ဘာကြောက်စရာ ကြောက်နေတာလဲ။ အခုအချိန်မှာ ဒီမိုကရေစီတောင်ဖြစ်နေပြီ။ ၀န်ကြီးက ကြည့်ရတာ တရုတ်ကို ကြောက်နေပုံကြည့်ရရင် တရုတ်ဆီကနေ ဒေါ်လာတွေကို စားထား တယ် ထင်တယ်။
    • မြန်မာ တိုင်းရင်းသူ
      အမှန်တရားတွေ ပြောလိုက်ကြတာ အာ လားလား အားလုံးမှန်တယ်။
      သူတို့ အိတ်ထဲ ထည့်ယူထားခဲ့တာတွေ ပြန်ပေးလိုက်ပေါ့။ သရီးဘီလီယံ လာဘ်စားထားလို့ အဲသည်လောက် ပြန်လျောရမှာပေါ့။
  28. အေးဟေ့ ကြောက်တတ်ရင်ဘေးဖယ်နေ ငါတို့နောက်ကလိုက်ခဲ့ ဗမာ ကွ ဗမာ ကိုယ်ထမင်းကိုစားတာ ဘယ်ကောင်မှကြောက်စရာမလိုဘူး ဆီပေးမှဆန်ရတာ သူများကျေးဇူးခံပြီးအချောင်စားနေတဲ့မင်းတို့လိုကောင်တွေဘဲကြောက်နေတာ ဘယ်ဟာမှပြတ်ပြတ်သားသားမရှိဘူး ငါတို့ပြည်သူတွေမကြောက်ဘူး သေရဲတယ် ခံရဲတယ် အငတ်ခံနိုင်တယ် တိုက်စ ရာလက်နက်မရှီရင် ၀ါးရင်းတူတ်နဲ့တိုက်မယ် ဦးဆောင်တဲ့လူကြီးဆိုတာ လုပ်ရဲရမယ် ခံရဲရမယ် အနစ်နာခံရဲရမယ် ၀န်ကြီးဦးအောင်မင်းနဲ့အပေါင်းအပါတွေအားလုံး ဟိုးအောက်ခြေအဆင့်ကနေယခု ၀န်ကြီးဖြစ်လာတဲ့အထိ ပြည်သူတွေအပေါ်ဘာတွေအနစ်နာခံခဲ့ဘူးလည်း
  29. ဦးအောင်မင်း…သမတရုံးမှာဆက်ပြီးအလုပ်လုပ်ချင်ရင်..အရည်ချင်းစစ်တဲ့ စာမေးပွဲ ပြန်ဖြေရမယ်။ဖြေရမယ့် စာမေးပွဲက…channal7 ကပြသနေတဲ့ ၅တန်းနဲ့ ပြိုင်ဘယ်သူနိုင် မှာ ၀င်ဖြေရမှာ..အဲ့ ဒီမှာ ကောင်းထက်ဇော်က မေးခွန်းမေးလိမ့် မယ်…မေးမယ့် မေးခွန်းက..လူဘ၀မှာ “အသက် နဲ့ အရှက်” ဘယ်ပာာအရေးကြီးဆုံးလဲ…….တစ်ကယ်လို့ မှားသွားခဲ့ မယ်ဆိုရင်…ပြောရမယ့် စကားတစ်ခွန်းက…ကျွန်တော် ၀န်ကြီး ဦးအောင်မင်းသည် ၅တန်းလောက်တောင် အတန်းပညာအရည်အချင်းမရှိဘဲ..ဗိုလ်ချုပ်နေရာ..၀န်ကြီးနေရာရယူပြီး တယုတ်ကြီးကိုညတိုင်းရှိခိုးအိပ်ပါသည်လို့  ဖြေ၇မည်။နောက်တစ်ပတ် ဘယ်သူ့ အလှည်လဲဆိုတာ ထပ်မံဖော်ပြပါမည်။ channel7 ကိုကြည့် ရှုနေကြသောပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါသည်။အဖြေကို ဧရာဝတီ tv မှထုတ်လွှင်ပြသပါမည်။
    • မင်းတိုကကောင်တွေက အမေရိကန်သမတလာတော့ အဖေလာတာကြနေတာပဲ -
      ဦးအောင်မင်း ရဲ့ကောင်းကွက်တွေကိုမချီးမွမ်းဘူး၊မင်းတို့နိုငှ်ု့ရေးသမားတွေကြတော့
      ကင်မရာရှေ့ ၊လူတွေရှေ့မှာအပြောပဲရှိတယ်ဘာမှမလုပ်ဘူး၊
  30. အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ရာထူးမှ နုတ်ထွက်သင့်သည်ဟု ပြောသည်။
    “၀န်ကြီးတယောက်အနေနဲ့ စကားပြောရင်တော့ သံတမန်ဆန်ဆန် ပြောတတ်ရမယ်။ တရုတ်ကို ကြောက်နေရပါတယ် ဆိုပြီး ပြောလိုက်တာက နိုင်ငံကို ဦးဆောင်နေတဲ့ ၀န်ကြီးတယောက်အနေနဲ့ မပြောသင့်ဘူးလို့ မြင်တယ်။ ပြောချင်တာက ဦးဆောင်တဲ့သူဆိုတာ ရှေ့က မားမားမတ်မတ် ရပ်တည်ရတာလေ။ ၀န်ကြီးကို ကြောက်ရင်၊ သတ္တိမကောင်းရင် မလုပ်နဲ့၊ ကိုယ့်အိမ်ကိုယ့်ရာလေးမှာပဲ အေးအေးလူလူ အနားပြန်ယူပါလို့ပဲ ပြောချင်တယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
    ဦးဖုန်းမြင့်အောင် ပြောသွားတဲ့ စကားအရ ဦးဖုန်းမြင့်အောင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်သင့်တယ်ဆိုတဲ့ သဘောပါသွားတယ်။
    ဘာလို့လဲဆိုတော့ နိုင်ငံရေးသမားဆန်ဆန် မပြောလို့၊ နိုင်ငံရေးသမားဆန်ဆန် မတွေးလို့ပါ။
    ကိုယ်တိုင်က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၊ နိုင်ငံ့တာဝန် ထမ်းနေသူတစ်ယောက်မို့ စကားကို ဒီလိုမပြောသင့်ဘူးထင်တယ်။
    နိုင်ငံရေးသမားပီပီ ပြောတဲ့စကားရော၊ ပြောပြီး နောက်ပိုင်း ဖြစ်ရပ်တွေကိုပါ တာဝန်ယူရမှာဖြစ်တယ်။
    တကယ်လို့ ဦးအောင်မင်းမရှိတော့ရင် ငြိမ်းချမ်းရေးကိစ္စတွေကို ဘယ်သူဆက်လုပ်မလဲ။ ဦးဖုန်းမြင့်အောင် တာဝန်ယူနိုင်မလား။
    ကျွန်တော်တော့ မထင်။ တိုင်းရင်းသားတွေဆိုတာ ရိုးသားသလို လူတစ်ယောက်ကို ယုံကြည်လို့ သူနဲ့ အလုပ်လုပ်ပြီဆိုတာနဲ့ တခြားသူနဲ့ လုပ်ဖို့ မစဉ်းစားကြတော့ဘူးဗျ။ ဒီတစ်ယောက် ပြောစကားကိုပဲ လက်ခံယုံကြည်ကြတာလေ။
    လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကျွန်တော်တို့လို အပြင်က ရပ်ကြည့်ဝေဖန်နေသူတွေလို စကားကို လက်လွတ်စပယ် မပြောသင့်ဘူး။ ဒီဆောင်းပါးမှာ တခြားလူတွေ အဲဒီလို ပြောသွားတာလည်း မတွေ့မိဘူး။
    ဦးဖုန်းမြင့်အောင်ကို နိုင်ငံရေးသမားမပီမသစကားဆိုလို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်သင့်တယ်လို့တော့ ကျွန်တော် မပြောလိုပါဗျာ
    • whoami.
      ငြိမ်းချမ်းရေးက ဘယ်သူ လုပ်လုပ် ရပါတယ်။ အကယ်၍ ပြည်သူလူထု ကထောက်ခံတဲ့ အစိုးရ အဖွဲ့ဖွဲ့ပြီးရင်ပေါ့။ အခုဟာက မဲခိုးပြီးနိုင်တဲ့ အစိုးရ က ဆွေးနွေးပြီး အပြစ်အခတ် ရပ်ဆဲရေးလုပ်တဲ့ အဆင့်ပဲရှိပါတယ်။ တိုင်းပြည်မှာ မညီမျှမှုတွေ အများကြီးပါ။ လက်နက်စွန့်တိုင်း ငြိမ်းချမ်းရေး မရဘူး ဆိုတာ တိုင်းသူပြည်သားတွေ အားလုံးသိပါသည်။ ကိုအောင်မင်းကို တိုင်းရင်းသားတွေယုံလို့ရအောင် ကိုအောင်မင်းက ဘုရင်ကြီးမှ မဟုတ်တာဗျာ။
  31. ပါပါကြီး
    အပြုသဘောမြင်ကြည့်ရင် ၀န်ကြီးဆိုလိုချင်တာ Geopolitics အရကြောက်ရတယ်ဆိုတာထက်
    လုံးဝမဆက်ဆံဘူးဆိုတာမျိုးလုပ်လို့မရဘူး ပထ၀ီအနေအထားအရ နယ်နမိတ်ချင်း
    ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်လို့ Global power အရ သူနဲ့ထိစပ်နေတဲ့ဒေသတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေကို သူကိုင်တွယ်ပြီးလှုပ်လိုက်ရင် အိုဘားမား ဘကြီးလာကယ်လည်း မရနိုင်ဘူးဆိုတာ မြန်မာပြည်မြေပုံပြောင်းသွားနိုင်တာမျိုးတွေကို
    ပြောပြရင်လည်း သိပ်မပေါက်နိုင်တာရယ် over confident ဖြစ်လွန်း တာလည်းပါမှာပေါ့ သူကစကားသိပ်ပြောလွန်းတယ် သိပ်ပြီးရှေ့ထွက်လွန်းတယ် ဒီတော့ လူကျွံဘောမိသွားတာပေါ့
    သူပြောတာမှန်တယ်လို့မထောက်ခံပေမဲ့ ဂရုမစိုက်လို့လည်း မရဘူးဆိုတာတော့ငြင်းလို့မရဟုထင်ပါသည်။
    ကိုယ့်လွှတ်တော်ထဲမှာတောင် လူညီ(အခွင့်အရေးရမှာမို့) ဤ ကိုကျွဲဖတ်ပြီး တရားဥပဒေအထက် အစိုးရအထက်ရောက်အောင် နိုင်ငံရေးအရညစ်ပတ်လို့ရနေသေးတာဆိုတော့
    တရုတ်ကလည်း ဆူပါပါဝါနီးပါးဖြစ်လာချိန် ဘလိုင်းကြီး ကန်လို့မရဘူးလို့ မောင်အောင်မင်းပြောချင်တယ်ထင်ပါ့။
    ဇာဂနာ လိုပေါက်ပန်းဆေးလျှောက်နေလို့မရပါ။
    မြန်မာလူမျိုးများတစ်သက်လုံး ရန်ဖြစ်နေတာမရပ်ကြရင် မြန်မာပြည်မြေပုံပြောင်းသွားနိုင်ပါသည်။
    မည်သူ့ကိုမှအားကိုးနေလို့မရနိုင်ပါ တကယ်တော့ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ကိုမမေ့ကြသင့်ပါ။
    ကာကွယ်ရေးဝန်ကြီးစကားယူသုံးပါမည် ။ အမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာမရှိပါတဲ့ ဒါလက်ခံသင့်တယ်လို့ထင်ပါတယ်။
    ယခုမြင်နေရသည်မှာ အပြစ်ရှာနိုင်ငံရေး လုပ်ပြီး လုပ်စားနေကြပါသည်။အားလုံးနီးပါးပါပဲ။
    တာဝန်ယူထားကြသော တာဝန်ယူချင်နေကြသူများပါဖြစ်ပါသည်။
    ဒီပုံနှင့်ဘယ်လိုမှရှေ့မရောက်နိုင်ပါ။
    ဒီမိုခေတ်မှာ လုပ်စားလို့အကောင်းဆုံးစကားလုံးမှာ( ပြည်သူ ) ဆိုတဲ့စကားလုံးထည်လဲသုံးပြီး ငွေကြေး အခွင့်အရေး အာဏာ အားလုံးရှာ၍ ရနေပါသည်။
    အားလုံးကိုအကြံပြုလိုပါသည်။
    တက်ညီလက်ညီ အပြုသဘောအမြင် တာဝန်သိမှု တာဝန်ရှိမှု တာဝန်ယူမှု များဖြင့်မြန်မာနိုင်ငံသူတပါးကျွန်ပြန်မဖြစ်အောင် မပြိုကွဲအောင် ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့။
    ဘယ်နိုင်ရေးသမား ဘယ်ပါတီမှ စိတ်မချရသေးပါ မိမိနိုင်ငံအတွကိမိကိုယ်သာကိုးကွယ်ရာ
    သာဖြစ်ပါကြောင်း။
  32. ဖုံးသိပေါ်
    လက်ရှိအစိုးရရဲ့သဘောထားကို သိချင်ရင် သူတို့ပြောတာ နားထောင်ကြည့်ပါ။
    (၁)ဦးရွှေမန်း
    (၂)အောင်သိန်းလင်း(လမ်းတခြမ်းခင်း)
    (၃)ဦးအောင်မင်း
  33. တရုတ်ကြီး နှင့်လည်း ရန်မဖြစ်ရဲဘူး ။
    အင်း ၊ အဲဒီ စကား ကမှ ချဲ့ စဉ်းစားစရာလို့ ထင်ပါတယ် ။
    Face Book ပေါ်မှာ လေ နှင့် မျိုးချစ်ပြတာကတော့ လွယ်တာပေါ့နော် ။
    တကယ့်တကယ်ကျတော့ ၊ ခြေ လက် ပြတ်ပြီး အသေခံရတော့ ၊ စစ်သားတွေကိုး
  34. Thwe Thwe Win from the village educated to general Aung Min at the meeting. She is calm and firm. We need more ladys like her.
  35. အောင်သူထက်
ီဦးအောင်မင်းပြောတဲ့စကားက လက်ခံနိုင်စရာ လုံးဝမရှီပါဘူး ဘယ်သူကိုမှ ကြောက်နေစရာမလိုဘူး ကိုယ့်နိုင်ငံကိုအုပ်ချုပ်နေတာဘဲ
    ဘာကျေးဇူးမှလဲတင်နေစရာမလိုပါဘူး တရုပ်လဲ သူအတွက် အကျိုးရှီလို့ လုပ်တာဘဲ ဦးပိုင်ကို ထိမှာကြောက်လို့ပြောတာက ပိုရှင်းပါတယ် မဆိုင်တာတွေ အကြောင်းပြတာကတော့ ရှက်တတ်မယ်ဆိုရင် အဲပြောတဲ့နေရာမှာတင် လဲပြီးသေသင့်ပါတယ်။
  36. သူရဇော်ဟိန်း
    နိုင်ငံတကာ စာချုပ်တွေကို ချုပ်ဆိုရာမှာ နားလည်ကြားဘူးထားသမျှတွေထဲက အချက်နှစ်ချက် အရတော့၊
    ၁။ မတရားနည်းနဲ့ ချုပ်ဆိုထားတဲ့ ဒီမတရားတဲ့ စာချုပ်တွေဟာ တရားမ၀င်ပါဘူး။ ဒီစာချုပ်တွေထဲမှာ ဒီမြေ ဒီရေ ရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ မျက်ကွယ်ပြု ပိတ်ဆို့ တားဆီးထားလို့ပါပဲ။
    ၂။ နိုင်ငံတကာစံနဲ့ ချုပ်ဆိုတဲ့ စာချုပ်တိုင်းမှာ Force Majeure ဆိုတဲ့ အပိုဒ်တခုဟာ ပါကိုပါရပါတယ်။ အဲဒီ အပိုဒ်အရ Force Majeure ဆိုတဲ့ အခြေအနေ ရောက်လာရင် စာချုပ်ထဲမှာပါတဲ့ ကတိက၀တ်တွေကို လိုက်နာခြင်းမှ ပျက်ကွက်ခွင့် ရပါတယ်။ တနည်းအားဖြင့် လိုက်နာဖို့ မလိုဘူးလို့ ဆိုနိုင်ပါတယ်။
    Force Majeure ကို တကယ့် ဥပဒေသမားတွေ၊ ဥပဒေနဲ့ သက်ဆိုင်သူတွေက အဓိပ္ပါယ် ဖွင့်ဆို ပေးသင့်ပါတယ်။ သင့်လျော်သလို ဖွင့်ဆိုရရင်တော့ Force Majeure ဆိုတာ စာချုပ်ထဲမှာ လက်မှတ်ထိုးထားတဲ့လူ သို့မဟုတ် ဘက်တဘက်အတွက် ထိန်းချုပ်လို့ မရတော့တဲ့ ထူးခြားတဲ့ အခြေအနေ ဖြစ်ပျက်မှု တခုပါတဲ့။
    ဘယ်လို အခြေအနေ ဖြစ်ပျက်မှုလဲဆိုရင် စစ်ဖြစ်ခြင်း၊ ဆန္ဒပြခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ ရာဇ၀တ်မှု ကျူးလွန် ခံရခြင်း၊ ဘုရားသခင် ကြိမ်စာသင့် ဒါဏ်ခတ်ခံရခြင်း ဟုခေါ်ဆိုနိုင်သည့် မုန်တိုင်း၊ ရေကြီးမှု၊ ငလျှင်၊ မီးတောင်ပေါက်ကွဲမှု စတဲ့ ရာသီဥတုဖောက်ပြန်မှု နဲ့ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ရမှု စသည့် အခြေအနေတွေပါတဲ့။
    ဒီလို အခြေအနေတွေ ကြောင့် တဘက်ဘက် သို့မဟုတ် နှစ်ဘက်လုံးအတွက် စာချုပ်ထဲမှာပါတဲ့ ကတိက၀တ်တွေကို လိုက်နာဖို့ မဖြစ်နိုင်တော့ဘူးဆိုရင် လိုက်နာခြင်းမှ ပျက်ကွက်ခွင့် ရပါတယ်။ မြစ်ဆုံဆည်ကော၊ လက်ပန်းတောင်းတောင်ရော Force Majeure ကို ကြုံနေရတဲ့ အခြေအနေတွေပါ။
    ဒီလို အခြေအနေမျိုးမှာ စီမံကိန်းစာချုပ်တွေကို ပျက်ကွက်လို့ တရုတ်က လျော်ကြေး တောင်းလာရင်တောင် ပေးစရာ မလိုသေးပါဘူး။ နိုင်ငံတကာ ကျင့်ဝတ်ထိန်းချုပ်တဲ့ အဖွဲ့အစည်းတွေ နဲ့ တရားရုံး အဆင့်ဆင့်ရှေ့မှာ ငြင်းဆို အယူခံခွင့်တွေ ရှိရပါဦးမယ်။
    တရုတ်က ဒီ မတရားတဲ့ စာချုပ်တွေအတွက် မျက်နှာအပျက်ခံပြီး လျော်ကြေး တောင်းလာမယ်လို့လဲ မထင်ပါဘူး၊ အဖြစ်နိုင်ဆုံးက နယ်စပ်က သူတို့ရဲ့ သြဇာခံ အဖွဲ့တွေကို သွေးထိုးမြောက်ပင့်ပြီး အရင်ကလို ဒုက္ခပေးဖို့ပဲ ရှိပါတယ်။
    ဒီ့အတွက် အကာင်းဆုံးကတော့ တပ်မတော်ကြီးကို ပြည်သူ့ အုပ်ချုပ်မှုအောက် ရောက်အောင်လုပ်ပြီး အင်အားအရှိဆုံး ဖြစ်အောင် ပြင်ဆင်ထား ဖို့ ပါပဲ။ ဒါဟာ လက်ပန်းတောင်းတောင် ဒေသက သတ္တိခဲ ပြည်သူတွေရဲ့ ရင်ထဲကလာတဲ့ စစ်မှန်တဲ့ ဆန္ဒတွေနဲ့ တထပ်ထည်း ကျလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
  37. အောင်မင်းရေ ကြောက်နေရင် ဘုရင်နောင် အနော်ရထာတို့ ဦးအောင်ဇေယျ အရုပ်တွေဖျက်ပြစ်လိုက်တော။
  38. ပြည်သူတွေက အကြောက်တရားကင်းအောင်ကျိုးစားနေကြရတဲ့အထဲ… ဒင်းကတမှောက်ဗျာ.. မပြောခြင်ဘူး သည် Link ကိုပဲ ဆက်ဖတ်ပေးတော်မူကြပါဗျို့
    http://niknayman-niknayman.blogspot.com/2012/11/blog-post_5627.html
  39. ပေါက်အောင်ဖေါ်
    မြစ်ဆုံစီမံကိန်းရပ်လိုက်လို့ တရုတ်ကို လျော်စရာ မလိုတာကို ဦးအောင်မင်း မသိတာလား ၊ မသိချင်ဟန်ဆောင်နေတာလား။ မြစ်ဆုံကနေတူးယူသွားတဲ့ရွှေမှုန်တေပါတဲ့မြေတွေ၊ မြစ်ဆုံနဲ့ မေခ၊မလိခမှာတည်ဆောက်ထားတဲ့ဆည်တွေကနေ နေ့တိုင်းရေထဲမျောပါလာတဲ့ရွှေတွေကိုကျင်ယူနေတာတွေ၊ဒါတွေနဲ့တင်တရုတ်ကအရင်းကျေနေပါပြီ။ ဒေသခံတွေ ပြောနေတဲ့ မြစ်ဆုံနားက တောင်လိုဏ်ခေါင်းထဲကစက်ရုံက ရေသန့်စင်တဲ့ စက်ရုံလို့ ပြောဦးမလို့လား။ တရုတ်တွေသနားပါတယ်လို့ ပြောမှာပါလား။
  40. We should consider according to our Buddha Talk of Kalama Sutra. In Kalama Sutra, Gautama Buddha explained what is the truth, what is not truth and how to realize the truth. We can know the truth only on our knowledge. We must realize the results depending on previous experience _ how much we got help, how much we have to give. We try to know what about help?, what for help?. We should analyze on ground event. Try to know how much myanmar people feel . Check the agreement and then try to negotiate and repair. I know the leader is not to take a position. Leader is to take action, dare to action. We can acknowledge that person as a good leader.
  41. U Aung Min is 50% Chinese blood,but it should not be race discrimination.
  42. ဂျောက်ဂျက်
    ငြိမ်းချမ်းရေး ၀န်ကြီးတော့ စာမေးပွဲ ကျပြန်ပြီ။ ၀န်ကြီးကို အကြံပေးချင်တာက နိုင်ငံတကာ ဆက်ဆံရေး ပညာ နဲ့ ဆရာချစ်ဦးညို ဆီက ပောာပြောပွဲ ပညာ (၂)နှစ်လောက် သင်ပြီး မီဒီယာတွေနဲ့ စကားပြောသင့်တယ်။ တခြားနေရာက ၀န်ကြီးလည်း သင်ခန်းစာယူပြီး ကျောင်းတက်သင့်တာတွေ၊ ကျူရှင်တက်တာတွေ လုပ်ပြီး အရည်အသွေးမြင့်အောင် ကြိုးစားကျပော့။ မဟုတ်ရင် သိက္ခာကျလွန်းတယ်။
  43. U Aung Min is right because KIA is supported by China.China equipped arms KIA
    group
  44. တကယ်တော့ ဦးအောင်မင်းက နိုင်ငံရေးသမားမှ မဟုတ်တာ ၊ သနားပါတယ်
    အန်ကယ်ဦးကျော်ဆန်းကို ပြောခိုင်းရမှာ၊ သူ့ နယ်နဲ့  နီးတယ်လေ
  45. သွားမပြောနဲ့ နော်၊ လုပ်သက်နု ၀န်ကြီးများကို
    ထိန်းကျောင်းပေးမဲ့ ကလေးထိန်းဗျ
  46. ဦးအောင်မင်း ကအဲ့လိုလူမဟုတ်ပါဘူး၊သူကစေတနာနဲ့ ပြည်သူဆန်ဆန်ပြောတာပါ
    ကျနော်တို့ ကရင်တိုင်းရင်းသားအရေးတွေမှာ ဦးအောင်မင်းစေတနာတွေကိုမျက်ဝါးထင်ထင်
    တွေ့ရမှာပါ၊ သူလုပ်တာတွေတော်တော်ကောင်းပါတယ်၊
    လူတော်တစ်ယောက် စိတ်ဓါတ်ကျအောင်မတိုက်ခိုက်ကြပါနဲ့
    မျက်လုံးမှိတ်ပြီးမစွပ်စွဲကြပါနဲ့ဆင်ဆငိခြင်ပြောပါ၊